HomeEntertainmentသွယ်လျတဲ့ခန္ဓာကိုယ်အလှနဲ့ ပရိသတ်တွေကို အံ့အားသင့်စေခဲ့တဲ့ Adele

သွယ်လျတဲ့ခန္ဓာကိုယ်အလှနဲ့ ပရိသတ်တွေကို အံ့အားသင့်စေခဲ့တဲ့ Adele

- Advertisement -

ဟောလီဝုဒ်အကျော်အမော် Adele ဟာ အသံပါဝါကောင်းကောင်းနဲ့ သီချင်းနားဆင်သူတွေရဲ့ စိတ်နှလုံးကို ထိရှပျော်ရွှင်စေမယ့် သီချင်းတွေကို ရေးသားသီဆိုတဲ့ အဆိုတော်တစ်ယောက်ဖြစ်ပါတယ်။ Adele ဟာ အနုပညာအသိုင်းအဝိုင်းက အသိအမှတ်ပြုတဲ့ ပိန်ပါးသွယ်လျတဲ့ ခန္ဓာကိုယ်ကို မပိုင်ဆိုင်ထားပေမယ့်လည်း သူမကိုချစ်တဲ့ပရိသတ်တွေကတော့ Adele မှ Adele ပါဘဲ။ ဒါပေမယ့်လည်း လူတစ်ဦးက ဘယ်လောက်ပဲလှနေပါစေ။ ထူးချွန်ထက်မြက်နေပါစေ။ စိတ်ထားကောင်းနေပါစေ။ သူ့ကိုမခချစ်တဲ့သူတွေကတော့ သူ့ကိုအပြစ်ရှာဝေဖန်နေဦးမှာပါပဲ။

- Advertisement -

အနုပညာရှင်တစ်ဦးဖြစ်တဲ့ Adele ဟာလည်း သူမကို မချစ်မနှစ်သက်သူတွေရဲ့ အပြစ်ရှာဝေဖန်ခြင်းကို ပက်ပက်စက်စက်ခံခဲ့ရဖူးပါတယ်။ Adele ကို အပြစ်ရှာဝေဖန်သူအများစုဟာ သူမရဲ့ ပြည့်ဖြိုးတဲ့ခန္ဓာကိုယ်ကို ပစ်မှတ်ထားပြောဆိုခဲ့ကြပါတယ်။ Adele က သတင်းမီဒီယာတွေ၊ မဂ္ဂဇင်းတွေနဲ့ ပြုလုပ်တဲ့ အင်တာဗျူးတွေ အနုပညာရှင်စကားဝိုင်းတွေမှာ ကိုယ့်ကိုယ်ကိုချစ်မြတ်နိုးတတ်ခြင်းနဲ့ဆိုင်တဲ့ ခံယူချက်တွေ ယုံကြည်ချက်တွေကို မျှဝေပြောပြတဲ့အခါမျိုးမှာ ဝဝလှလှလေးတွေကို အလကားနေရင်း အလကားအမြင်ကတ်တတ် ၊ မုန်းတီးတတ်သူတွေရဲ့ ရက်စက်တဲ့ဝေဖန်မှုတွေကို ကြုံတွေ့ခဲ့ရဖူးပါတယ်။

- Advertisement -

- Advertisement -

မကြာသေးခင်က Adele တစ်ယောက် သူငယ်ချင်းတွေနဲ့အတူ ကမ်းခြေမှာအပန်းဖြေနေတဲ့ ဓာတ်ပုံတွေဟာ လူမှုကွန်ရက်ပေါ်မှာ ပလူပျံခဲ့ပြီး လူတွေရဲ့အာရုံစိုက်ခြင်းကို ရရှိခဲ့ပါတယ်။ ဘာကြောင့်များလူတွေက အာရုံစိုက်လာကြတာလဲဆိုတော့ အဆိုပါဓာတ်ပုံထဲမှာတွေ့ရတဲ့ Adele ဟာ အရင်လို ဝဖြိုးပြီးလှပတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတဲ့ Adele မဟုတ်တော့ဘဲ အဆီပိုကင်းရှင်းပြီး သွယ်လျလှပတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတဲ့ Adele အဖြစ် ပြောင်းလဲသွားတာကြောင့်ပဲ ဖြစ်ပါတယ်။

Adele ရဲ့ ပိန်ပါးသွယ်လျတဲ့ခန္ဓာကိုယ်ကို မြင်ပြီးတဲ့ သူတချို့ကတော့ “Adele ဟာ ဘာရောဂါဝေဒနာကိုများ ခံစားလိုက်ရလို့ ပိန်သွားတာလဲ?” ၊ “အရင်တုန်းကလို ဝဖြိုးနေမှလှတာ။ အခုပိန်သွားတော့ မလှတော့ဘူး!”လို့ ဝေဖန်ကျပြီး Adele ကိုချစ်တဲ့ ပရိသတ်ကြီးကတော့ Adele ဘယ်လိုနေနေကို ချစ်နေတော့တာပါပဲ။

မကြာသေးခင်က Adele ဟာ သူ့ရဲ့အင်စတာဂရမ်အကောင့်မှာ မွေးနေ့ပွဲကိုကျင်းပနေတဲ့ ဓါတ်ပုံတစ်ပုံကို တင်ခဲ့ပါတယ်။ အဆိုပါဓါတ်ပုံထဲမှာတော့ လှပပြည့်စုံတဲ့ အနက်ရောင်ဂါဝန်လေးကို ဝတ်ဆင်ထားပြီး ၃၂ နှစ်ပြည့်မွေးနေ့ပွဲကို ပျော်ရွှင်စွာကျင်းပနေတဲ့ Adeleကို တွေ့မြင်ရမှာပဲဖြစ်ပါတယ်။ Adele က သူ့ရဲ့ဓါတ်ပုံကို အင်စတာဂရမ်မှာတင်ပြီး သိပ်မကြာခင်မှာပဲ သူမရဲ့ပြောင်းလဲလာတဲ့ ခန္ဓာကိုယ်နဲ့ပတ်သက်ပြီး လူမှုကွန်ရက်စာမျက်နှာတွေမှာ ဝေဖန်လေကန်သူတွေ အများကြီးရှိခဲ့ပါတယ်။

အမျိုးသမီးထုကြီးရဲ့ ခန္ဓာကိုယ်အလှအပရေးဆိုင်ရာ လှုပ်ရှားသူတစ်ဦးဖြစ်တဲ့ Nabela Noor က “Adele  ရဲ့ လှပမှုကို ခန္ဓာကိုယ်အလေးချိန်နဲ့ မတိုင်းတာဘဲ ချီးမွမ်းခန်းဖွင့်သင့်တယ်။ Adele ဟာ ဟိုအရင်ကတည်းကလည်း လှပတယ်။ အခုလည်း လှနေတုန်းပဲ။” လို့ သူ့ရဲ့တွစ်တာအကောင့်မှာ   ရေးသားမျှဝေခဲ့ပါတယ်။ Adele ရဲ့အလှတရားအပေါ်မြင်တဲ့ Nabela ရဲ့အမြင်ဟာ သဘာဝကျပြီး ကိုယ်ချင်းစာမှုအပြည့်အဝရှိနေတာကို သတိထားမိပါတယ်။

အနုပညာလောကမှာ အမျိုးသမီး အနုပညာရှင်တွေဟာ အမျိုးသားအနုပညာရှင်တွေထက် သူတို့ရဲ့အရည်အချင်းတွေကို ဘေးချိတ်ခံရပြီး သူတို့ရဲ့ခန္ဓာကိုယ်နဲ့ ပတ်သက်တဲ့ မေးခွန်းတွေ ဝေဖန်ချက်တွေကို မနားတမ်းကြားခဲ့ရတာဖြစ်ပါတယ်။ အနုပညာရှင်တွေတင်မဟုတ်ဘဲ သာမန်အမျိုးသမီးတွေဟာလည်း သူတို့ရဲ့ခန္ဓာကိုယ်နဲ့ ပတ်သက်ပြီး ကဲ့ရဲ့ခြင်း၊ ချီးမွမ်းခြင်းကို ခံနေရတုန်းပါပဲ။ ဒါကြောင့် အမျိုးသမီးတစ်ဦးရဲ့ အလှတရားဟာ ခန္ဓာကိုယ်တင်မဟုတ်ဘဲ ထက်မြက်ထူးချွန်မှုနဲ့ စိတ်နှလုံးဖြူစင်မှု ဖြစ်တယ်ဆိုတာကို လူ့အသိုင်းအဝိုင်းကြီးက လက်ခံဖို့ ကြိုးစားကြရပါဦးမယ်။

<Unicode Version>

 

 

သြယ္လ်တဲ့ခႏၶာကိုယ္အလွနဲ႔ ပရိသတ္ေတြကို အံ့အားသင့္ေစခဲ့တဲ့ Adele

ေဟာလီဝုဒ္အေက်ာ္အေမာ္ Adele ဟာ အသံပါဝါေကာင္းေကာင္းနဲ႔ သီခ်င္းနားဆင္သူေတြရဲ႕ စိတ္ႏွလံုးကို ထိရွေပ်ာ္ရႊင္ေစမယ့္ သီခ်င္းေတြကို ေရးသားသီဆိုတဲ့ အဆိုေတာ္တစ္ေယာက္ျဖစ္ပါတယ္။ Adele ဟာ အႏုပညာအသိုင္းအဝိုင္းက အသိအမွတ္ျပဳတဲ့ ပိန္ပါးသြယ္လ်တဲ့ ခႏၶာကိုယ္ကို မပိုင္ဆိုင္ထားေပမယ့္လည္း သူမကိုခ်စ္တဲ့ပရိသတ္ေတြကေတာ့ Adele မွ Adele ပါဘဲ။ ဒါေပမယ့္လည္း လူတစ္ဦးက ဘယ္ေလာက္ပဲလွေနပါေစ။ ထူးခၽြန္ထက္ျမက္ေနပါေစ။ စိတ္ထားေကာင္းေနပါေစ။ သူ႔ကိုမခခ်စ္တဲ့သူေတြကေတာ့ သူ႔ကိုအျပစ္ရွာေဝဖန္ေနဦးမွာပါပဲ။

အႏုပညာရွင္တစ္ဦးျဖစ္တဲ့ Adele ဟာလည္း သူမကို မခ်စ္မႏွစ္သက္သူေတြရဲ႕ အျပစ္ရွာေဝဖန္ျခင္းကို ပက္ပက္စက္စက္ခံခဲ့ရဖူးပါတယ္။ Adele ကို အျပစ္ရွာေဝဖန္သူအမ်ားစုဟာ သူမရဲ႕ ျပည့္ၿဖိဳးတဲ့ခႏၶာကိုယ္ကို ပစ္မွတ္ထားေျပာဆိုခဲ့ၾကပါတယ္။ Adele က သတင္းမီဒီယာေတြ၊ မဂၢဇင္းေတြနဲ႔ ျပဳလုပ္တဲ့ အင္တာဗ်ဴးေတြ အႏုပညာရွင္စကားဝိုင္းေတြမွာ ကိုယ့္ကိုယ္ကိုခ်စ္ျမတ္ႏိုးတတ္ျခင္းနဲ႔ဆိုင္တဲ့ ခံယူခ်က္ေတြ ယံုၾကည္ခ်က္ေတြကို မွ်ေဝေျပာျပတဲ့အခါမ်ိဳးမွာ ဝဝလွလွေလးေတြကို အလကားေနရင္း အလကားအျမင္ကတ္တတ္ ၊ မုန္းတီးတတ္သူေတြရဲ႕ ရက္စက္တဲ့ေဝဖန္မႈေတြကို ၾကံဳေတြ႕ခဲ့ရဖူးပါတယ္။

မၾကာေသးခင္က Adele တစ္ေယာက္ သူငယ္ခ်င္းေတြနဲ႔အတူ ကမ္းေျခမွာအပန္းေျဖေနတဲ့ ဓာတ္ပံုေတြဟာ လူမႈကြန္ရက္ေပၚမွာ ပလူပ်ံခဲ့ၿပီး လူေတြရဲ႕အာ႐ံုစိုက္ျခင္းကို ရရွိခဲ့ပါတယ္။ ဘာေၾကာင့္မ်ားလူေတြက အာ႐ံုစိုက္လာၾကတာလဲဆိုေတာ့ အဆိုပါဓာတ္ပံုထဲမွာေတြ႕ရတဲ့ Adele ဟာ အရင္လို ဝၿဖိဳးၿပီးလွပတဲ့ ခႏၶာကိုယ္ကို ပိုင္ဆိုင္ထားတဲ့ Adele မဟုတ္ေတာ့ဘဲ အဆီပိုကင္းရွင္းၿပီး သြယ္လ်လွပတဲ့ ခႏၶာကိုယ္ကို ပိုင္ဆိုင္ထားတဲ့ Adele အျဖစ္ ေျပာင္းလဲသြားတာေၾကာင့္ပဲ ျဖစ္ပါတယ္။

Adele ရဲ႕ ပိန္ပါးသြယ္လ်တဲ့ခႏၶာကိုယ္ကို ျမင္ၿပီးတဲ့ သူတခ်ိဳ႕ကေတာ့ “Adele ဟာ ဘာေရာဂါေဝဒနာကိုမ်ား ခံစားလိုက္ရလို႔ ပိန္သြားတာလဲ?” ၊ “အရင္တုန္းကလို ဝၿဖိဳးေနမွလွတာ။ အခုပိန္သြားေတာ့ မလွေတာ့ဘူး!”လို႔ ေဝဖန္က်ၿပီး Adele ကိုခ်စ္တဲ့ ပရိသတ္ႀကီးကေတာ့ Adele ဘယ္လိုေနေနကို ခ်စ္ေနေတာ့တာပါပဲ။

မၾကာေသးခင္က Adele ဟာ သူ႔ရဲ႕အင္စတာဂရမ္အေကာင့္မွာ ေမြးေန႔ပြဲကိုက်င္းပေနတဲ့ ဓါတ္ပံုတစ္ပံုကို တင္ခဲ့ပါတယ္။ အဆိုပါဓါတ္ပံုထဲမွာေတာ့ လွပျပည့္စံုတဲ့ အနက္ေရာင္ဂါဝန္ေလးကို ဝတ္ဆင္ထားၿပီး ၃၂ ႏွစ္ျပည့္ေမြးေန႔ပြဲကို ေပ်ာ္ရႊင္စြာက်င္းပေနတဲ့ Adeleကို ေတြ႕ျမင္ရမွာပဲျဖစ္ပါတယ္။ Adele က သူ႔ရဲ႕ဓါတ္ပံုကို အင္စတာဂရမ္မွာတင္ၿပီး သိပ္မၾကာခင္မွာပဲ သူမရဲ႕ေျပာင္းလဲလာတဲ့ ခႏၶာကိုယ္နဲ႔ပတ္သက္ၿပီး လူမႈကြန္ရက္စာမ်က္ႏွာေတြမွာ ေဝဖန္ေလကန္သူေတြ အမ်ားႀကီးရွိခဲ့ပါတယ္။

အမ်ိဳးသမီးထုႀကီးရဲ႕ ခႏၶာကိုယ္အလွအပေရးဆိုင္ရာ လႈပ္ရွားသူတစ္ဦးျဖစ္တဲ့ Nabela Noor က “Adele  ရဲ႕ လွပမႈကို ခႏၶာကိုယ္အေလးခ်ိန္နဲ႔ မတိုင္းတာဘဲ ခ်ီးမြမ္းခန္းဖြင့္သင့္တယ္။ Adele ဟာ ဟိုအရင္ကတည္းကလည္း လွပတယ္။ အခုလည္း လွေနတုန္းပဲ။” လို႔ သူ႔ရဲ႕တြစ္တာအေကာင့္မွာ   ေရးသားမွ်ေဝခဲ့ပါတယ္။ Adele ရဲ႕အလွတရားအေပၚျမင္တဲ့ Nabela ရဲ႕အျမင္ဟာ သဘာဝက်ၿပီး ကိုယ္ခ်င္းစာမႈအျပည့္အဝရွိေနတာကို သတိထားမိပါတယ္။

အႏုပညာေလာကမွာ အမ်ိဳးသမီး အႏုပညာရွင္ေတြဟာ အမ်ိဳးသားအႏုပညာရွင္ေတြထက္ သူတို႔ရဲ႕အရည္အခ်င္းေတြကို ေဘးခ်ိတ္ခံရၿပီး သူတို႔ရဲ႕ခႏၶာကိုယ္နဲ႔ ပတ္သက္တဲ့ ေမးခြန္းေတြ ေဝဖန္ခ်က္ေတြကို မနားတမ္းၾကားခဲ့ရတာျဖစ္ပါတယ္။ အႏုပညာရွင္ေတြတင္မဟုတ္ဘဲ သာမန္အမ်ိဳးသမီးေတြဟာလည္း သူတို႔ရဲ႕ခႏၶာကိုယ္နဲ႔ ပတ္သက္ၿပီး ကဲ့ရဲ႕ျခင္း၊ ခ်ီးမြမ္းျခင္းကို ခံေနရတုန္းပါပဲ။ ဒါေၾကာင့္ အမ်ိဳးသမီးတစ္ဦးရဲ႕ အလွတရားဟာ ခႏၶာကိုယ္တင္မဟုတ္ဘဲ ထက္ျမက္ထူးခၽြန္မႈနဲ႔ စိတ္ႏွလံုးျဖဴစင္မႈ ျဖစ္တယ္ဆိုတာကို လူ႔အသိုင္းအဝိုင္းႀကီးက လက္ခံဖို႔ ႀကိဳးစားၾကရပါဦးမယ္။

<Zawgyi Version>

 

 

Source ~ Teenvogue

#SY(Soshwe)

#soshweentertainment

#soshweforyourdailylife

#likeandshare

 

 

 

- Advertisement -

Must Read