Breaking News

admin

အိမ်မှာနေရင်း အိမ်အသစ်ရှာဖွေခြင်းကနေ ရရှိလာမယ့် အကျိုးကျေးဇူး (၃) ခု။

အိမ်အသစ်ရှာဖွေနေသူ ဒါမှမဟုတ် အိမ်ပြောင်းနေဖို့ စိတ်ကူးနေတယ်ဆိုရင်တော့ အခုဆောင်းပါးလေးကို ဖတ်ရှုပေးဖို့ အကြံပေးပါရစေ။ အခုခေတ်မှာတော့ လူမှုကွန်ရက်ကို တွင်ကျယ်စွာအသုံးပြုလာကြပြီမို့ အိမ်အသစ်ရှာနေသူတွေကလည်း လူမှုကွန်ရက်ကနေပဲ ကိုယ်နေလိုတဲ့အိမ်လေးကို ရှာဖွေတွေ့ရှိနိုင်ပါပြီ။ ဒါကြောင့် အိမ်မှာနေရင်း လူမှုကွန်ရက်ကနေ အိမ်အသစ်ရှာဖွေရာကနေ ရရှိလာမယ့် အကျိုးကျေးဇူး ၃ ခုကို ဖော်ပြပေးလိုက်ပါတယ်။ ၁။ စိတ်ကြိုက်ရှာဖွေနိုင်တယ်။ အိမ်အသစ်ပြောင်းဖို့ စီစဉ်သတ်မှတ်ထားတဲ့ ငွေပမာဏအပေါ်မှာမူတည်ပြီး ကိုယ့်ရဲ့အကြိုက်နဲ့ ကွက်တိဖြစ်မယ့် အိမ်အသစ်ကို နေပူထဲသွားစရာမလို ၊ လမ်းတွေအများကြီးလျှောက်စရာမလိုပဲ ကွန်ပြူတာလေးရှိရုံနဲ့ Online Property Website တွေမှာ ရှာဖွေနိုင်ပါပြီ။ ၂။ အိမ်ခြံမြေဈေးကွက်အကြောင်းကိုလည်း လေ့လာပါ။ အိမ်မှာနေရင်း ကွန်ပြူတာကိုအသုံးပြုပြီး အိမ်အသစ်ရှာဖွေနေရင်းနဲ့ အိမ်ခြံမြေဈေးကွက်အကြောင်းကိုလည်း လေ့လာထားပါ။ ဒီလိုမျိုးလေ့လာထားခြင်းက ကိုယ့်ရဲ့အကြိုက်နဲ့ …

Read More »

Demi Lovato နဲ့ Selena Gomez တို့အကြား ဆက်ဆံရေးအခြေအနေ။

Demi Lovato နဲ့ Selena Gomez တို့နှစ်ဦးကြားဆက်ဆံရေးဟာ သူတို့ နှစ်ယောက်ရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ အခက်အခဲများကြောင့် ပိုမိုဝေးကွာသွားခဲ့ရပြီဖြစ်ပါတယ်။ သတင်းရင်းမြစ်တစ်ဦးရဲ့အဆိုအရ “Demi နဲ့ Selena တို့အကြား ဘာပြဿနာမှမရှိသလို ရန်လိုမုန်းတီးမှုတွေလည်းမရှိကြပါဘူး။ ဒါပေမယ့် သူတို့တွေက သူငယ်ချင်းလည်း မဟုတ်တော့ပါဘူး။” ဟု ဖွင့်ဟပြောကြားသွားခဲ့ပါတယ်။ အသက် (၂၉) နှစ်အရွယ်ရှိပြီဖြစ်သူ Demi က “ကျွန်မ ဆိုရှယ်မီဒီယာပေါ်မှာ အကြိမ်ပေါင်းများစွာ အရှက်ခွဲခံခဲ့ရပြီး ဘယ်နှစ်ကြိမ်ရှိပြီလဲဆိုတာကိုတောင် မရေတွက်နိုင်တော့ပါဘူး။ ဒါပေမယ့် ဒါတွေအားလုံးက ကျွန်မအပေါ် အကျိုးသက်ရောက်မှုတစ်စုံတစ်ရာမရှိခဲ့ပါဘူး။” ဆိုပြီး ပြောကြားသွားခဲ့ပါတယ်။ ဒါ့အပြင် Demi အနေဖြင့် အွန်လိုင်းပေါ်မှတစ်ဆင့် Selena ကို အရှက်ခွဲသည့် Post များတင်နေသည်ဟု …

Read More »

High School Musical ဇာတ်ကားထဲက ဇာတ်ကောင်တွေရဲ့ ယခုလက်ရှိ အနုပညာလှုပ်ရှားမှုများ။

Disney Channel ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီက ရိုက်ကူးခဲ့တဲ့ High School Musical ဇာတ်ကားထဲက ဇာတ်ကောင်(သရုပ်ဆောင်)တွေဟာ အခုချိန်မှာတော့ ချစ်စရာကောင်းတဲ့ ငယ်ရုပ်လေးပျောက်ပြီး တည်ကြည်ခန့်ညားတဲ့ ရုပ်ရည်လေးတွေပိုင်ဆိုင်နေကြပြီ ဖြစ်ပါတယ်။ High School Musical ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ သရုပ်ဆောင်တွေရဲ့ ယခုလက်ရှိ အနုပညာလှုပ်ရှားမှုတွေကို အောက်မှာဖော်ပြပေးသွားမှာပဲဖြစ်ပါတယ်။ ၁။ High School Musical ဇာတ်ကားမှာ Troy Bolton အဖြစ်သရုပ်ဆောင်ခဲ့တဲ့ Zac Efron ဟာ နာမည်ကြီးဇာတ်ကားတွေဖြစ်တဲ့ The Greatest Showman နဲ့ Baywatch ဇာတ်ကားတွေထဲမှာ ပါဝင်သရုပ်ဆောင်ထားပါတယ်။ ၂။ Troy Bolton ရဲ့ချစ်သူ Gabriella Montez အဖြစ်သရုပ်ဆောင်ခဲ့တဲ့ …

Read More »

လွန်ခဲ့သည့် (၃) နှစ်က ကွယ်လွန်သွားသည့် သမီးကို နည်းပညာအကူအညီဖြင့် ပြန်လည်ဆုံတွေ့ခွင့်ရခဲ့သည့် အမျိုးသမီး။ (ရုပ်/သံ)

တောင်ကိုရီးယားနိုင်ငံရှိ ဂျန်ဂျီဆန်အမည်ရ အမျိုးသမီးတစ်ဦးသည် Virtual Reality (VR) နည်းပညာအကူအညီဖြင့် လွန်ခဲ့သည့် (၃) နှစ်က ကွယ်လွန်သွားခဲ့သည့် သူမရဲ့သမီးကို ပြန်လည်တွေ့ဆုံနိုင်ခဲ့ကြောင်း သိရှိရပါတယ်။ အဆိုပါ အစီအစဉ်ကို “I Met You” ဟု နာမည်ပေးထားပြီး VR ၌ ဂျီဆန်ရဲ့ကွယ်လွန်သွားပြီဖြစ်သည့် အသက် (၇) နှစ်အရွယ် သမီးလေး နာယွန်းကို ဖန်တီးပေးထားခဲ့ပါတယ်။ ဂျီဆန်သည် အထူးပြုလုပ်ထားသည့် VR နားကြပ်နဲ့မျက်မှန်ကို တပ်ဆင်ထားပြီး သူမရဲ့သမီးနဲ့ တွေ့ဆုံစကားပြောနိုင်ခဲ့ခြင်း ဖြစ်ပါတယ်။ အဆိုပါ VR ထဲ၌ သားအမိနှစ်ယောက်ကို သဘာဝအတိုင်း ဖန်တီးထားသည့် ဥယျာဉ်တစ်ခုအတွင်း၌ ပြန်လည်တွေ့ဆုံစေခဲ့ပြီး နာယွန်းက “အမေဘယ်ရောက်နေတာလဲ။ သမီးအကြောင်းကိုရော စဉ်းစားနေရဲ့လား။” …

Read More »

မထင်မှတ်ထားလောက်အောင် အ့ံအားသင့်ဖွယ်ပြောင်းလဲလာတဲ့ မိခင်တစ်ဦး။

သြစတလေးလျနိုင်ငံ Queenland မြို့က အသက် ၃၄ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ကလေးနှစ်ယောက်မိခင် Renne Claire Hargreaves ဆိုသူဟာ အရက်သေစာသောက်သုံးခြင်းနဲ ့ အကိုက်အခဲပျောက်ဆေး အလွန်အကျွံသုံးစွဲခြင်းကို အချိန်အတော်ကြာ လျှို့ဝှက်သုံးစွဲပေမယ့် ဒုတိယမြောက်ရင်သွေးလေးကို မွေးဖွှားပြီးချိန်မှာတော့ ရပ်တန့်လိုက်ပါတော့တယ်။ ဒါကြောင့်လည်း Renne တစ်ယောက် ကျန်းမာရေးဆိုင်ရာရော၊ ရုပ်ပိုင်းဆိုင်ရာအရပါ စတင်ပြောင်းလဲလာပါတော့တယ်။ နှစ်ပေါင်းအတော်ကြာ သုံးစွဲခဲ့တဲ့ အရက်သေစာတွေနဲ့ အကိုက်အခဲပျောက်ဆေးတွေဟာ လူတစ်ယောက်ရဲ့ ရုပ်ပိုင်းဆိုင်ရာသာမက စိတ်ပိုင်းဆိုင်ရာကိုပါ ထိခိုက်ပျက်စီးစေတယ်ဆိုတာကို ကျွန်မတို့အားလုံး သိရှိပြီးသားဖြစ်ပါတယ်။ ဒီလိုမျိုးဆိုးရွားတဲ့ အသံတိတ်လူသတ်လက်နက်ကြီးကို အချိန်အတော်ကြာ သုံးစွဲလာတဲ့အခါမှာ Renne ဟာ သူမရဲ့လုပ်ရပ်တွေ မှားနေမှန်းလည်းသိတဲ့အပြင် သူ့ကိုယ်သူ ယုံကြည်မှုပါ လျော့ကျလာခဲ့တာပဲဖြစ်ပါတယ်။ ဒီလိုနဲ့ပဲ နောက်ဆုံးမှာတော့ ဆုံးဖြတ်ချက်အခိုင်အမာချပြီး …

Read More »

အသက် ၂ နှစ်အရွယ် ကလေးငယ်လေးနှစ်ယောက်ရဲ့ ကြည်နူးပျော်ရွှင်ဖွယ်ရာမြင်ကွင်း။ (ရုပ်/သံ)

လူမမယ် ကလေးငယ်လေးနှစ်ယောက် တစ်ဦးနဲ့တစ်ဦး ပျော်ရွှင်ဖွယ် ချစ်ချစ်ခင်ခင် ပြေးဖက်ကြတဲ့ မြင်ကွင်းကို သင်မြင်ဖူးပါသလား ? ? ? အသက် ၂ နှစ်အရွယ်သာရှိသေးတဲ့ Maxwell နဲ့ Finnegan တို့ သူငယ်ချင်းနှစ်ဦးဟာ နှစ်ရက်ကြာ ခွဲခွာခဲ့ပေမယ့် နှစ်အတန်ကြာ ဝေးကွာခဲ့တဲ့ သူငယ်ချင်းတွေအလား တစ်ဦးနဲ့တစ်ဦး ချစ်ချစ်ခင်ခင်ပြေးဖက်ကြတဲ့မြင်ကွင်းဟာ ကြည့်ရှုသူတိုင်းကို ဝမ်းသာပီတိဖြစ်စေပါတယ်။ ထိုကြည်နူးဖွယ်ရာမြင်ကွင်းကို Maxwell ရဲ့ ဖခင်က ရိုက်ကူးထားတာဖြစ်ပြီး ကလေးငယ်လေးနှစ်ဦး သိကျွမ်းတာဟာ တစ်နှစ်ခန့်သာရှိသေးပေမယ့် အခုချိန်မှာတော့ သူတို့နှစ်ဦးဟာ ဆိုးတူကောင်းဖက်သူငယ်ချင်းတွေအဖြစ် ချစ်ချစ်ခင်ခင်နေထိုင်လျက်ရှိပါတယ်ဆိုပြီး Maxwell ရဲ့ ဖခင်ဖြစ်သူ Michael Cisneros မှ ပြောပြခဲ့ပါတယ်။ ဆက်လက်ပြီး Michael မှ …

Read More »

Iron Man မင်းသမီး Gwyneth Paltrow အနုပညာလုပ်ငန်းတွေကို ရပ်ဆိုင်းလိုက်ပြီလား ? ? ?

အသက် ၄၉ နှစ်အရွယ် အော်စကာဆုရှင် Gwyneth Paltrowက သူမရဲ့ကိုယ်ပိုင်စီးပွားရေးကို လုပ်ကိုင်နေပြီဖြစ်တာကြောင့် သူမရဲ့အနုပညာအလုပ်ကို စွန့်လွတ်တော့မယ်ဆိုတဲ့ ကောလဟာလတွေ ထွက်ပေါ်လာခဲ့ပါတယ်။ ထိုကောလဟာလတွေနဲ့ ပက်သက်ပြီး Gwyneth မှ ပြတ်ပြတ်သားသား ငြင်းဆိုလိုက်ပြီး သူမရဲ့ကိုယ်ပိုင်စီးပွားရေးဟာ သူမရဲ့အနုပညာပိုးကို မလွှမ်းမိုးနိုင်သေးပါဘူးဆိုပြီး ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ Today Magazine မှ သတင်းတင်ဆက်သူ Savannah Guthriethis က Gwyneth ကို အင်တာဗျူးလုပ်ရာမှာ Gwyneth က တစ်ရှိန်ထိုးအောင်မြင်နေတဲ့ သူမရဲ့ အနုပညာအလုပ်နဲ့ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းအကြောင်းကို ပရိသတ်တွေကို အသိပေးမျှဝေခဲ့ပါတယ်။ Paltrow က “ကျွန်မက အနုပညာအလုပ်တွေလည်း ဘယ်တော့မှ ရပ်တန့်မှာ မဟုတ်ပါဘူး။ ကျွန်မရဲ့ Goop ကုမ္ပဏီအတွက်ကျတော့ …

Read More »

ကမ္ဘာတစ်ဝှမ်း အမျိုးသားနဲ့ အမျိုးသမီး သေကြောင်းကြံစည်မှုနှုန်း နှိုင်းယှဉ်ချက်။

ကမ္ဘာပေါ်ရှိ နိုင်ငံတော်တော်များများက အမျိုးသမီးတွေဟာ အမျိုးသားတွေထက် စိတ်ဖိစီးမှု၊ စိတ်ဓာတ် ကျဆင်းမှုတွေ ပိုမိုခံစားရပြီး မိမိကိုယ်ကို အဆုံးစီရင်ဖို့အတွက်လည်း ပိုမိုကြိုးစားလာကြပါတယ်။ ဒါဆို ဘာ့ကြောင့် အမျိုးသားတွေအဆုံးစီရင်မှုနှုန်းက အမျိုးသမီးအရေအတွက်ထက် ပိုများနေရတာလဲ ? ? ? WHO ရဲ့ ထုတ်ပြန်ကြေငြာချက်အရ ၂၀၁၆ ခုနှစ်အတွင်း တစ်ကမ္ဘာလုံး အဆုံးစီရင်မှုနှုန်းဟာ ခန့်မှန်းခြေ ၇၉၃၀၀၀ ယောက်ခန့်ရှိပြီး အများဆုံးမှာ အမျိုးသားတွေဖြစ်ကြောင်း သိရပါတယ်။ ၁၉၈၁ ခုနှစ်မှာတော့ ဗြိတိန်ဟာ မိမိကိုယ်ကို အဆုံးစီရင်မှုနှုန်း အနည်းဆုံးဖြစ်ပြီး အဓိကကျူးလွန်သူတွေကတော့ အသက် ၄၅ နှစ်အောက် အမျိုးသားတွေပဲ ဖြစ်ကြပါတယ်။ အမျိုးသမီး သေကြောင်းကြံစည်မှုနှုန်းကတော့ အမျိုးသားတွေရဲ့ သုံးပုံတစ်ပုံမျှသာ ရှိပါတယ်။ အခြားနိုင်ငံတွေကို …

Read More »

Justin Bieber နဲ့ ပတ်သက်၍ သူမရဲ့ခံစားချက်ကို ထုတ်ဖော်ပြောကြားလာတဲ့ Billie Eilish

အသက် ၂၀ နှစ်အရွယ်ရှိ ပေါ့အဆိုတော်မလေး Billie ဟာ ဂုဏ်သတင်းကျော်ကြားမှုကို မုန်းတီးတဲ့အကြောင်းနဲ့ Justin Bieber နဲ့ မတွေ့ချင်ရတဲ့အကြောင်းကို ထုတ်ဖော်ပြောဆိုလာပါတယ်။ Los Angeles သူလေး Billie ကို ကမ္ဘာ့အလုပ်အရှုပ်ဆုံး ကောင်မလေးလို့ တင်စားခေါ်ဝေါ်ကြသလို သူမဟာ ခံစားချက်အပြည့်နဲ့ သီချင်းတွေကို သီကုံးရေးသားပြီး ထူးခြားစွဲမက်ဖွယ်ကောင်းတဲ့ အသံပိုင်ရှင်တစ်ယောက်လည်း ဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်က ထွက်ရှိခဲ့တဲ့ Ocean Eyes ဆိုတဲ့သီချင်းနဲ့ ဂီတလောကထဲကို စတင်ဝင်ရောက်လာပြီး Instagram မှာလည်း Follower ၉၉သန်းကျော်ရှိတဲ့ ပရိသတ်အခိုင်အမာရရှိထားတဲ့ အနုပညာရှင်ပဲ ဖြစ်ပါတယ်။ “ ကျွန်မအနေနဲ့ အနုပညာရှင်အမြောက်အမြားရဲ့ ပရိသတ်ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း သူတို့နဲ့ တွေ့ဆုံနိုင်တဲ့ …

Read More »

ဒေါ်လာ ၁ မီလီယမ်ကျော်ရရှိခဲ့တဲ့ ကင်ညာနိုင်ငံမှ ကျောင်းဆရာအကြောင်း။

သချင်္ာဘာသာရပ်နဲ့ ရူပဗေဒပညာရပ်တွေကို သင်ကြားတဲ့ ကျောင်းဆရာတစ်ဦးဖြစ်သူ Peter Tabichi ဟာ လစဉ်လတိုင်း သူ့ရဲ့ဝင်ငွေတွေထဲမှ ၈၀ ရာခိုင်နှုန်းကို နိုင်ငံအတွင်းရှိ ဆင်းရဲသားတွေကို အကူအညီပေးဖို့အတွက် အသုံးပြုခဲ့ပါတယ်။ အခုလိုမျိုး လှူဒါန်းမှုတွေပြုလုပ်ခဲ့တဲ့အတွက်ကြောင့် Peter ကို The Varkey Foundation မှ Global Teacher ဆုကို ချီးမြှင့်ခဲ့ပါတယ်။ Peter ဟာ ကင််ညာနိုင်ငံက ကွန်ပျူတာတစ်လုံးသာရှိပြီး၊ အင်တာနက်လိုင်းချို့တဲ့ကာ ကျောင်းသား ၅၈ ယောက်မှာ ဆရာ ၁ ယောက်နှုန်းသာရှိတဲ့ ရွာငယ်လေးတစ်ခုမှာ စာသင်ကြားခဲ့ခြင်း ဖြစ်ပါတယ်။ ကျောင်းသားအများစုဟာ ဆင်းရဲ့နွမ်းပါးတဲ့ မိသားစုကနေ ပေါက်ဖွားလာကြပြီး ၃ ပုံ ၁ ပုံ လောက်ဟာ …

Read More »

instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro