Breaking News

Lockdown ဖြေလျှော့ပြီးနောက် ဗီယက်နမ်နိုင်ငံအခြေအနေ။

အရှေ့တောင်အာရှဒေသမှ ဗီယက်နမ်နိုင်ငံသည် (၃) လကြာ Lockdown ချထားပြီး ကိုရိုနာဗိုင်းရပ်စ်ကို  အောင်မြင်စွာထိန်းချုပ်နိုင်ခဲ့ခြင်းကြောင့် ကျောင်းများကိုပြန်လည်ဖွင့်လှစ်ခဲ့ပြီဖြစ်ကြောင်း သိရှိရပါတယ်။ ဒါပေမယ့် ကျောင်းသား၊ ကျောင်းသူများနဲ့ ဆရာ၊ ဆရာမများသည် ကျောင်းပြန်တက်ရာ၌ Face Shield များ၊ နှာခေါင်းစည်းများနဲ့ လက်သန့်ဆေးရည်များကို အသုံးပြုနေကြဆဲဖြစ်ပါတယ်။

ကျောင်းများအပြင် နိုင်ငံတွင်းကဏ္ဍအသီးသီး၌ ပုံမှန်အတိုင်းလှုပ်ရှားသွားလာမှုများ ပြန်လည်ပြုလုပ်နေကြပြီဖြစ်ပြီး CNN သတင်းဌာနရဲ့ဖော်ပြချက်အရ နိုင်ငံတွင်းရှိ ကျောင်းသားပေါင်း (၂၂) သန်းက ကျောင်းပြန်တက်နေပြီဖြစ်ကြောင်း သိရှိရပါတယ်။ ဒါပေမယ့် ကျောင်းများ၌ Social Distancing စည်းကမ်းကို လိုက်နာရန်ခက်ခဲနေဆဲဖြစ်ပြီး စာသင်ခန်းနဲ့ဆရာအင်အားမလုံလောက်မှုကြောင့် တစ်ယောက်နဲ့တစ်ယောက် အနည်းဆုံး (၁) မီတာခွာထားရမည်ဟူသည့် စည်းကမ်းကိုလိုက်နာရန် စိန်ခေါ်မှုများ ရှိနေပါတယ်။

ကျောင်းအချို့မှာမူ သူတို့ရဲ့စာသင်ချိန်များကိုပြောင်းလဲခဲ့ပြီး အချို့ကို အွန်လိုင်းနဲ့ရုပ်သံမှတစ်ဆင့် သင်ကြားစေကြကြောင်း သိရှိရပါတယ်။ Nhi Dong မူလတန်းကျောင်းမှ ကျောင်းအုပ်ကြီး Le Thanh Hung က Face Shield များ တပ်ဆင်ခြင်း၊ မတပ်ဆင်ခြင်းက  ကျောင်းသားများအပေါ်၌သာ မူတည်ကြောင်း  ပြောကြားထားပေမယ့် ကျောင်းသားများမှာမူ Face Shield များ ကိုယ်စီတပ်ဆင်လာခဲ့ကြကြောင်း သိရှိရပါတယ်။

ဗီယက်နမ်နိုင်ငံသည် ကိုရိုနာဗိုင်းရပ်စ်ကို အောင်မြင်စွာထိန်းချုပ်နိုင်သည့်နိုင်ငံများစာရင်းထဲ၌ ပါဝင်ခဲ့ပြီး ပြီးခဲ့သည့် မေလ (၆) ရက်နေ့အထိ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူပေါင်း (၂၇၁) ယောက်ရှိခဲ့ကာ (၂၃၂) ယောက်က ဗိုင်းရပ်စ်ပြန်လည်ပျောက်ကင်းခဲ့ပြီဖြစ်ပါတယ်။ ဒါ့အပြင်နိုင်ငံတွင်း၌ ကိုရိုနာဗိုင်းရပ်စ်ကြောင့်  သေဆုံးသူတစ်ယောက်မျှမရှိခဲ့ကြောင်းလည်း သိရှိရပါတယ်။

<Unicode Version>

 

 

Lockdown ေျဖေလွ်ာ႕ၿပီးေနာက္ ဗီယက္နမ္ႏိုင္ငံအေျခအေန။

အေရွ႕ေတာင္အာရွေဒသမွ ဗီယက္နမ္ႏုိင္ငံသည္ (၃) လၾကာ Lockdown ခ်ထားၿပီး ကိုရိုနာဗုိင္းရပ္စ္ကို  ေအာင္ျမင္စြာထိန္းခ်ဳပ္ႏုိင္ခဲ့ျခင္းေၾကာင့္ ေက်ာင္းမ်ားကိုျပန္လည္ဖြင့္လွစ္ခဲ့ၿပီျဖစ္ေၾကာင္း သိရွိရပါတယ္။ ဒါေပမယ့္ ေက်ာင္းသား၊ ေက်ာင္းသူမ်ားနဲ႔ ဆရာ၊ ဆရာမမ်ားသည္ ေက်ာင္းျပန္တက္ရာ၌ Face Shield မ်ား၊ ႏွာေခါင္းစည္းမ်ားနဲ႔ လက္သန္႔ေဆးရည္မ်ားကို အသံုးျပဳေနၾကဆဲျဖစ္ပါတယ္။

ေက်ာင္းမ်ားအျပင္ ႏုိင္ငံတြင္းက႑အသီးသီး၌ ပံုမွန္အတုိင္းလႈပ္ရွားသြားလာမႈမ်ား ျပန္လည္ျပဳလုပ္ေနၾကၿပီျဖစ္ၿပီး CNN သတင္းဌာနရဲ႕ေဖာ္ျပခ်က္အရ ႏုိင္ငံတြင္းရွိ ေက်ာင္းသားေပါင္း (၂၂) သန္းက ေက်ာင္းျပန္တက္ေနၿပီျဖစ္ေၾကာင္း သိရွိရပါတယ္။ ဒါေပမယ့္ ေက်ာင္းမ်ား၌ Social Distancing စည္းကမ္းကို လိုက္နာရန္ခက္ခဲေနဆဲျဖစ္ၿပီး စာသင္ခန္းနဲ႔ဆရာအင္အားမလံုေလာက္မႈေၾကာင့္ တစ္ေယာက္နဲ႔တစ္ေယာက္ အနည္းဆံုး (၁) မီတာခြာထားရမည္ဟူသည့္ စည္းကမ္းကိုလိုက္နာရန္ စိန္ေခၚမႈမ်ား ရွိေနပါတယ္။

ေက်ာင္းအခ်ိဳ႕မွာမူ သူတုိ႔ရဲ႕စာသင္ခ်ိန္မ်ားကိုေျပာင္းလဲခဲ့ၿပီး အခ်ိဳ႕ကို အြန္လိုင္းနဲ႔ရုပ္သံမွတစ္ဆင့္ သင္ၾကားေစၾကေၾကာင္း သိရွိရပါတယ္။ Nhi Dong မူလတန္းေက်ာင္းမွ ေက်ာင္းအုပ္ႀကီး Le Thanh Hung က Face Shield မ်ား တပ္ဆင္ျခင္း၊ မတပ္ဆင္ျခင္းက  ေက်ာင္းသားမ်ားအေပၚ၌သာ မူတည္ေၾကာင္း  ေျပာၾကားထားေပမယ့္ ေက်ာင္းသားမ်ားမွာမူ Face Shield မ်ား ကိုယ္စီတပ္ဆင္လာခဲ့ၾကေၾကာင္း သိရွိရပါတယ္။

ဗီယက္နမ္ႏိုင္ငံသည္ ကိုရိုနာဗုိင္းရပ္စ္ကို ေအာင္ျမင္စြာထိန္းခ်ဳပ္ႏုိင္သည့္ႏုိင္ငံမ်ားစာရင္းထဲ၌ ပါဝင္ခဲ့ၿပီး ၿပီးခဲ့သည့္ ေမလ (၆) ရက္ေန႔အထိ ကိုရိုနာဗုိင္းရပ္စ္ကူးစက္ခံရသူေပါင္း (၂၇၁) ေယာက္ရွိခဲ့ကာ (၂၃၂) ေယာက္က ဗုိင္းရပ္စ္ျပန္လည္ေပ်ာက္ကင္းခဲ့ၿပီျဖစ္ပါတယ္။ ဒါ့အျပင္ႏုိင္ငံတြင္း၌ ကိုရိုနာဗုိင္းရပ္စ္ေၾကာင့္  ေသဆံုးသူတစ္ေယာက္မွ်မရွိခဲ့ေၾကာင္းလည္း သိရွိရပါတယ္။

<Zawgyi Version>

 

Source ~ Elitereaders

#HM(Soshwe)

#soshweeducation

#soshweforyourdailylife

#likeandshare

About So Shwe

Check Also

သိပ္ပံပညာရှင်တွေ ရှာဖွေတွေ့ရှိခဲ့တဲ့ လူဦးခေါင်းထဲမှ အင်္ဂါအသစ်တစ်ခု။

သိပ္ပံပညာရှင်တွေဟာ အသစ်အသစ်တွေကို အမြဲတမ်းရှာဖွေလေ့လာနေကြပြီး ဒီတစ်ခေါက်မှာလည်း လူဦးခေါင်းထဲမှာရှိနေတဲ့ အင်္ဂါအသစ်တစ်ခုကို ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။ လူသားတွေရဲ့ ဦးခေါင်းထဲမှာ အမြဲတမ်းတည်ရှိနေခဲ့တဲ့ အင်္ဂါတစ်ခုကို အခုချိန်မှတွေ့ရှိခဲ့ခြင်းက သိပ္ပံပညာရှင်တွေကို အံ့အားသင့်စေခဲ့ပါတယ်။ အဆိုပါအင်္ဂါအသစ်ဟာ …

Leave a Reply

Your email address will not be published.

instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro