Breaking News
ကိုရိုနာဗိုင်းရပ်စ်ရဲ့ရောဂါလက္ခဏာအသစ်။
ကိုရိုနာဗိုင်းရပ်စ်ကာလအတွင်း ခြေချောင်းလေးများရောင်ရမ်းမှုဖြစ်စဉ်များ တိုးပွားလာသည်ဟု အမေရိကန်နိုင်ငံရှိအရေပြားအထူးကုဆရာဝန်များက ဖွင့်ဟပြောကြားသွားခဲ့ပါတယ်။ လူနာများရဲ့ခြေချောင်းများသည် ပန်းရောင် သို့မဟုတ် အနီရောင်သို့ပြောင်းကာ ရောင်ရမ်းနေခြင်းဖြစ်ပြီး လက်ရှိအချိန်၌ ဆေးဘက်ဆိုင်ရာကျွမ်းကျင်သူများက ခြေချောင်းလေးများရောင်ရမ်းခြင်းကို ကိုရိုနာဗိုင်းရပ်စ်ရဲ့ ရောဂါလက္ခဏာတစ်ခုအဖြစ် ဆွေးနွေးလျက်ရှိပါတယ်။
California တက္ကသိုလ်မှ အရေပြားအထူးကုဆရာဝန် Lindy Fox က ယခုကဲ့သို့  ခြေချောင်းလေးများရောင်ရမ်းမှုသည် ဆောင်းရာသီကာလ၌သာအဖြစ်များကြောင်း ပြောကြားခဲ့ပါတယ်။ လက်ရှိအချိန်၌ အဆိုပါရောဂါကို “COVID- toe” ဟု အမည်သတ်မှတ်ကာ ဒေါက်တာ Fox က “ကျွန်မရဲ့ဆေးခန်းမှာ ဒီလိုမျိုးခြေချောင်းပြဿနာနဲ့ပတ်သက်လို့ လူနာတွေပြည့်နှက်နေပါတယ်။  နောက်ပြီး ဆောင်းရာသီမှာဖြစ်တတ်တဲ့ဒီလိုရောဂါလက္ခဏာကို သူတို့ဘယ်တုန်းကမှ မခံစားခဲ့ဖူးပါဘူး။” ဟု  ပြောကြားသွားခဲ့ပါတယ်။
ဒေါက်တာ Fox တင်မဟုတ်ဘဲ Massachusetts အထွေထွေဆေးရုံကြီးမှ ဆရာဝန် Esther Freeman ကလည်း သူမရဲ့ဆေးခန်းမှာ COVID- toes ရောဂါလက္ခဏာရှင်များ ပိုမိုများပြားလာသောကြောင့်  ဆေးခန်းချိန်ကိုတိုးမြှင့်ဖွင့်လှစ်ထားရကြောင်း ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် စပိန်၊ ဘယ်လ်ဂျီယံနဲ့ အီတလီနိုင်ငံတို့၌လည်း COVID- toes ရောဂါလက္ခဏာကိုခံစားနေရသည့်လူနာများရှိနေပြီး ခြေဖနောင့်နှင့် ခြေဖဝါးတို့၌ပါ ရောင်ရမ်းမှုများဖြစ်တတ်ကြောင်း သိရှိရပါတယ်။
လက်ရှိအချိန်၌ ကမ္ဘာအနှံ့ ကူးစက်ပျံ့နှံ့လျက်ရှိသည့် ကိုရိုနာဗိုင်းရပ်စ်ရဲ့  ရောဂါလက္ခဏာများသည်  ချောင်းခြောက်ဆိုးခြင်း၊ ဖျားခြင်း၊ အသက်ရှူကြပ်ခြင်းတို့ဖြစ်ပြီး လက်ရှိအချိန်၌ COVID- toes  ရောဂါလက္ခဏာကို သိပ္ပံပညာရှင်များက စတင်လေ့လာနေကြပြီဖြစ်ပါတယ်။ ဒေါက်တာ Fox က “သတင်းကောင်းတစ်ခုအနေနဲ့ ဒီလိုမျိုးခြေချောင်းလေးတွေ ရောင်ရမ်းတာက ရှင်တို့ဗိုင်းရပ်စ်ကူးစက်ခံရတာကနေ သက်သာလာတယ်လို့ ပြောနိုင်ပါတယ်။ ဒါက ခန္ဓာကိုယ်အတွက်  ကောင်းမွန်တဲ့လက္ခဏာတစ်ခုဖြစ်နိုင်ပြီး ကိုယ်ခံအားရသွားတာမျိုးဖြစ်နိုင်ပါတယ်။” ဟု ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် ဒေါက်တာ Freeman က COVID- toe ရောဂါလက္ခဏာကို ခံစားနေရသူများသည် အမြန်ဆုံး သက်သာပျောက်ကင်းနေကြပြီး အဆိုပါရောဂါလက္ခဏာရှင်များကို မြေပြင်အထိ ကွင်းဆင်းစစ်ဆေးရာ၌ အမေရိကန်အစိုးရပါပူးပေါင်းပါဝင်ပေးရန် ကျွမ်းကျင်သူများက ဖိတ်ခေါ်ထားကြောင်းလည်း သိရှိရပါတယ်။
<Unicode Version>
<Zawgyi Version>
#HM(Soshwe)
#soshwehealthandbeauty
#soshweforyourdailylife
#likeandshare
About So Shwe
Check Also
လူတော်တော်များများ နံနံပင်ကို မုန်းတီးရခြင်းနဲ့ပက်သက်ပြီး လေ့လာတွေ့ရှိမှု။
ကျွန်မတို့အနေနဲ့ စားသောက်ဆိုင်တစ်ခုခုမှာ တခြားသောစားသုံးသူပဲဖြစ်ဖြစ်၊ ကိုယ့်နဲ့အတူလိုက်လာတဲ့ သူငယ်ချင်းကပဲဖြစ်ဖြစ် စားပွဲထိုး (သို့) စားဖိုမှူးကို “နံနံပင်မထည့်နဲ့နော်။”ဆိုပြီး သတိပေးတဲ့ စကားမျိုးကို မကြာခဏကြားရမှာပါ။ ကမ္ဘာနဲ့ချီပြီးပြောရမယ်ဆိုရင်တော့ ကမ္ဘာတစ်ဝှမ်းမှာတော့ နံနံပင်ကို …
Leave a Reply
Your email address will not be published.
instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro