Breaking News

Animals

အချစ်အတွက် ရွပ်ရွပ်ချွံချွံတိုက်ပွဲဝင်ခဲ့ကြသည့် ပန်ဒါဝက်ဝံနှစ်ကောင်။

အချစ်ကိုရဖို့ တိုက်ပွဲဝင်တယ်ဆိုတာက လူ့ဘောင်လောကထဲမှာတင်မဟုတ်ဘဲ တိရစ္ဆာန်လောကမှာလည်း ဒါက သဘာဝတရားအဖြစ် တည်ရှိနေဆဲအရာတစ်ခုပါ။ အချစ်အတွက် အသက်ပင်သေသေ တိုက်ပွဲဝင်ပစ်မယ်လို့ ကြုံးဝါးရင်း ရင်ဆိုင်တိုက်ပွဲဝင်နေတဲ့လူသားတွေရှိသလို ပန်ဒါဝက်ဝံအထီးနှစ်ကောင်ကလည်း ပန်ဒါဝက်ဝံအမတစ်ကောင်ရဲ့ မေတ္တာနဲ့အာရုံစိုက်မှုတွေကိုရရှိဖို့ ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်နေကြတဲ့ပုံရိပ်တွေကို အမိအရမှတ်တမ်းတင်နိုင်ခဲ့ပြီဖြစ်ပါတယ်။ တရုတ်ရုပ်ရှင်ရိုက်ကူးရေးသမား (၂) ဦးသည် ပန်းခြံဝန်ထမ်းများ၊ သိပ္ပံပညာရှင်များနဲ့အတူ တရုတ်နိုင်ငံရှိ Qinling တောင်မှ ပန်ဒါဝက်ဝံများရဲ့ နေ့စဉ်နေထိုင်မှုပုံစံများကို စိတ်ရှည်လက်ရှည်ဖြင့် မှတ်တမ်းတင်ခဲ့ကြပါတယ်။ လက်ရှိအချိန်၌မူ အဆိုပါရိုက်ကူးရေးသမားများသည် ပန်ဒါဝက်ဝံများရဲ့ မိတ်လိုက်သည့် သဘာဝနဲ့ပတ်သက်၍ ပထမဆုံးထူးထူးဆန်းဆန်းဗီဒီယိုတစ်ခုကို မှတ်တမ်းတင်နိုင်ခဲ့ပြီး စိတ်ရှည်သည်းခံခြင်းရဲ့ အကျိုးရလဒ်ကိုခံစားခဲ့ရပြီဖြစ်ပါတယ်။ ယခုရရှိလာသည့် မှတ်တမ်းဗီဒီယိုသည် ပန်ဒါအမတစ်ကောင်ကို အပြိုင်အဆိုင်ဆွဲဆောင်ရင်း ပန်ဒါအထီးဝက်ဝံနှစ်ကောင် အချင်းချင်း တိုက်ခိုက်နေကြသည့် ဗီဒီယိုပင်ဖြစ်ပါတယ်။ ပထမဆုံးခြေလှမ်းတစ်ရပ်အနေဖြင့်ကြည့်ပါက ယခုကဲ့သို့စွမ်းဆောင်နိုင်ခြင်းက အင်မတန်မှ …

Read More »

မြောက်အာဖရိက ကမ်းရိုးတန်းမှာ ဖမ်းမိခဲ့တဲ့ အလေးချိန် (၂၀၀၀) ကီလိုဂရမ်အထိရှိတဲ့ အံ့အားသင့်ဖွယ် Sunfish ငါးအကြောင်း။

ကမ္ဘာကြီးရဲ့ ရာခိုင်နှုန်းတော်တော်များများကို ရေတွေနဲ့ဖုံးလွှမ်းထားတာဖြစ်ပြီး ရေအောက်ကမ္ဘာကြီးကလည်း လူသားတွေနေထိုင်တဲ့ ကမ္ဘာတစ်ခုလိုမျိုးပဲ ထူးခြားဆန်းပြားတဲ့အရာတွေနဲ့ ပြည့်နှက်နေတာဖြစ်ပါတယ်။ သိပ္ပံပညာရှင်တွေကတော့ ရေအောက်ထဲက ဒဏ္ဍာရီလာနေရာတွေနဲ့ ပတ်သက်လို့ စူးစမ်းလေ့လာမှုတွေ ပြုလုပ်နေကြပေမယ့် အတိုင်းမသိ ဆန်းကြယ်တဲ့အရာတွေကလည်း အချိန်တိုင်း၊ နေရာတိုင်းမှာ ပေါ်ပေါက်လာစမြဲ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာလည်း ကီလိုဂရမ် (၂,၀၀၀) အလေးချိန်ရှိတဲ့ Sunfish ငါးကြီးတစ်ကောင်ကို မြောက်အာဖရိက ကမ်းရိုးတန်းဒေသမှာ ဖမ်းဆီးရမိတယ်လို့ သိရှိရပါတယ်။ ဒီငါးကြီးကိုတော့ မိုလာအလက်ဇန်ဒရီနီလို့ နာမည်ပေးထားပြီး ဒီလိုနာမည်ပေးထားရတဲ့အကြောင်းရင်းကလည်း သူ့ရဲ့စုပ်ခွက်မှာ ထူးခြားတဲ့ အဖုတစ်ခုရှိနေတာကြောင့်လို့ သိရှိရပါတယ်။ ဒါ့အပြင် အဆိုပါငါးဟာ အဲ့ဒီဒေသတွင်းမှာ ဖမ်းမိခဲ့တဲ့ Sunfish ငါးတွေထဲမှာ အကြီးမားဆုံးအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။ ဒီလိုငါးအမျိုးအစားတွေဟာ သမုဒ္ဒရာထဲမှာ ကျင်လည်ကျက်စားလေ့ရှိတဲ့ ငါးအမျိုးအစားတွေ …

Read More »

အိမ်မွေးတိရိစ္ဆာန်လေးတွေအတွက် သယ်ယူပို့ဆောင်ရေး Pet Taxi

Hamilton Taurino ဆိုတဲ့အမျိုးသားဟာ ခွေး၊ ကြောင်နဲ့ ငှက်လေးတွေကို ကားမောင်းပေးတဲ့ တက္ကစီဒရိုင်ဘာတစ်ယောက်ဖြစ်ပြီး တစ်ရက်လျှင် သုံးကြိမ်မှလေးကြိမ်အထိ ပို့ဆောင်ပေးရပါတယ်။ ထိုသို့ပို့ဆောင်နေတဲ့ ခရီးစဉ်အတွင်းမှာလည်း သူ့ရဲ့ခရီးသည်လေးတွေနဲ့ ဆယ်ဖီရိုက်ဖို့ အခွင့်အရေးကို လက်လွှတ်မခံခဲ့ပါဘူး။ ဒီလိုတိရိစ္ဆာန်လေးတွေအတွက် တက္ကစီဒရိုင်ဘာအလုပ်ကို စတင်လုပ်ဆောင်ဖြစ်တဲ့ အကြောင်းအရင်းကတော့ Hamilton တယောက် လွန်ခဲ့တဲ့ (၂) နှစ်က ခွေးရှိတဲ့ သူငယ်ချင်းတစ်ယောက်ဆီ သွားလည်ခဲ့ရာကနေ စတင်ခဲ့တာ ဖြစ်ပါတယ်။ ရုတ်တရက်ဆိုသလို သူ့သူငယ်ချင်းခွေးလေးက နေမကောင်းဖြစ်လာတဲ့အတွက် ဆေးခန်းသွားပြရန် Hamilton တယောက် တက္ကစီသုံးစီနဲ့ Uber နှစ်စီးကိုခေါ်ဖို့ ကြိုးစားခဲ့ပေမယ့် သနားစရာကောင်းတဲ့ခွေးလေးကို တိရိစ္ဆာန်ဆေးကုဆရာဝန်ဆီ ခေါ်ဆောင်သွားဖို့ ဘယ်သူကမှ မလိုလားကြပါဘူး။ အဲ့ဒီအခိုက်အတန့်မှာပဲ Hamilton ဟာ တိရိစ္ဆာန်လေးတွေကို …

Read More »

ကမ္ဘာ့အကြီးမားဆုံးမိကျောင်းတစ်ကောင်ကို ဖိလစ်ပိုင်တွင် အရှင်ဖမ်းမိ။

လူနေမှုစနစ်တွေတိုးတက်လာတာနဲ့အမျှ သဘာဝရဲ့ဂေဟစနစ်က ပျက်စီးဆုံးရှုံးရစမြဲဖြစ်ပြီး လူနေအိမ်များ တိုးချဲ့မှုကြောင့် သဘာဝအတိုင်းနေထိုင်သည့် မိကျောင်းကဲ့သို့သော တိရစ္ဆာန်များအတွက် နေထိုင်စရာနေရာ ရှားပါးလာခဲ့ပါတယ်။ ထို့ကြောင့်လည်း မကြာခဏဆိုသလို လူနဲ့မိကျောင်း ထိပ်တိုက်တွေ့သည့်ဖြစ်ရပ်များကို ကြားသိနေရပြီး လက်ရှိအချိန်၌ ကမ္ဘာ့အကြီးမားဆုံးမိကျောင်းများထဲမှ တစ်ကောင်အဖြစ် မှတ်တမ်းဝင်နိုင်သည့် မိကျောင်းတစ်ကောင်ကို ဖိလစ်ပိုင်နိုင်ငံ၌ ဖမ်းဆီးရမိခဲ့ပါတယ်။ (၁၈) ပေရှည်လျားသည့် အင်ဒို – ပစိဖိတ်အနွယ်ဝင် အဆိုပါမိကျောင်းကို ဖိလစ်ပိုင်နိုင်ငံ၊ Tawi Twai ကမ်းခြေ၌ ဖမ်းဆီးရမိခဲ့ပြီး ယခင်ကဖမ်းဆီးရမိခဲ့သည့် Papa Bulls ဟုအမည်ရသည့် မိကျောင်းထက် ပိုမိုရှည်လျားနိုင်ကြောင်း သုံးသပ်လျက်ရှိပါတယ်။ ဒါပေမယ့် အဆိုပါမိကျောင်းနှစ်ကောင်လုံးသည် ယခင်က ကမ္ဘာ့အရှည်လျားဆုံး မိကျောင်းတစ်ကောင်အဖြစ် ဂင်းနစ်စံချိန်တင်ထားသည့်မိကျောင်းထက် ပိုမိုသေးငယ်ကြောင်း သိရှိရပါတယ်။ ဒါပေမယ့် အဆိုပါမိကျောင်းက …

Read More »

ရယ်မောဖွယ်ကောင်းတဲ့ စင်ရော်ငှက်နှစ်ကောင်ရဲ့အပြုအမူကို မှတ်တမ်းတင်နိုင်ခဲ့သည့် ဓာတ်ပုံဆရာမ။

စင်ရော်ငှက်များသည် တစ်ဖက်သားအပေါ် သူတို့ရဲ့ လှည့်စားနိုင်သည့်အရည်အသွေးများဖြင့် အထူးကျော်ကြားသည့်ငှက်များဖြစ်ပြီး အမွှေးခပ်ကြမ်းကြမ်းကို ပိုင်ဆိုင်ထားသလို သဲသောင်ပြင်အတွင်းသို့ ထိုးဆင်းရသည်ကို နှစ်သက်တတ်ကြပါတယ်။ တောရိုင်းတိရိစ္ဆာန်များရဲ့ သဘာဝတရားကို အမိအရ မှတ်တမ်းတင်လေ့ရှိသည့် ဓာတ်ပုံဆရာမ Jennifer Leigh က California ပြည်နယ်၊ La Jolla ဒေသရှိ ကလေးရေကူးကန်ကို သွားရောက်လည်ပတ်ရင်းဖြင့် ကမ်းခြေရဲ့ သဲသောင်ပြင်ပေါ်၌ စင်ရော်ငှက်နှစ်ကောင်ဟာ အမျိုးသားအင်္ဂါအတုကို လုယက်ရင်း အပြန်အလှန်တိုက်ခိုက်နေသည့် ပုံရိပ်များကို မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ အဆိုပါငှက်နှစ်ကောင်သည် တစ်ကောင်နဲ့တစ်ကောင် အပြန်အလှန် လှည့်စားတိုက်ခိုက်ရင်း နောက်ဆုံး၌မူ ကျန်တစ်ကောင်က အဆိုပါလိင်အင်္ဂါအတုကို ရယူသွားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် အဆိုပါဓာတ်ပုံများနဲ့ ပတ်သက်၍ အွန်လိုင်းပေါ်၌ ဝေဖန်မှုများလည်း ထွက်ပေါ်ခဲ့ပါသေးတယ်။ စင်ရော်ငှက်နှစ်ကောင်ရဲ့ ဓာတ်ပုံနဲ့ ပတ်သက်ပြီး …

Read More »

ကြောင်လေးတွေရဲ့ ချစ်စရာအကောင်းဆုံးပုံရိပ်များ။

ကြောင်လေးတွေဆိုတာက အိမ်မွေးတိရစ္ဆာန်တွေထဲမှာ ခွေးလေးတွေနဲ့အတူ လူမွေးအများဆုံး အိမ်မွေးတိရစ္ဆာန်လေးတွေပဲဖြစ်ပါတယ်။ သူတို့လေးတွေက ခပ်ချေချေနေတတ်တယ်ဆိုပေမယ့် ဒီလိုမျိုးချေနေတာကိုမှ ချစ်တာပါဆိုပြီး သခင်တွေက တယုတယနဲ့ မွေးမြူနေကြရတာပဲမဟုတ်လား။ အဲ့ဒါကြောင့် ဒီနေ့မှာတော့ ကြောင်လေးတွေရဲ့ ချစ်စရာကောင်းတဲ့ပုံရိပ်လေးတွေကို ဖော်ပြပေးလိုက်ရပါတယ်။ ၁။ အိမ်ထဲမှာထိုင်နေတဲ့ကြောင်လေးကို ပြတင်းပေါက်အပြင်ကနေ ဓာတ်ပုံလှမ်းရိုက်လိုက်တဲ့အခါ အပြင်ကနေပြတင်းပေါက်မှန်ကို ရောင်ပြန်ဟပ်နေတဲ့တိမ်တွေရဲ့အလယ်မှာ ခန့်ခန့်ညားညားကြီးထိုင်နေတဲ့ ကြောင်လေးတစ်ကောင်အဖြစ် အသွင်ပြောင်းသွားခဲ့ပါတယ်။ ၂။ ကြောင်လေးတွေအတွက် ကြောင်စာဆိုတာက အင်မတန်မှအဖိုးတန်တဲ့အရာပါပဲ။ အခုသူ့ကြောင်စာတွေ ကြမ်းပြင်ပေါ်မှောက်ကျသွားလို့ဖြစ်သွားတဲ့ရုပ်ကို ကြည့်ကြပါဦး။ ဝဝကစ်ကစ်နဲ့ဒီကြောင်လေးက ဘယ်လောက်တောင် ချစ်ဖို့ကောင်းလိုက်လဲ။ ၃။ Avril Lavigne အသေးစားလေးတွေလို့တင်စားရမယ့် ကြောင်လေးနှစ်ကောင်ရဲ့ ဝတ်စားဆင်ယင်ပုံပဲ ဖြစ်ပါတယ်။ ၄။ ကြောင်လေးတွေက အင်မတန်မှလည်းချေတတ်သလို လူတွေကိုခင်တတ်တဲ့ကြောင်ဆိုရင်လည်း လူစိမ်းကိုတောင်မကြောက်ဘဲ လက်ပွန်းတတီးနေတတ်ကြတယ်ဆိုတာကို ဒီပုံလေးကသက်သေပြနေပါတယ်။ …

Read More »

သီးခြားထိန်းသိမ်းစောင့်ရှောက်သင့်တဲ့ ရှားရှားပါးပါး ရွှေဝါရောင်ပင်လယ်ဖျံလေး။

ရှားပါးတဲ့နီဝါရောင် ခန္ဓာကိုယ်လေးကို ပိုင်ဆိုင်ထားတဲ့ ပင်လယ်ဖျံလေးကို ဇီဝဗေဒပညာရှင်တွေဟာ တစ်ကောင်တည်းထာရှိဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ အကြောင်းအရင်းကတော့ ပင်လယ်ဖျံအများစုရဲ့ ခန္ဓာကိုယ်အရောင်ဟာ မီးခိုးနက်ရောင်ဖြစ်တာကြောင့် မီးခိုးနက်ရောင်ပင်လယ်ဖျံလေးတွေဟာ နီဝါရောင်ပင်လယ်ဖျံလေးရဲ့ အနားကိုမကပ်ကြဘဲ ၎င်းတို့မျိုးစိတ်နဲ့မတူတဲ့ အခြားသတ္တဝါတစ်ကောင်လို့ ထင်မြင်ကြတာကြောင့်ပဲဖြစ်ပါတယ်။ ပင်လယ်ဖျံအများအပြား ကျက်စားရာဒေသဖြစ်တဲ့ ရရှားနိုင်ငံ Okhotsk ပင်လယ်နားက Tyuleny ကျွန်းဆွယ်မှာ ရွှေဝါရောင်ပင်လယ်ဖျံလေးကို ပြီးခဲ့တဲ့လအချို့က မွေးဖွားခဲ့တာပဲ ဖြစ်ပါတယ်။ ရေနေနို့တိုက်သတ္တဝါ ဇီဝဗေဒပညာရှင် Vladimir Burkanov က Tyuleny ကျွန်းဆွယ်ကို သွားရောက်လည်ပတ်တဲ့အချိန်မှာတော့ အဆိုပါရွှေဝါရောင်ပင်လယ်ဖျံလေးကို တွေ့ရှိခဲ့တာပဲဖြစ်ပါတယ်။   ဇီဝဗေဒပညာရှင် Vladimir Burkanov က Tyuleny ကျွန်းဆွယ်ကို ရောက်ရှိခဲ့တဲ့အချိန်မှာတော့ မီးခိုးနက်ရောင်ပင်လယ်ဖျံလေးတွေကြား တစ်ကောင်တည်း လင်းဝင်းတောက်ပနေတဲ့ ရွှေဝါရောင်ပင်လယ်ဖျံလေးကို …

Read More »

လူတစ်ယောက်နဲ့ရေဘဝဲတစ်ကောင်အကြားက အံ့အားသင့်ဖွယ်ရာနှောင်ကြိုး။

Craig Foster ဆိုသည့်ပုဂ္ဂိုလ်သည် အာဖရိကတိုက်အစွန်အဖျား၌ ရေငုပ်လေ့ရှိသူတစ်ယောက်ဖြစ်ပြီး တစ်ရက်၌မူ ကျောက်တုံးများ၊ အခွံများဖြင့် ဖုံးအုပ်ထားသည့် ရေဘဝဲတစ်ကောင်ကို ရေအောက်အတွင်း၌ တွေ့ရှိခဲ့ရပါတယ်။ အဆိုပါရေဘဝဲအနေဖြင့် Craig ကို မြင်သည့်အခါ၌ ယခုကဲ့သို့ နည်းလမ်းမျိုးစုံနဲ့ ပုန်းအောင်းရန် ကြိုးစားခဲ့ပေမယ့် (၂၆) ရက်မြောက်သည့်နေ့၌မူ Craig ကို ရင်းနှီးလာပြီး စတင်ထိတွေ့ခဲ့ကြောင်း သိရှိရပါတယ်။ Netflix ရဲ့ မှတ်တမ်းရုပ်ရှင်ဇာတ်ကားတစ်ကားဖြစ်သည့် “My Octopus Teacher” ဆိုသည့် ဇာတ်ကား၌မူ ရေဘဝဲများအနေဖြင့် လူသားတစ်ယောက်ရဲ့လက်ကို ယခုကဲ့သို့ထိတွေ့ဖြစ်လိမ့်မည်ဟု ဘယ်တုန်းကမျှ မထင်ခဲ့ဖူးကြောင်း ထည့်သွင်းရိုက်ကူးထားပြီး အဆိုပါဇာတ်ကားသည် Craig နဲ့ အဆိုပါရေဘဝဲတို့အကြားက အကြောင်းကို ပုံဖော်ရိုက်ကူးထားခြင်းလည်းဖြစ်ပါတယ်။ “My Octopus Teacher” …

Read More »

ဗုံး ၂၅၀ ကျော်ကို ရှာဖွေနိုင်ခဲ့လို့ ယူကရိန်းသမ္မတရဲ့ ချီးမြှင့်ခြင်းကိုခံခဲ့ရတဲ့ သူရဲကောင်းခွေးလေး။

ရုရှား-ယူကရိန်းစစ်ပွဲဟာ အချိန်ပိုကြာမြင့်လာခဲ့ပြီး ကြေကွဲဆုံးရှုံးစရာတွေများစွာကို ကြုံတွေ့နေကြရပါတယ်။ ဒါပေမယ့် ဒီမုန်တိုင်းတိမ်တိုက်တွေကနေတစ်ဆင့် အလင်းတန်းတစ်ချို့ ထွန်းလင်းနေတာကို တွေ့မြင်ကြရမှာပါ။Patron လို့ အမည်ရတဲ့ခွေးလေးဟာ အနီးအနားမှာရှိတဲ့ ဗုံးနဲ့ခဲယမ်းမီးကျောက် (၂၀၀) ကျော်ကို ရှာဖွေရာမှာ ကြီးမားတဲ့အကူအညီ ဖြစ်ခဲ့တာကြောင့် ယူကရိန်းသမ္မတ Volodymyr Zelensky က ပေးအပ်ချီးမြှင့်တဲ့ဆုကို ရရှိခဲ့တာပဲဖြစ်ပါတယ်။ချစ်စရာကောင်းတဲ့ခွေးလေးဟာ သူ့ရဲ့နှာခေါင်းသေးသေးလေးတွေနဲ့ မရေမတွက်နိုင်တဲ့ အသက်တွေကို ကယ်တင်နိုင်ခဲ့တာကြောင့် အားလုံးရဲ့အာရုံစိုက်မှုကို ရရှိခဲ့တာပဲ ဖြစ်ပါတယ်။ ဆုပေးပွဲအခမ်းအနားကို သမ္မတကဦးဆောင်ခဲ့ပြီး သူတို့နှစ်ဦးစလုံးကို ချီးကျူးဂုဏ်ပြုပေးခဲ့တာပါ။ “ဒီနေ့ မိုင်းတွင်းမြေကို ရှင်းလင်းခဲ့တဲ့ သူရဲကောင်းတွေကို ဆုချီးမြှင့်ချင်ပါတယ်။ ပြီးတော့ မိုင်းအန္တရာယ်ရှိတဲ့နေရာတွေမှာ ဖောက်ခွဲရေးပစ္စည်းတွေကို ပျက်ပြယ်စေရုံမက မိုင်းအန္တရာယ်ရှိတဲ့ဒေသတွေမှာပါ လိုအပ်တဲ့ ဘေးကင်းစည်းမျည်းတွေကို ကလေးတွေကို သင်ကြားပေးတဲ့ အံ့သြစရာ …

Read More »

ကလေးတစ်ယောက်အရွယ်အစားလောက် ကြီးမားတဲ့ဖားကို ရှာတွေ့ခဲ့တဲ့ ရွာသားများ။

ပစိဖိတ်ကျွန်းဒေသမှ ရွာသားတွေဟာ ကလေးငယ် အရွယ်အစားလောက်ရှိတဲ့ ဖားတစ်ကောင်ကို ရှာဖွေတွေ့ရှိခဲ့ပြီးနောက် အတော်လေးကို အံ့အားသင့်သွားကြပါတယ်။ အသက် ၃၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ သစ်စက်ရုံပိုင်ရှင် Jimmy Hugo က Solomon ကျွန်းပေါ်ရှိ Honiara ဆင်ခြေဖုံးမှာ အမဲလိုက်နေရင်း အဆိုပါကြီးမားတဲ့ဖားတစ်ကောင်ကို ရှာတွေ့ခဲ့တာပဲ ဖြစ်ပါတယ်။ ဗီဒီယိုမှတ်တမ်းအရ Jimmy တစ်ယောက် ယခင်တုန်းကလည်း တွားသွားသတ္တဝါတစ်ကောင်ဖြစ်တဲ့ Cornufer Guppyi ဖားကို အနီးအနားက ချုံပုတ်ထဲမှာ တွေ့ရှိခဲ့ပြီး ဓါတ်ပုံကိုကြည့်မယ်ဆိုရင်တော့ ဖားရဲ့ခန္ဓာကိုယ်အရှည်ဟာ ၁၀ လက်မအထိရှည်ကာ ကလေးငယ်တစ်ယောက်ရဲ့ ခန္ဓာကိုယ်တစ်ဝက်လောက်အထိ ရှိပါတယ်။ Jimmy က “ကျွန်တော့်မျက်စိနဲ့ မြင်တွေ့ခဲ့ရတာတောင် မယုံနိုင်ဘူး။ ကျွန်တော့ဘဝမှာ မြင်ခဲ့ဖူးသမျှ ဖားတွေထဲမှာတော့ ဒီဖားကအကြီးဆုံးပဲ။ …

Read More »

instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro