ယူနိုက်တက်ဟာ ဘာစီလိုနာ ကွင်းလယ်လူ ဖရန်ကီဒီဂျောင်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး လာမယ့်နွေရာသီမှာ နည်းပြသစ်ဖြစ်လာမယ့် အဲရစ်တန်ဟက်ခ်က အေဂျက်စ်မှာ လက်တွဲခဲ့ဖူးတဲ့ အဆိုပါကစားသမားကို အရခေါ်ယူစေဖို့ ဆန္ဒရှိနေပါတယ်။ ဘာစီလိုနာကတော့ ဖရန်ကီဒီဂျောင်ကို အသင်းရဲ့ အနာဂတ်အဖြစ် သတ်မှတ်ထားတာပါ။ ဒါပေမယ့်လည်း အသင်းရဲ့ဘဏ္ဍာရေး အခြေအနေအရ ယူရိုသန်း (၇၀) ဝန်းကျင်ရရှိရင် လက်လွှတ်ဖွယ်ရှိသလို ကစားသမားအလဲအထပ်နဲ့ လက်လွှတ်ဖို့လည်း ဆန္ဒရှိနေကြောင်း ဂျာနယ်လစ်ရိုမဲရိုးက Twitch Channel ကနေ ပြောကြားခဲ့ပါတယ်။ ယူနိုက်တက်ဟာ ကစားသမားအလဲအထပ်အတွက် ဦးစားပေးကစားသမားအဖြစ် မက်ဂွိုင်းရားကို သတ်မှတ်ထားတယ်လို့ သိရှိရပါတယ်။ ဒီကစားသမားဟာ လက်ရှိအသင်းခေါင်းဆောင်ဖြစ်ပေမယ့် ခြေစွမ်းပိုင်း အတော်လေးဆိုးရွားနေတာကြောင့် အဲရစ်တန်ဟက်ခ်လက်ထက်မှာ အသင်းခေါင်းဆောင် ရာထူးကို ဆုံးရှုံးဖို့ သေချာသလောက် ဖြစ်နေပါတယ်။ …
Read More »