HomeSportဆန်ချိုနဲ့ ယူနိုက်တက်အသင်း။

ဆန်ချိုနဲ့ ယူနိုက်တက်အသင်း။

- Advertisement -

ယူနိုက်တက်အသင်းသည် ဒေါ့မွန်အသင်းရဲ့ ညာတောင်ပံကစားသမားလေး ဆန်ချိုကိုခေါ်ယူနိုင်ပြီဟု ယုံကြည်ချက်ရှိနေကြောင်း သတင်းများက ဖော်ပြခဲ့ပါတယ်။ အသက် (၂၀) အရွယ် အဆိုပါကစားသမားလေးအနေဖြင့် လာမယ့်နွေရာသီအပြောင်းအရွှေ့၌ ဂျာမန်မြေကို စွန့်ခွာပြီး ဥရောပရဲ့ ထိပ်သီးအသင်းတစ်သင်းသင်းကို ရောက်ရှိရန် သတင်းများထွက်ပေါ်ခဲ့ကာ လက်ရှိအချိန်၌မူ ယူနိုက်တက်အသင်းက ဆန်ချိုအတွက် လက်ဦးမှုရယူနိုင်ခဲ့ပြီဖြစ်ပါတယ်။

ကစားသမားနဲ့ ယူနိုက်တက်အသင်းအကြား ပုဂ္ဂိုလ်ရေးသဘောတူညီမှုများရရှိခဲ့ပြီဖြစ်ပြီး ကလပ်နှစ်သင်းကြား   ပြောင်းရွှေ့ကြေးညှိနှိုင်းရန်သာ ကျန်ရှိတော့သည်ဟုလည်း သတင်းများက ဖော်ပြလျက်ရှိပါတယ်။ ဆန်ချိုကိုခေါ်ယူရန် ယူနိုက်တက်အသင်းက ပြီးခဲ့သည့်နွေရာသီအပြောင်းအရွှေ့တည်းက စတင်စိတ်ဝင်စားခဲ့ပြီး ဆန်ချိုအတွက် ရီးရဲယ်မက်ဒရစ်၊ လီဗာပူးနဲ့ ချဲလ်ဆီးအသင်းတို့ကလည်း ယူနိုက်တက်အသင်းနဲ့အပြိုင်  စောင့်ကြည့်ခဲ့ကြပါသေးတယ်။

ဒါပေမယ့် ယူနိုက်တက်အသင်း၌ အင်္ဂလန်လက်ရွေးစင်အသင်းဖော်ဖြစ်သည့် ရပ်ရှ်ဖို့ဒ်နဲ့ တွဲကစားရမည့် အခွင့်အရေးရှိနေခြင်းကြောင့် ဆန်ချိုတစ်ယောက် ယူနိုက်တက်အသင်းကို ဦးစားပေးရွေးချယ်ခဲ့ဖွယ်ရှိပြီး အသင်းရဲ့ဂန္တဝင်ကျောနံပါတ် (၇) ကိုဆက်ခံသွားဖွယ်ရှိနေပါတယ်။ သတင်းများရဲ့ဖော်ပြချက်အရ ယူနိုက်တက်အသင်းနဲ့ဆန်ချိုတို့အကြား စာချုပ်သက်တမ်းကာလ၊ လစာငွေတို့ကို ညှိနှိုင်းပြီးစီးခဲ့ပြီဖြစ်ပြီး  ဒေါ့မွန်အသင်းကို ပြောင်းရွှေ့ကြေး ပေါင်သန်း (၁၀၀) ဝန်းကျင်ပေးချေရဖွယ်ရှိပါတယ်။ ဒေါ့မွန်အသင်းကမူ လက်ရှိအချိန်အထိ သူတို့ရဲ့အဓိက ကစားသမားကို လက်လွှတ်လိုသည့်ဆန္ဒမရှိဘဲ ဆန်ချိုကိုလစာတိုးပေးပြီး အသင်း၌ဆက်ရှိနေရန် ကြိုးပမ်းနေကြောင်းလည်း သိရှိရပါတယ်။

- Advertisement -

<Unicode Version>

- Advertisement -

 

 

 

ဆန္ခ်ိဳနဲ႕ ယူႏိုက္တက္အသင္း။

ယူႏိုက္တက္အသင္းသည္ ေဒါ့မြန္အသင္းရဲ႕ ညာေတာင္ပံကစားသမားေလး ဆန္ခ်ိဳကိုေခၚယူႏိုင္ၿပီဟု ယံုၾကည္ခ်က္ရွိေနေၾကာင္း သတင္းမ်ားက ေဖာ္ျပခဲ့ပါတယ္။ အသက္ (၂၀) အရြယ္ အဆိုပါကစားသမားေလးအေနျဖင့္ လာမယ့္ေႏြရာသီအေျပာင္းအေရႊ႕၌ ဂ်ာမန္ေျမကို စြန္႔ခြာၿပီး ဥေရာပရဲ႕ ထိပ္သီးအသင္းတစ္သင္းသင္းကို ေရာက္ရွိရန္ သတင္းမ်ားထြက္ေပၚခဲ့ကာ လက္ရွိအခ်ိန္၌မူ ယူႏိုက္တက္အသင္းက ဆန္ခ်ိဳအတြက္ လက္ဦးမႈရယူႏိုင္ခဲ့ၿပီျဖစ္ပါတယ္။

ကစားသမားနဲ႔ ယူႏိုက္တက္အသင္းအၾကား ပုဂၢိဳလ္ေရးသေဘာတူညီမႈမ်ားရရွိခဲ့ၿပီျဖစ္ၿပီး ကလပ္ႏွစ္သင္းၾကား   ေျပာင္းေရႊ႕ေၾကးညိွႏိႈင္းရန္သာ က်န္ရွိေတာ့သည္ဟုလည္း သတင္းမ်ားက ေဖာ္ျပလ်က္ရွိပါတယ္။ ဆန္ခ်ိဳကိုေခၚယူရန္ ယူႏိုက္တက္အသင္းက ၿပီးခဲ့သည့္ေႏြရာသီအေျပာင္းအေရႊ႕တည္းက စတင္စိတ္ဝင္စားခဲ့ၿပီး ဆန္ခ်ိဳအတြက္ ရီးရဲယ္မက္ဒရစ္၊ လီဗာပူးနဲ႔ ခ်ဲလ္ဆီးအသင္းတို႔ကလည္း ယူႏိုက္တက္အသင္းနဲ႔အၿပိဳင္  ေစာင့္ၾကည့္ခဲ့ၾကပါေသးတယ္။

ဒါေပမယ့္ ယူႏိုက္တက္အသင္း၌ အဂၤလန္လက္ေရြးစင္အသင္းေဖာ္ျဖစ္သည့္ ရပ္ရွ္ဖို႔ဒ္နဲ႔ တဲြကစားရမည့္ အခြင့္အေရးရွိေနျခင္းေၾကာင့္ ဆန္ခ်ိဳတစ္ေယာက္ ယူႏိုက္တက္အသင္းကို ဦးစားေပးေရြးခ်ယ္ခဲ့ဖြယ္ရွိၿပီး အသင္းရဲ႕ဂႏၱဝင္ေက်ာနံပါတ္ (၇) ကိုဆက္ခံသြားဖြယ္ရွိေနပါတယ္။ သတင္းမ်ားရဲ႕ေဖာ္ျပခ်က္အရ ယူႏိုက္တက္အသင္းနဲ႔ဆန္ခ်ိဳတုိ႔အၾကား စာခ်ဳပ္သက္တမ္းကာလ၊ လစာေငြတို႔ကို ညိွႏိႈင္းၿပီးစီးခဲ့ၿပီျဖစ္ၿပီး  ေဒါ့မြန္အသင္းကို ေျပာင္းေရႊ႕ေၾကး ေပါင္သန္း (၁၀၀) ဝန္းက်င္ေပးေခ်ရဖြယ္ရွိပါတယ္။ ေဒါ့မြန္အသင္းကမူ လက္ရွိအခ်ိန္အထိ သူတို႔ရဲ႕အဓိက ကစားသမားကို လက္လႊတ္လိုသည့္ဆႏၵမရွိဘဲ ဆန္ခ်ိဳကိုလစာတိုးေပးၿပီး အသင္း၌ဆက္ရွိေနရန္ ႀကိဳးပမ္းေနေၾကာင္းလည္း သိရွိရပါတယ္။

<Zawgyi Version>

- Advertisement -

 

 

Source ~ Sportsmole

#HM(Soshwe)

#soshwesport

#soshweforyourdailylife

#likeandshare

 

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

two × 1 =

Must Read

အလွန်ချစ်ဖို့ကောင်းတဲ့ အမူအယာမျိုးစုံနဲ့ ခွေးလေးများ။

ဒီတစ်ခေါက်မှာတော့ Soshwe ကနေ ခွေးလေးတွေကို ချစ်ခင်နှစ်သက်ကြတဲ့ သူငယ်ချင်းတွေအတွက် အမူအယာအမျိုးမျိုးနဲ့ ချစ်စရာကောင်းတဲ့ခွေးလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော် . . .   ၁။ ဘယ်လိုတောင်ဆော့လဲမေး . . . ၂။ နေချင်သလိုနေမယ်၊ လုပ်ချင်သလို လုပ်မယ်ဆိုတဲ့အထာမျိုုး . . . ၃။ သခင်လိုပဲ သူလည်းသောက်ချင်မှာပေါ့...