Breaking News

Home & Property

အိမ်မှာနေရင်း အိမ်အသစ်ရှာဖွေခြင်းကနေ ရရှိလာမယ့် အကျိုးကျေးဇူး (၃) ခု။

အိမ်အသစ်ရှာဖွေနေသူ ဒါမှမဟုတ် အိမ်ပြောင်းနေဖို့ စိတ်ကူးနေတယ်ဆိုရင်တော့ အခုဆောင်းပါးလေးကို ဖတ်ရှုပေးဖို့ အကြံပေးပါရစေ။ အခုခေတ်မှာတော့ လူမှုကွန်ရက်ကို တွင်ကျယ်စွာအသုံးပြုလာကြပြီမို့ အိမ်အသစ်ရှာနေသူတွေကလည်း လူမှုကွန်ရက်ကနေပဲ ကိုယ်နေလိုတဲ့အိမ်လေးကို ရှာဖွေတွေ့ရှိနိုင်ပါပြီ။ ဒါကြောင့် အိမ်မှာနေရင်း လူမှုကွန်ရက်ကနေ အိမ်အသစ်ရှာဖွေရာကနေ ရရှိလာမယ့် အကျိုးကျေးဇူး ၃ ခုကို ဖော်ပြပေးလိုက်ပါတယ်။ ၁။ စိတ်ကြိုက်ရှာဖွေနိုင်တယ်။ အိမ်အသစ်ပြောင်းဖို့ စီစဉ်သတ်မှတ်ထားတဲ့ ငွေပမာဏအပေါ်မှာမူတည်ပြီး ကိုယ့်ရဲ့အကြိုက်နဲ့ ကွက်တိဖြစ်မယ့် အိမ်အသစ်ကို နေပူထဲသွားစရာမလို ၊ လမ်းတွေအများကြီးလျှောက်စရာမလိုပဲ ကွန်ပြူတာလေးရှိရုံနဲ့ Online Property Website တွေမှာ ရှာဖွေနိုင်ပါပြီ။ ၂။ အိမ်ခြံမြေဈေးကွက်အကြောင်းကိုလည်း လေ့လာပါ။ အိမ်မှာနေရင်း ကွန်ပြူတာကိုအသုံးပြုပြီး အိမ်အသစ်ရှာဖွေနေရင်းနဲ့ အိမ်ခြံမြေဈေးကွက်အကြောင်းကိုလည်း လေ့လာထားပါ။ ဒီလိုမျိုးလေ့လာထားခြင်းက ကိုယ့်ရဲ့အကြိုက်နဲ့ …

Read More »

အိမ်တစ်အိမ်ဝယ်ယူပြီး ဝယ်ယူခဲ့တဲ့တန်ဖိုးရဲ့ (၅၅၀%) အထိ မြင့်တက်လာအောင် လုပ်ဆောင်နိုင်ခဲ့တဲ့ အသက် ၂၄ နှစ်အရွယ် စွန့်ဦးတီထွင်သူတစ်ဦး။

အသက်၂၄ နှစ်အရွယ် အိမ်ခြံမြေလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးဖြစ်တဲ့ Jake Knotman ဆိုသူဟာ ပုံသေစျေးနှုန်းသတ်မှတ်ထားတဲ့ အိမ်တစ်လုံးရဲ့တန်ဖိုးကို £55,000 အထိ တိုးမြင့်ဖို့ သူဘယ်လိုမျိုး ပြန်လည်မွမ်းမံပြင်ဆင်နိုင်ခဲ့လဲဆိုတာ အခြားသူတွေလည်း အတုယူလို့ရအောင် ထုတ်ဖော်ပြောသားခဲ့ပါတယ်။ Jake ဟာ အိမ်ခြံမြေရောင်းဝယ်ရေး အေဂျင်စီတစ်ခုမှာ အသက် ၁၇ နှစ်အရွယ်ကတည်းက ဝင်ရောက်လုပ်ကိုင်ခဲ့ပြီး ရောင်းဝယ်ရေးမှာ သိထားအပ်တဲ့ ဗျူဟာတွေကို အတော်အသင့် နားလည်ပြီးချိန် အသက်၂၁ နှစ်အရွယ်မှာတော့ သူ့ရဲ့ပထမဦးဆုံးအိမ်ကို ဝယ်ယူခဲ့ပါတယ်။ နှစ်အနည်းငယ်အတွင်းမှာပဲ Jake တစ်ယောက် ကိုယ်ပိုင်အင်ပါယာကို တည်ထောင်ခဲ့နိုင်တယ်လို့ ဆိုရပါမယ်။ ဘာလို့လည်းဆိုတော့ သူ့အနေနဲ့ အခုချိန်မှာ အိမ်ခြံမြေ (၇) ခုလောက် ပိုင်ဆိုင်နေပြီဖြစ်ပြီး သူပထမဦးဆုံးဝယ်ခဲ့တဲ့ အဆောက်အအုံဟာလည်း အခုချိန်မှာ …

Read More »

ကမ္ဘာ့ပထမဦးဆုံးဖြစ်လာမယ့် ရေပေါ်ကျွန်းစုမြို့။

ရာသီဥတုပြောင်းလဲမှုဟာ ပင်လယ်ရေမျက်နှာပြင်ကို စဉ်ဆက်မပြတ် မြင့်တက်လာမှုတွေ ဖြစ်ပေါ်စေတာကြောင့် Maldives ကျွန်းစုနိုင်ငံဟာလည်း အနာဂါတ်မှာ မြင့်တက်လာတဲ့ ရေပြင်အောက်မှာ ပျောက်ကွယ်သွားလိမ့်မယ်လို့ ပညာရှင်တွေက ခန့်မှန်းသတိပေးပြီးနောက်မှာ အစိုးရအဖွဲ့အနေနဲ့ ရေပေါ်မြို့ကို တည်ဆောက်ဖို့ စီစဉ်လာပါတော့တယ်။ NASA ရဲ့ အဆိုအရ Maldives ဟာ ကမ္ဘာပေါ်က မြေအနိမ့်ဆုံးဒေသမှာ ဖြစ်တည်နေတဲ့နိုင်ငံဖြစ်ပြီး ပျမ်းမျှပင်လယ်ရေပြင်အထက် ၃.၃ ပေမှာ တည်ရှိနေပါတယ်။ အကယ်၍ ခန့်မှန်းချက်တွေကသာ မှန်ကန်မယ်ဆိုရင် အိန္ဒိယသမုဒ္ဒရာမြောက်ပိုင်းမှာရှိနေတဲ့ Maldives ဟာ ဒေသခံတွေ ရှင်သန်ရပ်တည်နိုင်ဖို့အတွက် ရေရှည်တည်တံ့တဲ့ အိမ်ယာတွေကို ဖန်တီးတည်ဆောက်ပေးဖို့ လိုအပ်လာတော့မှာပဲဖြစ်ပါတယ်။ Maldives Floating City (MFC) ကို Male မြို့ကနေ မိနစ်အနည်းငယ်သာကွာဝေးတဲ့ ပင်လယ်ထုံးအိုင်အတွင်းမှာ …

Read More »

အိမ်ခြံမြေအကျိုးဆောင်တွေအနေနဲ့ နိုင်ငံတကာဝယ်ယူသူတွေနဲ့ ဆက်ဆံရတဲ့အခါမှာ သိထားသင့်တဲ့အချက်များ။

အိမ်ခြံမြေအကျိုးဆောင်တွေအနေနဲ့ နိုင်ငံတကာဝယ်ယူသူတွေနဲ့ ပြောဆိုဆက်ဆံတဲ့အခါမှာ မထင်မှတ်ထားတဲ့ အခက်အခဲတွေနဲ့ ကြုံတွေ့နိုင်ပါတယ်။ ပြည်တွင်းမှာ အိမ်ခြံမြေရှာဖွေနေတဲ့ နိုင်ငံတကာက ဝယ်ယူလိုသူတွေအနေနဲ့ ၄င်းတို့ရဲ့လိုအပ်ချက်နဲ့ ကိုက်ညီတဲ့နေရာကို ရှာဖွေတွေ့ရှိနိုင်ဖို့အတွက် မေးခွန်းပေါင်းများစွာကို မေးမြန်းလာနိုင်ပါတယ်။ ဝယ်ယူလိုသူတွေရဲ့ သိလိုတဲ့အရာတွေကို ပြောပြပေးတဲ့အခါမှာ အိမ်ခြံမြေအကျိုးဆောင်အနေနဲ့ အောက်ပါအချက်တွေကို သိထားသင့်ပါတယ်။ ၁။ ရောင်းချတာထက် သတင်းအချက်အလက် မျှဝေပေးတာမျိုး ပြုလုပ်ပါ။ အိမ်ခြံမြေအကျိုးဆောင်တွေအနေနဲ့ ရောင်းချနိုင်ဖို့က အဓိကကျတာတော့ မှန်ပါတယ်။ ဒါပေမယ့် နိုင်ငံတကာ အိမ်ခြံမြေဝယ်ယူလိုသူတွေကို အိမ်ခြံမြေရောင်းချနိုင်ဖို့ထက် ၄င်းတို့လိုအပ်တဲ့ အချက်အလက်တွေကို ရှာဖွေပေးခြင်းအားဖြင့် ဝယ်ယူလိုသူနဲ့ အကျိုးဆောင်တွေကြားမှာ ခိုင်မြဲတဲ့ဆက်သွယ်မှုမျိုး ဖြစ်ပေါ်လာအောင် တည်ဆောက်သင့်ပါတယ်။   ၂။ ဝယ်ယူလိုသူရဲ့ လိုအပ်ချက်ကို နားလည်သဘောပေါက်အောင် ကြိုးစားပါ။ ဝယ်ယူလိုသူတွေရဲ့ လိုအပ်ချက်တွေဟာ …

Read More »

အိမ်မှာနေရင်း အိမ်အသစ်ရှာဖွေခြင်းကနေ ရရှိလာမယ့် အကျိုးကျေးဇူး (၃) ခု။

အိမ်အသစ်ရှာဖွေနေသူ ဒါမှမဟုတ် အိမ်ပြောင်းနေဖို့ စိတ်ကူးနေတယ်ဆိုရင်တော့ အခုဆောင်းပါးလေးကို ဖတ်ရှုပေးဖို့ အကြံပေးပါရစေ။ အခုခေတ်မှာတော့ လူမှုကွန်ရက်ကို တွင်ကျယ်စွာအသုံးပြုလာကြပြီမို့ အိမ်အသစ်ရှာနေသူတွေကလည်း လူမှုကွန်ရက်ကနေပဲ မိမိနေလိုတဲ့အိမ်လေးကို အလွယ်တကူ ရှာဖွေနိုင်ပြီပဲ ဖြစ်ပါတယ်။ ဒါကြောင့် အိမ်မှာနေရင်း လူမှုကွန်ရက်ကနေ အိမ်အသစ်ရှာဖွေရာကနေ ရရှိလာမယ့် အကျိုးကျေးဇူး ၃ ခုကို ဖော်ပြပေးလိုက်ပါတယ်။ ၁။ စိတ်ကြိုက်ရှာဖွေနိုင်တယ်။ အိမ်အသစ်ပြောင်းဖို့ စီစဉ်သတ်မှတ်ထားတဲ့ ငွေပမာဏအပေါ်မှာမူတည်ပြီး ကိုယ့်ရဲ့အကြိုက်နဲ့ ကွက်တိဖြစ်မယ့် အိမ်အသစ်ကို နေပူထဲသွားစရာမလို ၊ လမ်းတွေအများကြီးလျှောက်စရာမလိုပဲ ကွန်ပြူတာလေးရှိရုံနဲ့ Online Property Website တွေမှာ ရှာဖွေနိုင်ပါပြီ။ ၂။ အိမ်ခြံမြေဈေးကွက်အကြောင်းကိုလည်း လေ့လာပါ။ အိမ်မှာနေရင်း ကွန်ပြူတာကိုအသုံးပြုပြီး အိမ်အသစ်ရှာဖွေနေရင်းနဲ့ အိမ်ခြံမြေဈေးကွက်အကြောင်းကိုလည်း လေ့လာထားပါ။ …

Read More »

အရှေ့တောင်အာရှဒေသအတွက် ဒေါ်လာသန်းရာနဲ့ချီ ရင်းနှီးမြှုပ်နှံမည့် နာမည်ကြီးကုမ္ပဏီတစ်ခု။

PropertyGuru အဖွဲ့သည် နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုအဖွဲ့အစည်းများဖြစ်သည့် TPG Capital နဲ့ KKR တို့နဲ့အတူ အရှေ့တောင်အာရှဒေသ၌ ဒေါ်လာသန်း (၃၀၀) ထပ်တိုးရင်းနှီးမြှုပ်နှံသွားရန် ပြင်ဆင်ထားကြောင်း သိရှိရပါတယ်။ ယခုကဲ့သို့ ရင်းနှီးမြှုပ်နှံငွေပမာတိုးမြှင့်လိုက်ခြင်းကြောင့် အရှေ့တောင်အာရှဒေသတစ်ဝှမ်းရှိ ကုမ္ပဏီရဲ့ပုံရိပ်ကလည်း တိုးတက်လာမည်ဖြစ်ပါတယ်။ PropertyGuru ရဲ့အမှုဆောင်အရာရှိချုပ်နဲ့ မန်နေးဂျင်းဒါရိုက်တာ Hari V. Krishnan က “TPG နဲ့ KKR တို့ကလည်း အရှေ့တောင်အာရှမှာရှိတဲ့ ကျွန်တော်တို့ရဲ့ အိမ်ခြံမြေဈေးကွက်ကို ပိုမိုတိုးတက်အောင် ကူညီပေးနိုင်ပြီး ကျွန်တော်တို့ရဲ့ အဓိကဈေးကွက်ဖြစ်တဲ့ မလေးရှား၊ ဗီယက်နမ်နိုင်ငံတို့မှာ ကုမ္ပဏီရဲ့ တိုးတက်မှုအရှိန်ကိုလည်း မြှင့်တင်ပေးနိုင်မှာပါ။” ဟု ပြောကြားခဲ့ပါတယ်။ ကုမ္ပဏီအနေဖြင့် တစ်နှစ်ဝင်ငွေတိုးတက်မှုနှုန်းက (၂၄) ရာခိုင်နှုန်းအထိရှိနေပြီး အရှေ့တောင်အာရှဈေးကွက်၌ ရှယ်ယာ …

Read More »

ပြည်ပမှရင်းနှီးမြှုပ်နှံသူများကို ဆွဲဆောင်လာနိုင်တဲ့ အရှေ့တောင်အာရှ ဈေးကွက်အသစ်တစ်ခု။

ထိုင်းနိုင်ငံအတွင်းရှိ ရုံးခန်းစျေးကွက်အသစ်သည် ထိုင်းနိုင်ငံအတွင်းမှ ရင်းနှီးမြှုပ်နှံသူများကိုသာမက ပြည်ပက ရင်းနှီးမြှုပ်နှံမှုများကိုပါ ဆွဲဆောင်လာနိုင်ကြောင်း သိရှိရပါတယ်။ Colliers International ရဲ့ သုတေသနနဲ့ ဆက်သွယ်ရေးတွဲဖက်ဒါရိုက်တာ Phattarachai Taweewong က (၂၀၂၄) ခုနှစ်နောက်ပိုင်းတွင် ဘန်ကောက်မြို့ရှိ ရုံးခန်းစျေးကွက်က ယခုထက်ပိုမိုတွင်ကျယ်လာမည်ဖြစ်ပြီး (၂၀၂၅) ခုနှစ်၌အပြီးသတ်ရန် တည်ဆောက်ထားသည့် ရုံးခန်းအသစ်က အကျယ်အဝန်းအားဖြင့် စတုရန်းမီတာ (၁) သန်းကျော် ကျယ်ဝန်းမည်ဖြစ်ကြောင်း သိရှိရပါတယ်။ Pipeline ရဲ့ အဆိုပါစီမံကိန်း၌ ရုံးခန်းအသစ်နဲ့ပတ်သက်သည့် စီမံကိန်းပေါင်း (၂၈) ခုပါဝင်မည်ဖြစ်ပြီး ရုံးခန်းသီးသန့်တာဝါ ပါဝင်မည်ဖြစ်သလို ရုံးခန်း၊ ဟိုတယ်နဲ့ လက်လီရောင်းချရာနေရာများ ရောနှောထားသည့် နေရာများလည်း ပါဝင်မည်ဖြစ်ပါတယ်။ အဆိုပါစီမံကိန်းများအနက် (၂) ခုသည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအဖြစ် …

Read More »

Singapore နိုင်ငံရှိ လူကြိုက်များထင်ရှားတဲ့ ဗိသုကာလက်ရာမြောက် အဆောက်အအုံများ။

ဒီဆောင်းပါးကို ဖတ်ရှုနေသူဟာ ဗိသုကာလက်ရာတွေကို သဘောကျနှစ်သက်သူဖြစ်ပြီး အနုပညာစိတ်ကူးစိတ်သန်းတွေကို စိတ်ဝင်စား၊ သဘောကျနှစ်သက်သူဆိုရင်တော့ ဒီဆောင်းပါက သင့်အတွက်ပဲဖြစ်ပါတယ်။ Singapore ဗိသုကာပညာရှင်တွေရဲ့ ခမ်းနားလှပသေသပ်တဲ့ အနုပညာလက်ရာတွေကို Singapore နိုင်ငံရဲ့ အဆောက်အအုံတွေကို ကြည့်ရင်း လေ့လာကြည့်ရအောင်နော်။ Singapore နိုင်ငံမှာရှိတဲ့ နာမည်ကြီးအထင်ကရအဆောက်အအုံတွေမှာ အာရှသားတွေရဲ့ ဓလေ့ထုံးတမ်းတွေကို လေ့လာနိုင်ရုံသာမက နိုင်ငံတကာအဆင့်မီပြီး ခေတ်ဆန်တဲ့လက်ရာတွေကို တွေ့မြင်ရမှာဖြစ်ပါတယ်။ ဗိသုကာပညာရှင်တစ်ဦးဖြစ်တဲ့ Cong Keng Hua ဆိုသူဟာ “Singapore နိုင်ငံက အဆောက်အအုံတွေမှာ တွေ့မြင်ရလေ့ရှိတဲ့ ဗိသုကာလက်ရာတွေကို ကြည့်မယ်ဆိုရင် အခြားသော ဖွံ့ဖြိုးပြီးအာရှနိုင်ငံတွေက အဆောက်အအုံလက်ရာတွေနဲ့ ကွဲပြားနေတာကို တွေ့ရမှာပဲဖြစ်တယ်။” လို့ဆိုခဲ့ပါတယ်။ ၁။ Raffles Hotel – ၁၈၈၇ ခုနှစ်မှာ …

Read More »

မထင်မှတ်ထားလောက်အောင် များပြားလာတဲ့ အရှေ့တောင်အာရှမှ ခေတ်မီမိုးမျှော်တိုက်ကြီးများ။

အရှေ့တောင်အာရှတစ်ခွင်မှာ တည်ရှိတဲ့ မိုးမျှော်တိုက်တွေဟာ မြို့ပြအတွင်း နိုင်ငံခြားခရီးသွားတွေကို ဆွဲဆောင်နိုင်တဲ့ အဆောက်အအုံတွေဖြစ်လာပါတယ်။ မလေးရှားနိုင်ငံရဲ့မြို့တော် ကွာလာလမ်ပူနဲ့ စင်္ကာပူမြို့တော်တွေဟာ အခြားသောအရှေ့တောင်အာရှမြို့တော်တွေထက် မိုးမျှော်တိုက်တွေကို လက်ဦးမှုရယူပြီး တည်ဆောက်နိုင်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ နိုင်ငံခြားခရီးသွားတွေကို ဆွဲဆောင်နိုင်တဲ့ မိုးမျှော်တိုက်တွေကို ကွာလာလမ်ပူမြို့တော်နဲ့ စင်္ကာပူမြို့တော်တွေအပြင် ဘန်ကောက်၊ ဂျာကာတာ ၊ ဟိုချီမင်း ၊ ဟနွိုင်းနဲ့ မနီလာမြို့တွေမှာလည်း မြင်တွေ့လာရပါတယ်။ ကမ္ဘောဒီယားနိုင်ငံရဲ့ မြို့တော် Phnom Penh မှာတည်ရှိတဲ့ မိုးမျှော်တိုက်ဟာလည်း ကမ္ဘာလှည့်ခရီးသွားတွေကို ဆွဲဆောင်နိုင်တဲ့ နေရာတစ်ခုဖြစ်လာပါတယ်။ ဒါပေမယ့် ပိုပြီးအံ့သြစရာကောင်းတာက အရှေ့တောင်အာရှနိုင်ငံတွေမှာ မိုးမျှော်တိုက်အရေအတွက် များပြားလာခြင်းပဲဖြစ်ပြီး ယခုလက်ရှိ စစ်တမ်းကောက်ချက်အရ အရှေ့တောင်အာရှနိုင်ငံတွေမှာ အမြင့်ဆုံးမိုးမျှော်တိုက်အရေအတွက်ဟာ ၅၀ နီးပါးလောက်ရှိနေပြီပဲ ဖြစ်ပါတယ်။ အဆိုပါ …

Read More »

စင်ကာပူနိုင်ငံမှ ကမ္ဘာ့အမြင့်မားဆုံးမိုးမျှော်တိုက်စီမံကိန်း။

စင်ကာပူနိုင်ငံ၌ ဆောက်လုပ်လျက်ရှိသော မိုးမျှော်တိုက်သည် ကမ္ဘာ့အမြင့်မားဆုံးမိုးမျှော်တိုက်အဖြစ် မှတ်တမ်းဝင်နိုင်မည်ဖြစ်ပြီး လက်ရှိအချိန်၌ အဆိုပါအဆောက်အအုံရဲ့ ကြီးမားသောအစိတ်အပိုင်းများကို စင်ကာပူနဲ့မလေးရှားနိုင်ငံနယ်စပ်၌ ပြင်ဆင်တည်ဆောက်လျက်ရှိကြောင်း သိရှိရပါတယ်။ Avenue South Residences ဟု အမည်ပေးထားသည့် အဆိုပါမိုးမျှော်တိုက်ကြီးသည် တိုက်ခန်းပေါင်း (၉၈၈) ခန်းအထိ ပါဝင်မည်ဖြစ်ပြီး အလုပ်သမားအင်အားအသုံးပြုမှုနည်းပါးပြီး Prefabricated Prefinished Volumetric Construction (PPVC) နည်းပညာဖြင့်တည်ဆောက်နေခြင်းကြောင့် စွန့်ပစ်ပစ္စည်းနဲ့ ဆူညံသံများ၊ လေထုနဲ့ရေထုညစ်ညမ်းမှုများကို လျှော့ချပေးနိုင်မည်ဖြစ်ကြောင်းလည်း အဆိုပါစီမံကိန်းကို တာဝန်ယူတည်ဆောက်နေသည့် တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါတယ်။ Module တစ်ခုချင်းစီကို မလေးရှားနိုင်ငံ၊ Senai ၌ တည်ဆောက်နေပြီး ခြောက်ဘက်ထောင့်ကွက်များကို ကွန်ကရစ်များဖြင့် တစ်ပါတည်းမွမ်းမံပြင်ဆင်ကာ လုပ်ငန်းခွင်အတွင်းသို့ မပို့ဆောင်ခင် စင်ကာပူနိုင်ငံရှိ စက်ရုံသို့ပို့ဆောင်ပြီး အပြီးသတ်အချောကိုင်ခြင်းလုပ်ငန်းများကို …

Read More »

instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro