HomeLifeStyleဘယ်ဘက်ဖြင့် လုံးဝမပြုလုပ်သင့်သည့်အရာများ။

ဘယ်ဘက်ဖြင့် လုံးဝမပြုလုပ်သင့်သည့်အရာများ။

- Advertisement -

၁။ ထမင်းဝိုင်း။

- Advertisement -

ကောင်းမွန်သည့် ထမင်းဝိုင်း၌ အစားအသောက်၊ သောက်ရေတို့နဲ့ပတ်သက်ပြီး သတ်မှတ်ထားသည့် စည်းကမ်းများအတိုင်း လိုက်နာရန် လိုအပ်ပါတယ်။ ထမင်းဝိုင်းမှ ဟင်းပန်းကန်များကို တူညီသည့်ဘက်တစ်ခုတည်းကိုသာ ပေးသင့်သည်ဟုဆိုကြပြီး “ဘယ်ဘက်ကိုပေးလိုက်။” ဟု ပြောချိန်၌ အခြားသော တစ်စုံတစ်ယောက်က ညာဘက်ကိုသာရွေးချယ်၍ပေးခဲ့ခြင်းကြောင့် ယခုစည်းမျဉ်း  ပေါ်ထွန်းလာသည်ဟုလည်း ဆိုကြပါတယ်။

- Advertisement -

 

- Advertisement -

၂။  ကားတံခါးဖွင့်ခြင်း။

ကိုယ့်ရဲ့ဘယ်ဘက်ခြမ်းမှ ကားတံခါးကို ဘယ်ဘက်လက်ဖြင့်ဖွင့်ခြင်းက မတော်တဆမှု ဖြစ်ပွားနို်င်ချေပိုမိုများပြားပြီး ဘေးမှလာသောကား၊ စက်ဘီးများနဲ့ ထိခိုက်မိနိုင်ချေရှိပါတယ်။ ညာဘက်လက်ဖြင့် ကိုယ့်ရဲ့ဘယ်ဘက်ခြမ်းမှ ကားတံခါးကိုဖွင့်ခြင်းက ခန္ဓာကိုယ်အားယူမှုကြောင့် အနောက်ကိုပြန်မြင်နိုင်ပြီး အဆိုပါစည်းမျဉ်းကို နိုင်ငံတစ်နိုင်ငံက သတ်မှတ်ခဲ့ကြောင်း သိရှိရပါတယ်။

 

၃။ ဖုန်းပြောခြင်း။

ဖုန်းပြောတဲ့အခါမျိုးတွေမှာ ညာဘက်လက်ကိုအသုံးပြုပြီး ညာဘက်နားဖြင့်သာ နားထောင်သင့်ပါတယ်။ ထိုကဲ့သို့ နားထောင်ခြင်းက ပိုမိုကောင်းမွန်သည့်အသံစနစ်ကို ခံစားနိုင်မည်ဟုဆိုပါတယ်။ စီးပွားရေးလုပ်ငန်းရှင် Quartz ရဲ့ အစီရင်ခံစာအရလည်း ဘယ်ဘက်နှစ်ခါပေါင်းစည်းမှုက ဖုန်းအင်တာနာနဲ့ကြိုးမဲ့စနစ်အကြား ကြီးမားသည့် အနှောင့်အယှက်ကို ဖြစ်စေနိုင်ကြောင်း သိရှိရပါတယ်။

 

၄။ လက်ဟန်ပြဘာသာစကားအသုံးပြုခြင်း။

လက်ဟန်ပြဘာသာစကားပြောဆိုရာ၌ မည်သည့်လက်ကို အသုံးပြုသည်ဖြစ်စေ အရေးမကြီးပေမယ့် ကိုယ်က ညာဘက်လက်ဖြင့် စတင်ပြောဆိုထားသည်ဆိုပါက ပြီးဆုံးသည်အထိ ညာဘက်လက်နဲ့သာပြောဆိုသင့်ပြီး စကားမဆုံးခင်ဘယ်ဘက်လက်ကို ပြောင်းလဲအသုံးပြုလိုက်ပါက တစ်ဖက်လူက ကိုယ်ပြောသည့်စကားကို အဓိပ္ပာယ်ကောက်လွဲသွားနိုင်ကြောင်း သိရှိရပါတယ်။

 

၅။ အိန္ဒိယနိုင်ငံတွင်း ပစ္စည်းပေးခြင်း။

အိန္ဒိယနိုင်ငံ၌ ဘယ်ဘက်လက်ကို တစ်ကိုယ်ရည်သန့်ရှင်းရေးပြုလုပ်ရာ၌သာ အသုံးပြုသည်ဟု ယူဆထားပြီး ဖိနပ်ချွတ်ခြင်း၊ ဖိနပ်စီးခြင်းတို့၌ အသုံးပြုလေ့ရှိခြင်းကြောင့် အဆိုပါလက်ကို မသန့်ရှင်းသည့်လက်အဖြစ် သတ်မှတ်ထားပါတယ်။ ထို့ကြောင့် အစားအသောက်ဖြစ်စေ၊ လိပ်စာကတ််ဒ်ဖြစ်စေ ပေးသည့်နေရာ၌ ဘယ်ဘက်လက်ကို လုံးဝအသုံးမပြုသင့်ကြောင်းဆိုပါတယ်။ အိန္ဒိယနိုင်ငံမှလူအချို့ကလည်း ဘယ်ဘက်လက်ဖြင့် ပေးသည့်အရာများကို လက်ခံရန် ငြင်းဆန်တတ်ကြသည်ကို မြင်တွေ့ရနိုင်ပါတယ်။

 

၆။ အိန္ဒိယနိုင်ငံတွင်း အစားအသောက်ကို ကိုင်တွယ်ခြင်း။

အထက်မှာဖော်ပြထားသည့်အတိုင်း အိန္ဒိယနိုင်ငံ၌ ဘယ်ဘက်လက်ကို မသန့်ရှင်းသည့်လက်အဖြစ် သတ်မှတ်ထားသောကြောင့် ဘယ်ဘက်လက်ဖြင့် ပစ္စည်းပေးခြင်း၊ အစားအသောက်များကို ကိုင်တွယ်ခြင်းက ရိုင်းစိုင်းသည့်အပြုအမူအဖြစ် သတ်မှတ်ထားပါတယ်။

 

၇။ အီသီယိုးပီးယားနိုင်ငံတွင်း စားသောက်ခြင်း။

အီသီယိုးပီးယားနိုင်ငံသည်လည်း အိန္ဒိယနိုင်ငံကဲ့သို့ပင် ဘယ်ဘက်လက်ကို တစ်ကိုယ်ရည်သန့်ရှင်းရေး  ပြုလုပ်သည့်နေရာ၌သာ အသုံးပြုသည်ဟုသတ်မှတ်ထားပြီး ထမင်းဖြစ်စေ၊ အခြားသောအစားအသောက်ဖြစ်စေ စားသောက်သည့်နေရာ၌ ညာဘက်လက်ကိုသာ အသုံုံးပြုပါတယ်။ သို့သော်အီသီယိုးပီးယားနိုင်ငံသားများအနေဖြင့် ပိုက်ဆံကို ညစ်ပတ်သည်ဟု မယူဆထားဘဲ  ငွေကြေးလဲလှယ်သည့်နေရာ၌ ညာဘက်လက်ကိုသာ အသုံးပြုလေ့ရှိပါတယ်။

 

၈။ အရှေ့အလယ်ပိုင်းဒေသ၌ ငွေကြေးလဲလှယ်ခြင်း။

အီသီယိုးပီးယားနိုင်ငံနဲ့မတူညီသည့်အချက်အနေဖြင့် အရှေ့အလယ်ပိုင်းဒေသ၌ ငွေကြေးကို ဘယ်ဘက်လက်ဖြင့် ယူဆောင်ပေးကမ်းခြင်းက ရိုင်းစိုင်းသည့်အမူအရာအဖြစ် သတ်မှတ်ထားပြီး အစားအသောက်စားသုံးရာ၌လည်း အိန္ဒိယနဲ့ အီသီယိုးပီးယားနိုင်ငံတို့နည်းတူ ဘယ်ဘက်လက်ဖြင့် စားသောက်ခြင်းက ရိုင်းစိုင်းသည်ဟု ယူဆထားပါတယ်။

 

၉။ ဂါနာနိုင်ငံတွင်း လှုပ်ရှားသွားလာခြင်း။

ဂါနာနိုင်ငံတွင်း၌ The right is always the right side ဟုဆိုထားပြီး မည်သည့်အရာကိုမဆို ညာဘက်လက်ဖြင့်သာ ဆောင်ရွက်ရပါတယ်။ အကယ်၍ သတိတစ်ချက်လွတ်သွားပြီး ဘယ်ဘက်လက်ဖြင့် တစ်စုံတစ်ခုပြုလုပ်မိပါက “Sorry for left” ဆိုသည့် စကားကို ကြားရမည်ဖြစ်ကြောင်း သတိပေးထားပါတယ်။

 

၁၀။ ဂျပန်စာရေးသားခြင်း။

ဂျပန်စာကို ဘယ်ဘက်လက်ဖြင့်မရေးသားသင့်ဘဲ ထိုကဲ့သို့ရေးသားခြင်းက ကိုယ့်ကိုယ်ကိုယ် ဆန့်ကျင်ရာရောက်သည်ဟု ဆိုပါတယ်။ ဂျပန်စာလုံးအက္ခရာများသည် ဘယ်ဘက်မှညာဘက်သို့  ရေးဆွဲရခြင်းဖြစ်သောကြောင့် ဘယ်ဘက်လက်ဖြင့် ရေးသားသူများအနေဖြင့် အခက်အခဲများနဲ့ ရင်ဆိုင်ရကြောင်း ဂျပန်နိုင်ငံ၌ (၁၅) နှစ်ကြာနေထိုင်ခဲ့သူ အမေရိကန်နိုင်ငံသား Sue Umezaki ကဆိုပါတယ်။

 

၁၁။ လက်ဆွဲနှုတ်ဆက်ခြင်း။

ဘယ်ဘက်လက်ဖြင့် လက်ဆွဲနှုတ်ဆက်ခြင်းက မေးခွန်းထုတ်စရာဖြစ်နိုင်ပြီး ကမ္ဘာတစ်ဝှမ်း၌လည်း အဆိုပါအပြုအမူက ရိုင်းစိုင်းသည့်အမူအရာတစ်ခုဖြစ်နိုင်ပါတယ်။ အမေရိကန်နိုင်ငံ၌ ဘယ်ဘက်လက်ဖြင့် လက်ဆွဲနှုတ်ဆက်ခြင်းက စော်ကားသည်ဟုယူဆပြီး မရိုးသားသည့်ကတိများကို ရည်ညွှန်းရာရောက်ကြောင်း သိရှိရပါတယ်။

<Unicode Version>

 

#soshwelifestyle

#soshweforyourdailylife

#likeandshare

- Advertisement -

Must Read