HomeTechအသုံးပြုနေသူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို လွဲမှားစွာအသုံးပြုနေတယ်လို့ သံသယဝင်ခံနေရတဲ့ Apple နဲ့ Google

အသုံးပြုနေသူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို လွဲမှားစွာအသုံးပြုနေတယ်လို့ သံသယဝင်ခံနေရတဲ့ Apple နဲ့ Google

- Advertisement -

အမေရိကန်ပြည်ထောင်စု လွှတ်တော်အမတ်တစ်ဦးဖြစ်တဲ့ Richard Blumental က “Apple ကုမ္ပဏီနဲ့ Google ကုမ္ပဏီဟာ ရောဂါပိုးခြေရာခံစနစ်ကို တီထွင်ပြီးတဲ့နောက် အဆိုပါစနစ်ကို အသုံးပြုသူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို လွဲမှားစွာအသုံးပြုနေမှာကို စိုးရိမ်နေရပါတယ်။ ဒါကြောင့် Apple ကုမ္ပဏီနဲ့ Google ကုမ္ပဏီဟာ အဆိုပါရောဂါပိုးခြေရာခံစနစ်ကို အသုံးပြုသူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို ဘယ်လိုဘယ်ပုံထိန်းသိမ်းထားပေးသလဲ ဆိုတာကို သိလိုပါတယ်။” လို့ ကြေငြာပြောဆိုခဲ့ပါတယ်။

Apple ကုမ္ပဏီနဲ့ Google ကုမ္ပဏီတို့ပူးပေါင်းပြီး COVID-19 ရောဂါပိုးကူးစက်ခံရသူတွေ သွားရောက်ခဲ့တဲ့ နေရာတွေကို အလွယ်တကူခြေရာခံနိုင်ဖို့အတွက် “TrackCOVID” လို့ အမည်ရတဲ့ ရောဂါပိုးခြေရာခံစနစ်ကို တီထွင်ခဲ့ပါတယ်။ Covid-19 ရောဂါပိုးရှိနေသူတွေအနေနဲ့ အဆိုပါ App မှာ ရောဂါခံစားနေရသူဟာ ဘယ်သူဘယ်ဝါဖြစ်ကြောင်း မဖော်ပြဘဲနဲ့ သတင်းပေးပို့နိုင်ပါတယ်။ အသုံးပြုသူတို့ရဲ့ တုံ့ပြန်မှုဇယားကို အခြေခံပြီး ဘယ်သူဘယ်ဝါကတော့ ရောဂါပိုးကူးစက်ခံရနိုင်ခြေရှိတယ်ဆိုတာမျိုး သတိပေးနေမှာပဲဖြစ်တယ်လို့ သိရပါတယ်။

- Advertisement -

တစ်ဦးတစ်ယောက်က အခြားသူတွေနဲ့ တွေ့ဆုံဖို့အပြင်ထွက်ရတဲ့အခါ (သို့) လူစုလူဝေးရှိရာနေရာကို သွားရောက်ရတဲ့အခါမျိုးမှာ TrackCOVID App နဲ့ ချိတ်ဆက်ပြီး သွားရောက်ခဲ့တဲ့နေရာတွေကို မှတ်တမ်းတင်ထားခဲ့မယ်ဆိုရင် အကယ်၍များသာ အဲ့ဒီလူသွားခဲ့တဲ့နေရာမှာ ရောဂါပိုးကူးစက်ခံရသူ ရှိလာတဲ့အခါမျိုးမှာ အခြားသောရောဂါ ကူးစက်ခံရနိုင်ချေရှိသူတွေကိုပါ တန်းသိနိုင်အောင် တီထွင်ပြုလုပ်ထားခြင်းဖြစ်တယ်လို့ ကယ်လီဖိုးနီးယားတက္ကသိုလ်က သုတေသနပညာရှင်တွေက မျှဝေပြောပြခဲ့ပါတယ်။

- Advertisement -

ရောဂါပိုးပျံ့နှံ့ခြင်းကို တတ်နိုင်သမျှ လျော့ချနိုင်ဖို့အတွက် အထိရောက်ဆုံးနည်းလမ်းကတော့ လူထုတစ်ရပ်လုံးကို ရောဂါပိုးရှိ/မရှိ စစ်ဆေးပေးခြင်းပဲ ဖြစ်တယ်လို့ ကျန်းမာရေးပညာရှင်တွေက အစိုးရအဖွဲ့ကို အကြံပြုထားတာမျိုး ရှိခဲ့ဖူးပါတယ်။ အမှန်တကယ်မှာလည်း လူထုတစ်ရပ်လုံးကို ရောဂါပိုးရှိ/မရှိ စစ်ဆေးပေးခြင်းဖြင့် ရောဂါပိုးပျံ့နှံ့ခြင်းကို ထိရောက်စွာ လျှော့ချနိုင်မှာပဲ ဖြစ်ပါတယ်။

- Advertisement -

အမေရိကန်ပြည်ထောင်စု ကူးစက်ရောဂါကုသကာကွယ်ရေးအဖွဲ့အစည်းက ဒါရိုက်တာဖြစ်သူ ဒေါက်တာ Anthony Fauci က Google နဲ့ Apple ကုမ္ပဏီတို့ပူးပေါင်းပြီး တီထွင်ထုတ်လုပ်ထားတဲ့  ရောဂါပိုးခြေရာခံစနစ်ဟာ ဖယ်ဒရယ်အစိုးရအဖွဲ့အစည်းနဲ့ ပတ်သက်ခြင်းမရှိနေဘူးဆိုရင် လူထုအနေနဲ့ ပိုပြီးစိတ်ချယုံကြည်စွာ အသုံးပြုနိုင်မယ်လို့ အခိုင်အမာယုံကြည်ကြောင်း လူသုံးများတဲ့ လူမှုကွန်ရက်တစ်ခုဖြစ်တဲ့ Snapchat ကတဆင့် မျှဝေပြောပြခဲ့ပါတယ်။

Apple ကုမ္ပဏီ နဲ့ Google ကုမ္ပဏီက ပြောရေးဆိုခွင့်ရှိသူတွေကလည်း TrackCOVID App ကို အသုံးပြုသူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို အလွဲသုံးစားပြုလုပ်ခြင်းမရှိဘဲ လုံခြုံစွာထိန်းသိမ်းထားပေးကြောင်းနဲ့ ရောဂါပိုးခြေရာခံတဲ့စနစ်ကို ထည့်သွင်းထားတဲ့ App တစ်ခုကိုတီထွင်ပြုလုပ်နိုင်ခြင်းက ရောဂါကူးစက်နိုင်ချေရှိသူတွေကို သတိပေးနိုင်ဖို့အတွက် အကောင်းဆုံးအဖြေတစ်ခုဖြစ်တယ်လို့ အသိပေးကြေငြာခဲ့ပါတယ်။

<Unicode Version>

 

 

အသံုးျပဳေနသူေတြရဲ႕ ကိုယ္ေရးအခ်က္အလက္ေတြကို လြဲမွားစြာအသံုးျပဳေနတယ္လို႔ သံသယဝင္ခံေနရတဲ့ Apple နဲ႕ Google

အေမရိကန္ျပည္ေထာင္စု လႊတ္ေတာ္အမတ္တစ္ဦးျဖစ္တဲ့ Richard Blumental က “Apple ကုမၸဏီနဲ႔ Google ကုမၸဏီဟာ ေရာဂါပိုးေျခရာခံစနစ္ကို တီထြင္ၿပီးတဲ့ေနာက္ အဆိုပါစနစ္ကို အသံုးျပဳသူေတြရဲ႕ ကိုယ္ေရးအခ်က္အလက္ေတြကို လြဲမွားစြာအသံုးျပဳေနမွာကို စိုးရိမ္ေနရပါတယ္။ ဒါေၾကာင့္ Apple ကုမၸဏီနဲ႔ Google ကုမၸဏီဟာ အဆိုပါေရာဂါပိုးေျခရာခံစနစ္ကို အသံုးျပဳသူေတြရဲ႕ ကိုယ္ေရးအခ်က္အလက္ေတြကို ဘယ္လိုဘယ္ပံုထိန္းသိမ္းထားေပးသလဲ ဆိုတာကို သိလိုပါတယ္။” လို႔ ေၾကျငာေျပာဆိုခဲ့ပါတယ္။

Apple ကုမၸဏီနဲ႔ Google ကုမၸဏီတို႔ပူးေပါင္းၿပီး COVID-19 ေရာဂါပိုးကူးစက္ခံရသူေတြ သြားေရာက္ခဲ့တဲ့ ေနရာေတြကို အလြယ္တကူေျခရာခံႏိုင္ဖို႔အတြက္ “TrackCOVID” လို႔ အမည္ရတဲ့ ေရာဂါပိုးေျခရာခံစနစ္ကို တီထြင္ခဲ့ပါတယ္။ Covid-19 ေရာဂါပိုးရွိေနသူေတြအေနနဲ႔ အဆိုပါ App မွာ ေရာဂါခံစားေနရသူဟာ ဘယ္သူဘယ္ဝါျဖစ္ေၾကာင္း မေဖာ္ျပဘဲနဲ႔ သတင္းေပးပို႔ႏိုင္ပါတယ္။ အသံုးျပဳသူတို႔ရဲ႕ တံု႔ျပန္မႈဇယားကို အေျခခံၿပီး ဘယ္သူဘယ္ဝါကေတာ့ ေရာဂါပိုးကူးစက္ခံရႏိုင္ေျခရွိတယ္ဆိုတာမ်ိဳး သတိေပးေနမွာပဲျဖစ္တယ္လို႔ သိရပါတယ္။

တစ္ဦးတစ္ေယာက္က အျခားသူေတြနဲ႔ ေတြ႕ဆံုဖို႔အျပင္ထြက္ရတဲ့အခါ (သို႔) လူစုလူေဝးရွိရာေနရာကို သြားေရာက္ရတဲ့အခါမ်ိဳးမွာ TrackCOVID App နဲ႔ ခ်ိတ္ဆက္ၿပီး သြားေရာက္ခဲ့တဲ့ေနရာေတြကို မွတ္တမ္းတင္ထားခဲ့မယ္ဆိုရင္ အကယ္၍မ်ားသာ အဲ့ဒီလူသြားခဲ့တဲ့ေနရာမွာ ေရာဂါပိုးကူးစက္ခံရသူ ရွိလာတဲ့အခါမ်ိဳးမွာ အျခားေသာေရာဂါ ကူးစက္ခံရႏိုင္ေခ်ရွိသူေတြကိုပါ တန္းသိႏိုင္ေအာင္ တီထြင္ျပဳလုပ္ထားျခင္းျဖစ္တယ္လို႔ ကယ္လီဖိုးနီးယားတကၠသိုလ္က သုေတသနပညာရွင္ေတြက မွ်ေဝေျပာျပခဲ့ပါတယ္။

ေရာဂါပိုးပ်ံ႕ႏွံ႔ျခင္းကို တတ္ႏိုင္သမွ် ေလ်ာ့ခ်ႏိုင္ဖို႔အတြက္ အထိေရာက္ဆံုးနည္းလမ္းကေတာ့ လူထုတစ္ရပ္လံုးကို ေရာဂါပိုးရွိ/မရွိ စစ္ေဆးေပးျခင္းပဲ ျဖစ္တယ္လို႔ က်န္းမာေရးပညာရွင္ေတြက အစိုးရအဖြဲ႔ကို အၾကံျပဳထားတာမ်ိဳး ရွိခဲ့ဖူးပါတယ္။ အမွန္တကယ္မွာလည္း လူထုတစ္ရပ္လံုးကို ေရာဂါပိုးရွိ/မရွိ စစ္ေဆးေပးျခင္းျဖင့္ ေရာဂါပိုးပ်ံ႕ႏွံ႔ျခင္းကို ထိေရာက္စြာ ေလွ်ာ႕ခ်ႏိုင္မွာပဲ ျဖစ္ပါတယ္။

အေမရိကန္ျပည္ေထာင္စု ကူးစက္ေရာဂါကုသကာကြယ္ေရးအဖြဲ႔အစည္းက ဒါ႐ိုက္တာျဖစ္သူ ေဒါက္တာ Anthony Fauci က Google နဲ႔ Apple ကုမၸဏီတို႔ပူးေပါင္းၿပီး တီထြင္ထုတ္လုပ္ထားတဲ့  ေရာဂါပိုးေျခရာခံစနစ္ဟာ ဖယ္ဒရယ္အစိုးရအဖြဲ႕အစည္းနဲ႔ ပတ္သက္ျခင္းမရွိေနဘူးဆိုရင္ လူထုအေနနဲ႔ ပိုၿပီးစိတ္ခ်ယံုၾကည္စြာ အသံုးျပဳႏိုင္မယ္လို႔ အခိုင္အမာယံုၾကည္ေၾကာင္း လူသံုးမ်ားတဲ့ လူမႈကြန္ရက္တစ္ခုျဖစ္တဲ့ Snapchat ကတဆင့္ မွ်ေဝေျပာျပခဲ့ပါတယ္။

Apple ကုမၸဏီ နဲ႔ Google ကုမၸဏီက ေျပာေရးဆိုခြင့္ရွိသူေတြကလည္း TrackCOVID App ကို အသံုးျပဳသူေတြရဲ႕ ကိုယ္ေရးအခ်က္အလက္ေတြကို အလြဲသံုးစားျပဳလုပ္ျခင္းမရွိဘဲ လံုျခံဳစြာထိန္းသိမ္းထားေပးေၾကာင္းနဲ႔ ေရာဂါပိုးေျခရာခံတဲ့စနစ္ကို ထည့္သြင္းထားတဲ့ App တစ္ခုကိုတီထြင္ျပဳလုပ္ႏိုင္ျခင္းက ေရာဂါကူးစက္ႏိုင္ေခ်ရွိသူေတြကို သတိေပးႏိုင္ဖို႔အတြက္ အေကာင္းဆံုးအေျဖတစ္ခုျဖစ္တယ္လို႔ အသိေပးေၾကျငာခဲ့ပါတယ္။

<Zawgyi Version>

 

 

Source ~ eandt

#SY(Soshwe)

#soshwetech

#soshweforyourdailylife

#likeandshare

 

 

- Advertisement -

Must Read