အသက်၂၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ကမ္ဘာကျော်ထိပ်တန်းမော်ဒယ် Gigi Hadid ဟာ သူ့ရဲ့ချစ်သူ Zayn Malik ရဲ့ ရင်သွေးဦးလေးကို လွယ်ထားရပြီဖြစ်ကြောင်း Gigi ရဲ့မိသားစုဝင်တစ်ဦးက ပြောပြလာခဲ့ပါတယ်။ ပိုပြီးအံ့သြစရာကောင်းတာကတော့ Gigi ဟာ Zayn ရဲ့ ရင်သွေးလေးကို လွယ်ထားရတာဟာ ရက်သတ္တပတ် ၂၀ ခန့် ရှိပြီဆိုတာပဲဖြစ်ပါတယ်။
ပထမပိုင်းမှာတော့ ဒီသတင်းက သတင်းအမှားလို့ လူတွေကထင်ခဲ့ကြပေမယ့် မကြာသေးခင်မှာ Gigi ရဲ့ အမေဖြစ်သူ Yolanda Hadid က သမီးဖြစ်သူရဲ့ ပထမဦးဆုံးသောရင်သွေးနဲ့ ပတ်သက်ပြီး ချီးမွမ်းစကားဆိုခဲ့ကာ Gigi ရဲ့ ရင်သွေးလေးဟာ မိန်းကလေးဖြစ်ကြောင်း မျှဝေပြောပြခဲ့ပါတယ်။
Gigi နဲ့ Zayn တို့ဟာ ၂၀၁၅ ခုနှစ်မှာ စတင်တွဲခဲ့ပြီး ၂၀၁၈ ခုနှစ်မှာတော့ လမ်းခွဲခဲ့ကြပါတယ်။ ဒါပေမယ့်လည်း သိပ်မကြာခင်မှာပဲ နှစ်ဦးသားဟာ ပြန်တွဲနေပြီဖြစ်ကြောင်း မြင်တွေ့လာရပါတယ်။ ဒါ့အပြင် Gigi က ချစ်သူများနေ့မှာ Zayn ရဲ့ ဓာတ်ပုံကို သူ့ရဲ့အင်စတာဂရမ်အကောင့်မှာ တင်ခဲ့တာပဲဖြစ်ပါတယ်။
မကြာသေးခင်ကမှကျင်းပခဲ့တဲ့ အသက်၂၅ နှစ်ပြည့်မွေးနေ့ပွဲနဲ့ ပတ်သက်ပြီးတော့လည်း Gigi က သူ့ရဲ့အင်စတာဂရမ်အကောင့်မှာ “ကျင်းပခဲ့ဖူးတဲ့ မွေးနေ့ပွဲတွေထဲမှာ၂၅ နှှစ်ပြည့်မွေးနေ့ပွဲက သူ့ကိုအပျော်ရွှင်စေဆုံး” ဆိုပြီး ရေးသားဖော်ပြခဲ့ပါတယ်။ ဒါ့အပြင် COVID-19 ကြောင့် အိမ်တွင်းမှာပဲနေရပေမယ့် မွေးနေ့ပွဲကို မိသားစုဝင်တွေ ချစ်ခင်ရသူတွေနဲ့ ကျင်းပခဲ့ရတာကြောင့် Gigi တစ်ယောက် စိတ်ပေါ့လက်ပေါ့နဲ့ ပိုပြီးပျော်ရွှင်နေရတယ်ဆိုတာကိုတော့ ငြင်းစရာမလိုပါဘူးနော်။
Gigi က Zayn ရဲ့ရင်သွေးလေးကို လွယ်ထားရပြီဖြစ်ကြောင်းကို မိသားစုဝင်တွေနဲ့ အရမ်းရင်းနှီးတဲ့ မိတ်ဆွေ၊ သူငယ်ချင်းတွေကိုသာ အသိပေးထားခဲ့ပါတယ်။ အခုချိန်မှာတော့ မင်္ဂလာရှိတဲ့သတင်းလေးဟာ ကမ္ဘာတစ်ဝှမ်းကို ပျံ့နှံ့သွားပြီဖြစ်တာကြောင့် Gigi နဲ့သူ့ရဲ့ရင်သွေးလေး ကျန်းမာဖို့ပဲဆုတောင်းပေးရပါမယ်။
Zayn ရဲ့ မိသားစုဝင်တွေနဲ့ Gigi ရဲ့မိသားစုဝင်တွေဟာလည်း ဒီသတင်းကြောင့် ပျော်ရွှင်ကြည်နူးနေရကြောင်း မိသားစုဝင်တစ်ဦးက ထုတ်ဖော်ပြောပြခဲ့ပါတယ်။
<Unicode Version>
Gigi Hadid တစ္ေယာက္ ကုိယ္ဝန္ရွိေနၿပီလား ? ? ?
အသက္၂၅ ႏွစ္အရြယ္ရွိၿပီျဖစ္တဲ့ ကမာၻေက်ာ္ထိပ္တန္းေမာ္ဒယ္ Gigi Hadid ဟာ သူ႔ရဲ႕ခ်စ္သူ Zayn Malik ရဲ႕ ရင္ေသြးဦးေလးကို လြယ္ထားရၿပီျဖစ္ေၾကာင္း Gigi ရဲ႕မိသားစုဝင္တစ္ဦးက ေျပာျပလာခဲ့ပါတယ္။ ပိုၿပီးအံ့ၾသစရာေကာင္းတာကေတာ့ Gigi ဟာ Zayn ရဲ႕ ရင္ေသြးေလးကို လြယ္ထားရတာဟာ ရက္သတၱပတ္ ၂၀ ခန္႔ ရွိၿပီဆိုတာပဲျဖစ္ပါတယ္။
ပထမပိုင္းမွာေတာ့ ဒီသတင္းက သတင္းအမွားလို႔ လူေတြကထင္ခဲ့ၾကေပမယ့္ မၾကာေသးခင္မွာ Gigi ရဲ႕ အေမျဖစ္သူ Yolanda Hadid က သမီးျဖစ္သူရဲ႕ ပထမဦးဆံုးေသာရင္ေသြးနဲ႔ ပတ္သက္ၿပီး ခ်ီးမြမ္းစကားဆိုခဲ့ကာ Gigi ရဲ႕ ရင္ေသြးေလးဟာ မိန္းကေလးျဖစ္ေၾကာင္း မွ်ေဝေျပာျပခဲ့ပါတယ္။
Gigi နဲ႔ Zayn တို႔ဟာ ၂၀၁၅ ခုႏွစ္မွာ စတင္တြဲခဲ့ၿပီး ၂၀၁၈ ခုႏွစ္မွာေတာ့ လမ္းခြဲခဲ့ၾကပါတယ္။ ဒါေပမယ့္လည္း သိပ္မၾကာခင္မွာပဲ ႏွစ္ဦးသားဟာ ျပန္တြဲေနၿပီျဖစ္ေၾကာင္း ျမင္ေတြ႕လာရပါတယ္။ ဒါ့အျပင္ Gigi က ခ်စ္သူမ်ားေန႔မွာ Zayn ရဲ႕ ဓာတ္ပံုကို သူ႔ရဲ႕အင္စတာဂရမ္အေကာင့္မွာ တင္ခဲ့တာပဲျဖစ္ပါတယ္။
မၾကာေသးခင္ကမွက်င္းပခဲ့တဲ့ အသက္၂၅ ႏွစ္ျပည့္ေမြးေန႔ပြဲနဲ႔ ပတ္သက္ၿပီးေတာ့လည္း Gigi က သူ႔ရဲ႕အင္စတာဂရမ္အေကာင့္မွာ “က်င္းပခဲ့ဖူးတဲ့ ေမြးေန႔ပြဲေတြထဲမွာ၂၅ ႏွွစ္ျပည့္ေမြးေန႔ပြဲက သူ႔ကိုအေပ်ာ္ရႊင္ေစဆံုး” ဆိုၿပီး ေရးသားေဖာ္ျပခဲ့ပါတယ္။ ဒါ့အျပင္ COVID-19 ေၾကာင့္ အိမ္တြင္းမွာပဲေနရေပမယ့္ ေမြးေန႔ပြဲကို မိသားစုဝင္ေတြ ခ်စ္ခင္ရသူေတြနဲ႔ က်င္းပခဲ့ရတာေၾကာင့္ Gigi တစ္ေယာက္ စိတ္ေပါ့လက္ေပါ့နဲ႔ ပိုၿပီးေပ်ာ္ရႊင္ေနရတယ္ဆိုတာကိုေတာ့ ျငင္းစရာမလိုပါဘူးေနာ္။
Gigi က Zayn ရဲ႕ရင္ေသြးေလးကို လြယ္ထားရၿပီျဖစ္ေၾကာင္းကို မိသားစုဝင္ေတြနဲ႔ အရမ္းရင္းႏွီးတဲ့ မိတ္ေဆြ၊ သူငယ္ခ်င္းေတြကိုသာ အသိေပးထားခဲ့ပါတယ္။ အခုခ်ိန္မွာေတာ့ မဂၤလာရွိတဲ့သတင္းေလးဟာ ကမာၻတစ္ဝွမ္းကို ပ်ံ႕ႏွံ႕သြားၿပီျဖစ္တာေၾကာင့္ Gigi နဲ႔သူ႔ရဲ႕ရင္ေသြးေလး က်န္းမာဖို႔ပဲဆုေတာင္းေပးရပါမယ္။
Zayn ရဲ႕ မိသားစုဝင္ေတြနဲ႔ Gigi ရဲ႕မိသားစုဝင္ေတြဟာလည္း ဒီသတင္းေၾကာင့္ ေပ်ာ္ရႊင္ၾကည္ႏူးေနရေၾကာင္း မိသားစုဝင္တစ္ဦးက ထုတ္ေဖာ္ေျပာျပခဲ့ပါတယ္။
<Zawgyi Version>
Source ~ Unilad
#SY(Soshwe
#soshweentertainment
#soshweforyourdailylife
#likeandshare