အီလွန်မတ်စ်အပါအဝင် ထိပ်တန်းဘောဂဗေဒပညာရှင် နိုရီယယ် ရော်ဘီနီနဲ့ Goldman Sachs Group တို့ကလည်း အမေရိကန်စီးပွားရေး အကျဘက်ကို ရောက်ရှိဖို့ အလားအလာ မြင့်တက်နေတယ်ဆိုပြီး သတိပေး ပြောကြားခဲ့ပါတယ်။ ၁၀ စုနှစ်တွေအတွင်း အမြင့်ဆုံး ငွေကြေးဖောင်းပွမှုကို တန်ပြန်ဖို့ ဖက်ဒရယ်ဗဟိုဘဏ်ရဲ့ အတိုးနှုန်း မြှင့်တင်လိုက်ချိန်မှာ အခုလို ပြောကြားလာတာပဲ ဖြစ်ပါတယ်။ “စီးပွားရေးကျဆင်းတာက ရှောင်လွှဲလို့ ရနိုင်မှာ မဟုတ်ပါဘူး။ ကျိန်းသေပေါက် မဟုတ်ပေမယ့် စီးပွားရေးကျဖို့က အလားအလာပိုများဖို့ရှိတယ်” လို့ ဒိုဟာမြို့မှာ ကျင်းပတဲ့ ကာတာစီးပွားရေးဖိုရမ်မှာ မတ်စ်က Bloomberg News အယ်ဒီတာချုပ် ဂျွန်မစ်ကလက်ဝိတ်ကို ပြောကြားခဲ့ပါတယ်။ ကမ္ဘာ့အချမ်းသာဆုံးသူဌေးဖြစ်တဲ့ အီလွန်မတ်စ်ဟာ မကြာသေးခင်ကပဲ နိုင်ငံရဲ့ စီးပွားရေးအခြေအနေနဲ့ ပတ်သက်ပြီး …
Read More »“လုံခြုံကြွယ်ဝတဲ့ အနာဂတ်ဆီသို့ အာမခံအသိပညာ မျှဝေစို့”
Soshwe ရဲ့ စာဖတ်ပရိသတ်တွေထဲမှာ အာမခံအကြောင်းကို စိတ်ဝင်စားတဲ့သူတွေများ ရှိကြသလား ? ? ? ဒါဆိုရင်တော့ လာမယ့် ဇွန်လ (၂၅) ရက်နေ့ကျရင် “လုံခြုံကြွယ်ဝတဲ့ အနာဂတ်ဆီသို့ အာမခံအသိပညာမျှဝေစို့ ” National Insurance Awareness Day အထိမ်းအမှတ်အဖြစ် GGI Nippon Life မှ ကျင်းပသွားဖို့ရှိကြောင်း လက်တို့လိုက်ပါရစေ . . . ဒီပွဲကို Junction Square ရဲ့ ပရိုမိုးရှင်းဧရိယာမှာ မနက် ၉ နာရီကနေ ညနေ ၅ နာရီအထိ ပြုလုပ်သွားမှာဖြစ်ပြီး ဘယ်လိုထူးထူးခြားခြားအစီအစဉ်တွေပါဝင်မလဲဆိုရင် . . . – ဘဏ္ဍာရေးဆိုင်ရာအာမခံအကြံပေးများနဲ့ …
Read More »ပြည်သူ့ဘဏ္ဍာငွေနဲ့ Bitcoin တွေ ဝယ်ယူပြီး ဒုက္ခရောက်နေတဲ့ သမ္မတ။
အယ်လ်ဆာဗေဒိုသမ္မတ နာယစ် ဘူကီလီဟာ Bitcoin ကို နိုင်ငံရဲ့ တရားဝင်ငွေကြေးအဖြစ် သတ်မှတ်လိုက်ပြီးနောက် အကြီးအကျယ် ဝယ်ယူမှုတွေ ပြုလုပ်ခဲ့ပါတယ်။ သမ္မတဟာ Bitcoin မှာ ရင်းနှီးမြှပ်နှံမှုလုပ်တဲ့အနေနဲ့ ဒီနှစ် ဇန်နဝါရီလကုန်ပိုင်းမှာ Bitcoin ၄၁၀ ကို ဒေါ်လာ ၁၅ သန်းဖိုးဝယ်ယူခဲ့ပြီး အဲ့ဒီအချိန်က Bitcoin တန်ဖိုးဟာ ဒေါ်လာ ၄၃၀၀၀ ကနေ ၃၅၀၀၀ တဝိုက် ရောက်ရှိခဲ့ပါတယ်။ ဒီအရင် ၂၀၂၁ အောက်တိုဘာလကုန်ပိုင်းကလည်း Bitoicn ၄၂၀ ဝယ်ယူမှု ပြုလုပ်ခဲ့ပါတယ်။ အဲ့ဒီအချိန်က Bitcoin ဈေးဟာ တစ်ခုကို ဒေါ်လာ ၆၀၃၀၀ ကျော်ရှိခဲ့ပြီး သမ္မတရဲ့ Bitcoin ဝယ်ယူမှုဟာ ဒါနဲ့တင် …
Read More »ဝန်ထမ်း ၁၁၀၀ ကို အလုပ်ဖြုတ်လိုက်တဲ့ ကုမ္ပဏီကြီးတခု။
နာမည်ကြီး Crypto Exchange ကုမ္ပဏီတစ်ခုဖြစ်တဲ့ Coinbase ဟာ အချိန်ပြည့်ဝန်ထမ်းအင်အားရဲ့ ၅ ပုံ ၁ ပုံနီးပါးဖြစ်တဲ့ ၁၈% ခန့်ကို လူလျှော့ခဲ့တာဖြစ်ပါတယ်။ ဝန်ထမ်းပေါင်း ၁၁၀၀ ဝန်းကျင်ကို အလုပ်ဖြုတ်ခဲ့တာဖြစ်ပြီး လူလျှော့တဲ့သတင်းကြောင့် Coinbase ရှယ်ယာဟာ ၅% ခန့် ကျဆင်းသွားခဲ့တယ်လို့ ဆိုပါတယ်။ စီးပွားပျက်ကပ်ထဲ ဝင်ရောက်နိုင်ခြေရှိလို့ အခုလိုလူလျှော့တာလို့လည်း အမှုဆောင်အရာရှိချုပ် ဘရိုင်ယန် အမ်းစ်ထရောင်းက ဆိုပါတယ်။ “၁၀ နှစ်ကျော်ကြာ စီးပွားရေးထိုးတက်မှုတွေဖြစ်ပြီးနောက် စီးပွားရေးပျက်ကပ်ထဲ ဝင်ရောက်ဖို့ရှိပါတယ်။ စီးပွားရေးပျက်ကပ်က နောက်ထပ် Crypto ဆောင်းရာသီတစ်ခုဆီ ဦးတည်နိုင်ပါတယ်။ ထပ်ပြီးလည်း ကြာနိုင်ပါတယ်။” လို့ ဘရိုင်ယန် အမ်းစ်ထရောင်းရဲ့ ဘလော့ဂ်ပို့စ်မှာ ဖော်ပြထားပါတယ်။ Crypto …
Read More »နည်းပညာအခြေစိုက် Mobile Application တစ်ခုကြောင့်် ပိုင်ဆိုင်မှုဒေါ်လာ သုံးပုံတစ်ပုံအထိ မြင့်တက်လာတဲ့ ဟောင်ကောင်သူဌေးကြီး Li Ka-shing
ဟောင်ကောင်သူဌေးကြီးဖြစ်တဲ့ Li Ka-shing ဟာ ကိုဗစ်ရောဂါပျံ့နှံ့ချိန်က စတင်ပြီး စီးပွါးရေးနယ်ပယ်မှာ အခက်အခဲတွေ ကြုံတွေ့နေရပေမယ့်လည်း မြို့အတွင်း အချမ်းသာဆုံး သူဌေးအဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။ စီးပွားရေးဆိုင်ရာ အကြပ်အတည်းတွေကို ကြုံတွေ့နေရတာတောင်မှ အချမ်းသာဆုံးသူဌေးအဖြစ် ရပ်တည်နေနိုင်တဲ့အချက်ကတော့ ရုပ်မြင်သံကြားဆယ်သွယ်ရေး ဝန်ဆောင်မှုပေးစွမ်းနိုင်တဲ့ Zoom App ကြောင့်ဖြစ်ပြီး Li Ka-shing နဲ့ နှစ်ရှည်လများ လက်တွဲလာခဲ့တဲ့ လူယုံတော် Solina Chau ကြောင့်ပဲ ဖြစ်ပါတယ်။ ဟောင်ကောင်မြို့တော်မှာ မြင်တွေ့ရတဲ့ အခမ်းနားဆုံး ၊ အလှပဆုံးသော မိုးမျှော်တိုက်တွေကို တည်ဆောက်ရာမှာ ပြိုင်ဘက်မရှိတဲ့ သူဌေးကြီးဟာ ၂၀၁၃ ခုနှစ်မှာ ရုပ်မြင်သံကြားဆယ်သွယ်ရေး ဝန်ဆောင်မှုကို စတင်အကောင်အထည်ဖော်ခဲ့ပါတယ်။ အသက် ၉၂ နှစ်အရွယ်ရှိပြီဖြစ်တဲ့ …
Read More »Foodpanda မှာ စိတ်ကြိုက်မှာယူပြီး WavePay နဲ့ ငွေပေးချေကာ ၃၀% လျှော့ဈေး ရယူလိုက်ကြရအောင် . . .
အဆင့် ၁။ foodpanda App ထဲသို့ဝင်ရောက်ပြီး မှာယူလိုသည့် ဆိုင်ကိုရွေးချယ်ပါ။ အဆင့် ၂။ မှာယူလိုသည့်ပစ္စည်း (သို့မဟုတ်) စားသောက်ဖွယ်ရာများကိုရွေးပြီး ဈေးဝယ်ခြင်းကိုစစ်ပါ။ အဆင့် ၃။ ငွေချေရန်နည်းလမ်းများအနက် WavePay ကိုရွေးချယ်ပါ။ အဆင့် ၄။ စုစုပေါင်းကျသင့်ငွေကိုစစ်ပြီး လိပ်စာကိုအတည်ပြုပါ။ အဆင့် ၅။ သင့်ဖုန်းနံပါတ်ကိုဖြည့်သွင်းပါ။ OTP စာတိုကို လက်ခံရရှိပါက OTP နံပါတ်ကိုဖြည့်သွင်းပြီး ဆက်လုပ်ရန်ကိုနှိပ်ပါ။ အဆင့် ၆။ “Enter PIN to Confirm” ကို နှိပ်ပါ။ အဆင့် ၇။ PIN နံပါတ်ကိုဖြည့်သွင်းပြီး အတည်ပြုပါ။ အဆင့် ၈။ ငွေပေးချေမှုအောင်မြင်ကြောင်းပြေစာရရှိပြီး အော်ဒါကို သတ်မှတ်ချိန်အတွင်းရပါမည်။ foodpanda …
Read More »Cryptocurrency လောကမှာ ဖျံကျနေတဲ့ Hamster လေးတစ်ကောင်အကြောင်း။
ကမ္ဘာကြီးရဲ့ငွေကြေးကဏ္ဍကို အချိန်တိုအတွင်း နေရာယူဝင်ရောက်လာတဲ့ Cryptocurrency က နာမည်ကျော်စီးပွားရေးလုပ်ငန်းရှင်တွေ၊ တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူတွေအပြင် လက်ရှိအချိန်မှာ တိရစ္ဆာန်တွေအထိကို ရေပန်းစားနေပြီလို့ ဆိုရမှာပါ။ ဂေါ့စ်လို့အမည်ရတဲ့ Hamster လေးတစ်ကောင်က ပရော်ဖက်ရှင်နယ်ကုန်သည်တွေကို စီးပွားရေးလောကမှာ အနိုင်ယူနိုင်ခဲ့တဲ့အပြင် အထူးဆန်းဆုံးကတော့ သူက Hamster တစ်ကောင်ဖြစ်နေတာပါပဲ။ စီးပွားရေးအမြင်ရှိတဲ့ Hamster လေး ဂေါ့စ်အတွက် သူ့ရဲ့ပုံမှန်နေထိုင်နေကျ လှောင်အိမ်ကို ရုံးခန်းတစ်ခန်းလို့ ဆိုနိုင်တဲ့အရာကိုပါ သခင်တွေက တွဲဖက်ဆောက်လုပ်ပေးထားပြီး အဲ့ဒီအခန်းထဲကဖြစ်စဉ်တွေဟာ တွစ်တာပေါ်အထိ ရောက်ရှိလာတာကြောင့် အခုလိုပဲ နာမည်ကျော်ကြားလာခဲ့တာပါ။ ဒီ Hamster ဟာ သူဆော့ကစားနေကျ ဘီးလေးပေါ်မှာတက်ပြေးရင်း Cryptocurrency တွေကို ရောင်းမလား၊ ဝယ်မလား ရွေးချယ်နိုင်ပြီး ရောင်းဖို့အတွက် ဥမင်တစ်ခုသပ်သပ်၊ ဝယ်ဖို့အတွက် …
Read More »မြန်မာနိုင်ငံအတွင်းမှာ အခက်တွေ့နေတဲ့ နိုင်ငံခြားရင်းနှီးမြှုုပ်နှံသူများ။
စီးပွါးရေးကဏ္ဍအခြေအနေဟာ မသေချာမရေရာမှုတွေနဲ့ ပြည့်နှက်နေတာကြောင့် ရင်းနှီးမြှုုပ်နှံသူအချို့က မြန်မာနိုင်ငံကနေ ထွက်ခွါသွားခဲ့ပေမယ့် အခြားစီးပွါးရေးလုပ်ငန်းတွေကတော့ ဆက်ဆံရေးဖြတ်တောက်ဖို့ အဆင်သင့်မဖြစ်ကြသေးပါဘူး။ နှစ်နိုင်ငံသဘောတူညီချက်တွေကနေ ကာကွယ်ပေးမယ့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူတွေရဲ့ စီးပွါးရေးဆုံးရှုံးမှုတွေအတွက် အစိုးရက လျော်ကြေးပေးဖို့ တာဝန်ရှိသလားဆိုတာကတော့ မေးခွန်းတစ်ခုလို ဖြစ်နေပါတယ်။ Rajah&Tann ကုမ္ပဏီက တွဲဖက်အကြီးအကဲဖြစ်တဲ့ Chester Toh က စီးပွါးရေးလုပ်ငန်းတွေအတွက် “အခွင့်အလမ်းများ” ရှိနေသေးပေမယ့်လည်း အလားအလာတော့ သိပ်မကောင်းတော့ဘူးလို့ ပွင့်လင်းစွာ ပြောပြခဲ့ပါတယ်။၂၀၁၆ ခုနှစ် မြန်မာနိုင်ငံ ရင်းနှီးမြှုုုပ်နှံမှုဆိုင်ရာဥပဒေနဲ့ ၂၀၁၇ ခုနှစ် မြန်မာနိုင်ငံ ရင်းနှီးမြှုုပ်နှံမှုဆိုင်ရာ ဥပဒေတွေဟာ မြန်မာနိုင်ငံရင်းနှီးမြှုုပ်နှံမှုကော်မရှင်ရဲ့ ခွင့်ပြုမိန့် (သို့) ထောက်ခံချက် ကိုင်ဆောင်ထားတဲ့ နိုင်ငံခြားရင်းနှီးမြှုုပ်နှံသူတွေကို အကာအကွယ် အချို့ပေးထားပါတယ်။ ဥပမာ – …
Read More »မြန်မာနိုင်ငံနှင့် အာမခံလုပ်ငန်းများအခြေအနေ။
မြန်မာ့အာမခံလုပ်ငန်းတွေအနေနဲ့ Covid-19 ရောဂါရဲ့ ရိုက်ခတ်မှုဒဏ်ကို ရင်ဆိုင်နေရတဲ့ကာလအတွင်း နိုင်ငံခြားအာမခံလုပ်ငန်းတွေ မြန်မာနိုင်ငံအတွင်း ဝင်ရောက်လာပြီးတာနဲ့ တစ်ပြိုင်နက်တည်းမှာပဲ လျင်မြန်တဲ့ပြောင်းလဲလာမှုတွေကို ရင်ဆိုင်လာရပါတယ်။ မတည်ငြိမ်သေးတဲ့ အခုလိုအခြေအနေမျိုးမှာ အာမခံလုပ်ငန်းတွေအနေနဲ့ စျေးကွက်အတွင်း ဝယ်လိုအားအပြောင်းအလဲပေါ် မူတည်ပြီးတော့ လုပ်ငန်းခွဲတွေကို တိုးချဲ့လုပ်ဆောင်သွားဖို့ စီစဉ်နေကြပါတယ်။ ကမ္ဘာတစ်ဝှမ်းက အာမခံအသုံးပြုသူဦးရေနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင်တော့ မြန်မာနိုင်ငံအတွင်းမှာ အသက်အာမခံပြုလုပ်သူဦးရေဟာ မြန်မာနိုင်ငံလူဦးရေရဲ့ ၄% လောက်သာရှိပါသေးတယ်။ နှစ်အတော်ကြာ အာဏာပိုင်တွေဟာ လူသိနည်းသေးပေမယ့် ကြီးမားတောင့်တင်းတဲ့ အာမခံလုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်ဖို့အတွက် ပြင်ဆင်နေခဲ့ကြပါတယ်။ ကြီးမားတဲ့အားစိုက်ထုတ်မှုတစ်ရပ်အနေနဲ့ နိုင်ငံအတွင်း ငွေကြေးဝန်ဆောင်မှုလုပ်ငန်းတွေ ကြုံတွေ့နေရတဲ့ အခက်အခဲ၊ အကြပ်အတည်းတွေ ကူညီလျှော့ချပေးဖို့အတွက် ၂၀၁၇ ခုနှစ်မှာတော့ အစိုးရအဖွဲ့ဟာ ငွေကြေးဝန်ဆောင်မှုဆိုင်ရာ သတင်းပေးပို့ချက်တွေကို တိုးချဲ့နိုင်ဖို့နဲ့ ယှဉ်ပြိုင်မှုတွေကို …
Read More »ဒစ်ဂျစ်တယ်စနစ်ဖြင့် ငွေပေးချေမှုမြင့်တက်လာသည့် အိန္ဒိိယနိုင်ငံ။
အိန္ဒိယနိုင်ငံ၌ ဒစ်ဂျစ်တယ်စနစ်ဖြင့် ငွေပေးချေမှုများ မြင့်တက်လာကြောင်း သိရှိရပြီး လတ်တလော၌ နို်င်ငံတွင်းစားသောက်ဆိုင်များ၌ ငွေပေးချေခြင်း၊ မီတာနဲ့အခွန်အခပေးဆောင်ခြင်းများအပြင် တက္ကစီငှားစီသည့်နေရာ၌ပင် ဒစ်ဂျစ်တယ်စနစ်ဖြင့်သာ ငွေပေးချေလျက်ရှိကာ (၂၀၁၆) ခုနှစ်၌ စတင်တည်ထောင်ခဲ့သည့် Unified Payments Interface ရဲ့ တန်ဖိုးသည် ပြီးခဲ့သည့်လအချို့မှစတင်ပြီး သမိုင်းတစ်လျှောက် အမြင့်မားဆုံးတန်ဖိုးအထိ ရောက်ရှိခဲ့ပါတယ်။ Get Simpl Technologies မှ အမှုဆောင်အရာရှိချုပ်တစ်ဦးဖြစ်သူ Nityanand Sharma က “အွန်လိုင်းကနေ လုံးဝငွေမချေတဲ့သူတွေတောင်မှ အခုဆို အွန်လိုင်းကနေပဲ ငွေချေနေကြပြီး အွန်လိုင်းကနေ အစားအသောက်တွေ၊ ပစ္စည်းတွေ မဝယ်တဲ့သူတွေတောင် အွန်လိုင်းကတစ်ဆင့် ဝယ်ယူနေကြပါပြီ။ ပြီးခဲ့တဲ့ (၃) လကလို အခြေအနေမျိုးကိုရဖို့ ကျွန်တော်တို့ (၅) နှစ်လောက် …
Read More »