Breaking News

COVID-19 နဲ့လက်ရှိရန်ကုန်မြို့ အိမ်ခြံမြေစျေးကွက်။

ရန်ကုန်မြို့နေ အိမ်ခြံမြေအကျိုးဆောင်တစ်ဦးရဲ့ ပြောပြချက်အရ ရန်ကုန်မြို့အတွင်းရှိ အိမ်ခြံမြေရောင်းဝယ်သူတွေဟာ ၂၀၂၀ ခုနှစ် ဧပြီလအစပိုင်းမှာ COVID-19 ကြောင့် အိမ်ခြံမြေစျေးကွက်ရောင်းနှုန်း ကျဆင်းလာတဲ့အတွက် အခက်တွေ့နေရပါတယ်။

 

iMyanmarHouse.com ရဲ့ စီမံအုပ်ချုပ်ရေးဒါရိုက်တာ ဦးနေမင်းသူရဲ့ ပြောကြားချက်အရ အခြားသော အိမ်ခြံမြေဝယ်ယူလိုသူတွေကို ရောင်းချနိုင်ဖို့အတွက် ပြင်ဆင်ထားတဲ့ အိမ်ခြံမြေတွေဟာလည်း ရောင်းမထွက်တဲ့အပြင် နေထိုင်ဖို့အတွက် တိုက်ခန်းငှားယူနှုန်းဟာလည်း ၁၀% သာရှိကြောင်း သိရှိရပါတယ်။  ဒါ့အပြင် အိမ်ခြံမြေတိုက်ခန်းတွေကို ငှားရမ်းနေထိုင်သူဦးရေဟာလည်း လျော့ကျသွားပြီး နိုင်ငံခြားသားတွေရဲ့  တိုက်ခန်းငှားယူနေထိုင်မှုနှုန်းကလည်း သိသိသာသာလျော့ကျသွားတယ်လို့ ဦးနေမင်းသူက ဆိုခဲ့ပါတယ်။

 

ဦးနေမင်းသူက “၅ သိန်းနဲ့အောက် တိုက်ခန်းငှားခတွေကသာ တိုက်ခန်းငှားယူနေထိုင်လိုသူတွေကို ဆွဲဆောင်နိုင်တာကြောင့် တိုက်ခန်းငှားခကို ၅ သိန်းထက်ပိုပြီး အသုံးမချလိုသူ များပြားလာပါတယ်။” လို့ အိမ်ခြံမြေစျေးကွက်ကဏ္ဍမှာ ကျင်လည်နေသူတွေကို အသိပေးမျှဝေခဲ့ပါတယ်။

 

လွန်ခဲ့တဲ့ ၅ နှစ်တာကာလအတွင်းမှာ ကွန်ဒိုအိမ်ယာတွေကို ငှားရမ်းနေထိုင်သူအများစုဟာ နိုင်ငံခြားကနေ   မြန်မာနိုင်ငံသို့ ယာယီ (သို့)  အမြဲတမ်းပြောင်းရွှေ့နေထိုင်သူတွေ ဖြစ်ပါတယ်။ COVID-19  ရောဂါကူးစက်မှုကြောင့်  ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ နိုင်ငံအသီးသီးက အာဏာပိုင်တွေက  ကူးသန်းသွားလာခွင့်ကို  မပိတ်သိမ်းခင်မှာပဲ မြန်မာနိုင်ငံမှာ ယာယီအခြေချနေထိုင်နေတဲ့ နိုင်ငံခြားသားတွေက ဇာတိမြေကို ပြန်သွားတဲ့ အချိန်မှာတော့ မြန်မာနိုင်ငံရဲ့ ကွန်ဒိုအိမ်ယာစျေးကွက် ရောင်းအားနဲ့ ငှားရမ်းအားက သိသိသာသာ   လျော့ကျသွားပါတယ်။

 

မတ်လမှာကတည်းက ရောဂါပိုးပျံ့နှံ့မှုကို ကာကွယ်နိုင်ဖို့ မြန်မာပြည်သူပြည်သားတွေကို မလိုအပ်ဘဲ   အိမ်အပြင်မထွက်ဖို့ အမိန့်ထုတ်ပြန်လိုက်ပြီးတဲ့နောက်မှာတော့ အိမ်ခြံမြေအရောင်းပြပွဲတွေကို ယာယီဖျက်သိမ်းထားရပါတယ်။

 

Shweproperty.com ဒါရိုက်တာ ဦးကောင်းသူဝင်းက “အိမ်ခြံမြေစျေးကွက်အရောင်းပြပွဲတွေမှာ  အိမ်ခြံမြေအကျိုးဆောင်တွေက အိမ်ခြံမြေဝယ်ယူလိုသူတွေကို ဝယ်လိုတဲ့ အိမ်ခြံမြေအလိုက် အဆင်ပြေတဲ့  ငွေပေးချေမှုဖြင့် ဝယ်ယူနိုင်ဖို့အတွက် စနစ်တကျစီစဉ်ပေးထားလေ့ရှိပါတယ်။ ဒါ့အပြင် အိမ်ခြံမြေဝယ်ယူလိုသူတွေကို အွန်လိုင်းကနေတဆင့်  ဝယ်ယူနိုင်အောင်လည်း  စီစဉ်ပေးဖို့ရှိပါတယ်။” လို့ ဆိုထားပါတယ်။

 

ဦးနေမင်းသူက “ဘဏ်လုပ်ငန်းတွေက ချေးငွေဆိုင်ရာအတိုးနှုန်းကို ယခုလက်ရှိအခြေအနေအရ အပြောင်းအလဲတွေပြုလုပ်လိုက်တာမို့ အိမ်ခြံမြေလုပ်ငန်းတစ်ရပ်လုံးက အနည်းဆုံး နောက်ထပ် ၂ လအထိ အခက်အခဲတွေ ကြုံတွေ့နေရဦးမှာပဲ ဖြစ်ပါတယ်။”လို့ ဆိုထားပါတယ်။

<Unicode Version>

 

 

COVID-19 နဲ႕လက္ရွိရန္ကုန္ၿမိဳ႕ အိမ္ျခံေျမေစ်းကြက္။

 

ရန္ကုန္ၿမိဳ႕ေန အိမ္ျခံေျမအက်ိဳးေဆာင္တစ္ဦးရဲ႕ ေျပာျပခ်က္အရ ရန္ကုန္ၿမိဳ႕အတြင္းရွိ အိမ္ျခံေျမေရာင္းဝယ္သူေတြဟာ ၂၀၂၀ ခုႏွစ္ ဧၿပီလအစပိုင္းမွာ COVID-19 ေၾကာင့္ အိမ္ျခံေျမေစ်းကြက္ေရာင္းႏႈန္း က်ဆင္းလာတဲ့အတြက္ အခက္ေတြ႕ေနရပါတယ္။

 

iMyanmarHouse.com ရဲ႕ စီမံအုပ္ခ်ဳပ္ေရးဒါ႐ိုက္တာ ဦးေနမင္းသူရဲ႕ ေျပာၾကားခ်က္အရ အျခားေသာ အိမ္ျခံေျမဝယ္ယူလိုသူေတြကို ေရာင္းခ်ႏိုင္ဖို႔အတြက္ ျပင္ဆင္ထားတဲ့ အိမ္ျခံေျမေတြဟာလည္း ေရာင္းမထြက္တဲ့အျပင္ ေနထိုင္ဖို႔အတြက္ တိုက္ခန္းငွားယူႏႈန္းဟာလည္း ၁၀% သာရွိေၾကာင္း သိရွိရပါတယ္။  ဒါ့အျပင္ အိမ္ျခံေျမတိုက္ခန္းေတြကို ငွားရမ္းေနထိုင္သူဦးေရဟာလည္း ေလ်ာ့က်သြားၿပီး ႏိုင္ငံျခားသားေတြရဲ႕  တိုက္ခန္းငွားယူေနထိုင္မႈႏႈန္းကလည္း သိသိသာသာေလ်ာ့က်သြားတယ္လို႔ ဦးေနမင္းသူက ဆိုခဲ့ပါတယ္။

 

ဦးေနမင္းသူက “၅ သိန္းနဲ႔ေအာက္ တိုက္ခန္းငွားခေတြကသာ တိုက္ခန္းငွားယူေနထိုင္လိုသူေတြကို ဆြဲေဆာင္ႏိုင္တာေၾကာင့္ တိုက္ခန္းငွားခကို ၅ သိန္းထက္ပိုၿပီး အသံုးမခ်လိုသူ မ်ားျပားလာပါတယ္။” လို႔ အိမ္ျခံေျမေစ်းကြက္က႑မွာ က်င္လည္ေနသူေတြကို အသိေပးမွ်ေဝခဲ့ပါတယ္။

 

လြန္ခဲ့တဲ့ ၅ ႏွစ္တာကာလအတြင္းမွာ ကြန္ဒိုအိမ္ယာေတြကို ငွားရမ္းေနထိုင္သူအမ်ားစုဟာ ႏိုင္ငံျခားကေန   ျမန္မာႏိုင္ငံသို႕ ယာယီ (သို႔)  အၿမဲတမ္းေျပာင္းေရႊ႕ေနထိုင္သူေတြ ျဖစ္ပါတယ္။ COVID-19  ေရာဂါကူးစက္မႈေၾကာင့္  ကမာၻတစ္ဝွမ္းမွာရွိတဲ့ ႏိုင္ငံအသီးသီးက အာဏာပိုင္ေတြက  ကူးသန္းသြားလာခြင့္ကို  မပိတ္သိမ္းခင္မွာပဲ ျမန္မာႏိုင္ငံမွာ ယာယီအေျခခ်ေနထိုင္ေနတဲ့ ႏိုင္ငံျခားသားေတြက ဇာတိေျမကို ျပန္သြားတဲ့ အခ်ိန္မွာေတာ့ ျမန္မာႏိုင္ငံရဲ႕ ကြန္ဒိုအိမ္ယာေစ်းကြက္ ေရာင္းအားနဲ႔ ငွားရမ္းအားက သိသိသာသာ   ေလ်ာ့က်သြားပါတယ္။

 

မတ္လမွာကတည္းက ေရာဂါပိုးပ်ံ႕ႏွံ႔မႈကို ကာကြယ္ႏိုင္ဖို႔ ျမန္မာျပည္သူျပည္သားေတြကို မလိုအပ္ဘဲ   အိမ္အျပင္မထြက္ဖို႔ အမိန္႔ထုတ္ျပန္လိုက္ၿပီးတဲ့ေနာက္မွာေတာ့ အိမ္ျခံေျမအေရာင္းျပပြဲေတြကို ယာယီဖ်က္သိမ္းထားရပါတယ္။

 

Shweproperty.com ဒါ႐ိုက္တာ ဦးေကာင္းသူဝင္းက “အိမ္ျခံေျမေစ်းကြက္အေရာင္းျပပြဲေတြမွာ  အိမ္ျခံေျမအက်ိဳးေဆာင္ေတြက အိမ္ျခံေျမဝယ္ယူလိုသူေတြကို ဝယ္လိုတဲ့ အိမ္ျခံေျမအလိုက္ အဆင္ေျပတဲ့  ေငြေပးေခ်မႈျဖင့္ ဝယ္ယူႏိုင္ဖို႔အတြက္ စနစ္တက်စီစဥ္ေပးထားေလ့ရွိပါတယ္။ ဒါ့အျပင္ အိမ္ျခံေျမဝယ္ယူလိုသူေတြကို အြန္လိုင္းကေနတဆင့္  ဝယ္ယူႏိုင္ေအာင္လည္း  စီစဥ္ေပးဖို႔ရွိပါတယ္။” လို႔ ဆိုထားပါတယ္။

 

ဦးေနမင္းသူက “ဘဏ္လုပ္ငန္းေတြက ေခ်းေငြဆိုင္ရာအတိုးႏႈန္းကို ယခုလက္ရွိအေျခအေနအရ အေျပာင္းအလဲေတြျပဳလုပ္လိုက္တာမို႔ အိမ္ျခံေျမလုပ္ငန္းတစ္ရပ္လံုးက အနည္းဆံုး ေနာက္ထပ္ ၂ လအထိ အခက္အခဲေတြ ၾကံဳေတြ႕ေနရဦးမွာပဲ ျဖစ္ပါတယ္။”လို႔ ဆိုထားပါတယ္။

<Zawgyi Version>

 

 

 

Source ~ mmtimes

#SY(Soshwe)

#soshwehomeandproperty

#soshweforyourdailylife

#likeandshare

 

 

About So Shwe

Check Also

အိမ်ခြံမြေအကျိုးဆောင်တွေအနေနဲ့ နိုင်ငံတကာဝယ်ယူသူတွေနဲ့ ဆက်ဆံရတဲ့အခါမှာ သိထားသင့်တဲ့အချက်များ။

အိမ်ခြံမြေအကျိုးဆောင်တွေအနေနဲ့ နိုင်ငံတကာဝယ်ယူသူတွေနဲ့ ပြောဆိုဆက်ဆံတဲ့အခါမှာ မထင်မှတ်ထားတဲ့ အခက်အခဲတွေနဲ့ ကြုံတွေ့နိုင်ပါတယ်။ ပြည်တွင်းမှာ အိမ်ခြံမြေရှာဖွေနေတဲ့ နိုင်ငံတကာက ဝယ်ယူလိုသူတွေအနေနဲ့ ၄င်းတို့ရဲ့လိုအပ်ချက်နဲ့ ကိုက်ညီတဲ့နေရာကို ရှာဖွေတွေ့ရှိနိုင်ဖို့အတွက် မေးခွန်းပေါင်းများစွာကို မေးမြန်းလာနိုင်ပါတယ်။ …

Leave a Reply

Your email address will not be published.

instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro