HomeHome & PropertyLockdown ကာလအပြီး တရုတ်အိမ်ခြံမြေစျေးကွက်အလားအလာ။
Lockdown ကာလအပြီး တရုတ်အိမ်ခြံမြေစျေးကွက်အလားအလာ။
- Advertisement -
ရက်သတ္တပတ် (၉) ပတ်ကြာမြင့်သည့် Lockdown ကာလကို ရုပ်သိမ်းပေးလိုက်ပြီးနောက် တရုတ်နိုင်ငံရှိ အဓိကမြို့ကြီး (၇၀) မှ အိမ်ခြံမြေစျေးနှုန်းများက (၂၀၂၀) ခုနှစ်၊ မတ်လအတွင်း (၀.၁၃) ရာခိုင်နှုန်း တိုးတက်လာခဲ့ကြောင်း သိရှိရပါတယ်။ ဒါ့အပြင် ထပ်ဆင့်ရောင်းချသည့်စျေးကွက်၌လည်း ပြီးခဲ့သည့်ဖေဖော်ဝါရီလနဲ့ နှိုင်းယှဉ်လိုက်ပါက မတ်လအတွင်း (၀.၀၅၅) ရာခိုင်နှုန်း တိုးတက်လာခဲ့ပါတယ်။
အဓိကမြို့ကြီးများဖြစ်သည့် Shenzhen, Chengdu, Fuzhou, Hangzhou, Huaian, Yangzhou, Jiaxing နဲ့ Shantou တို့၌ ပြီးခဲ့သည့် (၂၀၁၉) ခုနှစ်ရဲ့နောက်ဆုံး (၃) လပတ်နဲ့ နှိုင်းယှဉ်လိုက်မည်ဆိုပါက အိမ်ခြံမြေစျေးကွက်ဝယ်လိုအားက ပြန်လည်မြင့်တက်လာခဲ့ပြီး ဝယ်ယူသူများအနေဖြင့် စျေးကွက်အတွင်းသို့ ပြန်လည်ရောက်ရှိလာသည့် လက္ခဏာများကို ပြသနေပါတယ်။ ယခုဖော်ပြခဲ့သည့် ကိန်းဂဏန်းများသည် တရုတ်နိုင်ငံရှိ အမျိုးသားစာရင်းအင်းဗျူရိုအဖွဲ့ (NBS) က ထုတ်ပြန်ခဲ့သည့်အချက်အလက်များဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ် အဓိကကူးစက်ခံခဲ့ရသည့်မြို့များဖြစ်သည့် Wuhan နဲ့ Hubei မြို့တို့ရှိ အိမ်ခြံမြေစျေးကွက်မှာမူ ပြီးခဲ့သည့်ဖေဖော်ဝါရီလနဲ့နှိုင်းယှဉ်လိုက်ပါက ပြောင်းလဲမှုမရှိကြောင်း သိရှိရပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့နေသည့်ကာလအတွင်း တရုတ်နိုင်ငံ၌အိမ်ခြံမြေစျေးကွက်အပါအဝင် အခြားသောစီးပွားရေးလုပ်ငန်းများအားလုံးကို ရပ်ဆိုင်းခဲ့ရပြီး (၂၀၂၀) ခုနှစ်ရဲ့ ပထမဆုံး (၃) လပတ်အတွင်း၌ အိမ်ခြံမြေစျေးနှုန်းများ (၆.၈) ရာခိုင်နှုန်းကျဆင်းမည်ဟု မျှော်လင့်ခဲ့ကြပါတယ်။ ကနဦး၌ (၆.၅) ရာခိုင်နှုန်းသာ ကျဆင်းမည်ဟု ခန့်မှန်းခဲ့သော်လည်း (၂၀၂၀) ခုနှစ်ရဲ့ ပထမ (၃) လပတ်အတွင်း နို်င်ငံရဲ့ GDP တန်ဖိုးက ပြီးခဲ့သည့် (၂၀၁၉) ခုနှစ်ရဲ့နောက်ဆုံး (၃) လပတ်အတွင်း GDP တန်ဖိုးထက် (၆) ရာခိုင်နှုန်း ပိုမိုများပြားလာကြောင်း သိရှိရပါတယ်။
- Advertisement -
အိမ်အသစ်များရောင်းချနှုန်းက ပြီးခဲ့သည့်ဇန်နဝါရီလအတွင်းက (၄၈၇,၆၀၄) ယူနစ်ရှိခဲ့ပြီး  ဖေဖော်ဝါရီလအတွင်း (၁၁၄,၅၅၂) ယူနစ်ဖြင့် (၇၆.၅) ရာခိုင်နှုန်းကျဆင်းခဲ့ကာ မတ်လအတွင်း၌မူ (၃၅၅,၃၁၂) ယူနစ်အထိ (၃) ဆ ကျဆင်းခဲ့ပါတယ်။ ဇန်နဝါရီလထက် (၂၇.၁) ရာခိုင်နှုန်း နည်းပါးနေသော်လည်း စီးပွားရေးလုပ်ငန်းများပြန်လည်ဖွင့်လှစ်ပြီး အိမ်ခြံမြေရောင်းအား ပြန်လည်ကောင်းမွန်လာရန် မျှော်လင့်နေကြပါတယ်။ NBS ရဲ့အဆိုအရ စီးပွားရေးနဲ့လူနေမှုဘဝများ ပြန်လည်ဦးမော့လာသည့်နဲ့တစ်ပြိုင်နက် အိမ်ခြံမြေဝယ်လိုအားက ဖြည်းဖြည်းချင်း လမ်းကြောင်းမှန်ပေါ် ပြန်လည်ရောက်ရှိလာမည်ဖြစ်ကြောင်း သိရှိရပါတယ်။
- Advertisement -
ဒါ့အပြင် ဆောက်လုပ်ရေးလုပ်ငန်းရှင်များအနေဖြင့် စီးပွားရေးလုပ်ငန်းများ ပြန်လည်ဖွင့်လှစ်ပေးချိန်၌ အိမ်ခန်းများကို (၅) ရာခိုင်နှုန်းမှ (၁၀) ရာခိုင်နှုန်းအထိ စျေးလျှော့ရောင်းချပေးရန် အကြံပေးမှုများရှိနေသလို စီမံကိန်းအသစ်အချို့၌လည်း အကျိုးသက်ရောက်မှုများရှိနေကြောင်း သိရှိရပါတယ်။ Wuzhong ခရိုင်၊ Suzhou ရှိ စီမံကိန်းတစ်ခုသည် အွန်လိုင်းမှတစ်ဆင့် တစ်နာရီအတွင်း ယွမ် (၁.၂) ဘီလျံတန်ဖိုးရှိ အခန်းများကို  ရောင်းချခဲ့ရပြီး  အခန်းများရဲ့ (၉၀) ရာခိုင်နှုန်းကို ရောင်းချခဲ့ခြင်းဖြစ်ကြောင်း တရုတ်အိမ်ခြံမြေသတင်းအချက်အလက်ကော်ပိုရေးရှင်း (CRIC) နဲ့ ချမ်းသာကြွယ်ဝမှုဆိုင်ရာစီမံခန့်ခွဲရေး သတင်းဝက်ဘ်ဆိုက်က ဖော်ပြခဲ့ပါတယ်။
တရုတ်နိုင်ငံအတွင်းရှိ မြို့ကြီးအချို့၌ အိမ်ဝယ်ယူရန်ကြည့်ရှုခြင်းနဲ့ပတ်သက်၍ ကန့်သတ်ချက်များရှိနေဆဲဖြစ်ပြီး တစ်ဦးတစ်ယောက်တည်းကသာ အိမ်ခြံမြေဝယ်ယူရန် သွားရောက်ကြည့်ရှုနိုင်သည့် စည်းမျဉ်းစည်းကမ်းက အိမ်ခြံမြေအရောင်းအဝယ်စျေးကွက်ကို အတားအဆီးဖြစ်စေကြောင်း သိရှိရပါတယ်။ ဒါ့အပြင် ကို ရိုနာဗိုင်းရပ်စ်ကြောင့် တ ရုတ်နိုင်ငံတွင်း အလုပ်လက်မဲ့ဖြစ်နှုန်းက (၂၀၂၀) ခုနှစ်၊ ဇန်နဝါရီလနှင့်  ဖေဖော်ဝါရီလများ၌ (၆.၂) ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ပြီး အလုပ်လက်မဲ့ဖြစ်ခဲ့သူပေါင်း (၂၇.၄) သန်းအထိ ရှိခဲ့ပါတယ်။
အများစုမှာ ဝင်ငွေနည်းပါးသည့်ကုန်ထုတ်လုပ်ငန်းနဲ့ ဝန်ဆောင်မှုလုပ်ငန်းများမှဖြစ်ပေမယ့် ကမ္ဘာ့စီးပွားရေးကျဆင်းမှုရဲ့ အကျိုးဆက်အနေဖြင့် စီးပွားရေးကဏ္ဍအားလုံး၌ အကျိုးသက်ရောက်မှု ရှိလာနိုင်ပါတယ်။ စင်ကာပူနိုင်ငံအတွင်း၌လည်း အိမ်ခြံမြေစျေးကွက်က (၂၀၂၀) ခုနှစ်၊ ပထမ (၃) လပတ်အတွင်း (၁.၂) ရာခိုင်နှုန်းကျဆင်းခဲ့ပြီး 99.co data မှထုတ်ပြန်သည့်အချက်အလက်များအရ ကွန်ဒိုတိုက်ခန်းများရောင်းချနှုန်းက ပြီးခဲ့သည့်နှစ်ကထက် (၃၀) ရာခိုင်နှုန်းကျဆင်းသွားခဲ့ပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ကြောင့် (၂၀၂၀) ခုနှစ်၊ မတ်လအတွင်း ကွန်ဒိုတိုက်ခန်းအသစ်များ ရောင်းချနှုန်း ဆက်လက်ကျဆင်းမည်ဖြစ်ပြီး မေလလယ်၌ ကန့်သတ်ချက်များဖြေလျှော့ပေးလိုက်ပါက ဝယ်ယူသူများ ပြန်လည်ရောက်ရှိလာနိုင်ပါတယ်။ စင်ကာပူနိုင်ငံ၌ ချေးငွေနဲ့ပတ်သက်သည့် တင်းကြပ်သော စည်းမျဉ်းစည်းကမ်းများ၊ တံဆိပ်ခေါင်းအခွန်များရှိနေပေမယ့် ဝယ်သူများ  ပြန်လည်ရောက်ရှိလာသည့်  သာဓကများရှိခဲ့ခြင်းကြောင့် စင်ကာပူနိုင်ငံရဲ့ကွန်ဒိုစျေးကွက်အတွင်း တရုတ်ဝယ်လိုအား ပြန်လည်များပြားလာပါက ပုဂ္ဂလိကအိမ်ခြံမြေစျေးနှုန်းများ ပြန်လည်မြင့်တက်လာနိုင်ကြောင်း ခန့်မှန်းထားကြပါတယ်။
<Unicode Version>
Lockdown ကာလအပြီး တရုတ်အိမ်ခြံမြေဈေးကွက်အလားအလာ။
- Advertisement -
ရက်သတ္တပတ် (၉) ပတ်ကြာမြင့်သည့် Lockdown ကာလကို ရုပ်သိမ်းပေးလိုက်ပြီးနောက် တရုတ်နိုင်ငံရှိ အဓိကမြို့ကြီး (၇၀) မှ အိမ်ခြံမြေဈေးနှုန်းများက (၂၀၂၀) ခုနှစ်၊ မတ်လအတွင်း (၀.၁၃) ရာခိုင်နှုန်း တိုးတက်လာခဲ့ကြောင်း သိရှိရပါတယ်။ ဒါ့အပြင် ထပ်ဆင့်ရောင်းချသည့်ဈေးကွက်၌လည်း ပြီးခဲ့သည့်ဖေဖော်ဝါရီလနဲ့ နှိုင်းယှဉ်လိုက်ပါက မတ်လအတွင်း (၀.၀၅၅) ရာခိုင်နှုန်း တိုးတက်လာခဲ့ပါတယ်။
အဓိကမြို့ကြီးများဖြစ်သည့် Shenzhen, Chengdu, Fuzhou, Hangzhou, Huaian, Yangzhou, Jiaxing နဲ့ Shantou တို့၌ ပြီးခဲ့သည့် (၂၀၁၉) ခုနှစ်ရဲ့နောက်ဆုံး (၃) လပတ်နဲ့ နှိုင်းယှဉ်လိုက်မည်ဆိုပါက အိမ်ခြံမြေဈေးကွက်ဝယ်လိုအားက ပြန်လည်မြင့်တက်လာခဲ့ပြီး ဝယ်ယူသူများအနေဖြင့် ဈေးကွက်အတွင်းသို့ ပြန်လည်ရောက်ရှိလာသည့် လက္ခဏာများကို ပြသနေပါတယ်။ ယခုဖော်ပြခဲ့သည့် ကိန်းဂဏန်းများသည် တရုတ်နိုင်ငံရှိ အမျိုးသားစာရင်းအင်းဗျူရိုအဖွဲ့ (NBS) က ထုတ်ပြန်ခဲ့သည့်အချက်အလက်များဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ် အဓိကကူးစက်ခံခဲ့ရသည့်မြို့များဖြစ်သည့် Wuhan နဲ့ Hubei မြို့တို့ရှိ အိမ်ခြံမြေဈေးကွက်မှာမူ ပြီးခဲ့သည့်ဖေဖော်ဝါရီလနဲ့နှိုင်းယှဉ်လိုက်ပါက ပြောင်းလဲမှုမရှိကြောင်း သိရှိရပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့နေသည့်ကာလအတွင်း တရုတ်နိုင်ငံ၌အိမ်ခြံမြေဈေးကွက်အပါအဝင် အခြားသောစီးပွားရေးလုပ်ငန်းများအားလုံးကို ရပ်ဆိုင်းခဲ့ရပြီး (၂၀၂၀) ခုနှစ်ရဲ့ ပထမဆုံး (၃) လပတ်အတွင်း၌ အိမ်ခြံမြေဈေးနှုန်းများ (၆.၈) ရာခိုင်နှုန်းကျဆင်းမည်ဟု မျှော်လင့်ခဲ့ကြပါတယ်။ ကနဦး၌ (၆.၅) ရာခိုင်နှုန်းသာ ကျဆင်းမည်ဟု ခန့်မှန်းခဲ့သော်လည်း (၂၀၂၀) ခုနှစ်ရဲ့ ပထမ (၃) လပတ်အတွင်း နိုင်ငံရဲ့ GDP တန်ဖိုးက ပြီးခဲ့သည့် (၂၀၁၉) ခုနှစ်ရဲ့နောက်ဆုံး (၃) လပတ်အတွင်း GDP တန်ဖိုးထက် (၆) ရာခိုင်နှုန်း ပိုမိုများပြားလာကြောင်း သိရှိရပါတယ်။
<Zawgyi Version>
Source ~ 99.co
#HM(Soshwe)
#soshwehomeandproperty
#soshweforyourdailylife
#likeandshare
- Advertisement -
LEAVE A REPLY
Please enter your comment!
Please enter your name here
nineteen + 7 =
Must Read
အလွန်ချစ်ဖို့ကောင်းတဲ့ အမူအယာမျိုးစုံနဲ့ ခွေးလေးများ။
ဒီတစ်ခေါက်မှာတော့ Soshwe ကနေ ခွေးလေးတွေကို ချစ်ခင်နှစ်သက်ကြတဲ့ သူငယ်ချင်းတွေအတွက် အမူအယာအမျိုးမျိုးနဲ့ ချစ်စရာကောင်းတဲ့ခွေးလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော် . . .   ၁။ ဘယ်လိုတောင်ဆော့လဲမေး . . . ၂။ နေချင်သလိုနေမယ်၊ လုပ်ချင်သလို လုပ်မယ်ဆိုတဲ့အထာမျိုုး . . . ၃။ သခင်လိုပဲ သူလည်းသောက်ချင်မှာပေါ့...