Breaking News

Tag Archives: Actress

Iron Man မင်းသမီး Gwyneth Paltrow အနုပညာလုပ်ငန်းတွေကို ရပ်ဆိုင်းလိုက်ပြီလား ? ? ?

အသက် ၄၉ နှစ်အရွယ် အော်စကာဆုရှင် Gwyneth Paltrowက သူမရဲ့ကိုယ်ပိုင်စီးပွားရေးကို လုပ်ကိုင်နေပြီဖြစ်တာကြောင့် သူမရဲ့အနုပညာအလုပ်ကို စွန့်လွတ်တော့မယ်ဆိုတဲ့ ကောလဟာလတွေ ထွက်ပေါ်လာခဲ့ပါတယ်။ ထိုကောလဟာလတွေနဲ့ ပက်သက်ပြီး Gwyneth မှ ပြတ်ပြတ်သားသား ငြင်းဆိုလိုက်ပြီး သူမရဲ့ကိုယ်ပိုင်စီးပွားရေးဟာ သူမရဲ့အနုပညာပိုးကို မလွှမ်းမိုးနိုင်သေးပါဘူးဆိုပြီး ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ Today Magazine မှ သတင်းတင်ဆက်သူ Savannah Guthriethis က Gwyneth ကို အင်တာဗျူးလုပ်ရာမှာ Gwyneth က တစ်ရှိန်ထိုးအောင်မြင်နေတဲ့ သူမရဲ့ အနုပညာအလုပ်နဲ့ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းအကြောင်းကို ပရိသတ်တွေကို အသိပေးမျှဝေခဲ့ပါတယ်။ Paltrow က “ကျွန်မက အနုပညာအလုပ်တွေလည်း ဘယ်တော့မှ ရပ်တန့်မှာ မဟုတ်ပါဘူး။ ကျွန်မရဲ့ Goop ကုမ္ပဏီအတွက်ကျတော့ …

Read More »

ရုပ်ရှင်ချစ်ပရိသတ်ကြီးအနေနဲ့ လက်မလွှတ်တမ်းကြည့်ရှုသင့်တဲ့ ဟောလီးဝုဒ်ဇာတ်ကားကောင်းများ။

စိတ်ရောကိုယ်ပါ ပင်ပန်းခဲ့ရတဲ့ အချိန်ကာလအချို့ကို ဖြတ်ကျော်ပြီးတဲ့အခါမှာတော့ စိတ်နဲ့ခန္ဓာကိုယ်ကို အနားပေးဖို့အတွက် ခရီးထွက်ကြတယ်။ အားလပ်ချိန်ကို ချစ်ရသူ/သူငယ်ချင်းတွေနဲ့ အချိန်ကုန်ကြတယ်။ အပြင်မထွက်ချင်တဲ့သူတွေကတော့ သက်သောင့်သက်သာ အရှိဆုံးသော အိမ်ရှေ့ဧည့်ခန်းက ဆိုဖာပေါ်မှာ လဲလျောင်းပြီး ရုပ်ရှင်ကြည့်တာတို့ ၊ မိမိရဲ့အိပ်ယာပေါ်မှာ ကွန်ပျူတာလေးနဲ့ ရုပ်ရှင်ကြည့်တာတို့ကို ပြုလုပ်လေ့ရှိပါတယ်။ ရုပ်ရှင်ကြည့်ရတာကို သဘောကျတဲ့သူတစ်ယောက်အနေနဲ့ ရုပ်ရှင်တစ်ကားကို ကြည့်ရှုတဲ့အခါမှာတော့ ဇာတ်ကားထဲက ဇာတ်လမ်းအတက်အကျတွေကို ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ မျက်တောင်တစ်ချက်မခက်ပဲ ကြည့်ရတာ ၊ ဇာတ်ကောင်တွေရဲ့ အကျင့်စရိုက်တွေ ၊ ယူဆချက်တွေကို သိရှိနားလည်ရတာကိုကလည်း စိတ်ကိုအပန်းဖြေရာရောက်ပါတယ်။ ဒါကြောင့် ရုပ်ရှင်ကြည့်ရင်း စိတ်အပန်းဖြေလိုတဲ့ Soshwe ရဲ့ ရုပ်ရှင်ချစ်ပရိသတ်ကြီးအတွက် ကြည့်ကိုကြည့်ထားသင့်တဲ့ ဇာတ်ကားကောင်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။   ၁။ Under …

Read More »

ချစ်မိသွားရင် အသက်ကွာခြားမှုဆိုတာ ဘာမှမဟုတ်တော့ကြောင်း ပြောပြလာတဲ့ ကမ္ဘာကျော်အနုပညာရှင်တစ်ဦးရဲ့ ချစ်သူကောင်မလေး။

ဟောလီဝုဒ်အနုပညာလောကမှာ Titanic မင်းသားကြီး Leonardo DiCaprio ကို မသိတဲ့သူဆိုတာလည်း မရှိသလောက်ပါပဲ။ Leonardo ဟာ ကိုယ်ပိုင်ပရဟိတအဖွဲ့အစည်းကို ဖွဲ့စည်းထားပြီး သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လုပ်ငန်းဆောင်တာတွေကို ကူညီပေးနေရုံသာမက စစ်ဘေးဒဏ်ခံနေရတဲ့ ဒေသက စစ်ဘေးဒုက္ခသည်တွေကိုလည်း တတ်နိုင်သမျှ ကူညီပေးနေတဲ့သူ တစ်ယောက်လည်းဖြစ်ပါတယ်။ Leonardo DiCaprio ဟာ အသက် ၄၇ နှစ်ရှိပြီဖြစ်ပေမယ့် သူ့ရဲ့လက်ရှိချစ်သူလေးကတော့ အသက် ၂၄ နှှစ်သာရှိသေးတဲ့ မော်ဒယ်၊ သရုပ်ဆောင်မလေး Camila Morrone ပဲဖြစ်ပါတယ်။ Camila နဲ့ Leo တို့နှစ်ဦးဟာ သူတို့ရဲ့ချစ်သံယောဇဉ်ကို ဖုံးကွယ်ထားခြင်းမရှိဘဲ လူကြားထဲလက်ကိုင်ပြီး ပွင့်လင်းစွာ သွားလာနေတာမျိုးလည်း ဖြစ်ပါတယ်။ မင်းသားကြီး Leonardo နဲ့တွဲတာနဲ့ ပတ်သက်ပြီး …

Read More »

ရည်းစားဟောင်း အမ်ဘာဟက်ဒ်ကြောင့် ခေါင်းကိုက်နေရတဲ့ ကမ္ဘာ့အချမ်းသာဆုံးသူဌေးကြီး အီလွန်မတ်စ်။

မင်းသားဂျွန်နီဒက်ပ်နဲ့ အမ်ဘာဟက်ဒ်တို့ရဲ့ တရားစွဲဆိုကြားနာမှုထဲမှာ ကမ္ဘာ့အချမ်းသာဆုံးသူဌေးကြီး အီလွန်မတ်စ်ရဲ့ နာမည်လည်း ပါဝင်နေပါတယ်။ ဖဲလ်ဖတ်ချ်ခရိုင် ဗာဂျီးနီးယားတရားရုံးမှာ “ဂျွန်နီဒက်ပ်ရဲ့ အိမ်တွင်းအကြမ်းဖက်မှုခံခဲ့ရကြောင်း” ဇနီးဟောင်း အမ်ဘာဟက်ဒ် ရေးခဲ့တဲ့ ၂၀၁၈ ခုနှစ်က The Washington Post သတင်းစာပါ ဆောင်းပါးကို Fantastic Beasts မင်းသားကြီး ဂျွန်နီဒက်ပ်က အသရေဖျက်မှုနဲ့ ဒေါ်လာသန်း ၅၀ လျော်ကြေးရလိုကြောင်း တရားစွဲခဲ့တာပါ။ ဒီအမှုဟာ ကမ္ဘာက စိတ်ဝင်စားရတဲ့ အမှုအခင်းတစ်ခုဖြစ်လာပြီး အမှုကြားနာချိန်မှာ Aquaman မင်းသမီး အမ်ဘာဟက်ဒ်ဟာ သူမရဲ့ ရည်းစားဟောင်း အီလွန်မတ်စ်နာမည်ကို မကြာမကြာ ထုတ်ပြောလာတာလည်း တွေ့ရှိရပါတယ်။ မေလ ၁၆ ရက် တရားခွင်ကြားနာမှုမှာလည်း အမ်ဘာဟက်ဒ်ဟာ Tesla …

