မင်းသားကြီး Arnold အဖြစ် လူသိများသည့် Arnold Schwarzenegger က သူ့ရဲ့အင်စတာဂရမ်မှတစ်ဆင့် ပရိသတ်များကို အားပေးစကာပြောကြားလိုက်ကြောင်း သိရှိရပါတယ်။ အဆိုပါမင်းသားကြီးသည် California ဒေသရှိ Santa Monica ကမ်းခြေ၌ စက်ဘီးတစ်စီးပေါ်ထိုင်ကာ နှာခေါင်းစည်းတပ်ထားသည့် သူ့ရဲ့ဓာတ်ပုံဖြင့် “ကျွန်တော်တို့အားလုံးပြန်လာကြမယ်။” ဟု ရေးသားကာ အားပေးခဲ့ခြင်းဖြစ်ပါတယ်။ အဆိုပါစကားသည် (၁၉၈၄) ခုနှစ်၌ နာမည်ကျော်ကြားခဲ့သော သူ့ရဲ့ The Terminator ဇာတ်ကားမှ ပြောစကားကို ယူဆောင်အသုံးပြုထားခြင်းဖြစ်ပါတယ်။
မင်းသားကြီး Arnold က “ကျွန်တော်တို့အားလုံး ပြန်လာကြမယ်။ ကျွန်တော်တို့ ဒီအရာကြီးကို အတူတကွ ကျော်ဖြတ်ကြပါမယ်။” ဟု ရေးသားခဲ့ပါတယ်။ ဒါ့အပြင် ပရိသတ်များအတွက် နှာခေါင်းစည်းဝယ်ယူနိုင်သည့် Link တစ်ခုကို တင်ပေးထားပြီး အဆိုပါနှာခေါင်းစည်းရောင်းချရာမှ ရရှိသည့်ငွေကြေးအားလုံးကို ကျောင်းသားများအတွက် အစားအသောက်များထောက်ပံ့ပေးရန် ရည်ရွယ်ထားကြောင်း သိရှိရပါတယ်။
California ဒေသအာဏာပိုင်များကလည်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုနှုန်းမြင့်မားနေသည့် အနေအထား၌ အသက် (၆၀) နဲ့အထက် သက်ကြီးရွယ်အိုများကို အိမ်ထဲ၌သာနေထိုင်ရန် ညွန်ကြားထားပြီး Arnold က သူ့ရဲ့အိမ်မွေးတိရိစ္ဆာန်များနဲ့သာ အချိန်ကုန်ဆုံးလျက်ရှိပါတယ်။ Arnold ကလည်း “ကျွန်တော်ကတော့ ဒါတွေပဲ လုပ်နေရပါတယ်။ အပြင်မသွားရဘူး။ စားသောက်ဆိုင်တွေမသွားရဘူး။ ဘာမှလည်းလုပ်လို့မရပါဘူး။ ကျွန်တော့်မြည်းလေး Lulu နဲ့အချိန်ကုန်ဆုံးရတယ်၊ ဝီစကီသောက်တယ်။ ဒါပေမယ့် ကျွန်တော်တို့ ကောင်းမွန်တဲ့အချိန်တွေကို ဖြတ်သန်းခဲ့ရပြီး အပျင်းလည်းပြေရပါတယ်။” ဟု ပြောကြားခဲ့ဖူးကြောင်း သိရှိရပါတယ်။
<Unicode Version>
တစ္ကမာၻလံုးကပရိသတ္မ်ားကို အားေပးစကားေျပာၾကားလိုက္သည့္ မင္းသားႀကီး Arnold
မင္းသားႀကီး Arnold အျဖစ္ လူသိမ်ားသည့္ Arnold Schwarzenegger က သူ႔ရဲ႕အင္စတာဂရမ္မွတစ္ဆင့္ ပရိသတ္မ်ားကို အားေပးစကာေျပာၾကားလိုက္ေၾကာင္း သိရွိရပါတယ္။ အဆိုပါမင္းသားႀကီးသည္ California ေဒသရွိ Santa Monica ကမ္းေျခ၌ စက္ဘီးတစ္စီးေပၚထိုင္ကာ ႏွာေခါင္းစည္းတပ္ထားသည့္ သူ႔ရဲ႕ဓာတ္ပံုျဖင့္ “ကြ်န္ေတာ္တုိ႔အားလံုးျပန္လာၾကမယ္။” ဟု ေရးသားကာ အားေပးခဲ့ျခင္းျဖစ္ပါတယ္။ အဆိုပါစကားသည္ (၁၉၈၄) ခုႏွစ္၌ နာမည္ေက်ာ္ၾကားခဲ့ေသာ သူ႔ရဲ႕ The Terminator ဇာတ္ကားမွ ေျပာစကားကို ယူေဆာင္အသံုးျပဳထားျခင္းျဖစ္ပါတယ္။
မင္းသားႀကီး Arnold က “ကြ်န္ေတာ္တို႔အားလံုး ျပန္လာၾကမယ္။ ကြ်န္ေတာ္တို႔ ဒီအရာႀကီးကို အတူတကြ ေက်ာ္ျဖတ္ၾကပါမယ္။” ဟု ေရးသားခဲ့ပါတယ္။ ဒါ့အျပင္ ပရိသတ္မ်ားအတြက္ ႏွာေခါင္းစည္းဝယ္ယူႏိုင္သည့္ Link တစ္ခုကို တင္ေပးထားၿပီး အဆိုပါႏွာေခါင္းစည္းေရာင္းခ်ရာမွ ရရွိသည့္ေငြေၾကးအားလံုးကို ေက်ာင္းသားမ်ားအတြက္ အစားအေသာက္မ်ားေထာက္ပံ့ေပးရန္ ရည္ရြယ္ထားေၾကာင္း သိရွိရပါတယ္။
California ေဒသအာဏာပိုင္မ်ားကလည္း ကိုရိုနာဗုိင္းရပ္စ္ကူးစက္မႈႏႈန္းျမင့္မားေနသည့္ အေနအထား၌ အသက္ (၆၀) နဲ႔အထက္ သက္ႀကီးရြယ္အိုမ်ားကို အိမ္ထဲ၌သာေနထိုင္ရန္ ညြန္ၾကားထားၿပီး Arnold က သူ႔ရဲ႕အိမ္ေမြးတိရိစာၦန္မ်ားနဲ႔သာ အခ်ိန္ကုန္ဆံုးလ်က္ရိွပါတယ္။ Arnold ကလည္း “ကြ်န္ေတာ္ကေတာ့ ဒါေတြပဲ လုပ္ေနရပါတယ္။ အျပင္မသြားရဘူး။ စားေသာက္ဆိုင္ေတြမသြားရဘူး။ ဘာမွလည္းလုပ္လို႔မရပါဘူး။ ကြ်န္ေတာ့္ျမည္းေလး Lulu နဲ႔အခ်ိန္ကုန္ဆံုးရတယ္၊ ဝီစကီေသာက္တယ္။ ဒါေပမယ့္ ကြ်န္ေတာ္တို႔ ေကာင္းမြန္တဲ့အခ်ိန္ေတြကို ျဖတ္သန္းခဲ့ရၿပီး အပ်င္းလည္းေျပရပါတယ္။” ဟု ေျပာၾကားခဲ့ဖူးေၾကာင္း သိရွိရပါတယ္။
<Zawgyi Version>
Source ~ EW
#HM(Soshwe)
#soshweentertainment
#soshweforyourdailylife
#likeandshare