ယူနိုက်တက်သို့ပြောင်းရွှေ့ရန် စိတ်ဝင်စားနေသည့် ဘာစီလိုနာကြယ်ပွင့်ကစားသမား။
ဘာစီလိုနာအသင်းရဲ့ကြယ်ပွင့်ကစားသမားတစ်ဦးဖြစ်သူ အူစမန်နီဒမ်ဘီလီသည် ယူနိုက်တက်တိုက်စစ်မှူး မာစီရယ်လ်ကို ချဉ်းကပ်ပြီး ယူနိုက်တက်အသင်းအကြောင်း မေးမြန်းခဲ့သည်ဟု သိရှိရပါတယ်။ အသက် (၂၂) နှစ်အရွယ် အဆိုပါကစားသမားသည် ဘာစီလိုနာအသင်း၌ စည်းကမ်းပိုင်းဆိုင်ရာပြဿနာများ၊ ကြံ့ခိုင်မှုပြဿနာများကြောင့် ပုံမှန်ပွဲထွက်ခွင့်ရရှိရန် ရုန်းကန်နေရပြီး ဘာစီလိုနာအသင်းကလည်း လာမယ့်နွေရာသီ၌ ဒမ်ဘီလီကို ရောင်းချရန်ပြင်ဆင်ထားကြောင်း သတင်းများထွက်ပေါ်နေပါတယ်။
လက်ရှိအချိန်၌ Sport သတင်းဌာနရဲ့ဖော်ပြချက်အရ ဒမ်ဘီလီအနေဖြင့် တစ်နိုင်ငံတည်းသား ယူနိုက်တက်တိုက်စစ်မှူး မာစီရယ်လ်ကို ယူနိုက်တက်အသင်းရဲ့ကောင်းကျိုး၊ ဆိုးကျိုးများကို မေးမြန်းခဲ့သည်ဟု သိရှိရပြီး သူလက်ရှိရင်ဆိုင်နေရသည့် တံကောက်ကြောဒဏ်ရာမှ ပြန်လည်သက်သာလာခဲ့ပါက ယူနိုက်တက်အသင်းသို့ပြောင်းရွှေ့ရန် အထူးအလေးအနက်ထားစဉ်းစားဖွယ်ရှိနေပါတယ်။
ဘာစီလိုနာအသင်းကလည်း အခုအပြောင်းအရွှေ့၌ နေမာ၊ လော်တာရိုမာတီနက်ဇ်တို့ကို ခေါ်ယူပြီး ဒမ်ဘီလီ၊ ကော်တင်ဟို၊ ဂရစ်ဇ်မန်းတို့လို အသင်း၌ ပုံမှန်ခြေစွမ်းမပြသနိုင်သည့်ကစားသမားများကို ပြန်လည်ရောင်းချရန် ပြင်ဆင်လျက်ရှိပါတယ်။ ဒါပေမယ့် ယူနိုက်တက်အသင်းအနေနဲ့ တစ်ချိန်က သူတို့ရဲ့ပစ်မှတ်ဖြစ်ခဲ့သည့် ဒမ်ဘီလီကို လက်ရှိအချိန်၌ ခေါ်ယူလိုပါက ပြောင်းရွှေ့ကြေး ပေါင်သန်း (၉၀) ဝန်းကျင် အသုံးပြုရဖွယ်ရှိပါတယ်။ တစ်ဖက်၌လည်း ဆန််ချိုကိုခေါ်ယူရန် အခြေအနေကောင်းများကို ပိုင်ဆိုင်ထားခြင်းကြောင့် ယူနိုက်တက်တို့ ဒမ်ဘီလီကိုခေါ်ယူရန် စိတ်ဝင်စားမှုနည်းပါးဖွယ်ရှိနေပါတယ်။
ဒမ်ဘီလီကိုခေါ်ယူရန်အတွက် အခြားသောဥရောပထိပ်တန်းအသင်းကြီးများဖြစ်သည့် PSG နဲ့ အာဆင်နယ်အသင်းတို့ကလည်း ဘာစီလိုနာအသင်းနဲ့ကစားသမားအကြား အခြေအနေများကို မျက်ခြေမပြတ် စောင့်ကြည့်လျက်ရှိကြောင်း သိရှိရပါတယ်။
<Zawgyi Version>
ယူႏိုက္တက္သို႔ေျပာင္းေရႊ႕ရန္ စိတ္ဝင္စားေနသည့္ ဘာစီလိုနာၾကယ္ပြင့္ကစားသမား။
ဘာစီလိုနာအသင္းရဲ႕ၾကယ္ပြင့္ကစားသမားတစ္ဦးျဖစ္သူ အူစမန္နီဒမ္ဘီလီသည္ ယူႏိုက္တက္တိုက္စစ္မွဴး မာစီရယ္လ္ကို ခ်ဥ္းကပ္ၿပီး ယူႏိုက္တက္အသင္းအေၾကာင္း ေမးျမန္းခဲ့သည္ဟု သိရွိရပါတယ္။ အသက္ (၂၂) ႏွစ္အရြယ္ အဆိုပါကစားသမားသည္ ဘာစီလိုနာအသင္း၌ စည္းကမ္းပိုင္းဆိုင္ရာျပႆနာမ်ား၊ ႀကံ႕ခိုင္မႈျပႆနာမ်ားေၾကာင့္ ပံုမွန္ပဲြထြက္ခြင့္ရရွိရန္ ရုန္းကန္ေနရၿပီး ဘာစီလိုနာအသင္းကလည္း လာမယ့္ေႏြရာသီ၌ ဒမ္ဘီလီကို ေရာင္းခ်ရန္ျပင္ဆင္ထားေၾကာင္း သတင္းမ်ားထြက္ေပၚေနပါတယ္။
လက္ရွိအခ်ိန္၌ Sport သတင္းဌာနရဲ႕ေဖာ္ျပခ်က္အရ ဒမ္ဘီလီအေနျဖင့္ တစ္ႏိုင္ငံတည္းသား ယူႏိုက္တက္တိုက္စစ္မွဴး မာစီရယ္လ္ကို ယူႏိုက္တက္အသင္းရဲ႕ေကာင္းက်ိဳး၊ ဆိုးက်ိဳးမ်ားကို ေမးျမန္းခဲ့သည္ဟု သိရွိရၿပီး သူလက္ရွိရင္ဆိုင္ေနရသည့္ တံေကာက္ေၾကာဒဏ္ရာမွ ျပန္လည္သက္သာလာခဲ့ပါက ယူႏိုက္တက္အသင္းသို႔ေျပာင္းေရႊ႕ရန္ အထူးအေလးအနက္ထားစဥ္းစားဖြယ္ရွိေနပါတယ္။
ဘာစီလိုနာအသင္းကလည္း အခုအေျပာင္းအေရႊ႕၌ ေနမာ၊ ေလာ္တာရိုမာတီနက္ဇ္တို႔ကို ေခၚယူၿပီး ဒမ္ဘီလီ၊ ေကာ္တင္ဟို၊ ဂရစ္ဇ္မန္းတို႔လို အသင္း၌ ပံုမွန္ေျခစြမ္းမျပသႏိုင္သည့္ကစားသမားမ်ားကို ျပန္လည္ေရာင္းခ်ရန္ ျပင္ဆင္လ်က္ရွိပါတယ္။ ဒါေပမယ့္ ယူႏိုက္တက္အသင္းအေနနဲ႔ တစ္ခ်ိန္က သူတုိ႔ရဲ႕ပစ္မွတ္ျဖစ္ခဲ့သည့္ ဒမ္ဘီလီကို လက္ရွိအခ်ိန္၌ ေခၚယူလိုပါက ေျပာင္းေရႊ႕ေၾကး ေပါင္သန္း (၉၀) ဝန္းက်င္ အသံုးျပဳရဖြယ္ရွိပါတယ္။ တစ္ဖက္၌လည္း ဆန္္ခ်ိဳကိုေခၚယူရန္ အေျခအေနေကာင္းမ်ားကို ပိုင္ဆိုင္ထားျခင္းေၾကာင့္ ယူႏိုက္တက္တို႔ ဒမ္ဘီလီကိုေခၚယူရန္ စိတ္ဝင္စားမႈနည္းပါးဖြယ္ရွိေနပါတယ္။
ဒမ္ဘီလီကိုေခၚယူရန္အတြက္ အျခားေသာဥေရာပထိပ္တန္းအသင္းႀကီးမ်ားျဖစ္သည့္ PSG နဲ႔ အာဆင္နယ္အသင္းတုိ႔ကလည္း ဘာစီလိုနာအသင္းနဲ႔ကစားသမားအၾကား အေျခအေနမ်ားကို မ်က္ေျခမျပတ္ ေစာင့္ၾကည့္လ်က္ရွိေၾကာင္း သိရွိရပါတယ္။
<Zawgyi Version>
Source ~ Sportsmole
#HM(Soshwe)
#soshwesport
#soshweforyourdailylife
#likeandshare