ကမ္ဘာနဲ့ချီပြီး နာမည်ကျော်ကြားသည့် Hollywood ဇာတ်ကားတွေမှာ ပရိသတ်တွေ အမြဲတမ်း ပုံမှန်မြင်တွေ့နေကျ ဇာတ်ဝင်ခန်းများရှိမှာ သေချာပါတယ်။ အချို့သောပရိသတ်တွေဟာဆိုရင် Hollywood ဇာတ်ကားများကို ကြည့်ရှုရင်း နိုင်ငံအများအပြားရဲ့ ယဉ်ကျေးမှုဓလေ့စရိုက်များ၊ အထင်ကရမြင်ကွင်းများကို စွဲစွဲမြဲမြဲမှတ်မိနေတတ်ကြပါတယ်။ အခုတစ်ခေါက်မှာလည်း Soshwe ရဲ့ ရုပ်ရှင်ချစ်ပရိသတ်တွေအနေနဲ့ အမြဲတမ်း သတိထားမိပြီး မြင်တွေ့နေကျဇာတ်အိမ်များကို ဖော်ပြပေးလိုက်ရပါတယ်။ ၁။ အရှေ့တောင်အာရှဒေသများ၌ ရိုက်ကူးသည့် အက်ရှင်ဇာတ်ဝင်ခန်းများ၌ လူစွမ်းကောင်းနဲ့ လူဆိုးများက သစ်သီးခြင်းများ၊ စျေးသည်များကို အမြဲလိုလိုဝင်တိုက်ရင်း ပြေးလွှားလေ့ရှိပါတယ်။ ၂။ ဘရာဇီးနိုင်ငံ၌ Carnival ပွဲတော်ကို တစ်နှစ်ပတ်လုံးကျင်းပနေပြီး အဓိကသရုပ်ဆောင်မှာလည်း ဘရာဇီးပင် ဖြစ်ပါတယ်။ ၃။ ဗဟိုအမေရိကအခြေပြုဇာတ်လမ်းများ၌ လူတိုင်းက မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားကြပြီး …
Read More »