Read More »

ဂြိုဟ်သားတွေတကယ်ရှိတယ်ဆိုတာကို ယုံကြည်ထားကြတဲ့ နာမည်ကျော်များ။

ဂြိုဟ်သားတွေ အမှန်တကယ်ရှိ၊ မရှိဆိုတာနဲ့ ပတ်သက်လို့ လူတွေကြားထဲမှာ အမြဲတမ်း အငြင်းအခုံတွေ ရှိနေရပေမယ့် အချို့သောနာမည်ကျော်အနုပညာရှင်တွေကတော့ ဂြိုဟ်သားတွေ အမှန်တကယ်ရှိတယ်ဆိုတာကို လက်ခံယုံကြည်ထားပါတယ်။ အဲ့ဒါကြောင့် ဒီနေ့မှာတော့ ဒီလိုမျိုးယုံကြည်ထားတဲ့ အနုပညာရှင်တွေကို Soshwe ရဲ့ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ရပါတယ်။   ၁။ Demi Lovato Anyone သီချင်းရဲကအဆိုတော် Lovato ကတော့ “ကျွန်မ မြင်တွေ့ခဲ့တဲ့အရာကို ရေသူမဖြစ်နိုင်တယ်လို့ ယုံကြည်ပါတယ်။ သူတို့က အိန္ဒိယသမုဒ္ဒရာအတွင်းမှာ နေထိုင်တဲ့ ဂြိုဟ်သားမျိုးစိတ်ဖြစ်မှာပါ” လို့ (၂၀၁၄) က အင်တာဗျူးတစ်ခုမှာ ပြောကြားခဲ့ဖူးပြီး ကန္တာရတစ်ခုအတွင်းမှာလည်း ဒီလိုမျိုးဂြိုဟ်သားဆန်ဆန်အရာတွေကို အနီးကပ်မြင်တွေ့ခဲ့ရသေးတယ်လို့ လက်ရှိ (၂၀၂၁) ခုနှစ် ၊ စက်တင်ဘာမှာ ပြောကြားခဲ့ပါသေးတယ်။   …

Read More »

Miley Cyrus တွဲခုတ်ခဲ့ဖူးသော ရည်းစားများ။

နာမည်ကျော် အဆိုတော် Miley Cyrus တစ်ယောက် တွဲခုတ်ခဲ့ဖူးသော ရည်းစားများနဲ့ ပတ်သက်၍ အံ့အားသင့်ဖွယ်ရာ မှတ်တမ်းများရှိနေပြီး သြစတြေးလျသရုပ်ဆောင် Liam Hemsworth၊ မော်ဒယ်လ် Stella Maxwell နဲ့ အဆိုတော်များ၊ ကဗျာဆရာများဖြင့်ပင် ချစ်ကြိုက်ခဲ့ဖူးသူတစ်ယောက်ဖြစ်ရာ သူမရဲ့ ရည်းစားများနဲ့ တွဲခုတ်ခဲ့ဖူးသည့် အချိန်ကာလကိုပါ အပြည့်အစုံ ဖော်ပြပေးလိုက်ရပါတယ်။ ၁။ Nick Jonas (၂၀၀၆- ၀၇) Nick Jonas နဲ့ Miley တို့ နှစ်ယောက်ဟာ အသက် (၁၃) နှစ်အရွယ် (၂၀၀၆) ခုနှစ်၊ ဇွန်လ၌ စတင်တွေ့ဆုံခဲ့ကြပြီး (၂၀၀၇) ခုနှစ် ဒီဇင်ဘာလ၌ သူတို့ရဲ့ Relationship ကို …

Read More »

ကမ္ဘာကျော်အနုပညာရှင်တွေရဲ့ ခန္ဓာကိုယ်ပေါ်ရှိ တက်တူးများရဲ့ ကြည်နူးဖွယ်ရာအကြောင်းအရာများ။

၁။ Covid-19 ကို လက်လျှော့အရှုံးပေးလိုက်ရတဲ့ သူငယ်ချင်း Nick Cordero ကို အမြဲတမ်းအမှတ်ရနေလိုတာကြောင့် Nick Cordero ရဲ့ဓါတ်ပုံကို လက်မှာ တက်တူးထိုးခဲ့တဲ့ Zach Braff ၂။ ဝက်ရူးပြန်ရောဂါကြောင့် သေဆုံးသွားတဲ့ သူငယ်ချင်း Cameron Boyce ကို အမှတ်ရနေစေဖို့ သေနတ်ထဲကနေ နှင်းဆီပန်း ထွက်လာပုံကို တက်တူးရေးထိုးခဲ့တဲ့ Dove Cameron ၃။ လေယာဉ်မတော်တဆမှုကြောင့် ကွယ်လွန်သွားပြီဖြစ်တဲ့ ချစ်ခင်ပွန်း Kobe Bryant နဲ့ သမီးလေး Gianna တို့ကို ရည်စူးပြီး တက်တူးရေးထိုးခဲ့တဲ့ Vanessa Bryant ၄။ ၂၀၁၇ ခုနှစ် Manchester မြို့မှာကျင်းပခဲ့တဲ့ “Dangerous …

Read More »

“ အနာဂတ် James Bond ဇာတ်ကောင်အဖြစ် အမျိုးသမီးတွေအနေနဲ့ ဘာကြောင့်သရုပ်ဆောင်သင့်တာလဲ? ” ဆိုပြီး မေးခွန်းထုတ်လိုက်တဲ့ Daniel Craig

Daniel Craig ဟာ “James Bond” ဇာတ်ကောင်ကို အပြီးအပိုင် နှုတ်ဆက်လိုက်ရပေမယ့် ထူးချွန်ပြောင်မြောက်တဲ့ ထောက်လှမ်းရေးသမားတစ်ဦးဖြစ်တဲ့ ‘James Bond’ ဇာတ်ကောင်ရဲ့ အလားအလာရှိတဲ့ အနာဂါတ်နဲ့ပတ်သက်ပြီး သူ့ရဲ့ထင်မြင်ချက်တွေကို ပွင့်လင်းစွာ ပြောပြခဲ့ပါတယ်။ အသက် ၅၃ နှစ်အရွယ် ကမ္ဘာကျော်သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ Craig ဟာ Radio Times က ပြုလုပ်တဲ့ အမေးအဖြေကဏ္ဍမှာ “James Bond” ဇာတ်ကားထဲမှာ အမျိုးသမီးသရုပ်ဆောင် ပါဝင်ခြင်းနဲ့ပတ်သက်ပြီး သူ့ရဲ့ထင်မြင်ချက်ကို မေးတဲ့အချိန် Craig က “အဖြေက အရမ်းရိုးရှင်းပါတယ်။ အမျိုးသမီးတွေနဲ့ အသားရောင်ကွဲပြားတဲ့ သရုပ်ဆောင်တွေနဲ့ လိုက်ဖက်တဲ့ ဇာတ်ရုပ်တွေ အများကြီးရှိပါတယ်။ ဒါပေမယ့် အမျိုးသမီး သရုပ်ဆောင်တစ်ယောက်ဟာ James …

Read More »

ရည်းစားဟောင်းဖြစ်သူ Amber Heard ကိုယ်စား ဒေါ်လာငါးသိန်း လှူဒါန်းပေးခဲ့ဖူးတဲ့ ကမ္ဘာကျော်သူဌေးကြီး Elon Musk

Amber Heard ဟာ ခင်ပွန်းဟောင်း Johnny Depp ကို ကိုယ်ထိလက်ရောက်ကျူးလွန်တယ်လို့ လိမ်လည်စွပ်စွဲကာ လျော်ကြေးငွေတောင်းခံခဲ့ပြီး ထိုလျော်ကြေးငွေကို ကွာရှင်းပြီးတာနဲ့ အမေရိကန်အခြေစိုက် ပရဟိတအသင်းတစ်ခုဖြစ်တဲ့ American Civil Liberies Union (ACLU) ကို ကန်ဒေါ်လာ (၃.၅) သန်း၊ လော့စ်အိန်ဂျလစ်စ်မြို့က ကလေးဆေးရုံတစ်ခုကို ကန်ဒေါ်လာ ၃.၅ သန်းစသဖြင့် နှစ်နေရာခွဲပြီး လှူဒါန်းမယ်လို့ (၂၀၁၆) တုန်းက ကတိပေးခဲ့ပါတယ်။ သို့ပေမယ့် ဧပြီ(၂၈)ရက်နေ့ တရားခွင်အရ ACLU ဟာ ယနေ့အထိ ကန်ဒေါ်သာ (၁.၃) သန်း ကိုသာ အလှူငွေလက်ခံရရှိခဲ့တယ်လို့ အတည်ပြုခဲ့ပြီး အဆိုပါ ကန်ဒေါ်လာတစ်သန်းခွဲထဲမှာလည်း Twitter ကို ဝယ်ယူခဲ့တဲ့ …

Read More »

သရုပ်ဆောင်ခြင်းအပြင် တစ်ခြားသောနယ်ပယ်တွေမှာ ကျွမ်းကျင်ပိုင်နိုင်ကြတဲ့ ကမ္ဘာကျော်အနုပညာရှင်များ။

တစ်ချို့အနုပညာရှင်တွေဟာ နယ်ပယ်တစ်ခုတည်းမှာပဲ ၄င်းတို့ရဲ့ဘဝကို မြုပ်နှံမထားချင်ကြပဲ ဘက်ပေါင်းစုံကနေလည်း ထူးချွန်မှုတွေကို သက်သေပြခဲ့ကြပါတယ်။ အသစ်အဆန်းတွေကို လေ့လာကာ အရည်အချင်းတွေကိုမြှင့််တင်ပြီး တစ်ခြားသောအရာတွေအပေါ် ကျွမ်းကျင်မှုတွေကို ထုတ်ဖော်ပြသခဲ့ကြတဲ့ ကမ္ဘာကျော်အနုပညာရှင်တွေအကြောင်းကို Soshwe ရဲ့ စာဖတ်ပရိသတ်တွေ သိရှိအောင် ဆက်လက်ဖော်ပြပေးလိုက်ပါတယ်။   ၁။ Jack Black (သရုပ်ဆောင်၊ ဂီတပညာရှင်) Jack Black က သူ့ရဲ့ဂီတစွမ်းရည်တွေကို သရုပ်ဆောင်ခြင်းနဲ့တွဲဖက်ခဲ့ပြီး ‘School of Rock’ ရုပ်ရှင်ဇာတ်ကားမှာ ပြသခဲ့ပါတယ်။ နောက်ပြီး Kyle Gass နဲ့အတူ ‘Tenacious D’ ကိုဖွဲ့ခဲ့ပြီး  အယ်လ်ဘမ်လေးခုကို အတူတကွရိုက်ကူးထားကာ Dave Grohl, Sum 41, နဲ့ Gorillaz …

Read More »

instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro