HomeEducationကိုရိုနာဗိုင်းရပ်စ်ကာလအတွင်း ကျောင်းသား၊ ကျောင်းသူများကို အကူအညီပေးသွားမည့် ဗြိတိန်။

ကိုရိုနာဗိုင်းရပ်စ်ကာလအတွင်း ကျောင်းသား၊ ကျောင်းသူများကို အကူအညီပေးသွားမည့် ဗြိတိန်။

- Advertisement -

ဗြိတိန်မှတက္ကသိုလ်များသည် ကိုရိုနာဗိုင်းရပ်စ်ကာလအတွင်း ဗြိတိန်ဒေသတွင်းမှဖြစ်စေ၊ အိန္ဒိယနိုင်ငံတွင်းမှဖြစ်စေ  အကူအညီလိုအပ်သည့်ကျောင်းသား၊ ကျောင်းသူများကို အကူအညီများပေးသွားမည်ဖြစ်ကြောင်း သိရှိရပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကြောင့် Lockdown ချထားသည့် အနေအထား၌ အိန္ဒိယအစိုးရသည် ကမ္ဘာတစ်ဝှမ်းမှသူတို့ရဲ့နိုင်ငံသားများကို ပြန်လည်ခေါ်ယူမည်ဟု ပြီးခဲသည့်တနလာင်္နေ့က ကြေညာခဲ့ပြီး Air India ကလည်း မေလ (၇) ရက်နေ့မှ မေလ (၁၃) ရက်နေ့အထိ နိုင်ငံပြင်ပသို့ရောက်ရှိနေသည့် အိန္ဒိယနိုင်ငံသား (၁၅,၀၀၀) ကို လေကြောင်း (၆၄) ကြောင်းဖြင့် ပျံသန်းခေါ်ယူသွားမည်ဟုလည်း သိရှိရပါတယ်။

ဗြိတိန်နိုင်ငံတကာတက္ကသိုလ်များရဲ့ ဒါရိုက်တာ Vivienne Stern က “အိန္ဒိယကျောင်းသား၊  ကျောင်းသူတွေအနေနဲ့ ငွေရေးကြေးရေး၊ နေရေးထိုင်ရေးတို့နဲ့ပတ်သက်ပြီး စိုးရိမ်နေကြတယ်ဆိုတာကို ကျွန်မတို့သိပါတယ်။ သူတို့အနေနဲ့ မိသားစုကိုလွမ်းဆွတ်တာတွေ အဆက်အသွယ်ပြတ်တောက်တွေ ရှိနိုင်ပါတယ်။ ကျောင်းသား၊ ကျောင်းသူတွေကို ပြောချင်တာကတော့ ကျေးဇူးပြုပြီး ကိုယ့်ရဲ့တက္ကသိုလ်ကို အကြောင်းကြားပေးပါ။”

“ကျွန်မတို့ အရာအားလုံးကို အဆင်ပြေအောင် မလုပ်ပေးနိုင်တာမျိုး ရှိကောင်းရှိနိုင်ပါတယ်။ ဒါပေမယ့် အားလုံးအတွက် ပိုပြီးလွယ်ကူအောင် လက်ကမ်းပေးသွားမှာပါ။ တက္ကသိုလ်တွေအနေနဲ့ ရန်ပုံငွေ၊ အစားအစာ၊ နေထိုင်စရာနေရာနဲ့ အကြံပြုလမ်းညွှန်ချက်တွေ ပေးနိုင်ပါတယ်။ ကျွန်မတို့ အားလုံး အတူတကွရှိနေပါတယ်။  ကျေးဇူးပြုပြီး တစ်ယောက်တည်း ရင်မဆိုင်ကြပါနဲ့။” ဟု ပြောကြားသွားခဲ့ပါတယ်။

- Advertisement -

Birmingham City တက္ကသိုလ်မှ အိန္ဒိယနိုင်ငံသားကျောင်းသားဖြစ်သူ Jaspreet Singh က “နိုင်ငံတကာက ကျောင်းသား၊ ကျောင်းသူတွေအနေနဲ့ သူတို့ရဲ့မိဘတွေအတွက် ဘယ်လောက်စိတ်ပူနေမလဲ သိပါတယ်။ သူတို့ကို နေ့စဉ်နဲ့အမျှဖြစ်ပျက်နေတဲ့သတင်းတွေကို အသိပေးနေပြီး ကျွန်တော်  ဘေးကင်းနေတယ်ဆိုတာကိုလည်း ပြောပြပါတယ်။ ကျန်တဲ့သူတွေအနေနဲ့လည်း ကိုယ့်ရဲ့သင်ခန်းစာတွေကို အမြဲမပြတ်လေ့လာနေပြီး BCU ကလည်း အကောင်းဆုံး ထောက်ပံ့ပေးနေပါတယ်။” ဟု  ပြောကြားသွားခဲ့ပါတယ်။

- Advertisement -

Bath တက္ကသိုလ်ကလည်း သူတို့ရဲ့ကိုယ်ပိုင်အဆောက်အအုံများ၌ ကျောင်းသား၊ ကျောင်းသူများကို ဆက်လက်နေထိုင်ခွင့်ပေးထားပြီး ကျောင်း၌နေထိုင်သည့်ကျောင်းသား၊ ကျောင်းသူအားလုံးကို တစ်ရက်လျှင် (၃) နပ် အခမဲ့ကျွေးမွေးထားကြောင်းသိရှိရပါတယ်။ စကော့တလန်နိုင်ငံရှိ Glasgow Caledonian တက္ကသိုလ်ကလည်း သူတို့ရဲ့ကျောင်းသား၊ ကျောင်းသူများအတွက် သီးသန့်ဆက်သွယ်ရေးလိုင်းတစ်ခုကို  ဖော်ဆောင်ပေးထားပြီး အဆိုပါဆက်သွယ်ရေးလိုင်းသည် တစ်ပတ်လုံးလုံးအလုပ်လုပ်ကြောင်း သိရှိရပါတယ်။ ဒါ့အပြင် ကိုရိုနာဗိုင်းရပ်စ်ကာလအတွင်း ကျောင်းသား၊ ကျောင်းသူများကို ထောက်ပံ့သောအားဖြင့် ဧပြီလနဲ့မေလအတွက် အဆောင်ငှားရမ်းခများကို လျှော့ချပေးထားပါတယ်။

Solent တက္ကသိုလ်နဲ့ Bangor တက္ကသိုလ်တို့ကလည်း ဗြိတိန်၌ပညာသင်ကြားနေသော  ငွေရေးကြေးရေးအခက်အခဲရှိနေသည့် ကျောင်းသား၊ ကျောင်းသူများအတွက် ရန်ပုံငွေများကို  ထောက်ပံ့ပေးလျက်ရှိပါတယ်။ အိန္ဒိယနိုင်ငံမှ ကျောင်းသား၊ ကျောင်းသူများသည် ဥရောပသမဂ္ဂပြင်ပမှ ဗြိတိန်နိုင်ငံသို့ ပညာလာရောက်သင်ကြားနေသည့် အကြီးမားဆုံးအစုအဖွဲ့များထဲမှတစ်ဖွဲ့အဖြစ် ပါဝင်နေပြီး တရုတ်နိုင်ငံရဲ့နောက် ဒုတိယအများဆုံးအဖြစ်ရပ်တည်လျက်ရှိပါတယ်။

<Unicode Version>

 

 

ၿဗိတိန္မွတကၠသိုလ္မ်ားသည္ ကိုရိုနာဗုိင္းရပ္စ္ကာလအတြင္း ၿဗိတိန္ေဒသတြင္းမွျဖစ္ေစ၊ အိႏၵိယႏုိင္ငံတြင္းမွျဖစ္ေစ  အကူအညီလိုအပ္သည့္ေက်ာင္းသား၊ ေက်ာင္းသူမ်ားကို အကူအညီမ်ားေပးသြားမည္ျဖစ္ေၾကာင္း သိရွိရပါတယ္။ ကိုရိုနာဗိုင္းရပ္စ္ေၾကာင့္ Lockdown ခ်ထားသည့္ အေနအထား၌ အိႏၵိယအစိုးရသည္ ကမာၻတစ္ဝွမ္းမွသူတို႔ရဲ႕ႏိုင္ငံသားမ်ားကို ျပန္လည္ေခၚယူမည္ဟု ၿပီးခဲသည့္တနလာၤေန႔က ေၾကညာခဲ့ၿပီး Air India ကလည္း ေမလ (၇) ရက္ေန႔မွ ေမလ (၁၃) ရက္ေန႔အထိ ႏိုင္ငံျပင္ပသို႔ေရာက္ရွိေနသည့္ အိႏၵိယႏိုင္ငံသား (၁၅,၀၀၀) ကို ေလေၾကာင္း (၆၄) ေၾကာင္းျဖင့္ ပ်ံသန္းေခၚယူသြားမည္ဟုလည္း သိရွိရပါတယ္။

ၿဗိတိန္ႏုိင္ငံတကာတကၠသိုလ္မ်ားရဲ႕ ဒါရိုက္တာ Vivienne Stern က “အိႏၵိယေက်ာင္းသား၊  ေက်ာင္းသူေတြအေနနဲ႔ ေငြေရးေၾကးေရး၊ ေနေရးထိုင္ေရးတို႔နဲ႔ပတ္သက္ၿပီး စိုးရိမ္ေနၾကတယ္ဆုိတာကို ကြ်န္မတို႔သိပါတယ္။ သူတုိ႔အေနနဲ႔ မိသားစုကိုလြမ္းဆြတ္တာေတြ အဆက္အသြယ္ျပတ္ေတာက္ေတြ ရွိႏိုင္ပါတယ္။ ေက်ာင္းသား၊ ေက်ာင္းသူေတြကို ေျပာခ်င္တာကေတာ့ ေက်းဇူးျပဳၿပီး ကုိယ့္ရဲ႕တကၠသိုလ္ကို အေၾကာင္းၾကားေပးပါ။”

“ကြ်န္မတို႔ အရာအားလံုးကို အဆင္ေျပေအာင္ မလုပ္ေပးႏုိင္တာမ်ိဳး ရွိေကာင္းရွိႏုိင္ပါတယ္။ ဒါေပမယ့္ အားလံုးအတြက္ ပိုၿပီးလြယ္ကူေအာင္ လက္ကမ္းေပးသြားမွာပါ။ တကၠသိုလ္ေတြအေနနဲ႔ ရန္ပံုေငြ၊ အစားအစာ၊ ေနထိုင္စရာေနရာနဲ႔ အႀကံျပဳလမ္းညႊန္ခ်က္ေတြ ေပးႏိုင္ပါတယ္။ ကြ်န္မတို႔ အားလံုး အတူတကြရွိေနပါတယ္။  ေက်းဇူးျပဳၿပီး တစ္ေယာက္တည္း ရင္မဆိုင္ၾကပါနဲ႔။” ဟု ေျပာၾကားသြားခဲ့ပါတယ္။

- Advertisement -

Birmingham City တကၠသိုလ္မွ အိႏၵိယႏိုင္ငံသားေက်ာင္းသားျဖစ္သူ Jaspreet Singh က “ႏိုင္ငံတကာက ေက်ာင္းသား၊ ေက်ာင္းသူေတြအေနနဲ႔ သူတို႔ရဲ႕မိဘေတြအတြက္ ဘယ္ေလာက္စိတ္ပူေနမလဲ သိပါတယ္။ သူတုိ႔ကို ေန႔စဥ္နဲ႔အမွ်ျဖစ္ပ်က္ေနတဲ့သတင္းေတြကို အသိေပးေနၿပီး ကြ်န္ေတာ္  ေဘးကင္းေနတယ္ဆုိတာကုိလည္း ေျပာျပပါတယ္။ က်န္တဲ့သူေတြအေနနဲ႔လည္း ကိုယ့္ရဲ႕သင္ခန္းစာေတြကို အၿမဲမျပတ္ေလ့လာေနၿပီး BCU ကလည္း အေကာင္းဆံုး ေထာက္ပံ့ေပးေနပါတယ္။” ဟု  ေျပာၾကားသြားခဲ့ပါတယ္။

Bath တကၠသိုလ္ကလည္း သူတုိ႔ရဲ႕ကိုယ္ပုိင္အေဆာက္အအံုမ်ား၌ ေက်ာင္းသား၊ ေက်ာင္းသူမ်ားကို ဆက္လက္ေနထိုင္ခြင့္ေပးထားၿပီး ေက်ာင္း၌ေနထိုင္သည့္ေက်ာင္းသား၊ ေက်ာင္းသူအားလံုးကို တစ္ရက္လွ်င္ (၃) နပ္ အခမဲ့ေကြ်းေမြးထားေၾကာင္းသိရွိရပါတယ္။ စေကာ့တလန္ႏိုင္ငံရွိ Glasgow Caledonian တကၠသိုလ္ကလည္း သူတုိ႔ရဲ႕ေက်ာင္းသား၊ ေက်ာင္းသူမ်ားအတြက္ သီးသန္႔ဆက္သြယ္ေရးလိုင္းတစ္ခုကို  ေဖာ္ေဆာင္ေပးထားၿပီး အဆုိပါဆက္သြယ္ေရးလိုင္းသည္ တစ္ပတ္လံုးလံုးအလုပ္လုပ္ေၾကာင္း သိရွိရပါတယ္။ ဒါ့အျပင္ ကိုရိုနာဗုိင္းရပ္စ္ကာလအတြင္း ေက်ာင္းသား၊ ေက်ာင္းသူမ်ားကို ေထာက္ပံ့ေသာအားျဖင့္ ဧၿပီလနဲ႔ေမလအတြက္ အေဆာင္ငွားရမ္းခမ်ားကို ေလွ်ာ့ခ်ေပးထားပါတယ္။

Solent တကၠသိုလ္နဲ႔ Bangor တကၠသိုလ္တို႔ကလည္း ၿဗိတိန္၌ပညာသင္ၾကားေနေသာ  ေငြေရးေၾကးေရးအခက္အခဲရွိေနသည့္ ေက်ာင္းသား၊ ေက်ာင္းသူမ်ားအတြက္ ရန္ပံုေငြမ်ားကို  ေထာက္ပံ့ေပးလ်က္ရွိပါတယ္။ အိႏိၵယႏုိင္ငံမွ ေက်ာင္းသား၊ ေက်ာင္းသူမ်ားသည္ ဥေရာပသမဂၢျပင္ပမွ ၿဗိတိန္ႏုိင္ငံသုိ႔ ပညာလာေရာက္သင္ၾကားေနသည့္ အႀကီးမားဆံုးအစုအဖဲြ႕မ်ားထဲမွတစ္ဖဲြ႕အျဖစ္ ပါဝင္ေနၿပီး တရုတ္ႏုိင္ငံရဲ႕ေနာက္ ဒုတိယအမ်ားဆံုးအျဖစ္ရပ္တည္လ်က္ရိွပါတယ္။

<Zawgyi Version>

Source ~ Economic Times

#HM(Soshwe)

#soshweeducation

#soshweforyourdailylife

#likeandshare

 

 

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

two × 2 =

Must Read

အီတလီ ဗဟိုနောက်ခံလူတဦးအတွက် အပြိုင်အဆိုင်ဖြစ်လာဦးမယ့် မန်စီးတီးနဲ့ ယူနိုက်တက်။

မန်ချက်စတာယူနိုက်တက်နဲ့ မန်စီးတီးအသင်းတို့ဟာ အင်တာမီလန် ဗဟိုနောက်ခံလူ အလက်ဆန်ဒရို ဘာစတိုနီကို ခေါ်ယူဖို့အတွက် ထိပ်တိုက်တွေ့ဆုံမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။ ၂၀၁၇ တုန်းက Atalanta BC ကနေ San Siro သို့ ဆယ်ကျော်သက်အရွယ်တုန်းက ရောက်ရှိလာခဲ့တဲ့ အသက် ၂၃ နှစ်အရွယ် အဆိုပါကစားသမားဟာ...