Breaking News

Lamborghini ဝယ်ဖို့ ကယ်လီဖိုးနီးယားပြည်နယ်အထိ ခရီးနှင်ခဲ့တဲ့ အသက် ၅ နှစ်အရွယ် ကလေးလေး။

အသက် ၅ နှစ်အရွယ် Adrian Zamarripa ဆိုတဲ့ကလေးငယ်ဟာ ၃ ဒေါ်လာကို အိတ်ကပ်ထဲထည့်ပြီး Lamborghini ဝယ်ဖို့ ကယ်လီဖိုးနီးယားပြည်နယ်အထိ ကားမောင်းသွားခဲ့ပါတယ်။ Soshwe စာဖတ်ပရိသတ်ကြီးက အသက် ၅ နှစ်အရွယ်ကလေးလေးက ကားမောင်းတယ်ဆိုတာ ဟုတ်ပါ့မလား? လို့ သံသယဝင်နိုင်ကောင်း ဝင်နိုင်ပါတယ်။ ဒါပေမယ့် အသက် ၅ နှစ်အရွယ်ကလေး ကိုယ်တိုင်ကားမောင်းပြီး ကယ်လီဖိုးနီးယားပြည်နယ်အထိ Lamborghini ဝယ်ဖို့ ခရီးနှင်ခဲ့တယ်ဆိုတာကတော့ အမှန်ပါဘဲ။

Adrian ဟာ မိဘနှစ်ပါးလုံး အလုပ်ကိုရောက်နေတဲ့အချိန်မှာ အသက် ၁၆ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အမဖြစ်သူ Sidney Estrada နဲ့ အိမ်မှာနေခဲ့ရပါတယ်။ Sidney က Adrian ကို ထိန်းနေရင်းကနေ လုပ်စရာရှိလို့ ထသွားတဲ့အချိန်မှာ Adrian လေးက အိမ်ကကားသော့ကိုယူပြီး ကားမောင်းထွက်ခဲ့တာပဲဖြစ်ပါတယ်။ Sidney ရဲ့ ပြောကြားချက်အရ Adrian တစ်ယောက် ဘယ်ကနေဘယ်လို ကားမောင်းတတ်သွားလဲဆိုတာကို ဘယ်သူမှမသိပါဘူး။

Adrian လေးကို တစ်အိမ်လုံးနှံ့အောင်ရှာဖွေပြီးတဲ့အခါမှာတော့ မတွေ့တော့တဲ့နောက် Sidney က လုပ်ငန်းခွင်ကိုရောက်နေတဲ့ မိဘနှစ်ပါးကို အသိပေးခဲ့ကာ မိဘနှစ်ပါးလုံးဟာလည်း Adrian လေးကို ရှာဖွေနိုင်ဖို့အတွက် နီးစပ်ရာဌာနတွေကို အကူအညီတောင်းခံခဲ့ရပါတယ်။ ကံကောင်းချင်တော့ Utah Highway Patrol က ဝန်ထမ်းတစ်ဦးက ကလေးငယ်မောင်းလာတဲ့ယာဉ်ကို ရပ်တန့်စေခဲ့ပြီး အကျိုးအကြောင်းမေးပြီးနောက်မှာတော့ မိဘဖြစ်သူတွေကို ဖုန်းဆက်အသိပေးခဲ့ပါတယ်။သတင်းမီဒီယာတွေရဲ့ လက်ချက်ကြောင့် အသက် ၅ နှစ်အရွယ်ကလေးရဲ့ ၃ ဒေါ်လာနဲ့ Lamborghini ဝယ်ဖို့ ကယ်လီဖိုးနီးယားပြည်နယ်ထိ ကိုယ်တိုင်ကားမောင်းပြီး ခရီးနှင်လာတယ်ဆိုတဲ့သတင်းကို နိုင်ငံတစ်ဝှမ်းက သတင်းကြည့်ရှုသူတွေက စိတ်ဝင်စားခဲ့ပါတယ်။

Adrian လေးရဲ့သတင်းကိုကြားသိရတဲ့ Xcite Satellite မိုဘိုင်းဖုန်းကုမ္ပဏီပိုင်ရှင် Jeremy Neves က သူ့ရဲ့Lamborghini Huracan ပေါ်မှာ လိုက်ပါစီးနင်းခွင့်ပေးခဲ့ပြီး Jeremy က “Adrian လေးကို ကျွန်တော့ရဲ့Lamborghini Huracan ပေါ်မှာ လိုက်ပါစီးနင်းခွင့်ပေးခဲ့ခြင်းက သူ့ရဲ့အိမ်မက်ကို အကောင်အထည်ဖော်ဖို ့ ၊ သူ့ရဲ့ပန်းတိုင်ကိုရောက်ရှိနိုင်ဖို့ ခွန်အားပေးသလိုဖြစ်စေနိုင်မယ်လို့ ယုံကြည်ပါတယ်။” ဆိုပြီး CNNသတင်းဌာနကို ပြောကြားခဲ့ပါတယ်။

<Unicode Version>

 

 

 

Lamborghini ဝယ္ဖို႔ ကယ္လီဖိုးနီးယားျပည္နယ္အထိ ခရီးႏွင္ခဲ့တဲ့ အသက္ ၅ ႏွစ္အရြယ္  ကေလးေလး။

အသက္ ၅ ႏွစ္အရြယ္ Adrian Zamarripa ဆိုတ့ဲကေလးငယ္ဟာ ၃ ေဒၚလာကို အိတ္ကပ္ထဲထည့္ၿပီး Lamborghini ဝယ္ဖို႔ ကယ္လီဖိုးနီးယားျပည္နယ္အထိ ကားေမာင္းသြားခဲ့ပါတယ္။ Soshwe စာဖတ္ပရိသတ္ႀကီးက အသက္ ၅ ႏွစ္အရြယ္ကေလးေလးက ကားေမာင္းတယ္ဆိုတာ ဟုတ္ပါ့မလား? လို႔ သံသယဝင္ႏိုင္ေကာင္း ဝင္ႏိုင္ပါတယ္။ ဒါေပမယ့္  အသက္ ၅ ႏွစ္အရြယ္ကေလး ကိုယ္တိုင္ကားေမာင္းၿပီး ကယ္လီဖိုးနီးယားျပည္နယ္အထိ Lamborghini ဝယ္ဖို႔ ခရီးႏွင္ခဲ့တယ္ဆိုတာကေတာ့ အမွန္ပါဘဲ။

Adrian ဟာ မိဘႏွစ္ပါးလံုး အလုပ္ကိုေရာက္ေနတဲ့အခ်ိန္မွာ အသက္ ၁၆ ႏွစ္အရြယ္ရွိၿပီျဖစ္တဲ့ အမျဖစ္သူ Sidney Estrada နဲ႔ အိမ္မွာေနခဲ့ရပါတယ္။ Sidney က Adrian ကို ထိန္းေနရင္းကေန လုပ္စရာရွိလို႔ ထသြားတဲ့အခ်ိန္မွာ Adrian ေလးက အိမ္ကကားေသာ့ကိုယူၿပီး ကားေမာင္းထြက္ခဲ့တာပဲျဖစ္ပါတယ္။ Sidney ရဲ႕ ေျပာၾကားခ်က္အရ Adrian တစ္ေယာက္ ဘယ္ကေနဘယ္လို ကားေမာင္းတတ္သြားလဲဆိုတာကို ဘယ္သူမွမသိပါဘူး။

Adrian ေလးကို တစ္အိမ္လံုးႏွံ႔ေအာင္ရွာေဖြၿပီးတဲ့အခါမွာေတာ့ မေတြ႕ေတာ့တ့ဲေနာက္ Sidney က လုပ္ငန္းခြင္ကိုေရာက္ေနတဲ့ မိဘႏွစ္ပါးကို အသိေပးခဲ့ကာ မိဘႏွစ္ပါးလံုးဟာလည္း Adrian ေလးကို ရွာေဖြႏိုင္ဖို႔အတြက္ နီးစပ္ရာဌာနေတြကို အကူအညီေတာင္းခံခဲ့ရပါတယ္။ ကံေကာင္းခ်င္ေတာ့ Utah Highway Patrol က ဝန္ထမ္းတစ္ဦးက ကေလးငယ္ေမာင္းလာတဲ့ယာဥ္ကို ရပ္တန္႔ေစခဲ့ၿပီး အက်ိဳးအေၾကာင္းေမးၿပီးေနာက္မွာေတာ့ မိဘျဖစ္သူေတြကို ဖုန္းဆက္အသိေပးခဲ့ပါတယ္။သတင္းမီဒီယာေတြရဲ႕ လက္ခ်က္ေၾကာင့္ အသက္ ၅ ႏွစ္အရြယ္ကေလးရဲ႕ ၃ ေဒၚလာနဲ႕ Lamborghini ဝယ္ဖို႔ ကယ္လီဖိုးနီးယားျပည္နယ္ထိ ကိုယ္တိုင္ကားေမာင္းၿပီး ခရီးႏွင္လာတယ္ဆိုတဲ့သတင္းကို ႏိုင္ငံတစ္ဝွမ္းက သတင္းၾကည့္႐ႈသူေတြက စိတ္ဝင္စားခဲ့ပါတယ္။

Adrian ေလးရဲ႕သတင္းကိုၾကားသိရတဲ့ Xcite Satellite မိုဘိုင္းဖုန္းကုမၸဏီပိုင္ရွင္ Jeremy Neves က သူ႔ရဲ႕Lamborghini Huracan ေပၚမွာ လိုက္ပါစီးနင္းခြင့္ေပးခဲ့ၿပီး Jeremy က “Adrian ေလးကို ကၽြန္ေတာ့ရဲ႕Lamborghini Huracan ေပၚမွာ လိုက္ပါစီးနင္းခြင့္ေပးခဲ့ျခင္းက သူ႔ရဲ႕အိမ္မက္ကို  အေကာင္အထည္ေဖာ္ဖို ႔ ၊ သူ႕ရဲ႕ပန္းတိုင္ကိုေရာက္ရွိႏိုင္ဖို႕ ခြန္အားေပးသလိုျဖစ္ေစႏိုင္မယ္လို႔ ယံုၾကည္ပါတယ္။” ဆိုၿပီး CNNသတင္းဌာနကို ေျပာၾကားခဲ့ပါတယ္။

<Zawgyi Version>

 

#SY(Soshwe)

#soshwenews

#soshweforyourdailylife

#likieandshare

About So Shwe

Check Also

လောကနိယာမအတွက် အံဝင်ခွင်ကျမဖြစ်တဲ့ အရပ်ရှည်သူတွေရဲ့ဒုက္ခ။

အရပ်ရှည်တဲ့သူတွေ နေ့စဉ် ကြုံတွေ့ရလေ့ရှိတဲ့ ဒုက္ခတွေကို စဉ်းစားကြည့်ပါ။ ဘယ်နေရာသွားသွား သူများတွေထက် အရပ်ပိုရှည်နေတာကြောင့် လူအများက ငေးကြည့်တာကို ခံရမယ်။ အခန်းတစ်ခန်းထဲ ဝင်သွားတဲ့အခါမှာလည်း အခန်းတံခါးထက် အရပ်ကရှည်နေတာကြောင့် …

Leave a Reply

Your email address will not be published.

instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro