Breaking News

Tech

Samsung ရဲ့ အမိုက်ဆုံး ၊ အကြမ်းဆုံး Live Sale

Samsung ချစ်သူတွေအတွက် အတန်ဆုံး၊ အမိုက်ဆုံး၊ အကြမ်းဆုံးပစ္စည်းတွေကို ရောင်းချပေးမယ့် “Samsung LIVE Sales” ကြီးလာပါပြီနော် . . . ဇူလိုင် (၁) ရက်နေ့မှာ အလန်းစားဖုန်းတွေနဲ့ ဇူလိုင်လ (၇) ရက်နေ့မှာ အိမ်သုံးလျှပ်စစ်ပစ္စည်းအမျိုးမျိုးကို ငွေကျပ် (၁၀) သိန်းအထိ ငွေသားလက်ဆောင်ပြန်ရမယ့် အထူးဈေးနှုန်းတွေနဲ့ ရောင်းချပေးသွားပါမယ်နော် . . . အဲ့ဒါတွေအပြင် လက်ဆောင်တွေရမယ့် စိတ်လှုပ်ရှားစရာ ဂိမ်းအစီအစဉ်တွေ၊ Lucky Draw အစီအစဉ်တွေလည်း အများကြီးပါဝင်မှာဆိုတော့ အရမ်းမိမိုက်နေပြီပေ့ါ . . . LIVE Sales အချိန်တွင်းမှာပဲ ဒီလိုအခွင့်အရေးတွေရမှာဆိုတော့ လုံးဝလက်လွှတ်လို့မဖြစ်ဘူးနော် . . . …

Read More »

Samsung Myanmar ရဲ့ ငွေသားလက်ဆောင် (၃) သိန်းအထိ ပြန်လည်ရရှိနိုင်မယ့် Promotion အစီအစဉ်။

လစာထုတ်ပြီးမှ ဖုန်းဝယ်မယ်ဆိုတဲ့ Samsung ချစ်သူတို့အတွက် လစာလဲရ . . . Promotion လဲရ . . . ဒါတွေအပြင် ငွေကျပ် (၃) သိန်းအထိ သက်သာနိုင်မယ့် Samsung Days Promotion လာပါပြီ . . . Samsung ရဲ့ဖုန်းလေးတွေ ဝယ်ယူတဲ့အခါတိုင်းမှာ  ငွေကျပ် ၂ သောင်း မှ ၃ သိန်း အထိ ငွေသားလက်ဆောင် ပြန်လည်ရရှိနိုင်မှာ ဖြစ်ပါတယ် . . . Promotion ကာလကတော့ – ဇွန်လ ၂၇ ရက်မှ ဇူလိုင်လ ၁၀ ရက် …

Read More »

YouTube သုံးစွဲခွင့် ပိတ်ပင်ထားတဲ့နိုင်ငံများ။

YouTube ဆိုတာ ကမ္ဘာတစ်လွှား လူသုံးအများဆုံး ဖျော်ဖြေရေးအရင်းအမြစ်ကြီးတစ်ခုလို့တောင် ပြောလို့ရပါတယ်။ YouTube ပေါ်မှာ ဗဟုသုတရစရာတွေ ၊ ပညာရေးဆိုင်ရာတွေနဲ့ ဖျော်ဖြေရေးဆိုင်ရာ Video Contents တွေ သန်းနဲ့ချီ ရှိပါတယ်။ ဒါကြောင့်ပဲ YouTube မှာ တစ်လတစ်လ ဝင်ကြည့်သူ သန်းထောင်နဲ့ချီ ရှိနေတာပါ။ တစ်ဖက်မှာလည်း YouTube သုံးတာကို ကန့်သတ်ပိတ်ပင်မှုလုပ်ထားတဲ့နိုင်ငံတွေလည်း အတော်များများ ရှိပါတယ်။ တချို့နိုင်ငံတွေက YouTube ကို ယာယီကန့်သတ်ထားတာဖြစ်ပေမယ့် တချို့နိုင်ငံတွေကတော့ ပြန်ဖွင့်မပေးတော့ဘူး ထင်ရလောက်အောင် နှစ်ပေါင်းများစွာ ပိတ်ထားတာ ဖြစ်ပါတယ်။ ဒီလို နိုင်ငံတွေထဲကမှ YouTube သုံးစွဲမှု ပိတ်ပင်ထားတဲ့ နိုင်ငံ ၅ ခု အကြောင်း ဖော်ပြလိုက်ပါတယ်။ …

Read More »

TikTok ကို App Store တွေကနေ ဖြုတ်ချတော့မှာလား ? ? ?

TikTok သုံးစွဲတဲ့ အမေရိကန်နိုင်ငံသားတေါဆီကနေ လျှို့ဝှက်အချက်အလက်တွေကို တရုတ်အခြေစိုက် TikTok ရဲ့မိခင်ကုမ္ပဏီ ByteDance ဝန်ထမ်းတွေက ထပ်တလဲလဲ ရယူနေတယ်ဆိုပြီး BuzzFeed သတင်းဌာန ဖော်ပြခဲ့ပါတယ်။ အဆိုပါသတင်း ထွက်လာပြီးနောက် FCC ကော်မရှင်လူကြီးတစ်ဦးဖြစ်တဲ့ ကားက TikTok ကို App Stores တွေကနေ ban ဖို့အတွက် Apple နဲ့ Google ကို တောင်းဆိုခဲ့ပါတယ်။ TikTok ကုမ္ပဏီတွင်း အစည်းအဝေးကနေ ပေါက်ကြားလာတဲ့ အသံဖိုင်တွေကို စစ်ဆေးထားတဲ့ BuzzFeed သတင်းဌာနရဲ့ အစီရင်ခံကို ကိုးကားပြီး ကော်မရှင်နာမင်းကြီးက သူ့ရဲ့ အိတ်ဖွင့်ပေးစာမှာ TikTok ကို Google နဲ့ Apple တို့ရဲ့ …

Read More »

လကမ္ဘာပေါ်မှ 4G ကွန်ယက်အကြောင်း။

အနာဂတ်မှာ လူသားများနေထိုင်ဖို့အတွက် လက်ရှိကမ္ဘာကြီးနဲ့တင် လုံလောက်ပါရဲ့လား ? တစ်နှစ်ထက်တစ်နှစ် ပိုမိုမြင့်တက်လာတဲ့ လူဦးရေသိပ်သည်းမှုကြောင့် ရင်ဆိုင်နေရတဲ့ပြဿနာအများအပြားကို နိုင်ငံတစ်နိုင်ငံချင်းစီတိုင်းရဲ့ သက်ဆိုင်ရာအစိုးရတွေက ကောင်းမွန်စွာ စီမံခန့်ခွဲနိုင်ရဲ့လား ? အစရှိသဖြင့် မေးခွန်းပေါင်းများစွာ ထွက်ပေါ်လျက်ရှိပါတယ်။ လက်ရှိအချိန်မှာတော့ ကမ္ဘာ့ထိပ်သီးနိုင်ငံများက အနာဂတ်လူသားများအတွက် နယ်မြေသစ်များကို ဖြန့်ကျက်ရှာဖွေလျက်ရှိပြီး အာကာသအထိ ခရီးနှင်လျက် ရှိနေပြီဖြစ်ပါတယ်။ နာဆာကလည်း အနာဂတ်မှာ လကမ္ဘာပေါ်သို့ လူသားများသွားရောက်နေထိုင်နိုင်ရေးဟူသည့် စိတ်ကူးယဉ်ဆန်ဆန် အိပ်မက်တစ်ခုကို လက်တွေ့အကောင်အထည်ဖော်နိုင်ရန် ကြိုးစားလျက်ရှိပြီး (၂၀၂၈) ခုနှစ်၌ လကမ္ဘာပေါ်မှာ လူသားများနေထိုင်နိုင်ရေးအတွက် အဓိကအရေးပါသည့် ဆက်သွယ်ရေးကွန်ယက်တစ်ခုကို စတင်တည်ဆောက်ရန်ပြင်ဆင်နေပြီဖြစ်ပါတယ်။ နာဆာအနေဖြင့် လကမ္ဘာပေါ်၌ Nokia ရဲ့ 4G ကွန်ယက်ကို တည်ဆောက်သွားရန် ရွေးချယ်ထားပြီး ၎င်းတို့ရဲ့ရည်မှန်းချက်များ အမှန်တကယ် …

Read More »

ဂေါ်ဖီထုပ်ကိုအသုံးပြုကာ ကွန်ကရစ်ထက် ပိုမိုခိုင်မာတဲ့ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းအဖြစ်သို့ ပြောင်းလဲနိုင်ခဲ့တဲ့ သိပ္ပံပညာရှင်များ။

ကမ္ဘာပေါ်မှ ထူးဆန်းထွေလာကိစ္စရပ်တိုင်းကို ရှာဖွေနိုင်ရန်က အင်မတန်မှ ခက်ခဲလွန်းပါတယ်။ အချို့သောကိစ္စရပ်များက သဘာဝလွန်ဖြစ်ရပ်များ၊ အချို့ကတော့ မည်သူမျှမထင်မှတ်ထားသည့် သေးငယ်သောကိစ္စလေးများမှတစ်ဆင့် ကမ္ဘာနဲ့ချီသောရှာဖွေတွေ့ရှိမှုအဆင့်ထိ ရောက်ရှိသွားနိုင်ပါတယ်။ လက်ရှိအချိန်မှာလည်း ဂျပန်နိုင်ငံ၊ တိုကျိုတက္ကသိုလ်၊ စက်မှုသိပ္ပံမှ လေ့လာဆန်းစစ်ရေးအဖွဲ့က အစားအသောက်များကို အသုံးချကာ ဆောက်လုပ်ရေးလုပ်ငန်းများအတွက် ကွန်ကရစ်ထက် ပိုမိုခိုင်ခံ့ပြီး၊ ကြာရှည်ခံသည့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းတစ်ခုကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ဂေါ်ဖီထုပ်မှ ဂေါ်ဖီရွက်၊ ရေညှိ၊ ငှက်ပျောသီးခွံတို့ကို ပေါင်းစပ်ကာ ယခုကဲ့သို့ ကွန်ကရစ်ထက်ပိုမိုခိုင်မာသော ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းတစ်ခုကို ရရှိခဲ့ခြင်းလည်းဖြစ်ပါတယ်။ “ကျွန်တော်တို့ရဲ့ ရည်မှန်းချက်က ပင်လယ်ရေညှိနဲ့ အခြားသောဘုံအစားအသောက်တွေကို ပေါင်းစည်းပြီး ကွန်ကရစ်လိုမျိုး ခိုင်ခံ့တဲ့ ပစ္စည်းတွေ ထုတ်လုပ်နိုင်ဖို့ဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့က ပုံမှန်အစားအသောက်တွေကို အသုံးပြုမယ့်အစား စွန့်ပစ်ထားတဲ့ စားကြွင်းစားကျန်တွေကို ပြန်လည်အသုံးချတာက …

Read More »

လွန်ခဲ့သည့် (၃) နှစ်က ကွယ်လွန်သွားသည့် သမီးကို နည်းပညာအကူအညီဖြင့် ပြန်လည်ဆုံတွေ့ခွင့်ရခဲ့သည့် အမျိုးသမီး။ (ရုပ်/သံ)

တောင်ကိုရီးယားနိုင်ငံရှိ ဂျန်ဂျီဆန်အမည်ရ အမျိုးသမီးတစ်ဦးသည် Virtual Reality (VR) နည်းပညာအကူအညီဖြင့် လွန်ခဲ့သည့် (၃) နှစ်က ကွယ်လွန်သွားခဲ့သည့် သူမရဲ့သမီးကို ပြန်လည်တွေ့ဆုံနိုင်ခဲ့ကြောင်း သိရှိရပါတယ်။ အဆိုပါ အစီအစဉ်ကို “I Met You” ဟု နာမည်ပေးထားပြီး VR ၌ ဂျီဆန်ရဲ့ကွယ်လွန်သွားပြီဖြစ်သည့် အသက် (၇) နှစ်အရွယ် သမီးလေး နာယွန်းကို ဖန်တီးပေးထားခဲ့ပါတယ်။ ဂျီဆန်သည် အထူးပြုလုပ်ထားသည့် VR နားကြပ်နဲ့မျက်မှန်ကို တပ်ဆင်ထားပြီး သူမရဲ့သမီးနဲ့ တွေ့ဆုံစကားပြောနိုင်ခဲ့ခြင်း ဖြစ်ပါတယ်။ အဆိုပါ VR ထဲ၌ သားအမိနှစ်ယောက်ကို သဘာဝအတိုင်း ဖန်တီးထားသည့် ဥယျာဉ်တစ်ခုအတွင်း၌ ပြန်လည်တွေ့ဆုံစေခဲ့ပြီး နာယွန်းက “အမေဘယ်ရောက်နေတာလဲ။ သမီးအကြောင်းကိုရော စဉ်းစားနေရဲ့လား။” …

Read More »

iCare Myanmar ရဲ့ Happy Student Promotion အစီအစဉ်။

iCare Myanmar ကို ချစ်ခင်ယုံကြည်စွာအားပေးသော လူကြီးမင်းတို့ရဲ့ သားသား၊ မီးမီးတို့အတွက် Happy Student Promotion ရောက်ရှိလို့လာပါပြီရှင့် . . . Online Class သင်နေတာပဲဖြစ်ဖြစ်၊ ကျောင်းတက်နေတာပဲဖြစ်ဖြစ် သားသားမီးမီးတို့ကို iPad ဝယ်ပေးဖို့စဉ်းစားနေရင် ဒါမှမဟုတ် ဝယ်ပေးဖို့အစီအစဉ်ရှိတယ်ဆိုရင်တော့ iCare Myanmar ကို လှမ်းလာခဲ့ဖို့ဖိတ်ခေါ်လိုက်ရပါတယ်ရှင့် . . . M1 Chip နဲ့ iPad Air 5th လေးက ကျောင်းတက်နေတဲ့ သားသား၊ မီးမီးလေးတို့အတွက် တစ်နေကုန်အသုံးခံတဲ့ Battery Life နဲ့ဆိုတော့ စာသင်နေရင်း အားကုန်သွားမှာလည်း စိတ်မပူရတော့ဘူးနော် . . . …

Read More »

Los Angeles ရဲတပ်ဖွဲ့ကို သတိပေးလိုက်တဲ့ Facebook

နောက်ပိုင်းအင်တာနက်ခေတ်မှာ Facebook က သီးသန့်အင်တာနက်ဆာဗာတစ်ခုလို ဖြစ်လာပြီး လူသားတိုင်းရဲ့ Virtual Life တစ်ခုကို Facebook ပေါ်မှာ မြင်တွေ့နေရတာလည်း ဖြစ်ပါတယ်။ ဒီလိုမျိုး ကြီးမားကျယ်ပြန့်လာတာနဲ့အမျှ Facebook နဲ့ ပတ်သက်တဲ့ ပြဿနာတွေကလည်း အရမ်းကိုများပြားလာပြီး Facebook အသုံးပြုသူအချင်းချင်း ပြသာနာတွေ ၊ အမုန်းစကားဖြန့်ဝေမှုတွေ ရှိလာခဲ့ပါတယ်။ အခုနောက်ဆုံး ပြဿနာတစ်ရပ်ကတော့ အမေရိကန်နိုင်ငံ၊ လော့စ်အိန်ဂျယ်စ်ရဲတပ်ဖွဲ့ဟာ အကောင့်တုတွေကို အသုံးပြုပြီး Facebook အသုံးပြုသူတွေကို နောက်ယောင်ခံနေတာမျိုးတွေရှိတယ်လို့ သိရှိရပါတယ်။ ဒီဖြစ်ရပ်ကြောင့်လည်း Facebook က ရဲတပ်ဖွဲ့ကို သတိပေးစာပို့ပြီး ဒီလုပ်ရပ်ကို ရပ်တန့်ဖို့ ပြောကြားခဲ့ပါတယ်။ ဂါးဒီးယန်းသတင်းဌာနရဲ့ ဖော်ပြချက်အရ LA ရဲတပ်ဖွဲ့အနေနဲ့ ရာဇဝတ်မှုတွေကို ဖြေရှင်းနိုင်ဖို့အတွက် …

Read More »

ဟက်ခ်ကာများကို ဒေါ်လာသန်း (၄၀) ပေးလျော်ခဲ့ရသည့် Insurance ကုမ္ပဏီကြီးတစ်ခု။

ဟက်ခ်ကာများသည် ကမ္ဘာတစ်ဝှမ်းမှ နိုင်ငံအသီးသီး၌ ပုံစံမျိုးစုံဖြင့် လှုပ်ရှားနေကြသည့် နည်းပညာကျွမ်းကျင်သူများ ဖြစ်ပါတယ်။ ၎င်းတို့အနက် White Hacker နဲ့ Black Hacker ဟူ၍လည်း ကွဲပြားပြီး ကိုယ်ကျိုးတစ်ခုတည်းသာကြည့်၍ လုံခြုံရေးစနစ်များကို ချိုးဖောက်နေသည့် ဟက်ခ်ကာများကို Black Hacker၊ ဟုခေါ်ပြီး မိမိအတွက်သာမက အများအကျိုးအတွက်ပါ ဆောင်ရွက်နေသည့် ဟက်ခ်ကာများကို White Hacker များဟု အကြမ်းဖျင်းသုံးသပ်ခေါ်ဝေါ်နိုင်ပါတယ်။ ဟက်ခ်ကာများနဲ့ ပတ်သက်ပြီး ထူးထူးဆန်းဆန်းသတင်းတစ်ပုဒ်အရ အမေရိကန်နိုင်ငံမှ အကြီးမားဆုံး အာမခံကုမ္ပဏီများအနက် တစ်ခုအပါအဝင်ဖြစ်သည့် CNA Financial က ဟက်ခ်ကာများကို ပြန်ရွေးငွေအဖြစ် အမေရိကန်ဒေါ်လာသန်း (၄၀) အထိ ပေးချေလိုက်ရကြောင်း သိရှိရပါတယ်။ ချီကာဂိုအခြေစိုက် အဆိုပါကုမ္ပဏီသည် ၎င်းတို့ကုမ္ပဏီရဲ့ဆက်သွယ်မှုကွန်ယက်များ …

Read More »

instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro