Breaking News

Other

ဧရာမမိကျောင်းကြီးတစ်ကောင်ကို အချိန်ကိုက်စောင့်ဖမ်းခဲ့သည့် အမျိုးသားတစ်ဦး။

တိရစ္ဆာန်နဲ့ လူသားများအကြား ဆက်နွယ်မှုများက အင်မတန်မှအံ့အားသင့်ဖွယ်ကောင်းပြီး ဂေဟစနစ်အရ တိရစ္ဆာန်များက လူသားများကို အကျိုးပြုနိုင်ခြင်းကြောင့် သဘာဝအတိုင်းနေထိုင်သော တိရစ္ဆာန်များကို သတ်ဖြတ်ခြင်းမပြုရန် တားမြစ်ချက်များရှိနေပေမယ့် အချို့မှာမူ သဘာဝသားရဲတိရစ္ဆာန်များကို ဖမ်းဆီးသတ်ဖြတ်နေကြဆဲ ဖြစ်ပါတယ်။ လက်ရှိအချိန်၌လည်း ဖလော်ရီဒါပြည်နယ်၌နေထိုင်သည့်အမျိုးသားတစ်ဦးသည် သူ့အားတစ်ချိန်လုံး လိုက်လံအနှောင့်အယှက်ပေးနေခဲ့သည့် မိကျောင်းတစ်ကောင်ကို ဖမ်းဆီးခဲ့ကြောင်း သိရှိရပါတယ်။ Corey Capps ဟုအမည်ရသည့် အဆိုပါတံငါသည်က “ဒီကောင့်ကို ကျွန်တော်စောင့်ဖမ်းနေတာ (၂) လလောက်ရှိပါပြီ။ သူက ကျွန်တော့်ကို တစ်ချိန်လုံး လိုက်နှောင့်ယှက်နေခဲ့တာပါ။” ဟု ပြောကြားခဲ့ပါတယ်။ Capps ဟုအမည်ရသည့် တံငါသည်ဟာ အဆိုပါမိကျောင်းကို ဖမ်းဆီးရရှိရန်အတွက် (၃) လခန့် အချိန်ယူခဲ့ရပြီး ယခုလအတွင်း Apalachicola မြစ်အတွင်း သဲသောင်ပြင်တစ်ခုပေါ်၌ရှိနေသည့် အဆိုပါမိကျောင်းကို …

Read More »

Kayak လှေငယ်လေးတစ်စီးကို ဝါးမျိုလုနီးပါးအထိ အန္တရာယ်ပြုခဲ့သည့် ဝေလငါးတစ်ကောင်ရဲ့ ဗီဒီယို။

ရေလမ်းခရီးနဲ့ပတ်သက်လာလျှင် လူကြီးသူမ တော်တော်များများက အလွန်အမင်းစိုးရိမ်တတ်ကြပြီး မြစ်ချောင်းအင်းအိုင်များ၊ ပင်လယ်သမုဒ္ဒရာများရဲ့ မာယာများမှုအကြောင်းကို ယုံတမ်းစကားများ၊ ဒဏ္ဍာရီဆန်ဆန်ပုံပြင်များအဖြစ် အမြဲတမ်းလိုလို ကြားသိရစမြဲပါ။ တစ်ခါတရံ၌လည်း ပင်လယ်ကြီးကို မှီတင်းနေထိုင်ကြသည့် ဧရာမသတ္တဝါကြီးများရဲ့ အန္တရာယ်ကိုလည်း ထိတ်လန့်ရလေ့ရှိပါတယ်။ ပြီးခဲ့တဲ့ရက်သတ္တပတ်အချို့က ကယ်လီဖိုးနီးယားဒေသရှိ Avila ကမ်းခြေ၌ Kayak လှေငယ်လေးတစ်စီးကို လှော်ခတ်နေသည့် လူနှစ်ယောက်ကို ဝေလငါးကြီးတစ်ကောင်က ရုတ်တရက် ဝါးမျိုရန်အထိ အန္တရာယ်ပြုခဲ့ကြောင်း ဗီဒီယိုမှတ်တမ်းများ ထွက်ပေါ်လာခဲ့ပါတယ်။ Julie McSorley နဲ့ ၎င်းရဲ့သူငယ်ချင်းဖြစ်သူ Liz Cottriel တို့ နှစ်ယောက်က ယခုကဲ့သို့ ထိတ်လန့်စရာဖြစ်ရပ်ကို ရင်ဆိုင်ကြုံတွေ့ခဲ့ရပြီး ကံကောင်းထောက်မ၍သာ အသက်ဘေးမှလွတ်မြောက်ခဲ့ခြင်းဖြစ်ပါတယ်။   ဝေလငါးစောင့်ကြည့်သူများက ရိုက်ကူးထားသည့် အဆိုပါဗီဒီယို၌ သူငယ်ချင်းနှစ်ယောက် Kayak …

Read More »

Lamborghini ဝယ်ဖို့ ကယ်လီဖိုးနီးယားပြည်နယ်အထိ ခရီးနှင်ခဲ့တဲ့ အသက် ၅ နှစ်အရွယ် ကလေးလေး။

အသက် ၅ နှစ်အရွယ် Adrian Zamarripa ဆိုတဲ့ကလေးငယ်ဟာ ၃ ဒေါ်လာကို အိတ်ကပ်ထဲထည့်ပြီး Lamborghini ဝယ်ဖို့ ကယ်လီဖိုးနီးယားပြည်နယ်အထိ ကားမောင်းသွားခဲ့ပါတယ်။ Soshwe စာဖတ်ပရိသတ်ကြီးက အသက် ၅ နှစ်အရွယ်ကလေးလေးက ကားမောင်းတယ်ဆိုတာ ဟုတ်ပါ့မလား? လို့ သံသယဝင်နိုင်ကောင်း ဝင်နိုင်ပါတယ်။ ဒါပေမယ့် အသက် ၅ နှစ်အရွယ်ကလေး ကိုယ်တိုင်ကားမောင်းပြီး ကယ်လီဖိုးနီးယားပြည်နယ်အထိ Lamborghini ဝယ်ဖို့ ခရီးနှင်ခဲ့တယ်ဆိုတာကတော့ အမှန်ပါဘဲ။ Adrian ဟာ မိဘနှစ်ပါးလုံး အလုပ်ကိုရောက်နေတဲ့အချိန်မှာ အသက် ၁၆ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အမဖြစ်သူ Sidney Estrada နဲ့ အိမ်မှာနေခဲ့ရပါတယ်။ Sidney က Adrian ကို ထိန်းနေရင်းကနေ …

Read More »

အချစ်အတွက် ရွပ်ရွပ်ချွံချွံတိုက်ပွဲဝင်ခဲ့ကြသည့် ပန်ဒါဝက်ဝံနှစ်ကောင်။

အချစ်ကိုရဖို့ တိုက်ပွဲဝင်တယ်ဆိုတာက လူ့ဘောင်လောကထဲမှာတင်မဟုတ်ဘဲ တိရစ္ဆာန်လောကမှာလည်း ဒါက သဘာဝတရားအဖြစ် တည်ရှိနေဆဲအရာတစ်ခုပါ။ အချစ်အတွက် အသက်ပင်သေသေ တိုက်ပွဲဝင်ပစ်မယ်လို့ ကြုံးဝါးရင်း ရင်ဆိုင်တိုက်ပွဲဝင်နေတဲ့လူသားတွေရှိသလို ပန်ဒါဝက်ဝံအထီးနှစ်ကောင်ကလည်း ပန်ဒါဝက်ဝံအမတစ်ကောင်ရဲ့ မေတ္တာနဲ့အာရုံစိုက်မှုတွေကိုရရှိဖို့ ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်နေကြတဲ့ပုံရိပ်တွေကို အမိအရမှတ်တမ်းတင်နိုင်ခဲ့ပြီဖြစ်ပါတယ်။ တရုတ်ရုပ်ရှင်ရိုက်ကူးရေးသမား (၂) ဦးသည် ပန်းခြံဝန်ထမ်းများ၊ သိပ္ပံပညာရှင်များနဲ့အတူ တရုတ်နိုင်ငံရှိ Qinling တောင်မှ ပန်ဒါဝက်ဝံများရဲ့ နေ့စဉ်နေထိုင်မှုပုံစံများကို စိတ်ရှည်လက်ရှည်ဖြင့် မှတ်တမ်းတင်ခဲ့ကြပါတယ်။ လက်ရှိအချိန်၌မူ အဆိုပါရိုက်ကူးရေးသမားများသည် ပန်ဒါဝက်ဝံများရဲ့ မိတ်လိုက်သည့် သဘာဝနဲ့ပတ်သက်၍ ပထမဆုံးထူးထူးဆန်းဆန်းဗီဒီယိုတစ်ခုကို မှတ်တမ်းတင်နိုင်ခဲ့ပြီး စိတ်ရှည်သည်းခံခြင်းရဲ့ အကျိုးရလဒ်ကိုခံစားခဲ့ရပြီဖြစ်ပါတယ်။ ယခုရရှိလာသည့် မှတ်တမ်းဗီဒီယိုသည် ပန်ဒါအမတစ်ကောင်ကို အပြိုင်အဆိုင်ဆွဲဆောင်ရင်း ပန်ဒါအထီးဝက်ဝံနှစ်ကောင် အချင်းချင်း တိုက်ခိုက်နေကြသည့် ဗီဒီယိုပင်ဖြစ်ပါတယ်။ ပထမဆုံးခြေလှမ်းတစ်ရပ်အနေဖြင့်ကြည့်ပါက ယခုကဲ့သို့စွမ်းဆောင်နိုင်ခြင်းက အင်မတန်မှ …

Read More »

လူတွေရဲ့မျက်နှာပေါ်မှာ မျိုးပွားလေ့ရှိတဲ့ ကပ်ပါးကောင်အကြောင်း။

ပြီးခဲ့တဲ့ရက်အချို့က ပြုလုပ်ခဲ့တဲ့ လေ့လာမှုတစ်ခုအရ လူတွေရဲ့မျက်နှာမှာနေထိုင်ပြီး မျိုးပွားတဲ့ ကပ်ပါးပိုးကောင်များရဲ့ မျိုးရိုးဗီဇပြောင်းလဲမှုတွေဟာ လူတွေကို အန္တရာယ်ဖြစ်စေနိုင်ကြောင်း တွေ့ရှိခဲ့ပါတယ်။ ” Molecular Biology and Evolution ” ဂျာနယ်ရဲ့ ဖော်ပြချက်အရ ဝ.၃ မီလီမီတာရှည်တဲ့ သက်ရှိကောင်တွေကို မျက်ခုံး၊ မျက်တောင်နဲ့ နှာခေါင်းနားတို့မှာတွေ့ရှိနိုင်ပြီး အဏုကြည့်မှန်ဘီလူးနဲ့ကြည့်မှသာ တွေ့မြင်ရနိုင်တဲ့ ကပ်ပါးပိုးတစ်မျိုး Demodex folliculorum ( ဒီမိုဒက် ဖော့လစ်ကလိုရမ် ) ကို ပညာရှင်တွေဟာ အာရုံစိုက်လေ့လာခဲ့ပါတယ်။ Demodex brevis ( ဒီမိုဒက် ဘရက်ဗစ်စ်) ဆိုတဲ့ မျက်နှာရှိ အခြားပိုးမွှားအမျိုးအစားကိုတော့ လေ့လာမှု ပြုလုပ်ခဲ့ခြင်းမရှိဘူးလို့ သိရပါတယ်။ အစောပိုင်းလေ့လာမှုများအရ လူအယောက် ၁၀၀ …

Read More »

ထိုင်းနိုင်ငံရဲ့ ရွှေ့ပြောင်းလုပ်သားစျေးကွက်နဲ့ မြန်မာ့နိုင်ငံရေးအခြေအနေ။

မြန်မာ့နိုင်ငံရေး အကျပ်အတည်း အချိန်ကြာရှည်တာနဲ့အမျှ ဒေသတွင်းရဲ့လုံခြုံရေးနဲ့ တည်ငြိမ်အေးချမ်းရေးတို့ကို ထိခိုက်စေနိုင်တယ်လို့ ကျွမ်းကျင်သူတွေ သုံးသပ်ခဲ့တဲ့အတိုင်း လက်ရှိမှာတော့ ထိုင်းနိုင်ငံက နဖူးတွေ့၊ ဒူးတွေ့ခံစားနေရပြီဖြစ်ပါတယ်။ မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံနယ်စပ်ကို ဖြတ်ကျော်ပြီး ဝင်ရောက်လာတဲ့ ရွှေ့ပြောင်းအလုပ်သမားကိစ္စက ထိုင်းအာဏာပိုင်တွေကို တုန်လှုပ်ချောက်ချားစေပြီး အထူးသဖြင့် အမျိုးသားလုံခြုံရေးဆိုင်ရာကိစ္စရပ်တွေအတွက် စိုးရိမ်စရာဖြစ်နေပါတယ်။ လူဝင်မှုကြီးကြပ်ရေးဗျူရိုရဲ့အဆိုအရ ၂၀၂၁ ခုနှစ်အတွင်း တရားမဝင် ရွှေ့ပြောင်းဝင်ရောက်လာသူ အရေအတွက်က (၃၅၀၀၀) ကျော်အထိ ရှိတယ်လို့ သိရပါတယ်။ မြန်မာနဲ့ထိုင်းနယ်နမိတ်ချင်းထိစပ်နေတဲ့ ပြည်နယ် (၁၀) ခုဖြစ်တဲ့ ရနောင်း၊ ပရာချွတ်ခရီခန်၊ ဖတ်ချာဘူရီ၊ ချမ်ဖွန်၊ ရချက်ဘူရီ၊ ကန်ချနာဘူရီ၊ တာ့ခ်၊ မယ်ဟောင်ဆောင်၊ ချင်းမိုင်နဲ့ ချင်းရိုင်တို့ ဖြစ်ပါတယ်။ ပွင့်လင်းရာသီရောက်ရှိလာတာနဲ့အတူ မြန်မာနိုင်ငံဘက်က ခိုးဝင်လုပ်သားအရေအတွက် …

Read More »

မြောက်အာဖရိက ကမ်းရိုးတန်းမှာ ဖမ်းမိခဲ့တဲ့ အလေးချိန် (၂၀၀၀) ကီလိုဂရမ်အထိရှိတဲ့ အံ့အားသင့်ဖွယ် Sunfish ငါးအကြောင်း။

ကမ္ဘာကြီးရဲ့ ရာခိုင်နှုန်းတော်တော်များများကို ရေတွေနဲ့ဖုံးလွှမ်းထားတာဖြစ်ပြီး ရေအောက်ကမ္ဘာကြီးကလည်း လူသားတွေနေထိုင်တဲ့ ကမ္ဘာတစ်ခုလိုမျိုးပဲ ထူးခြားဆန်းပြားတဲ့အရာတွေနဲ့ ပြည့်နှက်နေတာဖြစ်ပါတယ်။ သိပ္ပံပညာရှင်တွေကတော့ ရေအောက်ထဲက ဒဏ္ဍာရီလာနေရာတွေနဲ့ ပတ်သက်လို့ စူးစမ်းလေ့လာမှုတွေ ပြုလုပ်နေကြပေမယ့် အတိုင်းမသိ ဆန်းကြယ်တဲ့အရာတွေကလည်း အချိန်တိုင်း၊ နေရာတိုင်းမှာ ပေါ်ပေါက်လာစမြဲ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာလည်း ကီလိုဂရမ် (၂,၀၀၀) အလေးချိန်ရှိတဲ့ Sunfish ငါးကြီးတစ်ကောင်ကို မြောက်အာဖရိက ကမ်းရိုးတန်းဒေသမှာ ဖမ်းဆီးရမိတယ်လို့ သိရှိရပါတယ်။ ဒီငါးကြီးကိုတော့ မိုလာအလက်ဇန်ဒရီနီလို့ နာမည်ပေးထားပြီး ဒီလိုနာမည်ပေးထားရတဲ့အကြောင်းရင်းကလည်း သူ့ရဲ့စုပ်ခွက်မှာ ထူးခြားတဲ့ အဖုတစ်ခုရှိနေတာကြောင့်လို့ သိရှိရပါတယ်။ ဒါ့အပြင် အဆိုပါငါးဟာ အဲ့ဒီဒေသတွင်းမှာ ဖမ်းမိခဲ့တဲ့ Sunfish ငါးတွေထဲမှာ အကြီးမားဆုံးအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။ ဒီလိုငါးအမျိုးအစားတွေဟာ သမုဒ္ဒရာထဲမှာ ကျင်လည်ကျက်စားလေ့ရှိတဲ့ ငါးအမျိုးအစားတွေ …

Read More »

သိပ္ပံပညာရှင်တွေ ရှာဖွေတွေ့ရှိခဲ့တဲ့ လူဦးခေါင်းထဲမှ အင်္ဂါအသစ်တစ်ခု။

သိပ္ပံပညာရှင်တွေဟာ အသစ်အသစ်တွေကို အမြဲတမ်းရှာဖွေလေ့လာနေကြပြီး ဒီတစ်ခေါက်မှာလည်း လူဦးခေါင်းထဲမှာရှိနေတဲ့ အင်္ဂါအသစ်တစ်ခုကို ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။ လူသားတွေရဲ့ ဦးခေါင်းထဲမှာ အမြဲတမ်းတည်ရှိနေခဲ့တဲ့ အင်္ဂါတစ်ခုကို အခုချိန်မှတွေ့ရှိခဲ့ခြင်းက သိပ္ပံပညာရှင်တွေကို အံ့အားသင့်စေခဲ့ပါတယ်။ အဆိုပါအင်္ဂါအသစ်ဟာ နှာခေါင်းနဲ့လည်ချောင်း ဆက်နေတဲ့လမ်းကြောင်းမှာရှိနေတဲ့ ဂလင်းတစ်ခုဖြစ်ပြီး သိပ္ပံပညာရှင်တွေအနေနဲ့ ဝှေးစေ့ကင်ဆာရောဂါနဲ့ ပတ်သက်ပြီး လေ့လာနေတဲ့အချိန်မှာ အဆိုပါဂလင်းကို တွေ့ရှိခဲ့ခြင်းဖြစ်ကာ အဆိုပါဂလင်းဟာ လည်ချောင်းကို စိုစွတ်နေစေဖို့အတွက် ရှိနေခြင်းဖြစ်တယ်လို့ သိရပါတယ်။ နယ်သာလန်ကင်ဆာကုသရေးအဖွဲ့အစည်းက ကင်ဆာရောဂါကုသရေး အထူးကုတစ်ယောက်ဖြစ်တဲ့ ဒေါက်တာ Wouter Vogel က “သိပ္ပံပညာရှင်တွေနဲ့ ခန္ဓာဗေဒပညာရှင်တွေ လေ့လာတွေ့ရှိထားသလောက်တော့ ပုံမှန်အားဖြင့် လူတစ်ယောက်မှာ မြင်ရလွယ်ကူတဲ့ တံတွေးဂလင်း ၃ စုရှိပြီး လည်ချောင်းနားမှာရှိတဲ့ ဂလင်းတွေကတော့ သာမန်မျက်စိနဲ့ မမြင်နိုင်လောက်အောင်ကို သေးငယ်ကာ …

Read More »

လကမ္ဘာနဲ့မားစ်ဂြိုဟ်သို့ သွားရောက်ရန်ပြင်ဆင်နေသည့် နိုင်ငံ (၇) နိုင်ငံ။

ကမ္ဘာကြီးရဲ့ အပြင်ဘက်အာကာသထဲက တခြားဂြိုဟ်မှာ သွားရောက်နေထိုင်ဖို့ဆိုတဲ့အကြောင်းကို ကမ္ဘာသူ၊ ကမ္ဘာသားတွေ စိတ်ကူးယဉ်လာခဲ့တာ အတော်ကြာပါပြီ။ ဒီအတွက်လည်း လိုအပ်တဲ့ဆန်းစစ်မှုတွေကို ဆောင်ရွက်နေကြဆဲဖြစ်ပြီး နာဆာကတော့ ၎င်းတို့ရဲ့ရည်မှန်းချက်အတိုင်း ရှာဖွေလေ့လာမှုတွေ ပြုလုပ်နေကြဆဲပါ။ အခုချိန်မှာ အမေရိကန်နိုင်ငံက အခြားသောနိုင်ငံများနဲ့အတူပူးပေါင်းပြီး လကမ္ဘာနဲ့မားစ်ဂြိုဟ်တို့ကို သွားရောက်လေ့လာဖို့ သဘောတူညီမှုစာချုပ်တစ်ရပ် လက်မှတ်ရေးထိုးခဲ့ပါတယ်။ Artemis Accords က အဆိုပါအစီအစဉ်ကို ၂၀၂၀ ခုနှစ် မေလတည်းက စတင်အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်ပြီး နာဆာက သြစတြေးလျ၊ ကနေဒါ၊ ဂျပန်၊ အီတလီ၊ လူဇင်ဘတ်၊ ယူအေအီး၊ အမေရိကန်နိုင်ငံတို့နဲ့ အတူပူးပေါင်းကာ ယခုအစီအစဉ်အတွက် ခြေလှမ်းသစ်တစ်ရပ် စတင်နိုင်ခဲ့ပြီဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။ နာဆာရဲ့အုပ်ချုပ်သူတစ်ဦးဖြစ်သည့် Jim Bridenstine က “Artemis ဟာ လူသားတွေအတွက် …

Read More »

အရက်မူးပြီး လမ်းဘေးမှာ အိပ်ပျော်သွားတဲ့ဝန်ထမ်းကြောင့် ကမောက်ကမဖြစ်ခဲ့ရတဲ့ ဂျပန်နိုင်ငံ။

ဂျပန်နိုင်ငံက ကုမ္ပဏီဝန်ထမ်းတစ်ယောက်ဟာ အရက်မူးပြီး လမ်းဘေးမှာ အိပ်ပျော်သွားခဲ့တာကြောင့် ကမ္ဘာတစ်ဝှမ်း ပြောစမှတ်ဖြစ်ခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ တမြို့လုံးက လူတွေရဲ့ ပုဂ္ဂိုလ်ရေးအချက်အလက်တွေပါဝင်တဲ့ USB flash drive ပျောက်ဆုံးသွားခဲ့လို့ပဲဖြစ်ပါတယ်။ အသက် ၄၀ ဝန်းကျင်ရှိတဲ့ အဆိုပါအမျိုးသားဟာ အခွန်ကင်းလွတ်ခွင့်ရ အိမ်ထောင်စုတွေကို အကျိုးခံစားခွင့်ပေးတဲ့ကုမ္ပဏီမှာ အလုပ်လုပ်ကိုင်နေသူတယောက် ဖြစ်ပါတယ်။ သူ့အနေနဲ့ အရက်မူးပြီး လမ်းဘေးမှာ အိပ်ပျော်နေတုန်း USB flash drive ထည့်ထားတဲ့ သူ့ရဲ့အိတ် ပျောက်ဆုံးသွားခဲ့တာဖြစ်ပါတယ်။ အဆိုပါ USB flash drive ထဲမှာ အမာဂါစကီမြို့က လူပေါင်း ၄၆၅၁၇၇ ယောက်ရဲ့ အမည်၊ မွေးသက္ကရာဇ်၊ လိပ်စာ၊ အခွန်ဆိုင်ရာ အသေးစိတ်အချက်အလက်တွေ၊ ဘဏ်အကောင့် နာမည်နဲ့ …

Read More »

instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro