Breaking News

Lockdown ကာလအတွင်းဘဏ်များရဲ့လှုပ်ရှားမှုများ။

မတ်လ (၂၅) ရက်နေ့မှစတင်ကာ ကမ္ဘာတစ်ဝှမ်းမှ နိုင်ငံအများစုက ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုနှုန်းကို ထိန်းချုပ်နိုင်ရန်အတွက် Lockdown ကာလများ အသီးသီးသတ်မှတ်ခဲ့ကြပြီး ဘဏ်လုပ်ငန်းများအနေဖြင့်လည်း အခက်အခဲအချို့နဲ့ ကြုံတွေ့ခဲ့ရပါတယ်။ ဒါပေမယ့်အချို့သောဘဏ်များကမူ သူတို့ရဲ့ဖောက်သည်များနဲ့ အွန်လိုင်းပေါ်၌ ထိတွေ့မှုရှိနေစေရန်လှုပ်ရှားမှုအချို့ပြုလုပ်ခဲ့ကြကြောင်း သိရှိရပါတယ်။

HDFC ဘဏ်မှ ဖောက်သည်များရဲ့ အနုပညာအရည်အချင်းကိုစမ်းသပ်ခဲ့ကြပြီး “အိမ်မှာဘာမှလုပ်စရာမရှိဘဲ နေရတာ ပင်ပန်းနေကြပြီလား။” ဟုရေးသားကာ #BreakFromBoredom ဆိုသည့် Hashtag ဖြင့် တွစ်တာပေါ်မှတစ်ဆင့် အနုပညာဆိုင်ရာပြိုင်ပွဲတစ်ခုကို စိတ်လှုပ်ရှားဖွယ်ဆုလက်ဆောင်များနဲ့ ကျင်းပပေးခဲ့ပါတယ်။ Punjab National Bank (PNB) ကလည်း “အမေတွေအတွက် အားလုံးက အမြဲတမ်းကလေးပါ။” ဟူသည့် ဆောင်ပုဒ်ဖြင့် အမေများနေ့ကို ဂုဏ်ပြုခဲ့ပါသေးတယ်။

ဒါ့အပြင် ဘဏ်လုပ်ငန်းကိုအသုံးချပြီးလိမ်လည်မှုများရှိလာနိုင်သည့်အတွက် သတိပေးမှုများလည်း ပုံမှန်ပြုလုပ်နေရပြီး PNB ကလည်း သူတို့ရဲ့ဖောက်သည်များကို သတိပေးထားကြပါတယ်။ Canara ဘဏ်ကလည်း သူတို့ရဲ့ဖောက်သည်တွေကို Phishing နဲ့ပတ်သက်သည့် Link များသို့မဝင်မိစေရန် သတိပေးနေပြီး ဘဏ်အချို့ကလည်း သူတို့ရဲ့ဖောက်သည်များကို “Lockdown offers” များ  ပြုလုပ်ခဲ့ကြကြောင်း သိရှိရပါတယ်။

HDFC ဘဏ်ကလည်း သူတို့ရဲ့ဘဏ်ဝန်ဆောင်မှုများမှတစ်ဆင့် Akshaya Triya တွင်  ကျောက်မျက်ရတနာဝယ်ယူသူများအတွက် လျှော့စျေးပေးထားပြီး ရောင်းချရာမှရရှိသည့်  ငွေကြေးအချို့ကိုလည်း PM Cares ရန်ပုံငွေအတွက် လှူဒါန်းသွားမည်ဟုကြေညာခဲ့ပါတယ်။ Union Bank of India ကလည်း ဆေးဝါးဝယ်ယူမှုများအတွက် အထူးလျှော့စျေးများပေးထားပြီး SBI ကလည်း အလားတူဝန်ဆောင်မှုများ ပေးထားကြောင်း သိရှိရပါတယ်။ ဒါ့အပြင် Union Bank of India ကလည်း အခြားဘဏ်များရဲ့ကတ်ဖြင့် သူတို့ရဲ့ ATM စက်များ၌ငွေထုတ်ယူခြင်းအတွက် အခကြေးငွေ  ကောက်ခံတော့မည်မဟုတ်ကြောင်း သိရှိရပါတယ်။

ဒါ့အပြင် ကျေးရွာဒေသရှိဘဏ်ခွဲများ၌ လူစုလူဝေးများမဖြစ်ပေါ်စေရန်အတွက်လည်း အချိန်ဇယားနဲ့ စနစ်တကျစီစဉ်ထားပြီး Social Distancing စည်းမျဉ်းစည်းကမ်းများကို အပြည့်အဝလိုက်နာစေရန် ပြင်ဆင်ထားကြောင်းသိရှိရပါတယ်။

<Unicode Version>

 

 

 

Lockdown ကာလအတြင္းဘဏ္မ်ားရဲ႕လႈပ္ရွားမႈမ်ား။

မတ္လ (၂၅) ရက္ေန႔မွစတင္ကာ ကမာၻတစ္ဝွမ္းမွ ႏုိင္ငံအမ်ားစုက ကိုရိုနာဗုိင္းရပ္စ္ကူးစက္မႈႏႈန္းကို ထိန္းခ်ဳပ္ႏုိင္ရန္အတြက္ Lockdown ကာလမ်ား အသီးသီးသတ္မွတ္ခဲ့ၾကၿပီး ဘဏ္လုပ္ငန္းမ်ားအေနျဖင့္လည္း အခက္အခဲအခ်ိဳ႕နဲ႔ ႀကံဳေတြ႕ခဲ့ရပါတယ္။ ဒါေပမယ့္အခ်ိဳ႕ေသာဘဏ္မ်ားကမူ သူတုိ႔ရဲ႕ေဖာက္သည္မ်ားနဲ႔ အြန္လိုင္းေပၚ၌ ထိေတြ႕မႈရွိေနေစရန္လႈပ္ရွားမႈအခ်ိဳ႕ျပဳလုပ္ခဲ့ၾကေၾကာင္း သိရွိရပါတယ္။

HDFC ဘဏ္မွ ေဖာက္သည္မ်ားရဲ႕ အႏုပညာအရည္အခ်င္းကိုစမ္းသပ္ခဲ့ၾကၿပီး “အိမ္မွာဘာမွလုပ္စရာမရွိဘဲ ေနရတာ ပင္ပန္းေနၾကၿပီလား။” ဟုေရးသားကာ #BreakFromBoredom ဆိုသည့္ Hashtag ျဖင့္ တြစ္တာေပၚမွတစ္ဆင့္ အႏုပညာဆိုင္ရာၿပိဳင္ပဲြတစ္ခုကို စိတ္လႈပ္ရွားဖြယ္ဆုလက္ေဆာင္မ်ားနဲ႔ က်င္းပေပးခဲ့ပါတယ္။ Punjab National Bank (PNB) ကလည္း “အေမေတြအတြက္ အားလံုးက အၿမဲတမ္းကေလးပါ။” ဟူသည့္ ေဆာင္ပုဒ္ျဖင့္ အေမမ်ားေန႔ကို ဂုဏ္ျပဳခဲ့ပါေသးတယ္။

ဒါ့အျပင္ ဘဏ္လုပ္ငန္းကိုအသံုးခ်ၿပီးလိမ္လည္မႈမ်ားရွိလာႏုိင္သည့္အတြက္ သတိေပးမႈမ်ားလည္း ပံုမွန္ျပဳလုပ္ေနရၿပီး PNB ကလည္း သူတုိ႔ရဲ႕ေဖာက္သည္မ်ားကို သတိေပးထားၾကပါတယ္။ Canara ဘဏ္ကလည္း သူတုိ႔ရဲ႕ေဖာက္သည္ေတြကို Phishing နဲ႔ပတ္သက္သည့္ Link မ်ားသို႔မဝင္မိေစရန္ သတိေပးေနၿပီး ဘဏ္အခ်ိဳ႕ကလည္း သူတုိ႔ရဲ႕ေဖာက္သည္မ်ားကို “Lockdown offers” မ်ား  ျပဳလုပ္ခဲ့ၾကေၾကာင္း သိရွိရပါတယ္။

HDFC ဘဏ္ကလည္း သူတုိ႔ရဲ႕ဘဏ္ဝန္ေဆာင္မႈမ်ားမွတစ္ဆင့္ Akshaya Triya တြင္  ေက်ာက္မ်က္ရတနာဝယ္ယူသူမ်ားအတြက္ ေလွ်ာ့ေစ်းေပးထားၿပီး ေရာင္းခ်ရာမွရရွိသည့္  ေငြေၾကးအခိ်ဳ႕ကိုလည္း PM Cares ရန္ပံုေငြအတြက္ လွဴဒါန္းသြားမည္ဟုေၾကညာခဲ့ပါတယ္။ Union Bank of India ကလည္း ေဆးဝါးဝယ္ယူမႈမ်ားအတြက္ အထူးေလွ်ာ့ေစ်းမ်ားေပးထားၿပီး SBI ကလည္း အလားတူဝန္ေဆာင္မႈမ်ား ေပးထားေၾကာင္း သိရွိရပါတယ္။ ဒါ့အျပင္ Union Bank of India ကလည္း အျခားဘဏ္မ်ားရဲ႕ကတ္ျဖင့္ သူတုိ႔ရဲ႕ ATM စက္မ်ား၌ေငြထုတ္ယူျခင္းအတြက္ အခေၾကးေငြ  ေကာက္ခံေတာ့မည္မဟုတ္ေၾကာင္း သိရွိရပါတယ္။

ဒါ့အျပင္ ေက်းရြာေဒသရွိဘဏ္ခဲြမ်ား၌ လူစုလူေဝးမ်ားမျဖစ္ေပၚေစရန္အတြက္လည္း အခ်ိန္ဇယားနဲ႔ စနစ္တက်စီစဥ္ထားၿပီး Social Distancing စည္းမ်ဥ္းစည္းကမ္းမ်ားကို အျပည့္အဝလိုက္နာေစရန္ ျပင္ဆင္ထားေၾကာင္းသိရိွရပါတယ္။

<Zawgyi Version>

 

Source ~ FinancialExpress

#HM(Soshwe)

#soshwebankingandfinance

#soshweforyourdailylife

#likeandshare

About So Shwe

Check Also

ဝန်ထမ်း ၁၁၀၀ ကို အလုပ်ဖြုတ်လိုက်တဲ့ ကုမ္ပဏီကြီးတခု။

နာမည်ကြီး Crypto Exchange ကုမ္ပဏီတစ်ခုဖြစ်တဲ့ Coinbase ဟာ အချိန်ပြည့်ဝန်ထမ်းအင်အားရဲ့ ၅ ပုံ ၁ ပုံနီးပါးဖြစ်တဲ့ ၁၈% ခန့်ကို လူလျှော့ခဲ့တာဖြစ်ပါတယ်။ ဝန်ထမ်းပေါင်း …

Leave a Reply

Your email address will not be published.

instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro