Breaking News

လိုင်ယွန်တိုက်စစ်မှူးကိုခေါ်ယူရန်ကြိုးပမ်းလာသည့် ပရီးမီးယားလိဂ်ထိပ်သီးအသင်းကြီး။

ပရီးမီးယားလိဂ်မှ ထိပ်သီးအသင်းကြီးဖြစ်သည့် ယူနိုက်တက်အသင်းသည် လိုင်ယွန်အသင်းရဲ့တိုက်စစ်မှူး မူဆာဒမ်ဘီလီကိုခေါ်ယူရန်အတွက် ကြိုးပမ်းနေကြောင်း လိုင်ယွန်အသင်းရဲ့ဥက္ကဌအောလက်စ်က အရိပ်အမြွက်ပြောကြားခဲ့ပါတယ်။ အသက် (၂၃) နှစ်အရွယ် အဆိုပါတိုက်စစ်မှူးသည် ဥရောပရဲ့ထိပ်တန်းတိုက်စစ်မှူးများထဲမှ တစ်ယောက်ဖြစ်လာခဲ့ပြီး လက်ရှိဘောလုံးရာသီ၌ လိုင်ယွန်အသင်းအတွက် ပြိုင်ပွဲစုံ (၄၂) ပွဲကစား၊ သွင်းဂိုး (၂၂) ဂိုး သွင်းယူပေးထားနိုင်သည့် ကစားသမားဖြစ်ပါတယ်။

မူဆာဒမ်ဘီလီကိုခေါ်ယူရန် ယူနိုက်တက်အသင်းက ကာလရှည်စိတ်ဝင်စားခဲ့ပြီး ကစားသမားအနေဖြင့် လိုင်ယွန်အသင်းနဲ့ စာချုပ်သက်တမ်း (၃) နှစ်ကျန်ရှိနေသေးပေမယ့် ကစားသမားကို ထိန်းသိမ်းရခက်ဖွယ်ရှိကြောင်း အောလက်စ်ကဝန်ခံခဲ့ပါတယ်။ လိုင်ယွန်အသင်းရဲ့ ဥက္ကဌဖြစ်သူ အောလက်စ်က “ကျွန်တော်တို့အသင်းက ကစားသမားတွေကို ထိန်းသိမ်းနိုင်ဖို့ အရာအားလုံးလုပ်သွားမှာပါ။ ဒါပေမယ့် ဥရောပပြိုင်ပွဲတွေမှာကစားချင်တဲ့ ကစားသမားတွေအနေနဲ့အသင်းကို စွန့်ခွာနိုင်ဖွယ်ရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့အသင်းက လာမယ့်ဘောလုံးရာသီမှာ ဥရောပဝင်ခွင့်မရလို့ပါ။” ဟု ဖွင့်ဟပြောကြားသွားခဲ့ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် လက်ရှိဘောလုံးရာသီပြင်သစ်လီဂူးပြိုင်ပွဲကို ကစားပြီးခဲ့သည့် အမှတ်ပေးဇယားရပ်တည်မှုအတိုင်းသတ်မှတ်ပြီး ဖျက်သိမ်းခဲ့ခြင်းကြောင့် အဆင့် (၇) နေရာ၌ ရပ်တည်နေသည့် လိုင်ယွန်အသင်းအနေဖြင့် ဥရောပဝင်ခွင့်နဲ့လွဲချော်ခဲ့ရခြင်းဖြစ်ပါတယ်။ ဒါ့အပြင် လိုင်ယွန်အသင်းရဲ့ နောက်ထပ်ကြယ်ပွင့်ကစားသမားတစ်ဦးဖြစ်သည့် ဟော့ဆန်အော်ဝါကိုလည်း လီဗာပူး၊ မန်စီးတီးနဲ့ အာဆင်နယ်တိို့အပါအဝင်အခြားသော ဥရောပထိပ်တန်းအသင်းကြီးများက စိတ်ဝင်စားနေကြကြောင်း သိရှိရပါတယ်။

<Unicode Version>

 

 

လိုင္ယြန္တိုက္စစ္မွဴးကိုေခၚယူရန္ႀကိဳးပမ္းလာသည့္ ပရီးမီးယားလိဂ္ထိပ္သီးအသင္းႀကီး။

ပရီးမီးယားလိဂ္မွ ထိပ္သီးအသင္းႀကီးျဖစ္သည့္ ယူႏိုက္တက္အသင္းသည္ လိုင္ယြန္အသင္းရဲ႕တိုက္စစ္မွဴး မူဆာဒမ္ဘီလီကိုေခၚယူရန္အတြက္ ႀကိဳးပမ္းေနေၾကာင္း လိုင္ယြန္အသင္းရဲ႕ဥကၠဌေအာလက္စ္က အရိပ္အျမြက္ေျပာၾကားခဲ့ပါတယ္။ အသက္ (၂၃) ႏွစ္အရြယ္ အဆုိပါတုိက္စစ္မွဴးသည္ ဥေရာပရဲ႕ထိပ္တန္းတုိက္စစ္မွဴးမ်ားထဲမွ တစ္ေယာက္ျဖစ္လာခဲ့ၿပီး လက္ရွိေဘာလံုးရာသီ၌ လိုင္ယြန္အသင္းအတြက္ ၿပိဳင္ပဲြစံု (၄၂) ပဲြကစား၊ သြင္းဂုိး (၂၂) ဂိုး သြင္းယူေပးထားႏုိင္သည့္ ကစားသမားျဖစ္ပါတယ္။

မူဆာဒမ္ဘီလီကိုေခၚယူရန္ ယူႏိုက္တက္အသင္းက ကာလရွည္စိတ္ဝင္စားခဲ့ၿပီး ကစားသမားအေနျဖင့္ လိုင္ယြန္အသင္းနဲ႔ စာခ်ဳပ္သက္တမ္း (၃) ႏွစ္က်န္ရွိေနေသးေပမယ့္ ကစားသမားကို ထိန္းသိမ္းရခက္ဖြယ္ရွိေၾကာင္း ေအာလက္စ္ကဝန္ခံခဲ့ပါတယ္။ လိုင္ယြန္အသင္းရဲ႕ ဥကၠဌျဖစ္သူ  ေအာလက္စ္က “ကြ်န္ေတာ္တို႔အသင္းက ကစားသမားေတြကို ထိန္းသိမ္းႏိုင္ဖို႔ အရာအားလံုးလုပ္သြားမွာပါ။ ဒါေပမယ့္ ဥေရာပၿပိဳင္ပြဲေတြမွာကစားခ်င္တဲ့ ကစားသမားေတြအေနနဲ႔အသင္းကို စြန္႔ခြာႏိုင္ဖြယ္ရွိပါတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ ကြ်န္ေတာ္တုိ႔အသင္းက လာမယ့္ေဘာလံုးရာသီမွာ ဥေရာပဝင္ခြင့္မရလို႔ပါ။” ဟု ဖြင့္ဟေျပာၾကားသြားခဲ့ပါတယ္။

ကိုရိုနာဗုိင္းရပ္စ္ေၾကာင့္ လက္ရွိေဘာလံုးရာသီျပင္သစ္လီဂူးၿပိဳင္ပဲြကို ကစားၿပီးခဲ့သည့္ အမွတ္ေပးဇယားရပ္တည္မႈအတိုင္းသတ္မွတ္ၿပီး ဖ်က္သိမ္းခဲ့ျခင္းေၾကာင့္ အဆင့္ (၇) ေနရာ၌ ရပ္တည္ေနသည့္ လိုင္ယြန္အသင္းအေနျဖင့္ ဥေရာပဝင္ခြင့္နဲ႔လဲြေခ်ာ္ခဲ့ရျခင္းျဖစ္ပါတယ္။ ဒါ့အျပင္ လိုင္ယြန္အသင္းရဲ႕ ေနာက္ထပ္ၾကယ္ပြင့္ကစားသမားတစ္ဦးျဖစ္သည့္ ေဟာ့ဆန္ေအာ္ဝါကိုလည္း လီဗာပူး၊ မန္စီးတီးနဲ႔ အာဆင္နယ္တိုိ႔အပါအဝင္အျခားေသာ ဥေရာပထိပ္တန္းအသင္းႀကီးမ်ားက စိတ္ဝင္စားေနၾကေၾကာင္း သိရွိရပါတယ္။

 

<Zawgyi Version>

Source ~ Sportsmole

#HM(Soshwe)

#soshwesport

#soshweforyourdailylife

#likeandshare

About So Shwe

Check Also

ဖလွိုက်မေဝဲလ်သာပိုင်ဆိုင်သည့် ဒေါ်လာ (၂၅) သန်းတန် စံအိမ်ကြီးအကြောင်း။

လက်ဝှေ့အကျော်အမော် မေဝဲလ်သာသည် အိမ်ခြံမြေနဲ့ ပတ်သက်သည့် စီးပွါးရေးလုပ်ငန်းများကို အလွန်အမင်းစိတ်ဝင်စားသူတစ်ဦးဖြစ်ပြီး အိမ်များကို ဝယ်ယူစုဆောင်းသည့်နေရာ၌လည်း ဝါသနာထုံသည့် ပုဂ္ဂိုလ်တစ်ဦးဖြစ်ပါတယ်။ မက်ဂရီဂေါ်ကို အနိုင်ရရှိပြီးနောက် မေဝဲလ်သာက ကယ်လီဖိုးနီးယားရှိ သူ့ရဲ့ …

Leave a Reply

Your email address will not be published.

instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro