Breaking News

ယူနိုက်တက်အသင်းနဲ့အတူ လေ့ကျင့်ခန်းပြန်ဆင်းနိုင်တော့မည့် အဓိက ကစားသမားတစ်ဦး။

ယူနိုက်တက်အသင်းရဲ့အဓိကတိုက်စစ်မှူးတစ်ဦးဖြစ်သူ ရပ်ရှ်ဖို့ဒ်သည် နောက်ကျောဒဏ်ရာကြောင့် ကာလတစ်ခုအကြာ အနားယူရပြီးနောက် အသင်းအတွက် လေ့ကျင့်ခန်းပြန်ဆင်းပေးနိုင်တော့မည်ဖြစ်ကြောင်း သိရှိရပါတယ်။ အဆိုပါအင်္ဂလန်လက်ရွေးစင်တိုက်စစ်မှူးသည် ပြီးခဲ့သည့်ဇန်နဝါရီလအတွင်းက ဝုလ်ဗ်အသင်းကို ၁-၀ ဂိုးနဲ့အနိုင်ရရှိခဲ့သည့် FA ဖလားပြန်ကန်ပွဲ၌ ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပြီး ကနဦး၌ ဇွန်လတွင်ကစားမည့် ယူရို- ၂၀၂၀ ပြိုင်ပွဲကိုပါ လွဲချော်နိုင်ဖွယ်ရှိကြောင်း သတင်းများထွက်ပေါ်ခဲ့ပါတယ်။

ဒါပေမယ့် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်ပွဲစဉ်များကို ရပ်နားထားရသလို ယူရို- ၂၀၂၀ ပြိုင်ပွဲကိုလည်း လာမယ့် (၂၀၂၁) ခုနှစ်အထိ ရွှေ့ဆိုင်းလိုက်ရပါတယ်။ Lockdown ကာလအတွင်း၌ ရပ်ရှ်ဖို့ဒ်က ကြံ့ခိုင်ရေးလေ့ကျင့်ခန်းများကို အကောင်းဆုံးပြုလုပ်ခဲ့ပြီး The Sun သတင်းစာရဲ့ဖော်ပြချက်အရ ရပ်ရှ်ဖို့ဒ်သည် ပြီးခဲ့သည့်တနလာင်္နေ့က ယူနိုက်တက်အသင်းရဲ့လေ့ကျင့်ရေးကွင်းကို ရောက်ရှိလာခဲ့ကာ သူ့ရဲ့ဒဏ်ရာအခြေအနေနဲ့ပတ်သက်၍ အသင်းရဲ့ဆေးအဖွဲ့နဲ့ဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်း သိရှိရပါတယ်။

ထို့နောက်ရပ်ရှ်ဖို့ဒ်အနေနဲ့ ကာရင်တန်လေ့ကျင့်ရေးကွင်းရှိ Gym ခန်းမ၌ ကြံ့ခိုင်မှုလေ့ကျင့်ခန်းများပြုလုပ်ခဲ့ပြီး ယူနို်က်တက်အသင်းရဲ့ လေ့ကျင့်ခန်းအစီအစဉ်များ ပြန်လည်စတင်ပါက အသင်းနဲ့အတူတကွ  လေ့ကျင့်ခန်းပြန်ဆင်းနိုင်ဖွယ်ရှိပါတယ်။ သတင်းများရဲ့ဖော်ပြချက်အရ ယူနိုုက်တက်အသင်းသည် လာမယ့်မေလအတွင်း၌ လေ့ကျင့်ခန်းအစီအစဉ်များကို ပြန်လည်စတင်ဖွယ်ရှိပြီး အသင်းရဲ့ရာသီလက်ကျန်ပွဲစဉ်များကို ပါဝင်ကစားနိုင်ရန်အတွက်လည်း ရပ်ရှ်ဖို့်ဒ်ကပစ်မှတ်ထားနေပါတယ်။

ရပ်ရှ်ဖို့်ဒ်သည် ယူနိုက်တက်အသင်းရဲ့အဓိကတိုက်စစ်မှူးတစ်ဦးဖြစ်ပြီး အသင်းအတွက်လိဂ်ပွဲ (၂၂) ပွဲကစား၊ သွင်းဂိုး (၁၄) ဂိုး သွင်းယူပေးထားနိုင်သည့် ကစားသမားတစ်ဦးလည်းဖြစ်ပါတယ်။

<Unicode Version>

 

 

 

ယူႏုိက္တက္အသင္းနဲ႔အတူ ေလ့က်င့္ခန္းျပန္ဆင္းႏုိင္ေတာ့မည့္ အဓိက ကစားသမားတစ္ဦး။

ယူႏိုက္တက္အသင္းရဲ႕အဓိကတုိက္စစ္မွဴးတစ္ဦးျဖစ္သူ ရပ္ရွ္ဖို႔ဒ္သည္ ေနာက္ေက်ာဒဏ္ရာေၾကာင့္ ကာလတစ္ခုအၾကာ အနားယူရၿပီးေနာက္ အသင္းအတြက္ ေလ့က်င့္ခန္းျပန္ဆင္းေပးႏိုင္ေတာ့မည္ျဖစ္ေၾကာင္း သိရိွရပါတယ္။ အဆိုပါအဂၤလန္လက္ေရြးစင္တုိက္စစ္မွဴးသည္ ၿပီးခဲ့သည့္ဇန္နဝါရီလအတြင္းက ဝုလ္ဗ္အသင္းကို ၁-၀ ဂိုးနဲ႔အႏုိင္ရရွိခဲ့သည့္ FA ဖလားျပန္ကန္ပဲြ၌ ဒဏ္ရာရရွိခဲ့ျခင္းျဖစ္ၿပီး ကနဦး၌ ဇြန္လတြင္ကစားမည့္ ယူရို- ၂၀၂၀ ၿပိဳင္ပဲြကိုပါ လဲြေခ်ာ္ႏိုင္ဖြယ္ရွိေၾကာင္း သတင္းမ်ားထြက္ေပၚခဲ့ပါတယ္။

ဒါေပမယ့္ ကိုရိုနာဗုိင္းရပ္စ္ေၾကာင့္ ပရီးမီးယားလိဂ္ပဲြစဥ္မ်ားကို ရပ္နားထားရသလို ယူရို- ၂၀၂၀ ၿပိဳင္ပဲြကိုလည္း လာမယ့္ (၂၀၂၁) ခုႏွစ္အထိ ေရႊ႕ဆိုင္းလိုက္ရပါတယ္။ Lockdown ကာလအတြင္း၌ ရပ္ရွ္ဖို႔ဒ္က ႀကံ႕ခိုင္ေရးေလ့က်င့္ခန္းမ်ားကို အေကာင္းဆံုးျပဳလုပ္ခဲ့ၿပီး The Sun သတင္းစာရဲ႕ေဖာ္ျပခ်က္အရ ရပ္ရွ္ဖုိ႔ဒ္သည္ ၿပီးခဲ့သည့္တနလာၤေန႔က ယူႏိုက္တက္အသင္းရဲ႕ေလ့က်င့္ေရးကြင္းကို ေရာက္ရွိလာခဲ့ကာ သူ႔ရဲ႕ဒဏ္ရာအေျခအေနနဲ႔ပတ္သက္၍ အသင္းရဲ႕ေဆးအဖဲြ႕နဲ႔ေဆြးေႏြးမႈမ်ားျပဳလုပ္ခဲ့ေၾကာင္း သိရိွရပါတယ္။

ထို႔ေနာက္ရပ္ရွ္ဖို႔ဒ္အေနနဲ႔ ကာရင္တန္ေလ့က်င့္ေရးကြင္းရိွ Gym ခန္းမ၌ ႀကံ႕ခိုင္မႈေလ့က်င့္ခန္းမ်ားျပဳလုပ္ခဲ့ၿပီး ယူႏို္က္တက္အသင္းရဲ႕ ေလ့က်င့္ခန္းအစီအစဥ္မ်ား ျပန္လည္စတင္ပါက အသင္းနဲ႔အတူတကြ  ေလ့က်င့္ခန္းျပန္ဆင္းႏိုင္ဖြယ္ရွိပါတယ္။ သတင္းမ်ားရဲ႕ေဖာ္ျပခ်က္အရ ယူႏိုုက္တက္အသင္းသည္ လာမယ့္ေမလအတြင္း၌ ေလ့က်င့္ခန္းအစီအစဥ္မ်ားကို ျပန္လည္စတင္ဖြယ္ရွိၿပီး အသင္းရဲ႕ရာသီလက္က်န္ပဲြစဥ္မ်ားကို ပါဝင္ကစားႏုိင္ရန္အတြက္လည္း ရပ္ရွ္ဖို႔္ဒ္ကပစ္မွတ္ထားေနပါတယ္။

ရပ္ရွ္ဖို႔္ဒ္သည္ ယူႏိုက္တက္အသင္းရဲ႕အဓိကတိုက္စစ္မွဴးတစ္ဦးျဖစ္ၿပီး အသင္းအတြက္လိဂ္ပဲြ (၂၂) ပဲြကစား၊ သြင္းဂိုး (၁၄) ဂိုး သြင္းယူေပးထားႏိုင္သည့္ ကစားသမားတစ္ဦးလည္းျဖစ္ပါတယ္။

<Zawgyi Version>

 

 

Source ~ Sportsmole

#HM(Soshwe)

#soshwesport

#soshweforyourdailylife

 

 

About So Shwe

Check Also

ရိုနယ်ဒိုနဲ့ ရုပ်ချင်းဆင်တဲ့အမျိုးသား ပေါ်ထွက်လာ။

အသက် ၂၅ နှစ်အရွယ် ဟောင်ကောင်ဘောလုံးသမား အော်မက်တ်သရူး အယ်လီယက် (မက်တ် အော်) ဟာ အခုလက်ရှိမှာတော့ လူမှုကွန်ယက်အသုံးပြုသူတွေရဲ့စိတ်ဝင်စားမှုကို ရရှိနေပါတယ်။ မကြာသေးခင်က AFC Asian …

Leave a Reply

Your email address will not be published.

instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro