Samsung Electronics ဟာ နောက်မျိုးဆက် ကွန်ရက်ဆက်သွယ်ရေးစံဖြစ်လာမယ့် 6G အတွက် စီမံကိန်းတွေ ချပြလာပြီ ဖြစ်ပါတယ်။ Samsung ရဲ့ 6G စာတမ်းသစ်ကို 6G Spectrum: Expanding The Frontier လို့ နာမည်ပေးထားပါတယ်။ Samsung အမှုဆောင်ဒုဥက္ကဌနဲ့ အဆင့်မြင့်ဆက်သွယ်ရေးသုတေသနစင်တာ အကြီးအကဲဖြစ်သူ Sunghyun Choi က “6G ဆက်သွယ်ရေးနည်းပညာကို နားလည်ဖို့ ၊ ဖွံ့ဖြိုးအောင်လုပ်ဖို့နဲ့ စံသတ်မှတ်ဖို့ ကျွန်တော်တို့ ဟိုးအရင်ကတည်းက စတင်လာခဲ့တာပါ။ လူ့ဘဝရဲ့ အခန်းကဏ္ဍတိုင်းမှာ ပိုပြီးသာလွန်တဲ့ ချိတ်ဆက်မှုအတွေ့အကြုံတွေ ပေးနိုင်ဖို့ ကျွန်တော်တို့ရဲ့တွေ့ရှိချက်တွေကို မျှဝေသွားမှာ ဖြစ်သလို ဒီအပေါ်မှာလည်း ဦးဆောင်လေ့လာမှုလုပ်သွားဖို့ ကတိပြုထားပါတယ်။” လို့ ဆိုပါတယ်။ …
Read More »