COVID-19 ကပ်ရောဂါဆိုးကြီးဟာ ကမ္ဘာတစ်ဝှမ်းက တန်ဖိုးရှိတဲ့လူသားတွေရဲ့ အသက်တွေကို နှုတ်ယူပစ်ခဲ့တဲ့အပြင် နိုင်ငံအသီးသီးရဲ့ စီးပွားရေးကဏ္ဍနဲ့ လူမှုရေးကဏ္ဍတွေကိုပါ မသိမသာ ဆုတ်ယုတ်လာစေပါတယ်။
အိမ်ခြံမြေလုပ်ငန်းတစ်ရပ်လုံးကို လေ့လာသုံးသပ်ရမယ်ဆိုရင်တော့ COVID-19 ရောဂါကြောင့် အိမ်ခြံမြေရောင်းအားဟာလည်း သိသိသာသာကျဆင်းသွားပါတယ်။ ဒါကြောင့် အိမ်ခြံမြေလုပ်ငန်းဆိုင်ရာ ကျွမ်းကျင်အတိုင်ပင်ခံနှစ်ဦးက အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုအပေါ် COVID-19 ကပ်ရောဂါဆိုးကြီးရဲ့ ရေရှည်သက်ရောက်မှုတွေကို မျှဝေပြောပြောခဲ့ပါတယ်။
ယခုလက်ရှိမှာတော့ အချို့သောနိုင်ငံတွေက COVID-19 ကပ်ရောဂါကူးစက်ပျံ့ပွါးမှုကို ထိန်းချုပ်နိုင်ခဲ့ပြီး ကပ်ရောဂါဆိုးကြောင့် သေဆုံးသူမရှိအောင် အတတ်နိုင်ဆုံးကြိုးစားခဲ့ပြီးတဲ့နောက်မှာတော့ စီးပွားရေးကို ပုံမှန်ပြန်လည်ပတ်နိုင်ဖို့အတွက် စက်ရုံတွေ ၊ ဘဏ်တွေနဲ့ အချို့သောလုပ်ငန်းတွေကို ပြန်လည်ဖွင့်လှစ် လုပ်ကိုင်နေပြီပဲဖြစ်ပါတယ်။
Real Capital Analytics ရဲ့ စိစစ်တွေ့ရှိချက်အရ ၂၀၂၀ ခုနှစ် ပထမ ၃ လအတွင်းမှာ အာရှဒေသတွေက အိမ်ခြံမြေစျေးကွက် ရင်းနှီးမြှုပ်နှံမှုဟာ ၆၂ ရာခိုင်နှုန်းအထိ တစ်ဟုန်ထိုးကျဆင်းသွားခဲ့တယ်လို့ သိရပါတယ်။ ကမ္ဘာတစ်ဝှမ်းစီးပွားရေးမတည်ငြိမ်မှုကြောင့် လွန်ခဲ့တဲ့ဆယ်စုနှစ် ၂ စုအတွင်းမှာ အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုဟာ တက်လိုက်ကျလိုက်ဖြစ်နေခဲ့ပါတယ်။
JLL သတင်းဌာနရဲ့ အိမ်ခြံမြေစျေးကွက်နဲ့ ပတ်သက်ပြီး သုံးသပ်ချက်အရ အိမ်ခြံမြေလုပ်ငန်းရှင်အဖွဲ့နဲ့ အစိုးရအဖွဲ့ကြားက ကွဲပြားမှုဟာလည်း အိမ်ခြံမြေစျေးကွက် ရင်းနှီးမြှုပ်နှံမှု တိုးတက်လာစေဖို့ အထောက်အကူတစ်ခုအဖြစ် ရပ်တည်နေပါတယ်။ အာရှပစိဖတ်ဒေသတစ်ခွင်မှာ ပြည်တွင်းအသားတင် ကုန်ထုတ်လုပ်မှုဟာ ပြန်လည်ပတ်လာနိုင်ပြီဆိုရင်တော့ အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုအပေါ် COVID-19 ရောဂါရဲ့ ရေရှည်သက်ရောက်မှုနှုန်း ကျဆင်းသွားဖို့ မျှော်လင့်ထားနိုင်ကြောင်းကို Colliers International က အသိပေးမျှဝေခဲ့ပါတယ်။
အိမ်ခြံမြေစျေးကွက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင် အတိုင်ပင်ခံတွေက နိုင်ငံအတွင်း ရောဂါပျံ့နှံ့မှုကို လျော့ချကာကွယ်နိုင်ပြီး စီးပွားရေးလုပ်ငန်းကြီး ယခင်အတိုင်း ပြန်လည်ပတ်နိုင်လာပြီဆိုရင်တော့ အိမ်ခြံမြေစျေးကွက်ရင်းနှီးမြှုပ်နှံမှုနှုန်းဟာလည်း ယခင်အတိုင်းပြန်ဖြစ်လာဖို့ ယုံကြည်တယ်လို့ ဆိုလာပါတယ်။
<Unicode Version>
အိမ်ခြံမြေဈေးကွက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင် အတိုင်ပင်ခံတွေက နိုင်ငံအတွင်း ရောဂါပျံ့နှံ့မှုကို လျော့ချကာကွယ်နိုင်ပြီး စီးပွားရေးလုပ်ငန်းကြီး ယခင်အတိုင်း ပြန်လည်ပတ်နိုင်လာပြီဆိုရင်တော့ အိမ်ခြံမြေဈေးကွက်ရင်းနှီးမြှုပ်နှံမှုနှုန်းဟာလည်း ယခင်အတိုင်းပြန်ဖြစ်လာဖို့ ယုံကြည်တယ်လို့ ဆိုလာပါတယ်။
<Zawgyi Version>
Source ~ Dotproperty
#SY(Soshwe)
#soshwehomeandproperty
#soshweforyourdailylife
#likeandshare