HomeSportပေါ့ဘာရဲ့အပြောင်းအရွှေ့အတွက် ဂျူဗင်တပ်စ်ကစားသမားတစ်ယောက်ကို ပြန်လည်အလိုရှိနေသည့် ယူနိုက်တက်။

ပေါ့ဘာရဲ့အပြောင်းအရွှေ့အတွက် ဂျူဗင်တပ်စ်ကစားသမားတစ်ယောက်ကို ပြန်လည်အလိုရှိနေသည့် ယူနိုက်တက်။

- Advertisement -

ယူနိုက်တက်အသင်းသည် ကွင်းလယ်ကစားသမားပေါ့ဘာကို ဂျူဗင်တပ်စ်အသင်းထံ လက်လွှတ်ခဲ့ရပါက အပြောင်းအရွှေ့ရဲ့တစ်စိတ်တစ်ပိုင်းအဖြစ် ဂျူဗင်တပ်စ်ကစားသမားတစ်ယောက်ကို ပြန်လည်ခေါ်ယူနိုင်ရန် ဆန္ဒရှိပါတယ်။ ယူနိုက်တက်အသင်းသည် ပေါ့ဘာကိုရောင်းချရန်ဆန္ဒမရှိဘဲ စာချုပ်သက်တမ်းတိုးရန် ကြိုးစားနေပေမယ့် ကစားသမားကသာ အသင်းမှ အမှန်တကယ်ထွက်ခွာလိုပါက  ရောင်းချသွားမည်ဖြစ်ပြီး   ပေါ့ဘာရဲ့အသင်းဟောင်း ဂျူဗင်တပ်စ်အသင်းက အဆိုပါကစားသမားကို ပြန်လည်ခေါ်ယူရန်ဆန္ဒရှိနေပါတယ်။

ပေါ့ဘာသည် ပြီးခဲ့သည့် (၂၀၁၆) ခုနှစ်ကမှ ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့် ဂျူဗင်တပ်စ်အသင်းမှ ယူနိုက်တက်အသင်းကို ပြန်လည်ပြောင်းရွှေ့လာခဲ့သည့် ယူနိုက်တက်အကယ်ဒမီထွက် ကစားသမားတစ်ဦးဖြစ်ပေမယ့် အသင်း၌ပုံမှန်ခြေစွမ်းပြသရန် ရုန်းကန်နေရပြီး ကွင်းပြင်ပနေထိုင်မှုပုံစံများကြောင့်လည်း ယူနိုက်တက်ဂန္တဝင်ကစားသမားများနဲ့ပရိသတ်များရဲ့ဝေဖန်မှုကို မကြာခဏခံနေရသည့် ကစားသမားလည်း ဖြစ်ပါတယ်။

- Advertisement -

ပေါ့ဘာအတွက်ယူနိုက်တက်အသင်းက အနည်းဆုံးပေါင်သန်း (၁၂၀) ရရှိရန် ပစ်မှတ်ထားနေပြီး ဂျူဗင်တပ်စ်အသင်းကမူ ပြောင်းရွှေ့ကြေးပမာဏသက်သာစေရန်အတွက် သူတို့ရဲ့ ကစားသမားတစ်ဦးဦးကို   ပေါ့ဘာအတွက်အလိုက်ပေးကမ်းလှမ်းရန်ဆန္ဒရှိပါတယ်။ အီတလီသတင်းစာတစ်စောင်ရဲ့ဖော်ပြချက်အရ ယူနိုက်တက်အသင်းရဲ့အမှုဆောင်ချုပ် အက်ဝုဒ်ဝက်နဲ့ နည်းပြဆိုးလ်ရှားတို့သည် ဂျူဗင်တပ်စ်အသင်းရဲ့  ကစားသမားများဖြစ်သည့် အဲလက်စ်ဆန်ဒရို၊ ပီယာနစ်၊ ရာဘီယူ၊ ဒေါက်ဂလပ်စ်ကော်စတာနဲ့ ရမ်ဆေးတို့အနက်တစ်ဦးကို ပြန်လည်ခေါ်ယူရန် ဆန္ဒရှိနေကြောင်း သိရှိရပါတယ်။

- Advertisement -

ပေါ့ဘာကိုခေါ်ယူရန်အတွက် စပိန်လာလီဂါကလပ် ရီးရဲယ်မက်ဒရစ်အသင်းကလည်း ကာလရှည်စိတ်ဝင်စားခဲ့ပြီး ဂျူဗင်တပ်စ်အသင်းအနေဖြင့် ပေါ့ဘာကိုသာ ခေါ်ယူလိုပါက ရီးရဲယ်မက်ဒရစ်အသင်းထက် လက်ဦးမှုရယူနိုင်ရန် လိုအပ်ပါတယ်။

- Advertisement -

<Unicode Version>

 

 

ေပါ့ဘာရဲ႕အေျပာင္းအေရႊ႕အတြက္ ဂ်ဴဗင္တပ္စ္ကစားသမားတစ္ေယာက္ကို ျပန္လည္အလိုရွိေနသည့္ ယူႏိုက္တက္။

ယူႏိုက္တက္အသင္းသည္ ကြင္းလယ္ကစားသမားေပါ့ဘာကို ဂ်ဴဗင္တပ္စ္အသင္းထံ လက္လႊတ္ခဲ့ရပါက အေျပာင္းအေရႊ႕ရဲ႕တစ္စိတ္တစ္ပိုင္းအျဖစ္ ဂ်ဴဗင္တပ္စ္ကစားသမားတစ္ေယာက္ကို ျပန္လည္ေခၚယူႏုိင္ရန္ ဆႏၵရွိပါတယ္။ ယူႏိုက္တက္အသင္းသည္ ေပါ့ဘာကိုေရာင္းခ်ရန္ဆႏၵမရွိဘဲ စာခ်ဳပ္သက္တမ္းတုိးရန္ ႀကိဳးစားေနေပမယ့္ ကစားသမားကသာ အသင္းမွ အမွန္တကယ္ထြက္ခြာလိုပါက  ေရာင္းခ်သြားမည္ျဖစ္ၿပီး   ေပါ့ဘာရဲ႕အသင္းေဟာင္း ဂ်ဴဗင္တပ္စ္အသင္းက အဆုိပါကစားသမားကို ျပန္လည္ေခၚယူရန္ဆႏၵရွိေနပါတယ္။

ေပါ့ဘာသည္ ၿပီးခဲ့သည့္ (၂၀၁၆) ခုႏွစ္ကမွ ကလပ္စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကးျဖင့္ ဂ်ဴဗင္တပ္စ္အသင္းမွ ယူႏိုက္တက္အသင္းကို ျပန္လည္ေျပာင္းေရႊ႕လာခဲ့သည့္ ယူႏိုက္တက္အကယ္ဒမီထြက္ ကစားသမားတစ္ဦးျဖစ္ေပမယ့္ အသင္း၌ပံုမွန္ေျခစြမ္းျပသရန္ ရုန္းကန္ေနရၿပီး ကြင္းျပင္ပေနထိုင္မႈပံုစံမ်ားေၾကာင့္လည္း ယူႏိုက္တက္ဂႏၱဝင္ကစားသမားမ်ားနဲ႔ပရိသတ္မ်ားရဲ႕ေဝဖန္မႈကို မၾကာခဏခံေနရသည့္ ကစားသမားလည္း ျဖစ္ပါတယ္။

ေပါ့ဘာအတြက္ယူႏိုက္တက္အသင္းက အနည္းဆံုးေပါင္သန္း (၁၂၀) ရရွိရန္ ပစ္မွတ္ထားေနၿပီး ဂ်ဴဗင္တပ္စ္အသင္းကမူ ေျပာင္းေရႊ႕ေၾကးပမာဏသက္သာေစရန္အတြက္ သူတုိ႔ရဲ႕ ကစားသမားတစ္ဦးဦးကို   ေပါ့ဘာအတြက္အလိုက္ေပးကမ္းလွမ္းရန္ဆႏၵရွိပါတယ္။ အီတလီသတင္းစာတစ္ေစာင္ရဲ႕ေဖာ္ျပခ်က္အရ ယူႏိုက္တက္အသင္းရဲ႕အမႈေဆာင္ခ်ဳပ္ အက္ဝုဒ္ဝက္နဲ႔ နည္းျပဆိုးလ္ရွားတို႔သည္ ဂ်ဴဗင္တပ္စ္အသင္းရဲ႕  ကစားသမားမ်ားျဖစ္သည့္ အဲလက္စ္ဆန္ဒရို၊ ပီယာနစ္၊ ရာဘီယူ၊ ေဒါက္ဂလပ္စ္ေကာ္စတာနဲ႔ ရမ္ေဆးတို႔အနက္တစ္ဦးကို ျပန္လည္ေခၚယူရန္ ဆႏၵရွိေနေၾကာင္း သိရွိရပါတယ္။

ေပါ့ဘာကိုေခၚယူရန္အတြက္ စပိန္လာလီဂါကလပ္ ရီးရဲယ္မက္ဒရစ္အသင္းကလည္း ကာလရွည္စိတ္ဝင္စားခဲ့ၿပီး ဂ်ဴဗင္တပ္စ္အသင္းအေနျဖင့္ ေပါ့ဘာကိုသာ ေခၚယူလိုပါက ရီးရဲယ္မက္ဒရစ္အသင္းထက္ လက္ဦးမႈရယူႏိုင္ရန္ လိုအပ္ပါတယ္။

<Zawgyi Version>

 

 

Source ~ Sportsmole

#HM(soshwe)

#soshwesport

#soshweforyourdailylife

#likeandshare

 

 

- Advertisement -

Must Read