ယူနိုက်တက်အသင်းသည် ဂျူဗင်တပ်စ်အသင်းရဲ့ကွင်းလယ်ကြယ်ပွင့်ကစားသမားတစ်ဦးဖြစ်သည့် ရာဘီယူရဲ့ အေးဂျင့်နဲ့ချိတ်ဆက်လျက်ရှိကြောင်း အီတလီအခြေစိုက်သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ ယူနိုက်တက်အသင်းသည် အဆိုပါပြင်သစ်လူမျိုးကွင်းလယ်ကစားသမားကို PSG အသင်းမှာရှိစဉ်တည်းက စောင့်ကြည့်ခဲ့ပြီး ကစားသမားမှာမူ ပြီးခဲ့သည့်နှစ်အတွင်းက ဂျူဗင်တပ်စ်အသင်းကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့သွားခဲ့ခြင်းဖြစ်ပါတယ်။
ဒါပေမယ့် ရာဘီယူအနေဖြင့် ဂျူဗင်တပ်စ်အသင်းအတွက် (၇) ပွဲသာ ပွဲထွက်ကစားခွင့်ရရှိထားပြီး ပုံမှန်ပွဲထွက်ခွင့်အတွက် ရုန်းကန်နေရခြင်းကြောင့် ဂျူဗင်တပ်စ်အသင်းကို ပြန်လည်စွန့်ခွာရန် စီစဉ်နေပါတယ်။ အီတလီသတင်းစာတစ်စောင်ရဲ့အဆိုအရ အဆိုပါပြင်သစ်လူမျိုးကွင်းလယ်ကစားသမားသည် ဂျူဗင်တပ်စ်နည်းပြ ပီယာလိုရဲ့ အလှည့်ကျလူထုတ်ပုံအပေါ် စိတ်ပျက်နေပြီး သူ့ရဲ့အေးဂျင့်ဖြစ်သူကို အသင်းသစ်ရှာဖွေခိုင်းထားကြောင်း သိရှိရပါတယ်။
ယူနိုက်တက်အသင်းသည် လာမယ့်နွေရာသီ၌ အသင်းရဲ့ကွင်းလယ်ကစားသမားပေါ့ဘာကို ရောင်းချရန်သတင်းများထွက်ပေါ်နေပြီး ဂျူဗင်တပ်စ်အသင်းကလည်း ပေါ့ဘာအတွက် ပြောင်းရွှေ့ကြေးတစ်စိတ်တစ်ပိုင်းအဖြစ် အသင်းက ကစားသမားတစ်ဦးဦးကို အလိုက်ပေး ကမ်းလှမ်းဖွယ်ရှိနေပါတယ်။ ဂျူဗင်တပ်စ်အသင်း အလိုက်ပေးကမ်းလှမ်းနိုင်ခြေရှိသည့် ကစားသမားစာရင်းထဲ၌ ရာဘီယူလည်းပါဝင်နေပြီး အခြားသောကစားသမားများဖြစ်သည့် ဒေါက်ဂလပ်စ်ကော်စတာနဲ့ အဲလက်စ်ဆန်ဒရိုတို့လည်း ပါဝင်နေပါတယ်။
ကစားသမားရဲ့လစာငွေပမာဏက ယူနိုက်တက်အသင်းနဲ့ရာဘီယူတို့အကြားအပြောင်းအရွှေ့ကို အဟန့်အတားဖြစ်စေနိုင်ပေမယ့် ယူနိုက်တက်အသင်းကမူ ပေါ့ဘာကို မရောင်းချဖြစ်ခဲ့သည့်တိုင် ရာဘီယူကို ခေါ်ယူနိုင်မည်ဟု ယုံကြည်နေပါတယ်။ ဒါ့အပြင်ရာဘီယူအနေဖြင့် အခြားသော ပရီးမီးယားလိဂ်အသင်းတစ်သင်းဖြစ်သည့် အဲဗာတန်အသင်းကို ပြောင်းရွှေ့နိုင်ဖွယ်ရှိကြောင်း သတင်းများထွက်ပေါ်လျက်ရှိပါတယ်။
<Unicode Version>
ယူႏုိက္တက္အသင္းသည္ ဂ်ဴဗင္တပ္စ္အသင္းရဲ႕ကြင္းလယ္ၾကယ္ပြင့္ကစားသမားတစ္ဦးျဖစ္သည့္ ရာဘီယူရဲ႕ ေအးဂ်င့္နဲ႔ခ်ိတ္ဆက္လ်က္ရွိေၾကာင္း အီတလီအေျခစိုက္သတင္းဌာနက ေဖာ္ျပခဲ့ပါတယ္။ ယူႏိုက္တက္အသင္းသည္ အဆိုပါျပင္သစ္လူမ်ိဳးကြင္းလယ္ကစားသမားကို PSG အသင္းမွာရွိစဥ္တည္းက ေစာင့္ၾကည့္ခဲ့ၿပီး ကစားသမားမွာမူ ၿပီးခဲ့သည့္ႏွစ္အတြင္းက ဂ်ဴဗင္တပ္စ္အသင္းကို အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ ေျပာင္းေရႊ႕သြားခဲ့ျခင္းျဖစ္ပါတယ္။
ဒါေပမယ့္ ရာဘီယူအေနျဖင့္ ဂ်ဴဗင္တပ္စ္အသင္းအတြက္ (၇) ပဲြသာ ပဲြထြက္ကစားခြင့္ရရွိထားၿပီး ပံုမွန္ပဲြထြက္ခြင့္အတြက္ ရုန္းကန္ေနရျခင္းေၾကာင့္ ဂ်ဴဗင္တပ္စ္အသင္းကို ျပန္လည္စြန္႔ခြာရန္ စီစဥ္ေနပါတယ္။ အီတလီသတင္းစာတစ္ေစာင္ရဲ႕အဆိုအရ အဆိုပါျပင္သစ္လူမ်ိဳးကြင္းလယ္ကစားသမားသည္ ဂ်ဴဗင္တပ္စ္နည္းျပ ပီယာလိုရဲ႕ အလွည့္က်လူထုတ္ပံုအေပၚ စိတ္ပ်က္ေနၿပီး သူ႔ရဲ႕ေအးဂ်င့္ျဖစ္သူကို အသင္းသစ္ရွာေဖြခိုင္းထားေၾကာင္း သိရွိရပါတယ္။
ယူႏုိက္တက္အသင္းသည္ လာမယ့္ေႏြရာသီ၌ အသင္းရဲ႕ကြင္းလယ္ကစားသမားေပါ့ဘာကို ေရာင္းခ်ရန္သတင္းမ်ားထြက္ေပၚေနၿပီး ဂ်ဴဗင္တပ္စ္အသင္းကလည္း ေပါ့ဘာအတြက္ ေျပာင္းေရႊ႕ေၾကးတစ္စိတ္တစ္ပိုင္းအျဖစ္ အသင္းက ကစားသမားတစ္ဦးဦးကို အလိုက္ေပး ကမ္းလွမ္းဖြယ္ရွိေနပါတယ္။ ဂ်ဴဗင္တပ္စ္အသင္း အလိုက္ေပးကမ္းလွမ္းႏိုင္ေျခရွိသည့္ ကစားသမားစာရင္းထဲ၌ ရာဘီယူလည္းပါဝင္ေနၿပီး အျခားေသာကစားသမားမ်ားျဖစ္သည့္ ေဒါက္ဂလပ္စ္ေကာ္စတာနဲ႔ အဲလက္စ္ဆန္ဒရိုတို႔လည္း ပါဝင္ေနပါတယ္။
ကစားသမားရဲ႕လစာေငြပမာဏက ယူႏုိက္တက္အသင္းနဲ႔ရာဘီယူတုိ႔အၾကားအေျပာင္းအေရႊ႕ကို အဟန္႔အတားျဖစ္ေစႏုိင္ေပမယ့္ ယူႏိုက္တက္အသင္းကမူ ေပါ့ဘာကို မေရာင္းခ်ျဖစ္ခဲ့သည့္တိုင္ ရာဘီယူကို ေခၚယူႏိုင္မည္ဟု ယံုၾကည္ေနပါတယ္။ ဒါ့အျပင္ရာဘီယူအေနျဖင့္ အျခားေသာ ပရီးမီးယားလိဂ္အသင္းတစ္သင္းျဖစ္သည့္ အဲဗာတန္အသင္းကို ေျပာင္းေရႊ႕ႏိုင္ဖြယ္ရွိေၾကာင္း သတင္းမ်ားထြက္ေပၚလ်က္ရွိပါတယ္။
<Zawgyi Version>
#HM(Soshwe)
#soshwesport
#soshweforyourdailylife
#likeandshare