Samsung ကုမ္ပဏီဟာ အရည်အသွေးမြင့် အီလက်ထရောနစ်ပစ္စည်းတွေကို ထုတ်လုပ်ရောင်းချတဲ့ တောင်ကိုးရီးယားနိုင်ငံအခြေစိုက် အီလက်ထရောနစ် ကုမ္ပဏီဖြစ်ပါတယ်။ Samsung ကုမ္ပဏီရဲ့ ဥက္ကဌဟောင်း Lee Kun-Hee က ပင်စင်ယူသွားတဲ့အခါမှာ သားဖြစ်သူ Lee Jae-Yong ကို အရိုက်အရာဆက်ခံစေခဲ့ပါတယ်။ ဥက္ကဌကြီး Lee Kun-Hee က ၂၀၁၄ ခုနှစ်မှာ နှလုံးအမောဖောက်တဲ့ရောဂါကြောင့် သေဆုံးသွားခဲ့ပါတယ်။
ယခုလက်ရှိ Samsung ကုမ္ပဏီရဲ့ ဥက္ကဌဖြစ်သူ Lee Jae-Yong က သူ့ရဲ့နေရာကို သားသမီးတွေကို လွှဲပြောင်းပေးဖို့အစီအစဉ်မရှိကြောင်း သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။ ဥက္ကဌကြီး Lee Jae-Yong က “ဒီကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော်စဉ်းစားနေတာ အတော်ကြာခဲ့ပြီ။ ကျွန်တော့်ရဲ့ ထင်မြင်ယူဆချက်တွေကို ပွင့်လင်းစွာဖွင့်ဟဝန်ခံဖို့အတွက် တွန့်ဆုတ်နေခဲ့တာပါ။ စီးပွားရေးလုပ်ရတာဟာ ထင်တာထက်ကို ပိုခက်ခဲတယ် ဆိုတဲ့ စကားမျိုးပြောဖို့ကလည်း ကျွန်တော်ကိုယ်တိုင်ကတောင်မှ လူအများအားကျစံထားရလောက်တဲ့ အောင်မြင်မှုကို မရရှိသေးပါဘူး။”လို့ ဆိုခဲ့ပါတယ်။
တောင်ကိုးရီးယားသမ္မတဟောင်း Park Geun-Hye ရဲ့ကျဆုံးခြင်းနဲ့ ကုမ္ပဏီအောင်မြင်မှုအတွက် လာဘ်ပေးလာဘ်ယူမှုတွေ ပြုလုပ်ခဲ့ခြင်းကြောင့် Mr.Lee ဟာ ၂၀၁၇ ခုနှစ်မှာ တောင်ကိုးရီးယား စစ်ဆေးရေးအဖွဲ့ရဲ့ စစ်ဆေးမှုတွေကိုခံရပြီးတဲ့နောက်မှာတော့ ထိုက်တန်တဲ့ပြစ်ဒဏ်ချမှတ်ခံခဲ့ရပြီး ထောင်နန်းစံခဲ့ရတာပဲ ဖြစ်ပါတယ်။
ဗုဒ္ဒဟူးနေ့မှာတော့ Mr. Lee ဟာ Samsung ကုမ္ပဏီအနေနဲ့ လူ့အသိုင်းအဝိုင်းက လိုချင်တဲ့ပုံစံမျိုးကို မထုတ်လုပ်ပေးနိုင်ခဲ့တဲ့အတွက် စိတ်မကောင်းဖြစ်ရကြောင််း ဆိုခဲ့ပါတယ်။ ဒါ့အပြင် Mr.Lee က သူ့ရဲ့မှားယွင်းတဲ့လုပ်ရပ်တွေကြောင့်လည်း တောင်းပန်စကားပြောကြားခဲ့ပါတယ်။
တောင်ကိုးရီးယားနိုင်ငံ ဆိုးလ်မြို့မှာ ဗုဒ္ဓဟူးနေ့ကကျင်းပခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ Samsung ကုမ္ပဏီရဲ့ ဒုတိယဥက္ကဌဖြစ်သူ Jay Y.Lee က စီမံအုပ်ချုပ်ရေးမှူးတွေရဲ့ ဝေဖန်အကြံပြုချက်အရ အောင်မြင်မှုနဲ့ ခိုင်မြဲတဲ့အသက်မွေးဝမ်းကျောင်းမှုကို လက်လွှဲပြောင်းပေးခြင်းနဲ့ ပတ်သက်ပြီး မသင့်တော်တဲ့ စကားမျိုးပြောဆိုခဲ့ခြင်းအပေါ် ဝန်ချတောင်းပန်ကြောင်းဆိုခဲ့ပါတယ်။
၂၀၁၈ ခုနှစ်မှာတော့ Mr.Lee က ထောင်ကနေလွတ်မြောက်ခဲ့ပေမယ့် တောင်ကိုးရီးယားနိုင်ငံပြည်သူတွေရဲ့ စိတ်ဝင်တစားစောင့်ကြည့်ခြင်းကို ခံခဲ့ရပါတယ်။ လွန်ခဲ့တဲ့ သြဂုတ်လအတွင်းမှာ တောင်ကိုရီးယားနိုင်ငံရဲ့ ဥပဒေတရားရုံးက Mr. Lee ရဲ့အမှုကို ပြန်လည်ကြားနာ စစ်ဆေးဖို့အတွက် ကြေငြာခဲ့ပါတယ်။ Samsung ကုမ္ပဏီက ရင်းနှီးမြှုပ်နှံသူတွေကို စီးပွားရေးလုပ်ငန်း ရေရှည်တည်တံ့ဖို့အတွက် ဆန့်ကျင်တာမျိုးမလုပ်သင့်ကြောင်း Mr. Lee က ဝေဖန်အကြံပြုခဲ့ပါတယ်။
လွန်ခဲ့တဲ့ ရက်သတ္တပတ်အတွင်းမှာတော့ ကုမ္ပဏီကပြောရေးဆိုခွင့်ရှိသူတစ်ဦးရဲ့ ပြောကြားချက်အရ ၂၀၂၀ ခုနှစ် အစပိုင်း ၃ လအတွင်းမှာတော့ အမြတ်ရာခိုင်နှုန်းတိုးတက်ခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း ရှေ့လျှောက်မှာတော့ ရောဂါပျံ့နှံ့မှုကြောင့် ကမ္ဘာအနှံ့ ကုန်စည်စီးဆင်းမှုတွွေ နှောင့်နှေးခဲ့ရတာမို့ ကုန်ပစ္စည်းဝယ်လိုအားကျဆင်းမှုတွေကို ဆိုးရွားစွာကြုံတွေ့နိုင်ရတယ်လို့ ဆိုခဲ့ပါတယ်။
<Unicode Version>
အေမြဆက္ခံဖို႕ကိစၥနဲ႕ပက္သက္ၿပီး ထုတ္ျပန္ေၾကျငာခ့ဲတ့ဲ Samsung ကုမၸဏီပိုင္ရွင္။
Samsung ကုမၸဏီဟာ အရည္အေသြးျမင့္ အီလက္ထေရာနစ္ပစၥည္းေတြကို ထုတ္လုပ္ေရာင္းခ်တဲ့ ေတာင္ကိုးရီးယားႏိုင္ငံအေျခစိုက္ အီလက္ထေရာနစ္ ကုမၸဏီျဖစ္ပါတယ္။ Samsung ကုမၸဏီရဲ႕ ဥကၠဌေဟာင္း Lee Kun-Hee က ပင္စင္ယူသြားတဲ့အခါမွာ သားျဖစ္သူ Lee Jae-Yong ကို အ႐ိုက္အရာဆက္ခံေစခဲ့ပါတယ္။ ဥကၠဌႀကီး Lee Kun-Hee က ၂၀၁၄ ခုႏွစ္မွာ ႏွလံုးအေမာေဖာက္တဲ့ေရာဂါေၾကာင့္ ေသဆံုးသြားခဲ့ပါတယ္။
ယခုလက္ရွိ Samsung ကုမၸဏီရဲ႕ ဥကၠဌျဖစ္သူ Lee Jae-Yong က သူ႔ရဲ႕ေနရာကို သားသမီးေတြကို လႊဲေျပာင္းေပးဖို႔အစီအစဥ္မရွိေၾကာင္း သတင္းစာရွင္းလင္းပြဲမွာ ေျပာဆိုခဲ့ပါတယ္။ ဥကၠဌႀကီး Lee Jae-Yong က “ဒီကိစၥနဲ႔ပတ္သက္ၿပီး ကၽြန္ေတာ္စဥ္းစားေနတာ အေတာ္ၾကာခဲ့ၿပီ။ ကၽြန္ေတာ့္ရဲ႕ ထင္ျမင္ယူဆခ်က္ေတြကို ပြင့္လင္းစြာဖြင့္ဟဝန္ခံဖို႔အတြက္ တြန္႔ဆုတ္ေနခဲ့တာပါ။ စီးပြားေရးလုပ္ရတာဟာ ထင္တာထက္ကို ပိုခက္ခဲတယ္ ဆိုတဲ့ စကားမ်ိဳးေျပာဖို႔ကလည္း ကၽြန္ေတာ္ကိုယ္တိုင္ကေတာင္မွ လူအမ်ားအားက်စံထားရေလာက္တဲ့ ေအာင္ျမင္မႈကို မရရွိေသးပါဘူး။”လို႔ ဆိုခဲ့ပါတယ္။
ေတာင္ကိုးရီးယားသမၼတေဟာင္း Park Geun-Hye ရဲ႕က်ဆံုးျခင္းနဲ႔ ကုမၸဏီေအာင္ျမင္မႈအတြက္ လာဘ္ေပးလာဘ္ယူမႈေတြ ျပဳလုပ္ခဲ့ျခင္းေၾကာင့္ Mr.Lee ဟာ ၂၀၁၇ ခုႏွစ္မွာ ေတာင္ကိုးရီးယား စစ္ေဆးေရးအဖြဲ႔ရဲ႕ စစ္ေဆးမႈေတြကိုခံရၿပီးတဲ့ေနာက္မွာေတာ့ ထိုက္တန္တဲ့ျပစ္ဒဏ္ခ်မွတ္ခံခဲ့ရၿပီး ေထာင္နန္းစံခဲ့ရတာပဲ ျဖစ္ပါတယ္။
ဗုဒၵဟူးေန႔မွာေတာ့ Mr. Lee ဟာ Samsung ကုမၸဏီအေနနဲ႔ လူ႔အသိုင္းအဝိုင္းက လိုခ်င္တဲ့ပံုစံမ်ိဳးကို မထုတ္လုပ္ေပးႏိုင္ခဲ့တ့ဲအတြက္ စိတ္မေကာင္းျဖစ္ရေၾကာင္္း ဆိုခဲ့ပါတယ္။ ဒါ့အျပင္ Mr.Lee က သူ႔ရဲ႕မွားယြင္းတဲ့လုပ္ရပ္ေတြေၾကာင့္လည္း ေတာင္းပန္စကားေျပာၾကားခ့ဲပါတယ္။
ေတာင္ကိုးရီးယားႏိုင္ငံ ဆိုးလ္ၿမိဳ႕မွာ ဗုဒၶဟူးေန႔ကက်င္းပခဲ့တဲ့ သတင္းစာရွင္းလင္းပြဲမွာ Samsung ကုမၸဏီရဲ႕ ဒုတိယဥကၠဌျဖစ္သူ Jay Y.Lee က စီမံအုပ္ခ်ဳပ္ေရးမွဴးေတြရဲ႕ ေဝဖန္အၾကံျပဳခ်က္အရ ေအာင္ျမင္မႈနဲ႔ ခိုင္ၿမဲတဲ့အသက္ေမြးဝမ္းေက်ာင္းမႈကို လက္လႊဲေျပာင္းေပးျခင္းနဲ႔ ပတ္သက္ၿပီး မသင့္ေတာ္တဲ့ စကားမ်ိဳးေျပာဆိုခဲ့ျခင္းအေပၚ ဝန္ခ်ေတာင္းပန္ေၾကာင္းဆိုခဲ့ပါတယ္။
၂၀၁၈ ခုႏွစ္မွာေတာ့ Mr.Lee က ေထာင္ကေနလြတ္ေျမာက္ခဲ့ေပမယ့္ ေတာင္ကိုးရီးယားႏိုင္ငံျပည္သူေတြရဲ႕ စိတ္ဝင္တစားေစာင့္ၾကည့္ျခင္းကို ခံခဲ့ရပါတယ္။ လြန္ခဲ့တဲ့ ၾသဂုတ္လအတြင္းမွာ ေတာင္ကိုရီးယားႏိုင္ငံရဲ႕ ဥပေဒတရား႐ံုးက Mr. Lee ရဲ႕အမႈကို ျပန္လည္ၾကားနာ စစ္ေဆးဖို႔အတြက္ ေၾကျငာခဲ့ပါတယ္။ Samsung ကုမၸဏီက ရင္းႏွီးျမႇဳပ္ႏွံသူေတြကို စီးပြားေရးလုပ္ငန္း ေရရွည္တည္တံ့ဖို႔အတြက္ ဆန္႔က်င္တာမ်ိဳးမလုပ္သင့္ေၾကာင္း Mr. Lee က ေဝဖန္အၾကံျပဳခဲ့ပါတယ္။
လြန္ခဲ့တဲ့ ရက္သတၱပတ္အတြင္းမွာေတာ့ ကုမၸဏီကေျပာေရးဆိုခြင့္ရွိသူတစ္ဦးရဲ႕ ေျပာၾကားခ်က္အရ ၂၀၂၀ ခုႏွစ္ အစပိုင္း ၃ လအတြင္းမွာေတာ့ အျမတ္ရာခိုင္ႏႈန္းတိုးတက္ခဲ့တယ္လို႔ သိရပါတယ္။ ဒါေပမယ့္လည္း ေရွ႕ေလွ်ာက္မွာေတာ့ ေရာဂါပ်ံ႕ႏွံ႔မႈေၾကာင့္ ကမာၻအႏွံ႔ ကုန္စည္စီးဆင္းမႈေတြြ ေႏွာင့္ေႏွးခဲ့ရတာမို႔ ကုန္ပစၥည္းဝယ္လိုအားက်ဆင္းမႈေတြကို ဆိုးရြားစြာၾကံဳေတြ႕ႏိုင္ရတယ္လို႔ ဆိုခဲ့ပါတယ္။
<Zawgyi Version>
Source ~ CNN
#SY(Soshwe)
#soshwetech
#soshweforyourdailylife
#likeandshare