Breaking News
iPhone SE ဖုန်းအသစ်ကို ရောင်းချပေးတော့မယ့် APPLE
တိုးတက်လာတဲ့ နည်းပညာဟာ လူသားတွေအပေါ် ကောင်းကျိုးပြုသလို ဆိုးကျိုးလည်းဖြစ်စေပါတယ်။  ဒါပေမယ့် နည်းပညာကို အကျိုးအမြတ်ရရှိစေဖို့အတွက် အသုံးပြုမယ်ဆိုရင်တော့ ပါးနပ်ပြီး ဉာဏ်ပြေးဖို့လိုပါတယ်။ ၂၁ ရာစုမှာတော့ အသက် ၁၀ နှစ်အရွယ်ကလေးတွေတောင်မှ လက်ကိုင်ဖုန်းလေးကိုယ်စီနဲ့ပေါ့။
လက်ရှိအခြေအနေမှာလည်း လူတွေရဲ့နေ့စဉ်ဘဝကိုဖြတ်သန်းမှုမှာ လက်ကိုင်ဖုန်းဟာ မရှိမဖြစ်  လိုအပ်တဲ့အရာတွေထဲက တစ်ခုဖြစ်လာပါတယ်။ အခြေခံအကြောင်းတရားတွေဖြစ်တဲ့ တစ်ဦးကိုတစ်ဦး ဆက်သွယ်ဖို့နဲ့ သိလိုတဲ့အချက်အလက်တွေကို အလွယ်တကူရှာဖွေနိုင်ဖို့ ဖုန်းကိုအသုံးပြုလာကြပါတယ်။ အထက်မှာဖော်ပြထားတဲ့ အကြောင်းအရာတွေထက် ပိုပြီးအရေးပါတဲ့ အကြောင်းအရာအတွက် ဖုန်းကိုအသုံးပြုမယ်ဆိုရင်တော့ အရည်အသွေးပြည့်ဝပြီး ဘက်စုံသုံးလို့ရနိုင်တဲ့  အဆင့်မြင့်ဖုန်းတစ်လုံးကို လိုအပ်ပါတယ်။
ဖုန်းဝယ်ယူလိုသူတွေ စိတ်တိုင်းကျနှစ်သက်စေမယ့် သေသပ်လှပတဲ့ အတွင်းအပြင်ဒီဇိုင်းတွေနဲ ့ အသုံးပြုသူတွေရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်တဲ့ အဆင့်မြင့်နည်းပညာတွေကို ထည့်သွင်းတီထွင်ပေးထားတဲ့ အရည်အသွေးပြည့်ဝတဲ့ ဖုန်းတွေကို ထုတ်လုပ်ပေးတဲ့ Apple ကုမ္ပဏီဟာ တစ်ကမ္ဘာလုံးက ကျန်းမာရေးအတွက် စိုးရိမ်နေရတဲ့ အခုလိုအချိန်မျိုးမှာ ဖုန်းအမျိုးအစားအသစ်တစ်ခုကို  ထပ်မံထုတ်လုပ်ပေးလိုက်ပါပြီ။
အဆိုပါဖုန်းအမျိုးအစားအသစ်ကို iPhone SE လို့ အမည်ပေးထားပြီး ဝယ်ယူလိုသူတွေအနေနဲ့ ဧပြီလ ၁၈ ရက်နေ့ကနေစပြီး ကြိုတင်မှာယူလို့ရပြီလို့ ကြေငြာထားပါတယ်။ ၂၀၁၄ ခုနှစ်တုန်းကလည်း Apple က ပထမဦးဆုံးသော iPhone SE ကို ထုတ်လုပ်ခဲ့ဖူးပါတယ်။ ၂၀၁၄ ခုနှစ်မှာ ထုတ်လုပ်ခဲ့တဲ့ iPhone SE မှာ iPhone6 မှာပါရှိတဲ့ Features တွေပါဝင်ပြီး အရွယ်အစားကတော့ iPhone 5S နဲ့ အရွယ်အစားတူပါတယ်။
၂၀၁၉ ခုနှစ် စက်တင်ဘာလမှာ ထွက်ရှိခဲ့တဲ့ iPhone 11 မှာပါရှိတဲ့ Features တွေကို ၂၀၂၀ ခုနှစ်မှာ  ထုတ်လုပ်လိုက်တဲ့ iPhone SE မှာ တွေ့မြင်ရမည်ဖြစ်ကြောင်းကိုလည်း Apple ကုမ္ပဏီက ကြေငြာခဲ့ပါတယ်။ ဒါ့အပြင် iPhone 11 မှာ အသုံးပြုထားတဲ့ Chip ကို iPhone SE မှာ အသုံးပြုထားတယ်လို့လည်း သိရှိရပါတယ်။
Apple က ၂၀၁၇ ခုနှစ်မှာ ထုတ်လုပ်လိုက်တဲ့ iPhoneX ဟာဆိုရင် ပထမဦးဆုံးသော  ဖုန်းပိုင်ရှင်ရဲ့မျက်နှာကို  အတည်ပြုပြီး ဖုန်းဖွင့်နိုင်တဲ့ နည်းပညာ Face ID ကို ထည့်သွင်းပေးထားပြီး  ဖုန်းပိုင်ရှင်ရဲ့ လက်ဗွေယာကို   အသုံးပြုကာ ဖုန်းကိုဖွင့်နိုင်တဲ့စနစ်ကို ဖြုတ်ပစ်ခဲ့ပါတယ်။ ဒါပေမယ့်လည် း အချို့iPhone အသုံးပြုသူတွေကတော့ လက်ဗွေယာကိုအသုံးပြုပြီး ဖုန်းကိုဖွင့်နိုင်တဲ့စနစ်ကို ပိုမိုသဘောကျကြပါတယ်။   အခုထွက်ရှိလာမယ့် ဒုတိယမြောက် iPhone SE မှာလည်း Face ID ကို ထည့်သွင်းပေးထားတယ်လို့ သိရပါတယ်။
အခုထွက်ရှိလာမယ့် iPhone SE အသစ်ဆက်ဆက်လေးကို ယူရို ၄၁၉ ကျပ်ကနေစပြီး ဝယ်ယူနိုင်ပြီဖြစ်တယ်လို့ သိထားရပါတယ်။ iPhone 11 Pro Max ရဲ့  စျေးနဲ့ယှဉ်ရင်  နှစ်ဆကြီးများတောင်  သက်သာနေတာကို တွေ့ရမှာပဲဖြစ်ပါတယ်။ Apple ကုမ္ပဏီက ထုတ်လုပ်လိုက်တဲ့ iPhone SE ဟာ Google ကုမ္ပဏီက လူထုကိုထုတ်ပြတော့မယ့် Pixel 4a နဲ့ အပြိုင်အဆိုင်ဖြစ်လာနိုင်ပြီး  ဖုန်းအမျိုးအစားနှစ်ခုလုံးရဲ့  စျေးနှုန်းက တူညီနေနိုင်ပါတယ်။
Apple ကုမ္ပဏီရဲ့ ဒုဥက္ကဌ Phil Schiller က “အခုထွက်ရှိလာမယ့် ဒုတိယမြောက် iPhone SE မှာ အကောင်းဆုံးသော ဓာတ်ပုံနဲ့ ဗီဒီယိုတွေကို ရိုက်ကူးနိုင်ဖို့အတွက် ကောင်းမွန်တဲ့ ကင်မရာပါဝင်ပြီး ဂိမ်းကစားသူတွေအတွက် အဆင်ပြေစေမယ့် ဘက်ထရီကို ထည့်သွင်းပြုလုပ်ထားပေးတယ်။ ဒါ့အပြင်  စျေးနှုန်းကလည်း သက်သာပါတယ်။” လို့ ဆိုခဲ့ပါတယ်။
<Unicode Version>
<Zawgyi Version>
Source ~ eandt
#SY(Soshwe)
#soshwetech
#soshweforyourdailylife
#likeandshare
About So Shwe
Check Also
TikTok ကို App Store တွေကနေ ဖြုတ်ချတော့မှာလား ? ? ?
TikTok သုံးစွဲတဲ့ အမေရိကန်နိုင်ငံသားတေါဆီကနေ လျှို့ဝှက်အချက်အလက်တွေကို တရုတ်အခြေစိုက် TikTok ရဲ့မိခင်ကုမ္ပဏီ ByteDance ဝန်ထမ်းတွေက ထပ်တလဲလဲ ရယူနေတယ်ဆိုပြီး BuzzFeed သတင်းဌာန ဖော်ပြခဲ့ပါတယ်။ အဆိုပါသတင်း …
Leave a Reply
Your email address will not be published.
instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro