Breaking News

Sport

တန်ဟက်ဂျ် ပုံဖော်ထားတဲ့ ယူနိုက်တက်တိုက်စစ်။

တန်ဟက်ဂျ်က ယူနိုက်တက်မှာ ၃ ယောက်တန်းတိုက်စစ်ကို ပုံဖော်ချင်နေတယ်လို့ မန်ချက်စတာညနေခင်းသတင်းစာက ဖော်ပြခဲ့ပါတယ်။ အဓိကအားဖြင့် ရော်နယ်ဒိုကို ဗဟိုတိုက်စစ်နေရာမှာ ကစားစေမှာဖြစ်ပေမယ့် ကစားသမားရဲ့ အသက်အရွယ်ကြောင့် အနာဂတ်မှာ ၃ ယောက်တန်းတိုက်စစ်ရဲ့ အလယ်နေရာအတွက် ရက်ရှ်ဖို့ဒ်ကို အားကိုးဖို့ တန်ဟက်ဂျ်က ရည်ရွယ်ထားတယ်လို့လည်း သိရပါတယ်။ ရာသီအကြိုပွဲစဉ်တွေမှာ ဒီပုံစံကို တန်ဟက်ဂျ်က အသုံးပြုသွားဖို့လည်း ရှိနေတယ်လို့ ဆိုပါတယ်။ ရက်ရှ်ဖို့ဒ်ကတော့ ယူနိုက်တက်အတွက် စတင်ကစားပေးချိန်မှာ တိုက်စစ်မှူးတဦးအဖြစ် ကစားခဲ့ပေမယ့် ပြီးခဲ့တဲ့ရာသီတွေမှာတော့ တောင်ပံတိုက်စစ်ကစားသမားပုံစံကို ပြောင်းလဲကစားခဲ့ပါတယ်။ တန်ဟက်ဂျ်ရဲ့ ရည်ရွယ်ချက်က ဘယ်တောင်ပံမှာပဲ ကစားချင်တဲ့ ရက်ရှ်ဖို့ဒ်အတွက် အနည်းငယ်တော့ စိတ်ပျက်စရာဖြစ်လာနိုင်ပါတယ်။ ယူနိုက်တက်နည်းပြဟောင်း မော်ရင်ဟိုလက်ထက်တုန်းကတော့ ရက်ရှ်ဖို့ဒ်ကို ဗဟိုတိုက်စစ်မှူးအဖြစ် မသင့်တော်ဘူးလို့ ရှုမြင်ခဲ့ဖူးပါတယ်။ ရက်ရှ်ဖို့ဒ်ရဲ့ …

Read More »

ရော်နယ်ဒိုရဲ့အနာဂတ်အတွက် လူသိရှင်ကြားဖွင့်ပြောလာတဲ့ Sporting ဘောလုံးဒါရိုက်တာ။

ရော်နယ်ဒိုရဲ့ ငယ်ဘဝအသင်းဖြစ်တဲ့ စပို့တင်းလစ္စဘွန်းဒါရိုက်တာ ဟူဂိုဗီယာနာက ရော်နယ်ဒိုရဲ့အနာဂတ်နဲ့ ပတ်သက်လို့ ဘယ်သူမှကြိုမသိနိုင်တဲ့အကြောင်း ပြောကြားလာပါတယ်။ စပို့တင်းလစ္စဘွန်းအသင်းအနေနဲ့ ရော်နယ်ဒိုသာ ယူနိုက်တက်ကနေ ထွက်ခွာမယ်ဆိုရင် ကမ်းလှမ်းဖို့ ပြင်ဆင်ထားတယ်လို့ သတင်းတွေက ဖော်ပြထားပါတယ်။ ရော်နယ်ဒိုဟာ ယူနိုက်တက်နဲ့ လာမယ့်ရာသီတရာသီစာအတွက် စာချုပ်သက်တမ်း ကျန်ရှိနေပါသေးတယ်။ ဒါပေမယ့် ယူနိုက်တက်ရဲ့ အပြောင်းအရွှေ့လှုပ်ရှားမှုတွေအပေါ် ရော်နယ်ဒိုက ကျေနပ်အားရမှုမရှိဘဲ အသင်းကနေထွက်ခွာဖို့ စဉ်းစားနေတယ်လို့ ကောလာဟလတွေ ထွက်ပေါ်နေပါတယ်။ ရော်နယ်ဒိုနဲ့ပတ်သက်လို့ ဗီယာနာက “ရော်နယ်ဒို စပို့တင်းလစ္စဘွန်းကို ပြန်လာဖို့က အခုချိန်မှာဖြစ်နိုင်တယ်လို့ ကျနော်မထင်ပါဘူး။ ဒါပေမယ့် ကျနော်တို့ ကြိုသိနိုင်တာ ဘာများရှိလို့လဲ။ ရော်နယ်ဒိုက သူဘယ်အသင်းကို သွားမယ်ဆိုတာ သူကိုယ်တိုင် ဆုံးဖြတ်နိုင်စွမ်းရှိတာပဲလေ။ အနာဂတ်ကို ဘယ်သူမှကြိုမသိပါဘူး” “ဒီအကြောင်းကို ကျနော်အများကြီး …

Read More »

ရော်နယ်ဒိုနဲ့ မော်ရင်ဟိုကို ပြန်လည်ဆုံဆည်းပေးဖို့ ကြိုးစားနေတဲ့ ရိုးမား။

အီတလီသတင်းဌာန Retesport က ရိုးမားအသင်းဟာ ရော်နယ်ဒိုကို ခေါ်ယူနိုင်ဖို့အတွက် နည်းလမ်းပေါင်းစုံနဲ့ ကြိုးစားနေတယ်လို့ ဖော်ပြခဲ့ပါတယ်။ နွေရာသီအပြောင်းအရွှေ့ဈေးကွက်အတွင်း ယူနိုက်တက်ရဲ့ ကစားသမားသစ်ခေါ်ယူနိုင်ဖို့ ကြန့်ကြာနေမှုတွေအပေါ်မှာ စိတ်ပျက်လက်ပျက်ဖြစ်နေတဲ့ ရော်နယ်ဒိုတယောက် အသင်းကထွက်မယ်လို့ သတင်းတွေထွက်လာချိန်မှာ ရိုးမားဘက်က လှုပ်ရှားလာခဲ့တာ ဖြစ်ပါတယ်။ ရိုးမားနောက်ခံလူဟောင်းတဦးဖြစ်တဲ့ ဖေဘီယိုပီထရူဇီက ရိုးမားအသင်းရဲ့ ရိုနယ်ဒိုကို ခေါ်ယူနိုင်မယ့်နည်းလမ်းတွေနဲ့သက်ဆိုင်တဲ့ အချက်အလက်တွေကို သူရရှိထားတယ်ဆိုပြီး Retesport ကို ပြောကြားခဲ့ပါတယ်။ ဒါဟာ ရော်နယ်ဒိုနဲ့ မော်ရင်ဟိုတို့ နောက်တကြိမ်လက်တွဲတာကို ပြန်လည်မြင်တွေ့နိုင်မယ့် အခွင့်အရေးလည်း ဖြစ်ပါတယ်။ သူတို့နှစ်ဦးစလုံးက ရီးရဲလ်မက်ဒရစ်မှာ လက်တွဲခဲ့သူတွေဖြစ်ပြီး ပေါ်တူဂီသားအချင်းချင်းဖြစ်တာကြောင့် အဆင်ပြေခဲ့ကြပါတယ်။ ရော်နယ်ဒိုအနေနဲ့လည်း ဂျူဗီနဲ့အတူ စီးရီးအေမှာ ကစားခဲ့ဖူးလို့ ရိုးမားကို ပြောင်းရွှေ့မယ်ဆိုလည်း ၎င်းအတွက် အခက်အခဲရှိမှာမဟုတ်ဘဲ …

Read More »

