Breaking News

မြင်းကျားနဲ့မြည်း မိတ်လိုက်ရာမှ မွေးဖွားလာတဲ့ ထူးဆန်းသည့်တိရိစ္ဆာန်။

ကင်ညာနိုင်ငံမှ မြင်းကျားမတစ်ကောင်သည် မြည်းနဲ့မြင်းကျားနှစ်ကောင်းပေါင်းစပ်ထားသည့် Zonkey ဆိုသည့်အကောင်လေးကို မွေးဖွားခဲ့ကြောင်း သိရှိရပါတယ်။ တိရိစ္ဆာန်ကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးရဲ့အဆိုအရ အဆိုုပါမြင်းကျားမသည် ပြီးခဲ့သည့်နှစ်အတွင်းက ကြီးမားသည့် တိရိစ္ဆာန်အုပ်နဲ့အတူတကွကျက်စားရင်း မြည်းတစ်ကောင်နဲ့မိတ်လိုက်ခဲ့ဖွယ်ရှိကြောင်း ပြောကြားခဲ့ပါတယ်။

သတင်းများရဲ့ဖော်ပြချက်အရ ကင်ညာနိုင်ငံ Chyulu တောင်ကုန်းသဘာဝဥယျာဉ်အတွင်း၌ အဖြူနဲ့အညိုရောင်စပ်ထားသည့် မြင်းကျားမတစ်ကောင်ကို မြင်တွေ့ခဲ့ရပြီး သူ့ဘေး၌ အရောင်အနည်းငယ်နုသည့် ထူးထူးဆန်းဆန်းတိရိစ္ဆာန်ကို မြင်တွေ့ခဲ့ရပါတယ်။ ကနဦး၌ အဆိုပါ Zonkey အနေဖြင့် ဗွက်တောထဲ၌ ဆော့ကစားထားသောကြောင့် ယခုကဲ့သို့အရောင်ထွက်နေသည်ဟု ထင်မှတ်ခဲ့ကြပေမယ့် နောက်ပိုင်း၌မူ မြင်းကျားမအနေဖြင့် မြည်းတစ်ကောင်နဲ့ မိတ်လိုက်ခဲ့ပြီး Zonkey ကိိုမွေးဖွားခဲ့ဖွယ်ရှိကြောင်း တိရိစ္ဆာန်ကယ်ဆယ်ရေးအဖွဲ့က သူတို့ရဲ့ Facebook စာမျက်နှာမှတစ်ဆင့် အတည်ပြုခဲ့ပါတယ်။

“Zonkey ရဲ့ ခန္ဓာကိုယ်အပေါ်ပိုင်းက မြည်းရဲ့ခန္ဓာကိုယ်အတိုင်းဖြစ်ပြီး  ခြေထောက်နဲ့ခန္ဓာကိုယ်အောက်ပိုင်းကတော့ မိခင်ဖြစ်သူ မြင်းကျားမရဲ့အဆင်အတိုင်း ပေါင်းစပ်ထားတာပါ။ ဒီလိုမျိုးမိခင်ရော၊ ကလေးရော အသက်ရှင်နေတာကို မြင်ရတဲ့အတွက် ကျွန်တော်တို့ ပျော်ရွှင်ရပါတယ်။” ဟု  ရေးသားခဲ့ပါတယ်။ ဒါ့အပြင် ယခုကဲ့သို့ တိရိစ္ဆာန်များနဲ့အနီးကပ်နေထိုင်ခြင်းဖြင့် မဖြစ်နိုင်သောအရာများ ဖြစ်လာရန်အတွက် မျှော်လင့်နိုင်ကြောင်းလည်း ဆိုခဲ့ကြပါတယ်။

ဒါ့အပြင် အဆိုပါ Zonkey ကိုသူ့ရဲ့မူလသဘာဝအတိုင်း အသက်ရှင်နေထိုင်သွားနိုင်အောင် ကူညီပေးသင့်ပြီး အဆိုပါ Zonkey အနေဖြင့် လားမျိုးနွယ်ဝင်ဖြစ်သောကြောင့် အရွယ်ရောက်လာအချိန်၌ နို့တိုက်နိုင်တော့မည်မဟုတ်ကြောင်း ထောက်ပြခဲ့ပါသေးတယ်။

<Unicode Version>

 

 

 

ျမင္းက်ားနဲ႔ျမည္း မိတ္လိုက္ရာမွေမြးဖြားလာေသာထူးဆန္းသည့္တိရိစာၦန္။

ကင္ညာႏုိင္ငံမွ ျမင္းက်ားမတစ္ေကာင္သည္ ျမည္းနဲ႔ျမင္းက်ားႏွစ္ေကာင္းေပါင္းစပ္ထားသည့္ Zonkey ဆိုသည့္အေကာင္ေလးကို ေမြးဖြားခဲ့ေၾကာင္း သိရွိရပါတယ္။ တိရိစာၦန္ကယ္ဆယ္ေရးအဖဲြ႕မွ တာဝန္ရွိသူတစ္ဦးရဲ႕အဆုိအရ အဆုိုပါျမင္းက်ားမသည္ ၿပီးခဲ့သည့္ႏွစ္အတြင္းက ႀကီးမားသည့္ တိရိစာၦန္အုပ္နဲ႔အတူတကြက်က္စားရင္း ျမည္းတစ္ေကာင္နဲ႔မိတ္လုိက္ခဲ့ဖြယ္ရွိေၾကာင္း ေျပာၾကားခဲ့ပါတယ္။

သတင္းမ်ားရဲ႕ေဖာ္ျပခ်က္အရ ကင္ညာႏုိင္ငံ Chyulu ေတာင္ကုန္းသဘာဝဥယ်ာဥ္အတြင္း၌ အျဖဴနဲ႔အညိဳေရာင္စပ္ထားသည့္ ျမင္းက်ားမတစ္ေကာင္ကို ျမင္ေတြ႕ခဲ့ရၿပီး သူ႔ေဘး၌ အေရာင္အနည္းငယ္ႏုသည့္ ထူးထူးဆန္းဆန္းတိရိစာၦန္ကို ျမင္ေတြ႕ခဲ့ရပါတယ္။ ကနဦး၌ အဆိုပါ Zonkey အေနျဖင့္ ဗြက္ေတာထဲ၌ ေဆာ့ကစားထားေသာေၾကာင့္ ယခုကဲ့သို႔အေရာင္ထြက္ေနသည္ဟု ထင္မွတ္ခဲ့ၾကေပမယ့္ ေနာက္ပိုင္း၌မူ ျမင္းက်ားမအေနျဖင့္ ျမည္းတစ္ေကာင္နဲ႔ မိတ္လိုက္ခဲ့ၿပီး Zonkey ကိိုေမြးဖြားခဲ့ဖြယ္ရွိေၾကာင္း တိရိစာၦန္ကယ္ဆယ္ေရးအဖဲြ႕က သူတုိ႔ရဲ႕ Facebook စာမ်က္ႏွာမွတစ္ဆင့္ အတည္ျပဳခဲ့ပါတယ္။

“Zonkey ရဲ႕ ခႏၶာကိုယ္အေပၚပိုင္းက ျမည္းရဲ႕ခႏၶာကိုယ္အတိုင္းျဖစ္ၿပီး  ေျခေထာက္နဲ႔ခႏၶာကိုယ္ေအာက္ပိုင္းကေတာ့ မိခင္ျဖစ္သူ ျမင္းက်ားမရဲ႕အဆင္အတိုင္း ေပါင္းစပ္ထားတာပါ။ ဒီလိုမ်ိဳးမိခင္ေရာ၊ ကေလးေရာ အသက္ရွင္ေနတာကို ျမင္ရတဲ့အတြက္ ကြ်န္ေတာ္တို႔ ေပ်ာ္ရႊင္ရပါတယ္။” ဟု  ေရးသားခဲ့ပါတယ္။ ဒါ့အျပင္ ယခုကဲ့သို႔ တိရိစာၦန္မ်ားနဲ႔အနီးကပ္ေနထိုင္ျခင္းျဖင့္ မျဖစ္ႏုိင္ေသာအရာမ်ား ျဖစ္လာရန္အတြက္ ေမွ်ာ္လင့္ႏိုင္ေၾကာင္းလည္း ဆိုခဲ့ၾကပါတယ္။

ဒါ့အျပင္ အဆုိပါ Zonkey ကိုသူ႔ရဲ႕မူလသဘာဝအတုိင္း အသက္ရွင္ေနထိုင္သြားႏိုင္ေအာင္ ကူညီေပးသင့္ၿပီး အဆိုပါ Zonkey အေနျဖင့္ လားမ်ိဳးႏြယ္ဝင္ျဖစ္ေသာေၾကာင့္ အရြယ္ေရာက္လာအခ်ိန္၌ ႏို႔တိုက္ႏုိင္ေတာ့မည္မဟုတ္ေၾကာင္း ေထာက္ျပခဲ့ပါေသးတယ္။

<Zawgyi Version>

 

#soshweanimal

#soshweforyourdailylife

#likeandshare

About So Shwe

Check Also

ကမ္ဘာ့အကြီးမားဆုံးမိကျောင်းတစ်ကောင်ကို ဖိလစ်ပိုင်တွင် အရှင်ဖမ်းမိ။

လူနေမှုစနစ်တွေတိုးတက်လာတာနဲ့အမျှ သဘာဝရဲ့ဂေဟစနစ်က ပျက်စီးဆုံးရှုံးရစမြဲဖြစ်ပြီး လူနေအိမ်များ တိုးချဲ့မှုကြောင့် သဘာဝအတိုင်းနေထိုင်သည့် မိကျောင်းကဲ့သို့သော တိရစ္ဆာန်များအတွက် နေထိုင်စရာနေရာ ရှားပါးလာခဲ့ပါတယ်။ ထို့ကြောင့်လည်း မကြာခဏဆိုသလို လူနဲ့မိကျောင်း ထိပ်တိုက်တွေ့သည့်ဖြစ်ရပ်များကို ကြားသိနေရပြီး …

Leave a Reply

Your email address will not be published.

instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro