Breaking News

ရုပ်ရှင်ချစ်ပရိသတ်ကြီးအနေနဲ့ လက်မလွှတ်တမ်းကြည့်ရှုသင့်တဲ့ ဟောလီးဝုဒ်ဇာတ်ကားကောင်းများ။

စိတ်ရောကိုယ်ပါ ပင်ပန်းခဲ့ရတဲ့ အချိန်ကာလအချို့ကို ဖြတ်ကျော်ပြီးတဲ့အခါမှာတော့ စိတ်နဲ့ခန္ဓာကိုယ်ကို အနားပေးဖို့အတွက် ခရီးထွက်ကြတယ်။ အားလပ်ချိန်ကို ချစ်ရသူ/သူငယ်ချင်းတွေနဲ့ အချိန်ကုန်ကြတယ်။ အပြင်မထွက်ချင်တဲ့သူတွေကတော့ သက်သောင့်သက်သာ အရှိဆုံးသော အိမ်ရှေ့ဧည့်ခန်းက ဆိုဖာပေါ်မှာ လဲလျောင်းပြီး ရုပ်ရှင်ကြည့်တာတို့ ၊ ကိုယ့်ရဲအိပ်ယာပေါ်မှာ ကွန်ပျူတာလေးနဲ့ ရုပ်ရှင်ကြည့်တာတို့ လုပ်လေ့ရှိကြပါ။

ရုပ်ရှင်ကြည့်ရတာကို သဘောကျတဲ့သူတစ်ယောက်အနေနဲ့ ရုပ်ရှင်တစ်ကားကို ကြည့်ရှုတဲ့အခါမှာတော့ ဇာတ်ကားထဲက ဇာတ်လမ်းအတက်အကျတွေကို ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ မျက်တောင်တစ်ချက်မခက်ပဲ ကြည့်ရတာ ၊ ဇာတ်ကောင်တွေရဲ့ အကျင့်စရိုက်တွေ ၊ ယူဆချက်တွေကို သိရှိနားလည်ရတာကိုကလည်း ကိုယ့်ရဲ့စိတ်ကိုအပန်းဖြေရာရောက်ပါတယ်။

ဒါကြောင့် ရုပ်ရှင်ကြည့်ရင်း စိတ်အပန်းဖြေလိုတဲ့ ရုပ်ရှင်ချစ်ပရိသတ်ကြီးအတွက် ကြည့်ကိုကြည့်ထားသင့်တဲ့ ဇာတ်ကားကောင်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ ကြည့်ဖြစ်အောင် ကြည့်လိုက်ပါဦးနော်။

 

၁။ Under the Tuscan Sun – အမျိုးသမီးတစ်ယောက်က အိမ်ထောင်ဖက်နဲ့ ကွာရှင်းပြီးတဲ့အချိန်မှာတော့ သူ့ရဲ့ဘဝကို အခြားတစ်နေရာမှာ အသစ်ပြန်စပြီး ပျော်ရွှင်စွာရှင်သန်တဲ့ ဇာတ်လမ်းမျိုးဖြစ်ပါတယ်။

https://www.youtube.com/watch?v=On3_tl68URM&feature=youtu.be

 

၂။ Lady Bird – ကိုယ့်ဘဝရဲ့ရပ်တည်မှုအမှန်ကို ရှာဖွေနေတဲ့ ဆယ်ကျော်သက်အရွယ်လေးတွေရဲ့ ပန်းတိုင်ကိုရောက်အောင် လျှောက်လမ်းနေတဲ့ ဇာတ်လမ်းလေးဖြစ်တာမို့ ကြည့်ရှုသူတွေက ဆယ်ကျော်သက်မဟုတ်ဘူးဆိုရင်တော့ အရင်ငယ်ရွယ်စဉ်အချိန်တွေကို ပြန်လည်လွမ်းဆွတ်စေမှာပဲ ဖြစ်ပါတယ်။

 

၃။ The Holiday – Titanic ဇာတ်ကားထဲမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ မင်းသမီးကြီး Kate Winslet နဲ့ Cameron Diaz တို့ပူးတွဲပါဝင် သရုပ်ဆောင်ထားပြီး အိမ်ခြံမြေရောင်းဝယ်ရေးနဲ့ဆိုင်တဲ့ ဗဟုသုတတွေ ပါဝင်တာကြောင့် အိမ်ခြံမြေစျေးကွက်ကို စိတ်ဝင်စားသူတွေ ကြည့်သင့်တဲ့ ဇာတ်ကားကောင်းဖြစ်ပါတယ်။

 

၄။ It’s Complicated – ဟောလီဝုဒ်အသည်းကျော် မင်းသမီးကြီး Mery Streep ပါဝင် သရုပ်ဆောင်ထားတဲ့ အချက်တစ်ချက်နဲ့တင် ကြည့်ရှုသင့်တဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်နေပါပြီ။ ဒါ့အပြင် ပေါ့ပါးပြီး ဟာသနှောနေတဲ့ ဇာတ်ကားကို ကြည့်ရတာ ကြိုက်နှစ်သက်သူတွေက ဒီဇာတ်ကားကို ပိုပြီးကြည့်ရှုသင့်ပါတယ်။

 

၅။ Call Me by Your Name – အီတလီနိုင်ငံ ၁၉၈၀ ခုနှစ်တုန်းက Elio နဲ့ Oliver တို့ရဲ့ အချစ်ဇာတ်လမ်းလေးဟာ ကြည်နူးဖွယ်ရသလေးကို ပေးစွမ်းနိုင်ပြီး ဇာတ်ကားထဲမှာပါဝင်တဲ့ ဇာတ်ဝင်တေးဟာဆိုရင် တည်ငြိမ်အေးချမ်းပြီး နှစ်လိုဖွယ်ကောင်းတာကြောင့် ယောဂကျင့်ရတာကို နှစ်သက်သူတွေအနေနဲ့ ယောဂကျင့်တဲ့အချိန်မှာ နားထောင်ဖို့ အကြံပြုလိုက်ပါတယ်။

 

၆။ Portrait of a Lady on Fire – တစ်ခါကြည့်ရုံနဲ့တင် တစ်သက်လုံး ရင်ထဲစွဲနေစေမယ့် အလှပဆုံးသော ဇာတ်အိမ်တည်ဆောက်မှုကြောင့် ကြည့်ရှုသူတွေကို ရုပ်ရှင်နဲ့အတူ စီးမျောစေနိုင်ပြီး ပန်းချီလက်ရာတွေကို မြတ်နိုးတတ်တဲ့လူသားတွေအတွက် ရည်ရွယ်ပြီး ရိုက်ကူးထားတဲ့ ဇာတ်ကားလို့တောင် ထင်မှတ်ရပါတယ်။

 

၇။ Sleeping With Other People – သမာရိုးကျချစ်ဇာတ်လမ်းပုံစံထဲကနေ တစ်မျိုးကွဲထွက်နေတဲ့ ချစ်ဇာတ်လမ်းလေးမှာ Jason Sudeikis နဲ့ Alison Brie တို့ရဲ့ ပြည့်စုံတဲ့လိုက်ဖက်မှုလေးကို မြင်တွေ့နိုင်မှာပဲ ဖြစ်ပါတယ်။

 

၈။ Late Night – Emma Thompson နဲ့ Mindy Kaling တို့ ပါဝင်သရုပ်ဆောင်ထားပြီး ကိုယ့်ရဲ့ဒုတိယအိမ်ဖြစ်တဲ့ လုပ်ငန်းခွင်မှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ အကြောင်းအရာတွေကို ဟာသအနေနဲ့ ရိုက်ကူးထားတာမို့ လက်မလွှတ်သင့်တဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။

 

၉။ Plus One – Maya Erskine နဲ့ Jack Quaid တို့ရဲ့ ချစ်စဖွယ်လိုက်ဖက်မှုကို အထင်းသားပုံဖော်ထားတဲ့ အချစ်ဇာတ်လမ်းဖြစ်ပြီး ဟာသနှောကာ ရိုက်ကူးထားတာကြောင့် ရယ်မောကြည်နူးလိုတဲ့ ကြည့်ရှုသူတွေ ကြည့်ဖြစ်အောင်ကြည့်ဖို့ အကြံပေးလိုက်ပါတယ်နော်။

<Unicode Version>

 

 

 

႐ုပ္ရွင္ခ်စ္ပရိသတ္ႀကီးအေနနဲ႔ လက္မလႊတ္တမ္းၾကည့္ရႈသင့္တဲ့  ေဟာလီးဝုဒ္ဇာတ္ကားေကာင္းမ်ား။

စိတ္ေရာကိုယ္ပါ ပင္ပန္းခဲ့ရတဲ့ အခ်ိန္ကာလအခ်ိဳ႕ကို ျဖတ္ေက်ာ္ၿပီးတဲ့အခါမွာေတာ့ စိတ္နဲ႔ခႏၶာကိုယ္ကို အနားေပးဖို႔အတြက္ ခရီးထြက္ၾကတယ္။ အားလပ္ခ်ိန္ကို ခ်စ္ရသူ/သူငယ္ခ်င္းေတြနဲ႔ အခ်ိန္ကုန္ၾကတယ္။ အျပင္မထြက္ခ်င္တဲ့သူေတြကေတာ့ သက္ေသာင့္သက္သာ အရွိဆံုးေသာ အိမ္ေရွ႕ဧည့္ခန္းက ဆိုဖာေပၚမွာ လဲေလ်ာင္းၿပီး ႐ုပ္ရွင္ၾကည့္တာတို႔ ၊ ကိုယ့္ရဲအိပ္ယာေပၚမွာ ကြန္ပ်ဴတာေလးနဲ႔ ႐ုပ္ရွင္ၾကည့္တာတို႔ လုပ္ေလ့ရွိၾကပါ။

႐ုပ္ရွင္ၾကည့္ရတာကို သေဘာက်တဲ့သူတစ္ေယာက္အေနနဲ႔ ႐ုပ္ရွင္တစ္ကားကို ၾကည့္ရႈတဲ့အခါမွာေတာ့ ဇာတ္ကားထဲက ဇာတ္လမ္းအတက္အက်ေတြကို ရင္ခုန္စိတ္လႈပ္ရွားစြာနဲ႔ မ်က္ေတာင္တစ္ခ်က္မခက္ပဲ ၾကည့္ရတာ ၊ ဇာတ္ေကာင္ေတြရဲ႕ အက်င့္စ႐ိုက္ေတြ ၊ ယူဆခ်က္ေတြကို သိရွိနားလည္ရတာကိုကလည္း ကိုယ့္ရဲ႕စိတ္ကိုအပန္းေျဖရာေရာက္ပါတယ္။

ဒါေၾကာင့္ ႐ုပ္ရွင္ၾကည့္ရင္း စိတ္အပန္းေျဖလိုတဲ႔ ႐ုပ္ရွင္ခ်စ္ပရိသတ္ႀကီးအတြက္ ၾကည့္ကိုၾကည့္ထားသင့္တဲ့ ဇာတ္ကားေကာင္းေလးေတြကို ေဖာ္ျပေပးလိုက္ပါတယ္။ ၾကည့္ျဖစ္ေအာင္ ၾကည့္လိုက္ပါဦးေနာ္။

 

၁။ Under the Tuscan Sun – အမ်ိဳးသမီးတစ္ေယာက္က အိမ္ေထာင္ဖက္နဲ႔ ကြာရွင္းၿပီးတဲ့အခ်ိန္မွာေတာ့ သူ႔ရဲ႕ဘဝကို အျခားတစ္ေနရာမွာ အသစ္ျပန္စၿပီး ေပ်ာ္ရႊင္စြာရွင္သန္တဲ့ ဇာတ္လမ္းမ်ိဳးျဖစ္ပါတယ္။

https://www.youtube.com/watch?v=On3_tl68URM&feature=youtu.be

 

၂။ Lady Bird – ကိုယ့္ဘဝရဲ႕ရပ္တည္မႈအမွန္ကို ရွာေဖြေနတဲ့ ဆယ္ေက်ာ္သက္အရြယ္ေလးေတြရဲ႕ ပန္းတိုင္ကိုေရာက္ေအာင္ ေလွ်ာက္လမ္းေနတဲ့ ဇာတ္လမ္းေလးျဖစ္တာမို႔ ၾကည့္ရႈသူေတြက ဆယ္ေက်ာ္သက္မဟုတ္ဘူးဆိုရင္ေတာ့ အရင္ငယ္ရြယ္စဥ္အခ်ိန္ေတြကို ျပန္လည္လြမ္းဆြတ္ေစမွာပဲ ျဖစ္ပါတယ္။

 

၃။ The Holiday – Titanic ဇာတ္ကားထဲမွာ ပါဝင္သ႐ုပ္ေဆာင္ထားတဲ့ မင္းသမီးႀကီး Kate Winslet နဲ႔ Cameron Diaz တို႔ပူးတြဲပါဝင္ သ႐ုပ္ေဆာင္ထားၿပီး အိမ္ျခံေျမေရာင္းဝယ္ေရးနဲ႔ဆိုင္တဲ့ ဗဟုသုတေတြ ပါဝင္တာေၾကာင့္ အိမ္ျခံေျမေစ်းကြက္ကို စိတ္ဝင္စားသူေတြ ၾကည့္သင့္တဲ့ ဇာတ္ကားေကာင္းျဖစ္ပါတယ္။

 

၄။ It’s Complicated – ေဟာလီဝုဒ္အသည္းေက်ာ္ မင္းသမီးႀကီး Mery Streep ပါဝင္ သ႐ုပ္ေဆာင္ထားတဲ့ အခ်က္တစ္ခ်က္နဲ႔တင္ ၾကည့္ရႈသင့္တဲ့ ဇာတ္ကားေကာင္းတစ္ကားျဖစ္ေနပါၿပီ။ ဒါ့အျပင္ ေပါ့ပါးၿပီး ဟာသေႏွာေနတဲ့ ဇာတ္ကားကို ၾကည့္ရတာ ႀကိဳက္ႏွစ္သက္သူေတြက ဒီဇာတ္ကားကို ပိုၿပီးၾကည့္႐ႈသင့္ပါတယ္။

 

၅။ Call Me by Your Name – အီတလီႏိုင္ငံ ၁၉၈၀ ခုႏွစ္တုန္းက Elio နဲ႔ Oliver တို႔ရဲ႕ အခ်စ္ဇာတ္လမ္းေလးဟာ ၾကည္ႏူးဖြယ္ရသေလးကို ေပးစြမ္းႏိုင္ၿပီး ဇာတ္ကားထဲမွာပါဝင္တဲ့ ဇာတ္ဝင္ေတးဟာဆိုရင္ တည္ၿငိမ္ေအးခ်မ္းၿပီး ႏွစ္လိုဖြယ္ေကာင္းတာေၾကာင့္ ေယာဂက်င့္ရတာကို ႏွစ္သက္သူေတြအေနနဲ႔ ေယာဂက်င့္တဲ့အခ်ိန္မွာ နားေထာင္ဖို႔ အၾကံျပဳလိုက္ပါတယ္။

 

၆။ Portrait of a Lady on Fire – တစ္ခါၾကည့္႐ံုနဲ႔တင္ တစ္သက္လံုး ရင္ထဲစြဲေနေစမယ့္ အလွပဆံုးေသာ ဇာတ္အိမ္တည္ေဆာက္မႈေၾကာင့္ ၾကည့္႐ႈသူေတြကို ႐ုပ္ရွင္နဲ႔အတူ စီးေမ်ာေစႏိုင္ၿပီး ပန္းခ်ီလက္ရာေတြကို ျမတ္ႏိုးတတ္တဲ့လူသားေတြအတြက္ ရည္ရြယ္ၿပီး ႐ိုက္ကူးထားတဲ့ ဇာတ္ကားလို႔ေတာင္ ထင္မွတ္ရပါတယ္။

 

၇။ Sleeping With Other People – သမာ႐ိုးက်ခ်စ္ဇာတ္လမ္းပံုစံထဲကေန တစ္မ်ိဳးကြဲထြက္ေနတဲ့ ခ်စ္ဇာတ္လမ္းေလးမွာ Jason Sudeikis နဲ႔ Alison Brie တို႔ရဲ႕ ျပည့္စံုတဲ့လိုက္ဖက္မႈေလးကို ျမင္ေတြ႕ႏိုင္မွာပဲ ျဖစ္ပါတယ္။

 

၈။ Late Night – Emma Thompson နဲ႔ Mindy Kaling တို႔ ပါဝင္သ႐ုပ္ေဆာင္ထားၿပီး ကိုယ့္ရဲ႕ဒုတိယအိမ္ျဖစ္တဲ့ လုပ္ငန္းခြင္မွာ ျဖစ္ေလ့ျဖစ္ထရွိတဲ့ အေၾကာင္းအရာေတြကို ဟာသအေနနဲ႔ ႐ိုက္ကူးထားတာမို႔ လက္မလႊတ္သင့္တဲ့ ဇာတ္ကားေကာင္းတစ္ကားျဖစ္ပါတယ္။

 

၉။ Plus One – Maya Erskine နဲ႔ Jack Quaid တို႔ရဲ႕ ခ်စ္စဖြယ္လိုက္ဖက္မႈကို အထင္းသားပံုေဖာ္ထားတဲ့ အခ်စ္ဇာတ္လမ္းျဖစ္ၿပီး ဟာသေႏွာကာ ႐ိုက္ကူးထားတာေၾကာင့္ ရယ္ေမာၾကည္ႏူးလိုတဲ့ ၾကည့္ရႈသူေတြ ၾကည့္ျဖစ္ေအာင္ၾကည့္ဖို႔ အၾကံေပးလိုက္ပါတယ္ေနာ္။

<Zawgyi Version>

 

 

Source ~ Cosmopolitan

#SY(Soshwe)

#soshweentertainment

#soshweforyourdailylife

#likeandshare

 

 

 

About So Shwe

Check Also

ကြည့်ရှုသူပရိသတ်တွေရဲ့ မျှော်မှန်းချက်အတိုင်း မဖြစ်ခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားများ။

ရုပ်ရှင်ကြည့်ပရိသတ်တွေဟာဆိုရင် ရုပ်ရှင်တစ်ကားမထွက်လာခင် ထိုဇာတ်ကားရဲ့Trailer ကို ကြည့်ပြီးတဲ့နောက်မှာပဲ ဇာတ်လမ်းတစ်ခုရဲ့ အစ၊ အလယ်၊ အဆုံးနဲ့ ပတ်သက်ပြီး ကိုယ်ပိုင်မျှော်လင့်ချက်လေးတွေ ထားတတ်ကြပါတယ်။ ဒီလိုနဲ့ပဲ ဇာတ်ကားတစ်ကားလုံး လူထုရှေ့ရောက်လာတဲ့အခါမှာ …

Leave a Reply

Your email address will not be published.

instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro