Breaking News
လာလီဂါရဲ့တက်သစ်စကြယ်ပွင့်တစ်ဦးကို ပစ်မှတ်ထားနေသည့် ယူနိုက်တက်အသင်း။
ယူနိုက်တက်အသင်းသည် စပိန်လာလီဂါကလပ်ဗယ်လာဒိုးလစ်အသင်းရဲ့ ဗဟိုနောက်ခံလူ မိုဟာမက်ဆာလီဆုကို ခေါ်ယူရန် စိတ်ဝင်စားလာကြောင်း သိရှိရပါတယ်။ အသက် (၂၁) နှစ်အရွယ် အဆိုပါနောက်ခံလူသည် လက်ရှိဘောလုံးရာသီ၌ ဗယ်လာဒိုးလစ်အသင်းရဲ့ အဓိက ကစားသမားတစ်ဦးအဖြစ် ခြေစွမ်းပြလျက်ရှိပြီး အသင်းကလည်းစပိန်လာလီဂါအမှတ်ပေးဇယားရဲ့ အဆင့် (၁၅) နေရာ၌ ရပ်တည်နေပါတယ်။
AS သတင်းစာရဲ့ဖော်ပြချက်အရ ဗယ်လာဒိုးလစ်အသင်းနဲ့ ကစားသမားတို့ ချုပ်ဆိုထားသည့်စာချုပ်၌ ဆာလီဆုကို ခေါ်ယူလိုသည့် အသင်းအနေဖြင့် စာချုပ်ဖျက်သိမ်းကြေး ယူရို (၁၂) သန်း ပေးချေရဖွယ်ရှိပါတယ်။ နည်းပြဆိုးလ်ရှားရဲ့ ယူနိုက်တက်အသင်းက အဆိုပါဂါနာနောက်ခံလူကို ခေါ်ယူရန်စောင့်ကြည့်လျက်ရှိပြီး စပိန်လာလီဂါမှထိပ်တန်းအသင်းကြီးနှစ်သင်းဖြစ်သည့် ရီးရဲယ်မက်ဒရစ်နဲ့ အက်သလက်တီကိုမက်ဒရစ်အသင်းတို့ကလည်း ဆာလီဆုကိုခေါ်ယူရန် စိတ်ဝင်စားနေကြပါတယ်။
ဒါပေမယ့် ဗယ်လာဒိုလစ်အသင်းကမူ သူတို့ရဲ့အဓိကနောက်ခံလူကို စာချုပ်သက်တမ်းတိုးရန် ပြင်ဆင်နေပြီး ဆာလီဆုရဲဲ့ လက်ရှိစာချုပ်သက်တမ်းကလည်း (၂၀၂၁-၂၂) ခုနှစ် ဘောလုံးရာသီအပြီးမှာ ကုန်ဆုံးမှာဖြစ်ပါတယ်။ ယူနိုက်တက်အသင်းသည် ပြီးခဲ့သည့်နွေရာသီအပြောင်းအရွှေ့က မက်ဂွိုင်းရားအတွက် ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး အသုံးပြုခဲ့ပေမယ့် ရေရှည်စီမံကိန်းတစ်ခုအနေဖြင့် ယခုကဲ့သို့ ဆာလီဆုကို ခေါ်ယူရန်စိတ်ဝင်စားလာခဲ့ခြင်းဖြစ်ပါတယ်။
<Unicode Version>
<Zawgyi Version>
Source ~ Sportsmole
#HM(Soshwe)
#soshwesport
#soshweforyourdailylife
#likeandshare
About So Shwe
Check Also
ရိုနယ်ဒိုနဲ့ ရုပ်ချင်းဆင်တဲ့အမျိုးသား ပေါ်ထွက်လာ။
အသက် ၂၅ နှစ်အရွယ် ဟောင်ကောင်ဘောလုံးသမား အော်မက်တ်သရူး အယ်လီယက် (မက်တ် အော်) ဟာ အခုလက်ရှိမှာတော့ လူမှုကွန်ယက်အသုံးပြုသူတွေရဲ့စိတ်ဝင်စားမှုကို ရရှိနေပါတယ်။ မကြာသေးခင်က AFC Asian …
Leave a Reply
Your email address will not be published.
instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro