Breaking News

ဖုန်းအာမခံသက်တမ်းများကို တိုးမြှင့်ပေးလိုက်သည့် ဖုန်းကုမ္ပဏီများ။

နာမည်ကျော် Nokia ဖုန်းကုမ္ပဏီသည် (၂၀၂၀) ခုနှစ်၊ မတ်လ (၁၅) ရက်နေ့မှ မေလ (၁၅) ရက်နေ့အတွင်း အာမခံသက်တမ်းကုန်ဆုံးမည့်ဖုန်းများကို နောက်ထပ်ရက်ပေါင်း (၆၀) အထိ အာမခံသက်တမ်းတိုးမြှင့်ပေးလိုက်ကြောင်း သိရှိရပါတယ်။ အိန္ဒိယနိုင်ငံတွင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုနှုန်း မြင့်မားလာခြင်းကြောင့် Lockdown ပြုလုပ်ထားရပြီး Nokia မတိုင်ခင်က Samsung၊ Huawei၊ Realme၊ Motorola နဲ့ အခြားသောကုမ္ပဏီများသည်လည်း သူတို့ကုန်ပစ္စည်းများရဲ့ အာမခံသက်တမ်းများကို တိုးမြှင့်ပေးထားပါတယ်။ Nokia က ယခုကဲ့သို့ အာမခံသက်တမ်းတိုးမြှင့်ပေးလိုက်သည့်အထဲ၌ Feature ဖုန်းနဲ့ စမတ်ဖုန်းများပါဝင်သော်လည်း Nokia True Wireless Earbuds ပါဝင်ဖွယ်မရှိကြောင်း ယူဆရပါတယ်။

အိန္ဒိယနိုင်ငံတွင်း E- commerce နဲ့ပတ်သက်သည့် လမ်းကြောင်းများကို ပြီးခဲ့သည့် ဧပြီလ (၂၀) ရက်နေ့၌ ပြန်လည်ဖွင့်လှစ်ရန် စီစဉ်ထားပေမယ့် အိန္ဒိယအစိုးရက သူတို့ရဲ့ဆုံးဖြတ်ချက်ကို ပြန်လည်ပြင်ဆင်ကာ မေလ (၃) ရက်နေ့မှသာ ပြန်လည်ဖွင့်လှစ်ခွင့်ပြုမည်ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံတွင်း လက်ရှိအချိန်အထိ ဖုန်းအသစ်နဲ့ဆက်စပ်ပစ္စည်းများ ရောင်းချရေးလုပ်ငန်းများကျဆင်းနေပြီး ထိုကဲ့သို့ ဖြစ်ရသည့်အကြောင်းရင်းကလည်း ပြည်သူများအနေဖြင့် လက်ရှိအချိန်၌ ဖုန်းအသစ်မဝယ်နိုင်ခြင်းကြောင့် ဖြစ်ပါတယ်။

Samsung ကလည်း အိန္ဒိယနိုင်ငံအတွင်းရှိ သူတို့ကုန်ပစ္စည်းအားလုံးရဲ့ အာမခံသက်တမ်းများကို မေလ (၃၁) ရက်နေ့အထိ တိုးမြှင့်ပေးထားပြီး Lenovo နဲ့ Motorola အမှတ်တံဆိပ်ဖုန်းများအားလုံးရဲ့ အာမခံသက်တမ်းများကိုလည်း မေလ (၃၁) ရက်နေ့အထိ တိုးမြှင့်ပေးထားပါတယ်။ ဒါ့အပြင် Realme၊ Huawei နဲ့ Honor တို့သည်လည်း သူတို့ကုန်ပစ္စည်းများရဲ့ အာမခံသက်တမ်းများကို Lockdown ပြီးဆုံးသည့် အချိန်ကာလအထိ အကန့်အသတ်မရှိ ရွှေ့ဆိုင်းပေးခဲ့ကြောင်း သိရှိရပါတယ်။

<Unicode Version>

 

 

 

ဖုန္းအာမခံသက္တမ္းမ်ားကို တိုးျမွင့္ေပးလိုက္သည့္ ဖုန္းကုမၸဏီမ်ား။

နာမည္ေက်ာ္ Nokia ဖုန္းကုမၸဏီသည္ (၂၀၂၀) ခုႏွစ္၊ မတ္လ (၁၅) ရက္ေန႔မွ ေမလ (၁၅) ရက္ေန႔အတြင္း အာမခံသက္တမ္းကုန္ဆံုးမည့္ဖုန္းမ်ားကို ေနာက္ထပ္ရက္ေပါင္း (၆၀) အထိ အာမခံသက္တမ္းတိုးျမွင့္ေပးလိုက္ေၾကာင္း သိရွိရပါတယ္။ အိႏၵိယႏုိင္ငံတြင္း ကိုရိုနာဗုိင္းရပ္စ္ကူးစက္မႈႏႈန္း ျမင့္မားလာျခင္းေၾကာင့္ Lockdown ျပဳလုပ္ထားရၿပီး Nokia မတိုင္ခင္က Samsung၊ Huawei၊ Realme၊ Motorola နဲ႔ အျခားေသာကုမၸဏီမ်ားသည္လည္း သူတုိ႔ကုန္ပစၥည္းမ်ားရဲ႕ အာမခံသက္တမ္းမ်ားကို တိုးျမွင့္ေပးထားပါတယ္။ Nokia က ယခုကဲ့သို႔ အာမခံသက္တမ္းတိုးျမွင့္ေပးလိုက္သည့္အထဲ၌ Feature ဖုန္းနဲ႔ စမတ္ဖုန္းမ်ားပါဝင္ေသာ္လည္း Nokia True Wireless Earbuds ပါဝင္ဖြယ္မရွိေၾကာင္း ယူဆရပါတယ္။

အိႏၵိယႏုိင္ငံတြင္း E- commerce နဲ႔ပတ္သက္သည့္ လမ္းေၾကာင္းမ်ားကို ၿပီးခဲ့သည့္ ဧၿပီလ (၂၀) ရက္ေန႔၌ ျပန္လည္ဖြင့္လွစ္ရန္ စီစဥ္ထားေပမယ့္ အိႏိၵယအစိုးရက သူတုိ႔ရဲ႕ဆံုးျဖတ္ခ်က္ကို ျပန္လည္ျပင္ဆင္ကာ ေမလ (၃) ရက္ေန႔မွသာ ျပန္လည္ဖြင့္လွစ္ခြင့္ျပဳမည္ျဖစ္ပါတယ္။ အိႏၵိယႏုိင္ငံတြင္း လက္ရွိအခ်ိန္အထိ ဖုန္းအသစ္နဲ႔ဆက္စပ္ပစၥည္းမ်ား ေရာင္းခ်ေရးလုပ္ငန္းမ်ားက်ဆင္းေနၿပီး ထိုကဲ့သို႔ ျဖစ္ရသည့္အေၾကာင္းရင္းကလည္း ျပည္သူမ်ားအေနျဖင့္ လက္ရွိအခ်ိန္၌ ဖုန္းအသစ္မဝယ္ႏိုင္ျခင္းေၾကာင့္ ျဖစ္ပါတယ္။

Samsung ကလည္း အိႏၵိယႏုိင္ငံအတြင္းရွိ သူတုိ႔ကုန္ပစၥည္းအားလံုးရဲ႕ အာမခံသက္တမ္းမ်ားကို ေမလ (၃၁) ရက္ေန႔အထိ တုိးျမွင့္ေပးထားၿပီး Lenovo နဲ႔ Motorola အမွတ္တံဆိပ္ဖုန္းမ်ားအားလံုးရဲ႕ အာမခံသက္တမ္းမ်ားကိုလည္း ေမလ (၃၁) ရက္ေန႔အထိ တုိးျမွင့္ေပးထားပါတယ္။ ဒါ့အျပင္ Realme၊ Huawei နဲ႔ Honor တို႔သည္လည္း သူတုိ႔ကုန္ပစၥည္းမ်ားရဲ႕ အာမခံသက္တမ္းမ်ားကို Lockdown ၿပီးဆံုးသည့္ အခ်ိန္ကာလအထိ အကန္႔အသတ္မရွိ ေရႊ႕ဆုိင္းေပးခဲ့ေၾကာင္း သိရွိရပါတယ္။

<Zawgyi Version>

 

 

Source ~ Financialexpress

#HM(Soshwe)

#sosohwetech

#soshweforyourdailylife

#likeandshare

About So Shwe

Check Also

မိုက်ခရိုဆော့ဖ်ပိုင်ရှင်ကပါ အံ့သြတကြီးဖြစ်ခဲ့ရဖူးတဲ့ ဒေါ်နယ်ထရမ့်ရဲ့လုပ်ရပ်။

အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်ဟာ သူ့လက်ထက်တုန်းက “American First” ဆိုတဲ့ အမေရိကန်လူမျိုးကြီးဝါဒကို အဓိကလက်ကိုင်ထားခဲ့ပြီး အမေရိကန်ကို ပခုံးချင်းယှဉ်ဖို့ ကြိုးစားလာတဲ့ တရုတ်နဲ့ ဆက်ဆံရေးဖြတ်တောက်ပစ်ဖို့အထိကို ရည်ရွယ်ခဲ့သူတစ်ယောက်လို့ ဆိုနိုင်ပါတယ်။ …

Leave a Reply

Your email address will not be published.

instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro