ဘက်ထရီစွမ်းအင်စနစ်ဟာ အနာဂတ်ရဲ့ ကားထုတ်လုပ်ရေးကဏ္ဍမှာ အရေးပါဆုံးသော နည်းပညာဖြစ်လာနိုင်ချေ မြင့်မားနေပေမယ့် ဟိုက်ဒရိုဂျင်စွမ်းအင်စနစ်ကိုလည်း ထည့်မတွက်လို့ မရပါဘူး။ BMW နဲ့ Audi တို့လိုမျိုး အော်တိုမော်တော်ယာဉ်တွေကို အဓိကထားထုတ်လုပ်နေတဲ့ ကုမ္ပဏီတွေဟာ ကားတစ်စီးဖန်တီးရာမှာ ဟိုက်ဒရိုဂျင်လောင်စာကို စတင်အခြေပြုလာကြပြီ ဖြစ်ပါတယ်။ အဆိုပါကုမ္ပဏီတွေဟာ ဘက်ထရီကားတွေကို တီထွင်ထုပ်လုပ်နေကြပြီး ရုပ်ကြွင်းလောင်စာတွေကို စွန့်ပစ်ရာမှာ အလိုအပ်ဆုံး အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ ဟိုက်ဒရိုဂျင်လောင်စာဆဲလ်တွေပါဝင်တဲ့ မော်တော်ယာဉ်တွေကို တီထွင်ထုတ်လုပ်နေကြပြီဖြစ်ပါတယ်။ ကားတွေကို သန့်ရှင်းစေချင်တာကြောင့် ဘက်ထရီစွမ်းအားသုံးပြီး မောင်းနှင်လို့ရအောင် တီထွင်ခဲ့တဲ့ Tesla ကုမ္ပဏီက ပုံဖော်ထားတဲ့စက်ဝန်းထဲမှာ အကယ်၍များ နိုင်ငံရေး အပြောင်းအလဲဖြစ်ပေါ်လာမယ်ဆိုရင် ဟိုက်ဒရိုဂျင်အသုံးပြုမှု ချိန်ညှိခြင်းကပါ ပြောင်းလဲသွားနိုင်တာကို ချိန်ဆပြီး အဆိုပါကုမ္ပဏီတွေက ၄င်းတို့ရဲ့ အတွေးအမြင်အသစ်တွေကို ရရှိလာခဲ့တာဖြစ်ပါတယ်။ ကမ္ဘာလုံးဆိုင်ရာ …
Read More »