လူတွေက ခရီးထွက်တဲ့အခါမှာ ကိုယ်ပိုင်စိတ်ဝင်စားမှုအပေါ်မူတည်ပြီး မတူညီတဲ့ရည်ရွယ်ချက်တွေ ထားရှိတတ်ကြပါတယ်။ တချို့ကတော့ ခရီးထွက်တဲ့အခါမှာ အသစ်အသစ်သော ဓလေ့ထုံးတမ်း၊ အစဉ်အလာတွေကို လေ့လာချင်တယ်။ တချို့ကလည်း သမိုင်းရာဇဝင်တွေကို လေ့လာချင်တယ်။ တချို့ကတော့ ထူးခြားတဲ့အရပ်ဒေသက သဘာဝအလှအပကိုခံစားရင်း ဆန်းပြားတဲ့ အစားအသောက်တွေကို စားသောက်ချင်ကြတယ်။ တချို့ကတော့ စိတ်ပင်ပန်းနွမ်းနယ်မှုတွေကို ဖြေဖျောက်ဖို့အတွက် ခရီးထွက်ပြီး ဇိမ်ခံအနားယူလိုကြတယ်။ အာရပ်စော်ဘွားများရဲ့အုပ်ချုပ်မှုအောက်တွင်ရှိသော Abu Dhabi မြို့တော်ရဲ့ မြို့ပြင်ဖက်သဲကန္တာရပေါ်မှာ တည်ဆောက်ထားတဲ့ အထူးဇိမ်ခံဟိုတယ်ကြီး Qsar Al Sarab ဟာ “ရိုးရှင်းစွာခမ်းနားလှပခြင်း” အဓိပ္ပာယ်ကို ဖော်ဆောင်နေပါတယ်။ ဘာကြောင့် “ရိုးရှင်းစွာခမ်းနားလှပခြင်း” လို့ တင်စားခေါ်ဝေါ်ရသလဲဆိုတာကတော့ အထူးဇိမ်ခံဟိုတယ်ကြီး Qsar Al Sarab ကို ကမ္ဘာ့အကြီးမားဆုံး …
Read More »