ရော်နယ်ဒိုကိုခေါ်ယူဖို့ ကြိုးပမ်းလာတဲ့ ချယ်ဆီးအသင်းပိုင်ရှင်အသစ်။

ချယ်လ်ဆီးအသင်းပိုင်ရှင်အသစ် တော့ဒ်ဘိုလေဟာ ရော်နယ်ဒိုရဲ့အေးဂျင့်ဖြစ်သူ ဂျော့မန်ဒက်စ်နဲ့ တွေ့ဆုံခဲ့ပြီး ရော်နယ်ဒိုကို ခေါ်ယူနိုင်ခြင်းရှိ၊ မရှိဆိုတာကို ဆွေးနွေးခဲ့တယ်လို့ အင်္ဂလန်မီဒီယာအများအပြားက ဖော်ပြခဲ့ကြပါတယ်။ The Athletic ရဲ့ ဖော်ပြချက်အရ ရော်နယ်ဒိုရဲ့ လက်ရှိအခြေအနေနဲ့ စတန်းဖို့ဒ်ဘရစ်ချ်ကို ပြောင်းရွှေ့နိုင်ဖို့ စိတ်ကူးက ၎င်းတို့ဆွေးနွေးမှုရဲ့ အဓိကအကြောင်းအရာလို့ ဆိုပါတယ်။ ရော်နယ်ဒိုဟာ ယူနိုက်တက်နဲ့ စာချုပ်သက်တမ်း တနှစ်သာကျန်ရှိတော့ပေမယ့် ကလပ်အသင်းကတော့ သူ့ကိုထိန်းသိမ်းထားဖို့ကို ပြတ်ပြတ်သားသားဆုံးဖြတ်ထားတယ်လို့ သိရပါတယ်။ ဒါပေမယ့် ယူနိုက်တက်ရဲ့ အပြောင်းအရွှေ့လှုပ်ရှားမှုတွေအပေါ် ရော်နယ်ဒိုတယောက် စိတ်ပျက်နေပြီဆိုတဲ့သတင်းတွေ ထွက်လာခဲ့တဲ့နောက်မှာ ပေါ်တူဂီသားရဲ့ အနာဂတ်ကလည်း လှုပ်ခတ်လာပါတယ်။ ဘိုင်ယန်မြူးနစ်ကလည်း ရော်နယ်ဒိုကို စိတ်ဝင်စားတယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပြီး ဂျာမနီကလပ်ကတော့ ငြင်းဆန်မှုတွေ ပြုလုပ်ထားပါတယ်။ ယူနိုက်တက်ဟာ ဘာကာကွင်းလယ်လူဒီဂျောင်ကို ခေါ်ယူဖို့အတွက် …

Read More »

ကာတာကမ္ဘာ့ဖလားအတွက် အသက်အန္တရာယ်စိုးရိမ်နေရတဲ့ မိန်းမလျာဘောလုံးသမားတစ်ယောက်။

မော်ဒန်ဘောလုံးလောကမှာ လိင်ခံယူစိတ်ကွဲပြားမှုအပေါ် နားလည်ပေးလာကြပြီး အချို့သောကစားသမားတွေဆိုရင် ၎င်းတို့ရဲ့လိင်ခံယူစိတ်တွေနဲ့ ပတ်သက်လို့ ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ကြေညာခဲ့ကြပြီး ဖြစ်ပါတယ်။ ဘောလုံးပရိသတ်တွေနဲ့မစိမ်းတဲ့ ကစားသမားအချို့ကလည်း သူတို့ကိုယ်သူတို့ မိန်းမလျာဖြစ်တယ်ဆိုတာကို ဝန်ခံခဲ့ကြဖူးပါသေးတယ်။ ဒါပေမယ့် အသက် (၂၁) နှစ်အရွယ် သြစတြေးလျလူမျိုး ကစားသမား ဂျို့ရှ်ကာဗယ်လိုကတော့ သူ့အနေနဲ့ မိန်းမလျာဖြစ်တယ်ဆိုတာကို ဝန်ခံခဲ့ပြီးနောက် (၂၀၂၂) ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ကစားခွင့်ရရှိရေး ရတက်မအေးဖြစ်နေတယ်လို့ ဆိုလာပါတယ်။ ကာဗယ်လိုဟာ အေလိဂ်ကလပ် အယ်လ်ဒီလိုင်ဒီအတွက် ကစားပေးနေပြီး သူ့အနေနဲ့ ဒီလိုမျိုး မိန်းမလျာတစ်ယောက်ဖြစ်နေတာ (၆) နှစ်ကျော်လာခဲ့ပြီလို့ ဝန်ခံခဲ့ပါတယ်။ အခုချိန်မှာတော့ သူက ဒီလိုဝန်ခံခဲ့မှုကြောင့် ကမ္ဘာ့ဖလားကစားခွင့်အိပ်မက် ပျက်ပြယ်မှာကို စိုးရိမ်နေပြီး ဒီလိုစိုးရိမ်ရတဲ့အကြောင်းရင်းကလည်း လိင်တူဆက်ဆံခြင်းအတွက် ကမ္ဘာ့ဖလားကို အိမ်ရှင်အဖြစ် …

Read More »

ရိုနယ်ဒိုနဲ့ ရုပ်ချင်းဆင်တဲ့အမျိုးသား ပေါ်ထွက်လာ။

အသက် ၂၅ နှစ်အရွယ် ဟောင်ကောင်ဘောလုံးသမား အော်မက်တ်သရူး အယ်လီယက် (မက်တ် အော်) ဟာ အခုလက်ရှိမှာတော့ လူမှုကွန်ယက်အသုံးပြုသူတွေရဲ့စိတ်ဝင်စားမှုကို ရရှိနေပါတယ်။ မကြာသေးခင်က AFC Asian Cup မှာ ဟောင်ကောင်ဘောလုံးအသင်းက ၅၄ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် နောက်ဆုံး ၂၄ သင်းထဲ တက်လှမ်းနိုင်ခဲ့တဲ့အချိန် မက်တ်က ပရိသတ်ရဲ့အာရုံကို ဖမ်းစားထားနိုင်ခဲ့ပါတယ်။ လူမှုကွန်ယက်အသုံးပြုသူတွေက မက်တ်ကို ဘောလုံးပွဲတွေမှာ သွင်းခဲ့တဲ့ ဂိုးအရေအတွက်ထက် သူ့ရဲ့ရုပ်ရည်ချောမောမှုကြောင့် ပိုစိတ်ဝင်စားနေကြတာပါ။ အခု Hong Kong Premier League Club Kitchee မှာ ကစားနေတဲ့ မက်တ်ကို ကမ္ဘာကျော်ဘောလုံးသမား ရော်နယ်ဒိုနဲ့ ရုပ်ဆင်တဲ့အတွက် “ဟောင်ကောင်ရဲ့ရော်နယ်ဒို” လို့ …

Read More »

လက်မှတ်ရေးထိုးပေးဖို့ တောင်းဆိုလာတဲ့ ပရိသတ်တွေကို ထိုးနှက်ဖူးတယ်လို့ ဝန်ခံလာတဲ့ Mike Tyson

Mike Tyson တစ်ယောက် လက်ဝှေ့ကစားသမားဘဝနဲ့ နာမည်ကြီးလာတဲ့အချိန်မှာ ပရိသတ်တွေက လက်မှတ်ရေးထိုးပေးဖို့ သူ့ကိုတောင်းဆိုတဲ့အခါ ထိုးနှက်ပစ်ခဲ့တယ်လို့ ဝန်ခံလာပါတယ်။ ‘Iron’ Mike ဟာ သူ့ရဲ့ ‘Baddest Man on the Planet’ ထက် ပိုကြမ်းတဲ့ ဇာတ်သိမ်းကြောင့် နာမည်ကြီးခဲ့ဖူးသူတစ်ယောက်လည်း ဖြစ်ပါတယ်။ Mike ဟာ မုဒိမ်းမှုကြောင့် ထောင်ထဲမှာ အချိန်ကုန်ခဲ့ရပြီး ပြိုင်ပွဲတစ်ခုအတွင်း Evander Holyfield ရဲ့ နားရွက်ကို ဖြတ်ပစ်ခဲ့တာမျိုးလည်း လုပ်ခဲ့ဖူးပါတယ်။ ဒါပေမယ့် အသက် ၅၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ Mike ဟာ သူ့ကိုချစ်ကြတဲ့ ပရိသတ်တွေအပေါ် သူတုံ့ပြန်ဖူးခဲ့တဲ့ ဆိုးရွားတဲ့အပြုအမူတွေအတွက် မပျော်မရွှင် ဖြစ်နေရတယ်လို့လည်း ဝန်ခံလာပါတယ်။ Yahoo …

Read More »

မျက်မမြင် ပရိသတ်တစ်ယောက်ရဲ့ အမြင်အာရုံကို ကုစားပေးခဲ့တဲ့ မက်ဆီ။

အာဂျင်တီးနားစူပါစတား မက်ဆီဟာ သူ့ရဲ့ပရိသတ်တစ်ဦးဖြစ်တဲ့ အမြင်အာရုံချို့တဲ့နေသူ Cristian Guglielmett ကို သူ့ရဲ့အိမ်မက်တွေ အမှန်တကယ်ဖြစ်လာအောင် ဖြည့်ဆီးပေးခဲ့ပါတယ်။ Cristian ဟာ ခလုတ်တစ်ချက်နှိပ်ရုံနဲ့ ဘယ်စာကိုမဆို ဖတ်လို့ရတဲ့ ဉာဏ်ရည်တု အိတ်ဆောင် စက်ကိရိယာလေးကို မက်ဆီကို လှူဒါန်းပေးဖို့ တောင်းဆိုခဲ့ပါတယ်။ မက်ဆီဟာ မျက်မမြင်များနဲ့ အမြင်အာရုံချို့တဲ့နေသူများရဲ့ ဘဝကို ပြောင်းလဲပေးနိုင်တဲ့ ခရီးဆောင်ကိရိယာကို ထုတ်လုပ်နေတဲ့ OrCam Technologies ရဲ့ နှစ်ရှည်သံတမန်တစ်ဦးလည်း ဖြစ်ပါတယ်။ မက်ဆီဟာ သူ့ဆီကို လှူဒါန်းဖို့တောင်းဆိုလာတာကို မတွန့်ဆုတ်ပဲ ချက်ချင်းတုံ့ပြန်ခဲ့ပါတယ်။ စုစုပေါင်း ဒေါ်လာ ၄၀၀၀ ဝန်းကျင်တန်တဲ့ စက်ပစ္စည်းဟာ Cristian ဆီ ယခုလနှောင်းပိုင်းမှာ ရောက်ရှိရန် စီစဉ်ထားကြောင်း သိရှိရပါတယ်။ စက်ပစ္စည်းအတွင်းမှ …

Read More »

နည်းပြအသစ်တန်ဟက်တောင်းဆိုထားတဲ့ ကစားသမားတယောက်ကို မရမကခေါ်ယူသွားမယ်လို့ ကြုံးဝါးလိုက်တဲ့ ယူနိုက်တက်အသင်း CEO

မန်ချက်စတာယူနိုက်တက်အနေနဲ့ ဒီဂျောင်ကို ရရှိဖို့ နည်းမျိုးစုံးအသုံးပြုသွားမှာဖြစ်တယ်လို့ အသင်းစီအီးအို ရစ်ချက်အာနိုးက ပြောဆိုခဲ့ပါတယ်။ သူ့နေအိမ်အနီးမှာ လာရောက်ဆန္ဒပြမယ့် ယူနိုက်တက်ပရိသတ်တွေကို ဆိုင်တခုမှာ လက်ခံတွေ့ဆုံပြီး အသင်းဘက်က လုပ်ဆောင်နေမှုတွေကို ပြောဆိုခဲ့ရာမှာ အာနိုးက ထည့်သွင်းပြောကြားခဲ့တာလည်း ဖြစ်ပါတယ်။ ယူနိုက်တက်ဟာ လက်ရှိအချိန်ထိ ကစားသမားသစ်ခေါ်ယူနိုင်ခြင်းမရှိသေးဘဲ နည်းပြအလိုရှိတဲ့ ဒီဂျောင်ကို ဦးစားပေးပစ်မှတ်အဖြစ် ကြိုးစားနေတာဖြစ်ပါတယ်။ ဘာစီလိုနာဘက်ကလည်း ကစားသမားကို လက်လွှတ်မခံချင်ပေမယ့် ဘဏ္ဍာရေးပြသနာရှိနေတာကြောင့် ရောင်းချရဖွယ်ရှိနေသလို ယူနိုက်တက်က အသည်းအသန်အလိုရှိနေတဲ့အပေါ်မူတည်ကာ ဈေးကိုင်နေတာလည်းဖြစ်ပါတယ်။ ရစ်ချက်အာနိုးက အသင်းပရိသတ်တွေကို လုပ်ဆောင်နေတဲ့ လုပ်ငန်းစဉ်တွေအကြောင်းကို ရှင်းပြခဲ့ရာမှာ ဒီဂျောင်ကိုရရှိဖို့အတွက် ဖြစ်နိုင်သမျှနည်းလမ်းအားလုံးကို အသုံးပြုသွားမယ်လို့ ထည့်သွင်းပြောကြားခဲ့တဲ့ ရုပ်သံဖိုင်က တွတ်တာမှာ ပျံ့နှံ့ခဲ့ပါတယ်။ “ဒီအပြောင်းအရွှေ့ဖြစ်လာဖို့ ကျနော်တို့တွေ ကြိုးစားနေတာ ရက်အတော်ကြာပါပြီ၊ ပိုက်ဆံရှိပေမယ့် …

Read More »

မက်ဆီပါ ပစ်ကြွေခဲ့ရတဲ့ ယူနိုက်တက်ကြယ်ပွင့် ဂါနာချိုရဲ့စွမ်းဆောင်ရည်။

အာဂျင်တီးနားအသင်းခေါင်းဆောင် မက်ဆီဟာ ယူနိုက်တက် လူငယ်ကြယ်ပွင့်ကစားသမားလေး ဂါနာချိုရဲ့ စွမ်းဆောင်ရည်နဲ့ ယုံကြည်ချက်တို့အပေါ် တော်တော်လေး အထင်ကြီးလေးစားနေတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။ အသက် (၁၇) နှစ်အရွယ် အဆိုပါကစားသမားလေးဟာ မတ်အတွင်းက အာဂျင်တီးနားမှာ မက်ဆီနဲ့အတူ လေ့ကျင့်ခန်းဆင်းခွင့် ရခဲ့ပါတယ်။ ဂါနာချိုဟာ အာဂျင်တီးနား လက်ရွေးစင်အသင်းကြီး လူစာရင်းမှာ ရွေးချယ်ခြင်းခံခဲ့ရတာဖြစ်ပြီး အဲ့ဒီအချိန်မှာ ဂါနာချိုရဲ့ လေ့ကျင့်ရေးကွင်းက စွမ်းဆောင်ရည်တွေအပေါ် မက်ဆီက အထင်ကြီးလေးစားသွားခဲ့တာပါ။ ဒါ့အပြင် အနာဂတ်မှာလည်း တောက်ပလာမယ့် ကြယ်ပွင့်ကစားသမားအဖြစ် မက်ဆီက ဂါနာချိုကို ယုံကြည်ထားကြောင်းလည်း သတင်းဌာနတွေက ဖော်ပြခဲ့ပါတယ်။ ဂါနာချိုဟာ အာဂျင်တီးနား ယူ- ၂၀ အသင်းအတွက်လည်း အကောင်းဆုံးခြေစွမ်းပြနေပြီး ရီဗယ်လိုပြိုင်ပွဲမှာ (၄) ပွဲကစား၊ (၄) …

Read More »

instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro