DBS ဘဏ်သည် R3 ရဲ့ Corda ပေါ်၌ တည်ဆောက်ထားသည့် Contour ကွန်ယက်နဲ့ ပူးပေါင်းလိုက်ပြီဖြစ်ကြောင်း သိရှိရပါတယ်။ DBS ဘဏ်အနေဖြင့် ကမ္ဘာ့ဘဏ်ရဲ့ ကုန်သွယ်ရေးလုပ်ငန်းများဖြစ်သည့် တီထွင်လဲလှယ်ခြင်း၊ အတည်ပြုခြင်းနဲ့ Credit စာရွက်စာတမ်းများ ပြုလုပ်ခြင်းတို့ကို ဒစ်ဂျစ်တယ်စနစ်ဖြင့့် ပြုလုပ်ပေးမည်ဖြစ်ပါတယ်။ စင်ကာပူအခြေစိုက်ဘဏ်များ၌ DBS ဘဏ်က ယခုကဲ့သို့ Contour ကွန်ယက်နဲ့ပူးပေါင်းလိုက်သည့် ပထမဆုံးဘဏ်ဖြစ်လာခဲ့ပြီး အဆိုပါကွန်ယက်အတွင်း၌ BNP Paribas၊ Bangkok Bank၊ ING၊ HSBC၊ Standard Chartered နဲ့ Citi Ventures တို့ကဲ့သို့ နာမည်ကျော်ဘဏ်များလည်း ပါဝင်နေကြောင်း သိရှိရပါတယ်။
DBS အနေဖြင့် အသုံးပြုသူများအတွက် လွယ်ကူသည့်ကုန်သွယ်ရေးလုပ်ငန်းစဉ်များကို ဝန်ဆောင်မှုပေးသွားမည်ဖြစ်ပြီး အချိန်ကုန်သက်သာစေခြင်း၊ စာရွက်အသုံးပြုခြင်းကိုလျှော့ချနိုင်ခြင်းနဲ့ ရှုပ်ထွေးသည့်ကုန်သွယ်ရေးလုပ်ငန်းစဉ်များကို လွယ်ကူစေမည်ဖြစ်ကြောင်းလည်း သိရှိရပါတယ်။ ဒါ့အပြင် အဆိုပါပလက်ဖောင်းပေါ်၌ ပြီးပြည့်စုံသည့်အချက်အလက်များနဲ့အတူ အချိန်နဲ့တစ်ပြေးညီ အရောင်းအဝယ်ပြုလုပ်နိုင်ပြီး ပွင့်လင်းမြင်သာမှုပိုရှိလာနိုင်ကြောင်းလည်းသိရှိရပါတယ်။
ငွေချေးသူတစ်ဦးကလည်း “အခုလိုမျိုး Contour ရဲ့ ကွန်ယက်မှာ DBS ဘဏ် လာရောက်ပူးပေါင်းတာက သူတို့ရဲ့ကုန်သွယ်ရေးကိစ္စရပ်တွေမှာ ပိုမိုမြန်ဆန်တိကျစေပြီး ကော်ပိုရိတ်ဖောက်သည်တွေရဲ့ မဟာဗျူဟာတန်ဖိုးနဲ့လည်း ကိုက်ညီစေမှာပါ။” ဟု ပြောကြားသွားခဲ့ပါတယ်။ လက်ရှိအချိန်၌ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကြောင့် ဘဏ်လုပ်ငန်းများ၌ ဒစ်ဂျစ်တယ်စနစ်ကို အသုံးပြုနိုင်သည့် ကုန်သွယ်ရေးလုပ်ငန်းစဉ်များ ပိုမိုများပြားလာပြီး ဦးစားပေးနေရာသို့လည်း ရောက်ရှိလာခဲ့ပါတယ်။
Contour ရဲ့ အမှုဆောင်အရာရှိချုပ်တစ်ဦးဖြစ်သူ Carl Wegner က “LC ထုတ်ပေးတဲ့လုပ်ငန်းတွေရဲ့တိကျမှုက စက်မှုလုပ်ငန်းတွေကိုအဆင့်မြှင့်တင်တဲ့နေရာမှာ အရေးပါတဲ့အစိတ်အပိုင်းတစ်ခုလို့ ကျွန်တော်ထင်ပါတယ်။ ဘဏ်တွေ၊ ကော်ပိုရေးရှင်းတွေအနေနဲ့ ကျွန်တော်တို့ရဲ့ ကွန်ယက်ပေါ်ကတစ်ဆင့် ပွင့်လင်းမြင်သာတဲ့ သတင်းအချက်အလက်တွေကို ဒစ်ဂျစ်တယ်နည်းပညာနဲ့စီမံခန့်ခွဲနိုင်ပါတယ်။” ဟု ပြောကြားသွားခဲ့ပါတယ်။
DBS ဘဏ်ရဲ့ ကမ္ဘာလုံးဆိုင်ရာငွေပေးငွေယူအကြီးအကဲတစ်ဦးဖြစ်သူ John Laurens က “ဒီနည်းပညာတွေက စက္ကူအခြေပြုထားတဲ့လုပ်ငန်းကို ဒစ်ဂျစ်တယ်အဖြစ် ပြောင်းလဲလိုက်ရုံတင်မဟုတ်ပါဘူး။ ပိုပြီးတိကျမြန်ဆန်ဖို့၊ လုံခြုံရေး၊ စီးပွားရေးနဲ့ စက်မှုလုပ်ငန်းတွေ ပိုမိုဖွံ့ဖြိုးတိုးတက်ပြီး ရာသီဥတုဒဏ်နဲ့ အခြားသောအကြပ်အတည်းတွေရဲ့ဒဏ်ကို ခံနိုင်ရည်ရှိဖို့ဖြစ်ပါတယ်။” ဟု ပြောကြားသွားခဲ့ပါတယ်။
DBS ဘဏ်ရဲ့ အစုရှယ်ယာတန်ဖိုးသည် ပြီးခဲ့သည့်တနလာင်္နေ့၊ မနက် (၁ဝး ၃၁) မိနစ်အချိန်၌ (၁.၁) ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်းလည်း သိရှိရပါတယ်။
<Unicode Version>
ကုန်သွယ်ဘဏ္ဍာရေးကွန်ယက်တစ်ခုဖြစ်သည့် Contour နဲ့ပူးပေါင်းလိုက်သည့် ဘဏ်ကြီးတစ်ခု။
<Zawgyi Version>
#HM(Soshwe)
#soshwebankingandfinance
#soshwefoyourdailylife
#likeandshare