ရုရှားမှာရှိတဲ့ Google ရဲ့ ဘဏ်အကောင့်တွေကို အစိုးရအာဏာပိုင်တွေ သိမ်းဆည်းသွားပြီးနောက် Google ရုရှားရုံးခွဲ ဒေဝါလီခံဖို့ ပြင်ဆင်နေတယ်လို့ Reuters သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ ဒီသတင်းမှာပဲ လုပ်ငန်းဘဏ်အကောင့်တွေကို ရုရှားအာဏာပိုင်တွေ သိမ်းဆည်းသွားပြီးနောက် ဝန်ထမ်းနဲ့ကုန်သည်တွေကို ငွေပေးချေနိုင်တော့ခြင်းမရှိတော့ဘူးလို့ ဖော်ပြထားပါတယ်။ Google ကုမ္ပဏီရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးကတော့ လုပ်ငန်းစာရင်း ဖျက်သိမ်းမှာဖြစ်ပေမယ့် Search Engine ရှာဖွေရေးလုပ်ငန်းနဲ့ YouTube အပါအဝင် အခမဲ့ဝန်ဆောင်မှုတွေကိုတော့ ဆက်လက်လည်ပတ်သွားဖို့ ရှိတယ်လို့ ဆိုပါတယ်။ “ရုရှားအာဏာပိုင်တွေရဲ့ Google Russia ဘဏ်အကောင့်သိမ်းဆည်းမှုကြောင့် ကျွန်တော်တို့ရဲ့ ရုံးလုပ်ငန်းလည်ပတ်မှုကို ဆက်လက်ထိန်းထားနိုင်ခြင်း မရှိတော့ပါဘူး။ ရုရှားဝန်ထမ်းတွေကို လစာပေးဖို့ ပစ္စည်းသွင်းတဲ့ Suppliers နဲ့ ကုန်သည်တွေကို ငွေပေးချေဖို့အပါအဝင် တခြားဘဏ္ဍာရေးလုပ်ထုံးတွေလည်း …
Read More »