HomeTechဥပဒေစည်းမျဉ်းအသစ်တွေနဲ့ နည်းပညာအခြေပြု လူမှုကွန်ရက်ကုမ္ပဏီကြီးများ။

ဥပဒေစည်းမျဉ်းအသစ်တွေနဲ့ နည်းပညာအခြေပြု လူမှုကွန်ရက်ကုမ္ပဏီကြီးများ။

- Advertisement -

ဗြိတိသျှသတင်းထုတ်လွှင့်တဲ့ကုမ္ပဏီရဲ့ အကြီးအကဲတစ်ဦးက ဆက်သွယ်ရေးနဲ့ ဒီဂျစ်တယ်အဖွဲ့အစည်းကို အခြေအမြစ်မရှိတဲ့ သတင်းအမှားတွေကိုဖြန့်ဝေတဲ့ မီဒီယာကျင့်ဝတ်မရှိတဲ့ သတင်းဌာနတွေကို အရေးယူကိုင်တွယ်သလိုမျိုး လူမှုကွန်ရက်ပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်းအမှားတွေကို စီစစ်ပြီး ဖျက်သိမ်းဖို့လိုအပ်တဲ့ အချက်အလက်တွေကို မဖျက်သိမ်းတဲ့ လူမှုကွန်ရက်ကုမ္ပဏီတွေကိုလည်း အရေးယူကိုင်တွယ်သင့်ကြောင်း အကြံပြုခဲ့ပါတယ်။

ITN အဖွဲ့အစည်းက အစိုးရအဖွဲ့ဝင်တွေအနေနဲ့ ပြည်သူတွေရဲ့ ယုံကြည်မှုကို အပြည့်အဝရရှိထားတဲ့ သတင်းဌာနတွေနဲ့ လူသုံးများတဲ့ လူမှုကွန်ရက်တွေဖြစ်တဲ့ Google နဲ့ Facebook ကုမ္ပဏီတွေကို ဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့ ပုဂ္ဂိုလ်တွေအနေနဲ့ လစ်ဟာနေတဲ့ကွက်လပ်တွေကို အချိန်တိုတွင်းဖြည့်ဆည်းနိုင်ဖို့အတွက် တွန်းအားပေးသင့်ကြောင်း အကြံပြုထားပါတယ်။

- Advertisement -

ITN CEO Anna Mallett က “ကျွန်မတို့တွေ COVID-19 ကို တိုက်ထုတ်နေရတဲ့အချိန်မှာ ဝေဖန်ချက်တွေက ထင်ထားတာထက်ကို ပိုပြီးအရေးကြီးနေပါတယ်။ အသုံးပြုသူတွေဆီကနေ စစ်မှန်ပြီးယုံကြည်ရတဲ့ အချက်အလက်တွေကို လက်ခံရရှိမှသာ ကျွန်မတို့ရဲ့ ကြိုးပမ်းမှုတွေ အရာထင်မှာဖြစ်ပါတယ်။ အသုံးပြုသူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို မသမာသူတွေရဲ့ လိုသလိုအသုံးချခြင်းကနေ ကာကွယ်နိုင်ဖို့အတွက် စိတ်ချယုံကြည်ရတဲ့ သတင်းအရင်းအမြစ်တွေကို လိုအပ်နေပါတယ်။ အဲ့ဒါမှလည်း ထိရောက်တဲ့အရေးယူမှုတွေကို ပြုလုပ်နိုင်မှာဖြစ်ပြီး အရည်အသွေးမြင့် သတင်းပညာရပ်ကို တိုးတက်အောင်   ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။”လို့ ဆိုခဲ့ပါတယ်။

- Advertisement -

ယခုအချိန်မှာ အာဏာရှိတဲ့ အစိုးရအဖွဲ့အစည်းဟာလည်း လူထုကိုအသိမပေးလိုတဲ့ အဖွဲ့အစည်းအတွင်း လျှို့ဝှက်ချက်တွေကို မသမာသူတွေက လူမှုကွန်ရက်မှာ ဖြန့်ဝေရေးသားတာတွေကို လျှော့ချနိုင်ဖို့အတွက် လူမှုကွန်ရက်ကုမ္ပဏီတွေရဲ့ အကူအညီကို လိုအပ်နေပြီး လူမှုကွန်ရက်ကုမ္ပဏီတွေက အသုံးပြုသူရဲ့ ကိုယ်ရေးအချက်အလက်တွေ၊ လျှို့ဝှက်ချက်တွေကို အာမခံအပြည့်အဝပေးနိုင်တဲ့ ထိန်းသိမ်းမှုတွေ  ပြုလုပ်နိုင်ဖို့လည်း လိုအပ်နေပါတယ်။

- Advertisement -

ဥပမာတစ်ခုပေးရမယ်ဆိုရင်တော့ ၂၀၁၇ ခုနှစ်မှာ ဂျာမနီနိုင်ငံဥပဒေအဖွဲ့က လူမှုကွန်ရက်ကုမ္ပဏီတွေကို လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ဥပဒေဘောင်နဲ့မကိုက်ညီတဲ့ မှားယွင်းတဲ့သတင်းအချက်အလက်တွေကို ၂၄ နာရီအတွင်း ပယ်ဖျက်ဖို့ အမိန့်ထုတ်ထားတာမျိုးပေါ့။

ဗြိတိသျှနိုင်ငံအစိုးရအဖွဲ့ကလည်း ၂၀၁၉ ခုနှစ်မှာ လူမှုကွန်ယက်ကုမ္ပဏီတွေကို အန္တရာယ်များတဲ့ သတင်းမှားတွေမျှဝေခြင်းနဲ့ပတ်သက်ပြီး တာဝန်ယူမှုရှိအောင် သတိပေးချက်တွေ ထုတ်ပြန်ခဲ့ပါတယ်။ ဒါ့အပြင် အစိုးရအဖွဲ့က Ofcom ကို လူမှုကွန်ယက်အသုံးပြုသူတွေရဲ့ မှားယွင်းတဲ့လုပ်ရပ်တွေနဲ့ ပတ်သက်ပြီး တရားဥပဒေအရ ထိန်းသိမ်းခွင့်ပေးအပ်ခဲ့ပါတယ်။

<Unicode Version>

 

 

 

ဥပေဒစည္းမ်ဥ္းအသစ္ေတြနဲ႕ နည္းပညာအေျချပဳ လူမႈကြန္ရက္ကုမၸဏီႀကီးမ်ား။

ၿဗိတိသွ်သတင္းထုတ္လႊင့္တဲ့ကုမၸဏီရဲ႕ အႀကီးအကဲတစ္ဦးက ဆက္သြယ္ေရးနဲ႔ ဒီဂ်စ္တယ္အဖြဲ႔အစည္းကို အေျခအျမစ္မရွိတဲ့ သတင္းအမွားေတြကိုျဖန္႔ေဝတဲ့ မီဒီယာက်င့္ဝတ္မရွိတဲ့ သတင္းဌာနေတြကို အေရးယူကိုင္တြယ္သလိုမ်ိဳး လူမႈကြန္ရက္ေပၚမွာ ျပန္႔က်ဲေနတဲ့ သတင္းအမွားေတြကို စီစစ္ၿပီး ဖ်က္သိမ္းဖို႔လိုအပ္တဲ့ အခ်က္အလက္ေတြကို မဖ်က္သိမ္းတဲ့ လူမႈကြန္ရက္ကုမၸဏီေတြကိုလည္း အေရးယူကိုင္တြယ္သင့္ေၾကာင္း အၾကံျပဳခဲ့ပါတယ္။

ITN အဖြဲ႔အစည္းက အစိုးရအဖြဲ႔ဝင္ေတြအေနနဲ႔ ျပည္သူေတြရဲ႕ ယံုၾကည္မႈကို အျပည့္အဝရရွိထားတဲ့ သတင္းဌာနေတြနဲ႔ လူသံုးမ်ားတဲ့ လူမႈကြန္ရက္ေတြျဖစ္တဲ့ Google နဲ႔ Facebook ကုမၸဏီေတြကို ဆံုးျဖတ္ပိုင္ခြင့္ရွိတဲ့ ပုဂၢိဳလ္ေတြအေနနဲ႕ လစ္ဟာေနတဲ့ကြက္လပ္ေတြကို အခ်ိန္တိုတြင္းျဖည့္ဆည္းႏိုင္ဖို႔အတြက္ တြန္းအားေပးသင့္ေၾကာင္း အၾကံျပဳထားပါတယ္။

ITN CEO Anna Mallett က “ကၽြန္မတို႔ေတြ COVID-19 ကို တိုက္ထုတ္ေနရတဲ့အခ်ိန္မွာ ေဝဖန္ခ်က္ေတြက ထင္ထားတာထက္ကို ပိုၿပီးအေရးႀကီးေနပါတယ္။ အသံုးျပဳသူေတြဆီကေန စစ္မွန္ၿပီးယံုၾကည္ရတဲ့ အခ်က္အလက္ေတြကို လက္ခံရရွိမွသာ ကၽြန္မတို႔ရဲ႕ ႀကိဳးပမ္းမႈေတြ အရာထင္မွာျဖစ္ပါတယ္။ အသံုးျပဳသူေတြရဲ႕ ကိုယ္ေရးအခ်က္အလက္ေတြကို မသမာသူေတြရဲ႕ လိုသလိုအသံုးခ်ျခင္းကေန ကာကြယ္ႏိုင္ဖို႔အတြက္ စိတ္ခ်ယံုၾကည္ရတဲ့ သတင္းအရင္းအျမစ္ေတြကို လိုအပ္ေနပါတယ္။ အဲ့ဒါမွလည္း ထိေရာက္တဲ့အေရးယူမႈေတြကို ျပဳလုပ္ႏိုင္မွာျဖစ္ၿပီး အရည္အေသြးျမင့္ သတင္းပညာရပ္ကို တိုးတက္ေအာင္   ျပဳလုပ္ႏိုင္မွာ ျဖစ္ပါတယ္။”လို႔ ဆိုခဲ့ပါတယ္။

ယခုအခ်ိန္မွာ အာဏာရွိတဲ့ အစိုးရအဖြဲ႔အစည္းဟာလည္း လူထုကိုအသိမေပးလိုတဲ့ အဖြဲ႔အစည္းအတြင္း လွ်ိဳ႕ဝွက္ခ်က္ေတြကို မသမာသူေတြက လူမႈကြန္ရက္မွာ ျဖန္႔ေဝေရးသားတာေတြကို ေလွ်ာ့ခ်ႏိုင္ဖို႔အတြက္ လူမႈကြန္ရက္ကုမၸဏီေတြရဲ႕ အကူအညီကို လိုအပ္ေနၿပီး လူမႈကြန္ရက္ကုမၸဏီေတြက အသံုးျပဳသူရဲ႕ ကိုယ္ေရးအခ်က္အလက္ေတြ၊ လွ်ိဳ႕ဝွက္ခ်က္ေတြကို အာမခံအျပည့္အဝေပးႏိုင္တဲ့ ထိန္းသိမ္းမႈေတြ  ျပဳလုပ္ႏိုင္ဖို႔လည္း လိုအပ္ေနပါတယ္။

ဥပမာတစ္ခုေပးရမယ္ဆိုရင္ေတာ့ ၂၀၁၇ ခုႏွစ္မွာ ဂ်ာမနီႏိုင္ငံဥပေဒအဖြဲ႕က လူမႈကြန္ရက္ကုမၸဏီေတြကို လူမႈကြန္ရက္စာမ်က္ႏွာေပၚမွာ ဥပေဒေဘာင္နဲ႔မကိုက္ညီတဲ့ မွားယြင္းတဲ့သတင္းအခ်က္အလက္ေတြကို ၂၄ နာရီအတြင္း ပယ္ဖ်က္ဖို႔ အမိန္႔ထုတ္ထားတာမ်ိဳးေပါ့။

ၿဗိတိသွ်ႏိုင္ငံအစိုးရအဖြဲ႕ကလည္း ၂၀၁၉ ခုႏွစ္မွာ လူမႈကြန္ယက္ကုမၸဏီေတြကို အႏၲရာယ္မ်ားတဲ့ သတင္းမွားေတြမွ်ေဝျခင္းနဲ႔ပတ္သက္ၿပီး တာဝန္ယူမႈရွိေအာင္ သတိေပးခ်က္ေတြ ထုတ္ျပန္ခဲ့ပါတယ္။ ဒါ့အျပင္ အစိုးရအဖြဲ႔က Ofcom ကို လူမႈကြန္ယက္အသံုးျပဳသူေတြရဲ႕ မွားယြင္းတဲ့လုပ္ရပ္ေတြနဲ႔ ပတ္သက္ၿပီး တရားဥပေဒအရ ထိန္းသိမ္းခြင့္ေပးအပ္ခဲ့ပါတယ္။

<Zawgyi Version>

 

 

Source ~ eandt

#SY(Soshwe)

#soshwetech

#soshweforyourdailylife

#likeandshare

 

 

 

 

 

- Advertisement -

Must Read