Breaking News

So Shwe

မိကျောင်းနဲ့ ထိမ်းမြားလက်ထပ်ခဲ့တဲ့ မြို့တော်ဝန်။

မက္ကဆီကိုနိုင်ငံ ၊ တံငါရွာငယ်လေးတစ်ခုရဲ့ မြို့တော်ဝန်ဟာ အဖြူရောင်မင်္ဂလာဝတ်စုံကို ဝတ်ဆင်ထားတဲ့ မိကျောင်းနဲ့ ထိမ်းမြားလက်ထပ်ခဲ့တယ်လို့ သသိရပါတယ်။ ဗစ်တာဟူဂို ဆိုဆာနဲ့ သူ့ရဲ့ သွေးအေးအဖော် မိကျောင်းတို့ဟာ ဆန်ပီဒရို ဝါမလူလာရဲ့ ရာစုနှစ်များစွာ သက်တမ်းရှိတဲ့ ထုံးတမ်းစဉ်လာ တစ်စိတ်တစ်ပိုင်းအဖြစ် ၎င်းတို့ရဲ့ အိမ်ထောင်ရေးကို အနမ်းဖြင့် တံဆိပ်ခတ်ခဲ့ပါတယ်။ မင်းသမီးလေးလို့ ရည်ညွှန်းထားတဲ့ အသက် (၇) နှစ်အရွယ် မိချောင်းဟာ မလိုလားအပ်တဲ့ တိုက်ခိုက်မှုတွေ မဖြစ်ပွားစေဖို့ သူ့ရဲ့ပါးစပ်ကို ပိတ်ထားခဲ့ရပါတယ်။ အဆိုပါမိကျောင်းဟာ အမိမြေကို ကိုယ်စားပြုတဲ့ နတ်ဘုရားဖြစ်ကြောင်းနဲ့ လက်ထပ်ခြင်းဟာ နတ်ဘုရားနဲ့ လူသားများ ပေါင်းစည်းခြင်းကို ကိုယ်စားပြုကြောင်း ယုံကြည်ထားကြပါတယ်။ အဆိုပါအယူအဆဟာ မက္ကဆီကိုအနောက်တောင်ပိုင်း၊ ဝါဟာကာပြည်နယ်ရှိ ရှန်တုန်နဲ့ ဟွာဝေးဌာနေ …

Read More »

နှစ်ပေါင်း ၁၅၀ အတွင်း စံချိန်တင် အပူချိန်မြင့်တက်ခဲ့တဲ့ ဂျပန်။

ဂျပန်နိုင်ငံ ၊ တိုကျိုမှာ နှစ်ပေါင်း ၁၅၀ အတွင်း အပူဆုံး ၃၇ ဒီဂရီစင်တီဂရိတ်ဖြင့် စံချိန်တင်ခဲ့ပြီး ၁၈၇၅ ခုနှစ်နောက်ပိုင်း စံချိန်တင်အမြင့်ဆုံး ဖြစ်ခဲ့ပါတယ်။ အခြားမြို့ တော်တော်များများမှာလည်း မေလကုန်မှ လက်ရှိအချိန်အထိ အပူချိန် ၄၀ ဒီဂရီလောက် မြင့်တက်ခဲ့ပါတယ်။ လတ်တလော တိုကျိုမှာ လျှပ်စစ်မီးပြတ်တောက်မှာကို စိုးရိမ်နေကြပြီး ဘာကြောင့်လဲဆိုတော့ အပူချိန်တက်လာတဲ့အခါ လျှပ်စစ်ဓာတ်အားကို အများကြီးအသုံးပြုကြရပါတယ်။ အဲ့လိုသုံးခြင်းကြောင့် နိုင်ငံအရှေ့မြောက်ပိုင်းမှာရှိတဲ့ အပူစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံများ နည်းပညာပိုင်းဆိုင်ရာ ချို့ယွင်းမှု ဖြစ်ပေါ်လာနိုင်ပြီး လျှပ်စစ်ဓာတ်အားတွေ ပြတ်တောက်စေနိုင်လို့ပဲ ဖြစ်ပါတယ်။ အစိုးရကတော့ ပြည်သူတွေကို လျှပ်စစ်ဓာတ်အား ချွေတာသုံးစွဲကြဖို့ တောင်းဆိုခဲ့ပါတယ်။ ဒါ့အပြင် မွန်းတည့်ချိန်တွေမှာဆို နေအိမ်ရှိမီးများ ပိတ်ခိုင်းထားသလို အချို့ကုမ္ပဏီများကိုလည်း …

Read More »

Tinder Dating App ကနေ အကောင့်ဖယ်ရှားခံရတဲ့ အသက်၂၁ နှစ်အရွယ် မိန်းကလေးရဲ့အဖြစ်။

လူ့စွမ်းအားအရင်းအမြစ်အုပ်ချုပ်ရေးမှူးအဖြစ် အသက်မွေးဝမ်းကျောင်း ပြုနေတဲ့ အသက်၂၁ နှစ်အရွယ်ရှိ Laura Mundy ဆိုတဲ့ အမျိုးသမီးလေးဟာ အပြစ်ဆိုစရာမရှိအောင် လှပတာကြောင့် Dating Application ဖြစ်တဲ့ Tinder Dating App က Laura ရဲ့ Tinder အကောင့်ကို ဖျက်ပစ်ခဲ့တယ်လို့ ဆိုလာပါတယ်။ Laura Munndy ဟာ သူမရဲ့အကြိုက်နဲ့ကိုက်ညီပြီး သူမကိုနွေးထွေးမှုအပြည့်အဝပေးနိုင်တဲ့ လက်တွဲဖော်ကို ရှာဖွေနိုင်ရန်အတွက် ယူရို ၇.၉၉ ကို Tinder Dating App မှာ လစဉ်ပေးသွင်းခဲ့ရပါတယ်။ Laura ရဲ့ ပြောကြားချက်အရ Tinder Dating App မှာ သူမရဲ့ဓါတ်ပုံတွေတင်တိုင်း သူမရဲ့ဓါတ်ပုံတွေကိုမြင်တဲ့ Tinder Dating …

Read More »

လူငယ်တွေမှာပါ အဖြစ်များလာတဲ့ Insomnia ခေါ် အိပ်မပျော်တဲ့ရောဂါ။

Insomnia ဆိုတာ အိပ်စက်ခြင်းစက်ဝန်း ကစဉ့်ကလျားဖြစ်ပြီး အိပ်ပျော်ဖို့အတွက် ခက်ခဲနေတာ ဒါမှမဟုတ် မအိပ်စက်ပဲနေမိနေတာမျိုး ဖြစ်ပါတယ်။ Insomnia မှာ ရေရှည်ဖြစ်တာနဲ့ ရေတိုဖြစ်တာဆိုပြီး အခြေအနေ (၂) မျိုး ရှိပါတယ်။ ရေတိုဖြစ်တဲ့ Insomnia ကတော့ ၁ ညကနေ ရက်သတ္တပတ်အနည်းငယ်ထိ ကြာရှည်နိုင်ပြီး ရေရှည်ဖြစ်တဲ့ Insomnia ကတော့ တစ်ပတ်ကို ၃ ညလောက်ဖြစ်လေ့ရှိကာ ၃ လ နဲ့ အထက်ထိကို ကြာရှည်နိုင်ပါတယ်။   Insomnia အမျိုးအစား။ Insomnia အမျိုးအစား (၂) မျိုးရှိပြီး ပထမအမျိုးအစားက အခြားသော ကျန်းမာရေးဆိုင်ရာပြဿနာတွေနဲ့ ဆက်စပ်မှုမရှိတဲ့ အိပ်မရခြင်းမျိုးဖြစ်ပြီး ဒုတိယအမျိုးအစားကတော့ ပန်းနာရင်ကျပ်၊ ကင်ဆာနဲ့ …

Read More »

အမြင့်ပေ ၃ သောင်းကျော်ကနေ လေထီးမပါပဲ ပြုတ်ကျခဲ့ပေမယ့်လည်း အသက်ရှင်ကျန်ရစ်ခဲ့သူ။

ဇန်နဝါရီ ၂၆ ရက် ၊ ၁၉၇၂ ခုနှစ်တုန်းက ဗယ်စနာ ဗယ်လာဗစ်ခ်ျဆိုတဲ့အမျိုးသမီးဟာ JAT Yugoslav လေကြောင်းလိုင်းမှာ လေယာဉ်အမှုထမ်းတစ်ယောက်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့နှင့် ဆားဘီးယားနိုင်ငံဘဲလ်ဂရိတ်ကြားရှိ လေယာဉ်ပျံသန်းမှုခရီးစဉ်အတွင်း ချက်ကိုစလိုဗက်ကီးယား (ယခုချက်သမ္မတနိုင်ငံ) ကိုသွားရာ လေယာဉ်ဟာ သုံးပိုင်းကွဲသွားခဲ့ပြီး ပေါက်ကွဲမှုနှင့် ပျက်ကျမှုကြောင့် လေယာဉ်ပေါ်ပါသူအားလုံး သေဆုံးခဲ့ပါတယ်။ အမြင့် ပေ ၃၃,၃၃၃ မှလွတ်မြောက်ခဲ့တဲ့ ဗယ်စနာ ကလွဲပြီး ကျန်သူအားလုံးသေခဲ့တာပဲ ဖြစ်ပါတယ်။ နှစ်ပေါင်း (၅၀) ကြာပြီးနောက်မှာတောင် လေထီးမပါပဲ အသက်ရှင်ကျန်ရစ်ခဲ့တဲ့ အမြင့်ဆုံးပြုတ်ကျမှုလည်း ဖြစ်ပါတယ်။ JAT Flight 367 ဟာ စတော့ဟုမ်းမြို့နဲ့ ဘဲလ်ဂရိတ်ခရီးစဉ်အတွင်း ရပ်နားဖို့စီစဉ်ထားတဲ့ နေရာ (၂) …

Read More »

ဧရာမမိကျောင်းကြီးတစ်ကောင်ကို အချိန်ကိုက်စောင့်ဖမ်းခဲ့သည့် အမျိုးသားတစ်ဦး။

တိရစ္ဆာန်နဲ့ လူသားများအကြား ဆက်နွယ်မှုများက အင်မတန်မှအံ့အားသင့်ဖွယ်ကောင်းပြီး ဂေဟစနစ်အရ တိရစ္ဆာန်များက လူသားများကို အကျိုးပြုနိုင်ခြင်းကြောင့် သဘာဝအတိုင်းနေထိုင်သော တိရစ္ဆာန်များကို သတ်ဖြတ်ခြင်းမပြုရန် တားမြစ်ချက်များရှိနေပေမယ့် အချို့မှာမူ သဘာဝသားရဲတိရစ္ဆာန်များကို ဖမ်းဆီးသတ်ဖြတ်နေကြဆဲ ဖြစ်ပါတယ်။ လက်ရှိအချိန်၌လည်း ဖလော်ရီဒါပြည်နယ်၌နေထိုင်သည့်အမျိုးသားတစ်ဦးသည် သူ့အားတစ်ချိန်လုံး လိုက်လံအနှောင့်အယှက်ပေးနေခဲ့သည့် မိကျောင်းတစ်ကောင်ကို ဖမ်းဆီးခဲ့ကြောင်း သိရှိရပါတယ်။ Corey Capps ဟုအမည်ရသည့် အဆိုပါတံငါသည်က “ဒီကောင့်ကို ကျွန်တော်စောင့်ဖမ်းနေတာ (၂) လလောက်ရှိပါပြီ။ သူက ကျွန်တော့်ကို တစ်ချိန်လုံး လိုက်နှောင့်ယှက်နေခဲ့တာပါ။” ဟု ပြောကြားခဲ့ပါတယ်။ Capps ဟုအမည်ရသည့် တံငါသည်ဟာ အဆိုပါမိကျောင်းကို ဖမ်းဆီးရရှိရန်အတွက် (၃) လခန့် အချိန်ယူခဲ့ရပြီး ယခုလအတွင်း Apalachicola မြစ်အတွင်း သဲသောင်ပြင်တစ်ခုပေါ်၌ရှိနေသည့် အဆိုပါမိကျောင်းကို …

Read More »

Kayak လှေငယ်လေးတစ်စီးကို ဝါးမျိုလုနီးပါးအထိ အန္တရာယ်ပြုခဲ့သည့် ဝေလငါးတစ်ကောင်ရဲ့ ဗီဒီယို။

ရေလမ်းခရီးနဲ့ပတ်သက်လာလျှင် လူကြီးသူမ တော်တော်များများက အလွန်အမင်းစိုးရိမ်တတ်ကြပြီး မြစ်ချောင်းအင်းအိုင်များ၊ ပင်လယ်သမုဒ္ဒရာများရဲ့ မာယာများမှုအကြောင်းကို ယုံတမ်းစကားများ၊ ဒဏ္ဍာရီဆန်ဆန်ပုံပြင်များအဖြစ် အမြဲတမ်းလိုလို ကြားသိရစမြဲပါ။ တစ်ခါတရံ၌လည်း ပင်လယ်ကြီးကို မှီတင်းနေထိုင်ကြသည့် ဧရာမသတ္တဝါကြီးများရဲ့ အန္တရာယ်ကိုလည်း ထိတ်လန့်ရလေ့ရှိပါတယ်။ ပြီးခဲ့တဲ့ရက်သတ္တပတ်အချို့က ကယ်လီဖိုးနီးယားဒေသရှိ Avila ကမ်းခြေ၌ Kayak လှေငယ်လေးတစ်စီးကို လှော်ခတ်နေသည့် လူနှစ်ယောက်ကို ဝေလငါးကြီးတစ်ကောင်က ရုတ်တရက် ဝါးမျိုရန်အထိ အန္တရာယ်ပြုခဲ့ကြောင်း ဗီဒီယိုမှတ်တမ်းများ ထွက်ပေါ်လာခဲ့ပါတယ်။ Julie McSorley နဲ့ ၎င်းရဲ့သူငယ်ချင်းဖြစ်သူ Liz Cottriel တို့ နှစ်ယောက်က ယခုကဲ့သို့ ထိတ်လန့်စရာဖြစ်ရပ်ကို ရင်ဆိုင်ကြုံတွေ့ခဲ့ရပြီး ကံကောင်းထောက်မ၍သာ အသက်ဘေးမှလွတ်မြောက်ခဲ့ခြင်းဖြစ်ပါတယ်။   ဝေလငါးစောင့်ကြည့်သူများက ရိုက်ကူးထားသည့် အဆိုပါဗီဒီယို၌ သူငယ်ချင်းနှစ်ယောက် Kayak …

Read More »

ကွန်ပျူတာနဲ့ လူသားဦးနှောက်ကို ချိတ်ဆက်အသုံးပြုနိုင်မယ့် နည်းပညာအသစ်။

ယနေ့အချိန်အခါမှာတော့ နည်းပညာရဲ့တိုးတက်မှုဟာ မျက်စိတစ်မှိတ်အတွင်းမှာတင် ကြောက်စရာကောင်းလောက်အောင် တိုးတက်မြင့်မားလျက်ရှိပါတယ်။ Melbourne တက္ကသိုလ်မှ သိပ္ပံသုတေသနပညာရှင်တွေဟာ လူသားတွေရဲ့ဦးခေါင်းခွံအပြင်ဘက်ရှိ ဦးနှောက်သွေးကြောတွေကို Windows 10 နဲ့ ချိတ်ဆက်အသုံးပြုနိုင်ဖို့အတွက် လေ့လာစမ်းသပ်မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ ၂၀၁၆ ခုနှစ်မှာလည်း ဦးခေါင်းခွံမှာရှိတဲ့ သွေးပြန်ကြောတွေကို ဝိုင်ယာကြိုးနဲ့ချိတ်ဆက်ပြီး ပို့ဆောင်လိုတဲ့ အချက်အလက်တွေကို ဦးနှောက်ထဲက အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ “Primary Cortex” ဆီ သယ်ဆောင်သွားပြီးနောက် ဦးနှောက်ရဲ့အချက်ပြစနစ်နဲ့ ကွန်ပျူတာစနစ်ရဲ့ ချိတ်ဆက်နိုင်စွမ်းကို စမ်းသပ်လေ့လာခဲ့ကြပါတယ်။ အဆိုပါသီအိုရီကို အခုချိန်မှာတော့ လက်တွေ့အောင်မြင်စွာ အသုံးပြုနိုင်ခဲ့ပါပြီ။ လူတစ်ဦးတစ်ယောက်က ဦးနှောက်နဲ့ကွန်ပျူတာကို ချိတ်ဆက်အသုံးပြုနိုင်ဖို့အတွက် အမြင်အာရုံခြေရာခံစနစ်ကို အကူယူထားရပါမယ်။ သုတေသနပြု လေ့လာသူတွေက နည်းပညာအသစ်ကို စမ်းသပ်အသုံးပြုလိုသူတွေအတွက် မှန်ကန်တိကျတဲ့ ညွှန်ကြားမှုတွေကို သင်ကြားပေးပြီး အသုံးပြုခွင့်ပေးခဲ့ကြပါတယ်။ …

Read More »

နိုင်ငံခြားတက္ကသိုလ်များနဲ့ပူးပေါင်းပြီး နည်းလမ်း (၅) မျိုးဖြင့် ပညာရေးစနစ်ကို အဆင့်မြှင့်တင်နေသည့် အိန္ဒိယနိုင်ငံ။

အိန္ဒိယနိုင်ငံရဲ့ ပညာရေးစနစ်ပြုပြင်ပြောင်းလဲမှုက စိတ်ဝင်စားစရာကောင်းလာခဲ့ပြီး နိုင်ငံတွင်းမှ တက္ကသိုလ်များကလည်း သင်ရိုးညွှန်းတမ်းများကို ပြင်ဆင်မွမ်းမံလျက်ရှိပါတယ်။ အစိုးရကလည်း  ကျောင်းသားများအတွက် နိုင်ငံတကာနဲ့တန်းတူအဆင့်မြင့်ပညာရေးစနစ်ကို ဖန်တီးပေးနေပြီး နိုင်ငံခြားတက္ကသိုလ်များနဲ့ ပူးပေါင်းကာ ပညာရေးအတွက် အထောက်အကူဖြစ်စေရန် ဖန်တီးပေးနေပါတယ်။ (၂၀၁၆) ခုနှစ်မှစတင်ကာ အပြည်ပြည်ဆိုင်ရာတက္ကသိုလ်များနဲ့ မိတ်ဖက်ပြုလုပ်ခဲ့သည့် တက္ကသိုလ်များတိုးပွားလာခဲ့ပြီး ကနေဒါ၊ အင်္ဂလန်၊ သြစတြေးလျ၊ နယ်သာလန်နဲ့ အမေရိကန်နိုင်ငံတို့မှ တက္ကသိုလ်ကောလိပ်များနဲ့ အိန္ဒိယမှတက္ကသိုလ်များ မိတ်ဖက်အဖြစ်ပူးပေါင်းထားပါတယ်။ အိန္ဒိယနိုင်ငံရဲ့ ပညာရေးစနစ်ကိုမြှင့်တင်နေသည့် နည်းလမ်း (၅) မျိုးကိုလည်းဖော်ပြပေးလိုက်ရပါတယ်။   ၁။ နိုင်ငံခြားသင်ရိုးညွှန်းတမ်းများအတွက် ကုန်ကျစရိတ်သက်သာအောင်ပြုလုပ်ခြင်း။ MOOCs နဲ့ e- Learning စနစ်အတွက် နိုင်ငံခြားမိတ်ဖက်တက္ကသိုလ်များနဲ့ နိုင်ငံတွင်းရှိ ပုံမှန်သင်ရိုးညွှန်းတမ်းများကို ပူးပေါင်းကာ နိုင်ငံခြားသို့ကျောင်းသွားမတက်နိုင်သည့် ကျောင်းသားများအတွက် အကောင်းဆုံး …

Read More »

ဘရူနိုဖာနန်ဒက်စ် အကြောင်း ထုတ်ဖော်ပြောကြားလာတဲ့ နည်းပြဟောင်း။

ယူနိုက်တက်အသင်းရဲ့ ကွင်းလယ်ကစားသမားဖြစ်သူ ဘရူနိုဖာနန်ဒက်စ်သည် သူ့ရဲ့ကစားသမားဘဝအစောပိုင်းကို ဗဟိုနောက်ခံလူတစ်ဦးအဖြစ် အစပြုခဲ့ရကြောင်း သူ့ရဲ့ဆရာဟောင်း အန်တိုနီယိုပီရက်စ်က ပြောကြားခဲ့ပါတယ်။ ဘရူနိုဖာနန်ဒက်စ်သည် အသက် (၁၅) နှစ်အရွယ်အထိ ဗဟိုနောက်ခံလူတစ်ယောက်အဖြစ်ကစားခဲ့ပြီး နောက်တန်း၌ ကစားရခြင်းအတွက် စိတ်ပျက်ကာ အငှားထွက်ကစားခွင့်တောင်းခံခဲ့ကြောင်းလည်း သိရှိရပါတယ်။ လက်ရှိအချိန်၌ အသက် (၂၇) နှစ်အရွယ်ရှိပြီဖြစ်သူ ဘရူနိုဖာနန်ဒက်စ်သည် စပို့တင်းလစ္စဘွန်းအသင်းမှ ယူနိုက်တက်အသင်းဆီသို့ ပြောင်းရွှေ့ကြေးပေါင် (၆၇) သန်းဖြင့် ပြောင်းရွှေ့လာခဲ့ပြီးနောက် အကောင်းဆုံးခြေစွမ်းပြနေသည့် ကစားသမားတစ်ဦးလည်းဖြစ်ပါတယ်။ ဘရူနိုဖာနန်ဒက်စ်သည် သူ့ရဲ့ငယ်ဘဝ၌ ပက်စ်တဲလီရီရာအသင်းကို အငှားနဲ့ပြောင်းရွှေ့ကစားခဲ့ပြီး ထိုစဉ်က အဆိုပါအသင်းကို ကိုင်တွယ်နေသည့် နည်းပြ အန်တိုနီယိုပီရက်စ်က “ကျွန်တော်တို့အနေနဲ့ ကစားသမားတွေရဲ့ တိုးတက်ပြောင်းလဲမှုဖြစ်စဉ်ကို လေ့လာခဲ့ရပြီး သူတို့ဘယ်လိုစွမ်းဆောင်နိုင်မလဲ၊ ဘယ်လိုနေရာမှာ ကစားသင့်လဲဆိုတာတွေကို စောင့်ကြည့်ခဲ့ရပါတယ်။ အဲ့ဒါက …

Read More »

instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro