၁။ ကပ်ရောဂါဆိုးနဲ့ ပတ်သက်ပြီး တရုတ်အစိုးရကို အပြစ်ဖို့။
Covid-19 ရောဂါဟာ တရုတ်နိုင်ငံ ဝူဟန်မြို့ကနေ စတင်တွေ့ရှိခဲ့တာမို့ ရောဂါရဲ့အရင်းမြစ်ကို မရှာဖွေနိုင်ခဲ့ဘဲ ကာလတိုအတွင်းမှာပဲ ကမ္ဘာတစ်ဝှမ်းလုံးကို ပျံ့နှံ့သွားတာကြောင့် ရောဂါမပျံ့နှံ့သွားစေဖို ့ မထိန်းချုပ်နိုင်ခဲ့တဲ့ တရုတ်နိုင်ငံအစိုးရအဖွဲ့ကို လက်ညိုးထိုးအပြစ်တင်ခဲ့ပါတယ်။
၂။ အမေရိကန်ပြည်ထောင်စု သမ္မတ Donald Trump ရဲ့ စွပ်စွဲချက်။
PTI သတင်းဌာနရဲ့ သတင်းစီရင်ခံချက်အရ အမေရိကန်ပြည်ထောင်စု သမ္မတ Donald Trump ဟာ တရုတ်အစိုးရအနေနဲ့ COVID-19 ရောဂါကို အချိန်တိုအတွင်းမှာ ရောဂါမပျံ့နှံ့အောင် မထိန်းချုပ်နိုင်ခဲ့တဲ့တာဟာ ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ နိုင်ငံပေါင်း ၁၈၄ နိုင်ငံကို ငရဲတွင်းထဲ တွန်းပို့ရာရောက်ခဲ့ကြောင်း စွပ်စွဲခဲ့ပါတယ်။
၃။ ပျက်စီးဆုံးရှုံးမှုအတွက် နစ်နာကြေးတောင်းခြင်း။
အမေရိကန်ပြည်ထောင်စု သမ္မတ Donald Trump က တရုတ်အစိုးရဟာ ရောဂါပိုးပျံ့နှံ့မှုကို အချိန်မှီမထိန်းချုပ်နိုင်ခဲ့တာကြောင့် နောက်ဆက်တွဲအကျိုးဆက်အနေဖြင့် ကမ္ဘာတစ်ဝှမ်းက တိုင်းသူပြည်သားတွေရဲ့ အသက်တွေကို ဆုံးရှုံးစေခဲ့တဲ့အတွက် နစ်နာကြေးတောင်းခံမည်ဖြစ်ကြောင်း ပြောကြားလာခဲ့ပါတယ်။
၄။ အတူတကွရင်ဆိုင်ခြင်း။
အမေရိကန်ပြည်ထောင်စု လွတ်တော်အမတ် Ted Cruz နဲ့ သူ့ရဲ့လုပ်ဖော်ကိုင်ဖက်တွေက နိုင်ငံလုံခြုံရေးအတွက် လိုအပ်တဲ့ကုန်ကြမ်းနဲ့ ကုန်စည်စီးဆင်းမှုကို အဓိကထားကိုင်တွယ်ဖို့ အမျိုးသားကာကွယ်ရေးဌာန အတွင်းရေးမှူး Mark Esper နဲ့ အတွင်းရေးမှူး David Bernhardt တို့ကို သတိပေးလှုံ့ဆော်လာပါတယ်။
၅။ အမေရိကန်ပြည်ထောင်စုသမ္မတအပြင် အခြားအင်အားကြီးနိုင်ငံများကပါ တရုတ်အစိုးရကို အပြစ်ဖို့လာ။
ဗြိတိသျှနိုင်ငံ နဲ့ ဂျာမနီနိုင်ငံက ခေါင်းဆောင်များကပါ Covid-19 ကြောင့် နိုင်ငံသားတွေရဲ့ အသက်ဆုံးရှုံးရခြင်းနဲ့ စီးပွားရေးကျဆင်းလာမှုဟာ တရုတ်အစိုးရရဲ့ တစ်ဖက်လှည့်တိုက်ခိုက်မှုဖြစ်ကြောင်း ယုံကြည်ထားပြီး တရုတ်အစိုးရရဲ့ ရောဂါပျံ့နှံ့မှုကို အချိန်မှီမထိန်းချုပ်နိုင်ခြင်းကြောင့် အခြားနိုင်ငံများရဲ့ စီးပွားရေးနဲ့ ပြည်သူလုထုတစ်ရပ်လုံးရဲ့ ကျန်းမာရေးကိုပါ ထိခိုက်လာကြောင်း အပြစ်တင် ပြောဆိုလာကြပါတယ်။
<Unicode Version>
တရုတ်အစိုးရကို အမေရိကန်ပြည်ထောင်စုသမ္မတ Donald Trump က အမျက်တော်ရှရတဲ့အကြောင်းအရင်း။
၎။ အတူတကွရင်ဆိုင်ခြင်း။
<Zawgyi Version>
Source ~ Economictimes
#SY(Soshwe)
#soshwenews
#soshweforyourdailylife
#likeandshare