Breaking News

ကျန်းမာရေးဝန်ထမ်းများအတွက် ဖိနပ်အရံပေါင်း (၃၀,၀၀၀) ကို လှူဒါန်းခဲ့တဲ့ ကမ္ဘာကျော်ကုမ္ပဏီကြီး။

နာမည်ကျော် Nike ကုမ္ပဏီသည် Air Zoom Pulse ဟုအမည်ရပြီး ကျန်းမာရေးဝန်ထမ်းများအတွက် အထူးရည်ရွယ်ထုတ်လုပ်ထားသည့် ဖိနပ်အရံပေါင်း (၃၀,၀၀၀) ကို အမေရိကန်နိုင်ငံတစ်ဝှမ်းရှိ ကျန်းမာရေးဝန်ထမ်းများအတွက် လှူဒါန်းပေးခဲ့ကြောင်း သိရှိရပါတယ်။ အဆိုပါဖိနပ်များသည် ကျန်းမာရေးဝန်ထမ်းများအတွက် သီးသန့်ရည်ရွယ်ပြီး ဒီဇိုင်းဆွဲထုတ်လုပ်ထားခြင်းဖြစ်ကြောင်း Nike ကုမ္ပဏီရဲ့ တရားဝင်ကြေညာချက်၌ ဖော်ပြခဲ့ပါတယ်။

အဆိုပါဖိနပ်ရဲ့ ကနဦးဒီဇိုင်းကို ပြီးခဲ့သည့် (၂၀၁၉) ခုနှစ်၊ နိုဝင်ဘာလ၌ ကနဦးထုတ်လုပ်ခဲ့ပြီး ဖိနပ်ရဲ့လက်ရှိဒီဇိုင်းကို “everyday hero” ဟူသည့် ခံစားချက်ဖြင့် ရေးဆွဲခဲ့ခြင်းဖြစ်ပါတယ်။ ကုမ္ပဏီဝက်ဘ်ဆိုက်မှ တရားဝင်ကြေညာချက်အရ အဆိုပါဖိနပ်များသည် ဆေးရုံကဲ့သို့ နေရာမျိုး၌ သက်သောင့်သက်သာဖြစ်ပြီး အဆင်ပြေနိုင်သည့်ဖိနပ်များဖြစ်ကြောင်း သိရှိရပါတယ်။ Nike ကုမ္ပဏီသည် ပရဟိတအဖွဲ့အစည်းတစ်ခုဖြစ်သည့် Good360 နဲ့ လက်တွဲပြီး အမေရိကန်နိုင်ငံ Chicago၊ Los Angeles၊ Memphis၊ New York နဲ့ အခြားသောဒေသများရှိ ကျန်းမာရေးဝန်ထမ်းများအတွက် ယခုကဲ့သို့ ဖိနပ်များ လှူဒါန်းခဲ့ခြင်းဖြစ်ပါတယ်။

ဒါ့အပြင် Nike ကုမ္ပဏီက New York နဲ့ Los Angeles ရှိ ကျန်းမာရေးဝန်ထမ်းများအတွက် အားကစားခြေအိတ်အစုံပေါင်း (၉၅,၀၀၀) ကို လှူဒါန်းသွားရန်စီစဉ်ထားကြောင်း ကြေညာခဲ့ပါတယ်။ Nike ကုမ္ပဏီရဲ့ လူထုထိတွေ့ဆက်ဆံရေးဆိုင်ရာအရာရှိဖြစ်သူ Jorge Casimiro က “ကျန်းမာရေးဆိုင်ရာ  ဆေးဘက်ဝန်ထမ်းတွေကို ကျေးဇူးတင်တာကြောင့် အခုလိုမျိုး လှူဒါန်းဖြစ်ခဲ့တာပါ။ ကစားသမားတစ်ယောက်ကနေ တစ်ယောက်ကို ခွန်အားပေးနိုင်တယ်ဆိုတဲ့အချက်နဲ့အတူ အခုလိုပဲ ကျန်းမာရေးဝန်ထမ်းတွေရဲ့ခုခံနိုင်စွမ်းတွေကို Nike ကုမ္ပဏီက သတိပြုမိခဲ့ပါတယ်။”

“ရှေ့တန်းက တိုက်ပွဲဝင်နေတဲ့ ကျန်းမာရေးဝန်ထမ်းတွေကို သူတို့စွမ်းဆောင်နေတဲ့အရာတွေအတွက် ကျွန်တော်တို့ဘယ်လောက်အထိကျေးဇူးတင်နေရလဲဆိုတာကို သိစေချင်ပါတယ်။ သူတို့က အခုရှေ့တန်းမှာ တိုက်ပွဲဝင်နေပြီး ကျွန်တော်တို့ရဲ့ ကျန်းမာရေးအတွက်၊ ဒီကပ်ရောဂါဆိုးကြီးက လွတ်မြောက်လာဖို့အတွက် နေ့စဉ်နေ့တိုင်း ကြိုးပမ်းဆောင်ရွက်နေကြတာပါ။” ဟု ပြောကြားသွားခဲ့ပါတယ်။

New York မြို့တော်ဝန် Bill de Blasio ကလည်း ရှေ့တန်းကကျန်းမာရေးဝန်ထမ်းတွေကို ယခုကဲ့သို့ထောက်ပံ့ပေးခြင်းကြောင့် Nike ကုမ္ပဏီကို ကျေးဇူးတင်ကြောင်း ပြောကြားသွားခဲ့ပါတယ်။

<Unicode Version>

 

က်န္းမာေရးဝန္ထမ္းမ်ားအတြက္ ဖိနပ္အရံေပါင္း (၃၀,၀၀၀) ကို လွဴဒါန္းခ့ဲတ့ဲ ကမာၻေက်ာ္ကုမၸဏီႀကီး။

နာမည္ေက်ာ္ Nike ကုမၸဏီသည္ Air Zoom Pulse ဟုအမည္ရၿပီး က်န္းမာေရးဝန္ထမ္းမ်ားအတြက္ အထူးရည္ရြယ္ထုတ္လုပ္ထားသည့္ ဖိနပ္အရံေပါင္း (၃၀,၀၀၀) ကို အေမရိကန္ႏုိင္ငံတစ္ဝွမ္းရွိ က်န္းမာေရးဝန္ထမ္းမ်ားအတြက္ လွဴဒါန္းေပးခဲ့ေၾကာင္း သိရွိရပါတယ္။ အဆိုပါဖိနပ္မ်ားသည္ က်န္းမာေရးဝန္ထမ္းမ်ားအတြက္ သီးသန္႔ရည္ရြယ္ၿပီး ဒီဇုိင္းဆဲြထုတ္လုပ္ထားျခင္းျဖစ္ေၾကာင္း Nike ကုမၸဏီရဲ႕ တရားဝင္ေၾကညာခ်က္၌ ေဖာ္ျပခဲ့ပါတယ္။

အဆိုပါဖိနပ္ရဲ႕ ကနဦးဒီဇိုင္းကို ၿပီးခဲ့သည့္ (၂၀၁၉) ခုႏွစ္၊ ႏုိဝင္ဘာလ၌ ကနဦးထုတ္လုပ္ခဲ့ၿပီး ဖိနပ္ရဲ႕လက္ရွိဒီဇိုင္းကို “everyday hero” ဟူသည့္ ခံစားခ်က္ျဖင့္ ေရးဆဲြခဲ့ျခင္းျဖစ္ပါတယ္။ ကုမၸဏီဝက္ဘ္ဆိုက္မွ တရားဝင္ေၾကညာခ်က္အရ အဆုိပါဖိနပ္မ်ားသည္ ေဆးရံုကဲ့သို႔ ေနရာမ်ိဳး၌ သက္ေသာင့္သက္သာျဖစ္ၿပီး အဆင္ေျပႏုိင္သည့္ဖိနပ္မ်ားျဖစ္ေၾကာင္း သိရွိရပါတယ္။ Nike ကုမၸဏီသည္ ပရဟိတအဖဲြ႕အစည္းတစ္ခုျဖစ္သည့္ Good360 နဲ႔ လက္တဲြၿပီး အေမရိကန္ႏုိင္ငံ Chicago၊ Los Angeles၊ Memphis၊ New York နဲ႔ အျခားေသာေဒသမ်ားရွိ က်န္းမာေရးဝန္ထမ္းမ်ားအတြက္ ယခုကဲ့သို႔ ဖိနပ္မ်ား လွဴဒါန္းခဲ့ျခင္းျဖစ္ပါတယ္။

ဒါ့အျပင္ Nike ကုမၸဏီက New York နဲ႔ Los Angeles ရွိ က်န္းမာေရးဝန္ထမ္းမ်ားအတြက္ အားကစားေျခအိတ္အစံုေပါင္း (၉၅,၀၀၀) ကို လွဴဒါန္းသြားရန္စီစဥ္ထားေၾကာင္း ေၾကညာခဲ့ပါတယ္။ Nike ကုမၸဏီရဲ႕ လူထုထိေတြ႕ဆက္ဆံေရးဆိုင္ရာအရာရွိျဖစ္သူ Jorge Casimiro က “က်န္းမာေရးဆိုင္ရာ  ေဆးဘက္ဝန္ထမ္းေတြကို ေက်းဇူးတင္တာေၾကာင့္ အခုလိုမ်ိဳး လွဴဒါန္းျဖစ္ခဲ့တာပါ။ ကစားသမားတစ္ေယာက္ကေန တစ္ေယာက္ကို ခြန္အားေပးႏုိင္တယ္ဆိုတဲ့အခ်က္နဲ႔အတူ အခုလိုပဲ က်န္းမာေရးဝန္ထမ္းေတြရဲ႕ခုခံႏုိင္စြမ္းေတြကို Nike ကုမၸဏီက သတိျပဳမိခဲ့ပါတယ္။”

“ေရွ႕တန္းက တိုက္ပဲြဝင္ေနတဲ့ က်န္းမာေရးဝန္ထမ္းေတြကို သူတုိ႔စြမ္းေဆာင္ေနတဲ့အရာေတြအတြက္ ကြ်န္ေတာ္တို႔ဘယ္ေလာက္အထိေက်းဇူးတင္ေနရလဲဆိုတာကို သိေစခ်င္ပါတယ္။ သူတုိ႔က အခုေရွ႕တန္းမွာ တိုက္ပဲြဝင္ေနၿပီး ကြ်န္ေတာ္တို႔ရဲ႕ က်န္းမာေရးအတြက္၊ ဒီကပ္ေရာဂါဆိုးႀကီးက လြတ္ေျမာက္လာဖို႔အတြက္ ေန႔စဥ္ေန႔တိုင္း ႀကိဳးပမ္းေဆာင္ရြက္ေနၾကတာပါ။” ဟု ေျပာၾကားသြားခဲ့ပါတယ္။

New York ၿမိဳ႕ေတာ္ဝန္ Bill de Blasio ကလည္း ေရွ႕တန္းကက်န္းမာေရးဝန္ထမ္းေတြကို ယခုကဲ့သို႔ေထာက္ပံ့ေပးျခင္းေၾကာင့္ Nike ကုမၸဏီကို ေက်းဇူးတင္ေၾကာင္း ေျပာၾကားသြားခဲ့ပါတယ္။

<Zawgyi Version>

 

Source ~ Elitereaders

#HM(Soshwe)

#soshwehealthandbeauty

#soshweforyourdailylife

#likeandshare

About So Shwe

Check Also

သားသားမီးမီးတို့အတွက် Ovaltine ရဲ့ Smart Book App

သားသားမီးမီးတို့ရဲ့ ကိုယ်ပိုင်ကမ္ဘာလေးတစ်ခုကိုဖန်တီးဖို့ . . . သင်ခန်းစာအသစ်တွေလေ့လာရင်း ပျော်ရွှင်စရာဂိမ်းတွေနဲ့အတူ . . . ပဟေဠိတွေလည်း ဆော့လိုက်ရအောင် . . . …

Leave a Reply

Your email address will not be published.

instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro