လွန်ခဲ့တဲ့ရက်အချို့က Ford ကုမ္ပဏီဟာ Coronavirus ဝေဒနာခံစားနေရတဲ့ လူနာတွေအတွက် အသက်ရှူစက် ၅ သောင်းကို ရက် ၁၀၀ အတွင်းမှာ ထုတ်လုပ်ပေးသွားမယ်လို့ အသိပေး ကြေငြာခဲ့ပါတယ်။ ဒါ့အပြင်ကို Ford ကုမ္ပဏီအနေနဲ့ တစ်လအတွင်းမှာ အသက်ရှူစက် ၃ သောင်းထုတ်လုပ်ပေးနိုင်ဖို့ စီစဉ်ထားကြောင်းကိုလည်း လူထုကို အသိပေးကြေငြာခဲ့ပါတယ်။
Michigan ပြည်နယ် Ypsilanti မှာရှိတဲ့ Rawsonville ဓါတ်ပေါင်းဖိုစက်ရုံမှာ အသက်ရှူစက်တွေကို ထုတ်လုပ်ပေးသွားမှာဖြစ်ပြီး အဆိုပါ စက်ရုံမှာ အသက်ရှူစက်တွေထုတ်လုပ်နိုင်ဖို့အတွက် စေတနာ့ဝန်ထမ်း ၅၀၀ ကျော်က ကူညီလုပ်ကိုင်ပေးသွားမယ်လို့လည်း သိရပါတယ်။
ယခုလက်ရှိ ရောဂါပြန့်ပွားနေတဲ့ နေရာမှာအသုံးပြုနေတဲ့ အသက်ရှူစက်ကိုတော့ GE Healthcare လိုင်စင်ရှိ ဖလော်ရီဒါအခြေစိုက် Airon Corp က အဓိကထားထုတ်လုပ်နေတာပဲဖြစ်ပါတယ်။ Airon ကုမ္ပဏီဟာ Melbourne မြို့မှာရှိတဲ့ စက်ရုံနဲ့ ဖလော်ရီဒါမှာရှိတဲ့ စက်ရုံတွေမှာ တစ်နေ့ကို ၃ ခုနှုန်းထုတ်လုပ်နေတာပဲ ဖြစ်ပါတယ်။
ဒါကြောင့်လည်း Ford ကုမ္ပဏီက တစ်ပတ်အတွင်းမှာ အသက်ရှူစက်ပေါင်း ၇၂၀၀ ကို ထုတ်လုပ်နိုင်ဖို့ စီစဉ်ထားတယ်လို့ ဆိုထားပါတယ်။ Ford ကုမ္ပဏီက GE ကျန်းမာရေးဌာနကို အသက်ရှူစက်တွေ ထုတ်လုပ်ရာမှာ မြန်ဆန်တိကျဖို့အတွက် ကူညီပေးလျက်ရှိပါတယ်။
အခြားသော ကားပစ္စည်းထုတ်လုပ်တဲ့ General Motors ကုမ္ပဏီကလည်း အသက်ရှူစက်ထုတ်လုပ်တဲ့ Ventec Life Systems ကုမ္ပဏီနဲ့ ပူးပေါင်းပြီး အသက်ရှူစက်တွေကို ပုံမှန်ထပ် ပိုမိုပြီးထုတ်လုပ်နိုင်ဖို့ ကူညီပေးနေပါတယ်။ ဗြိတိသျှနိုင်ငံအခြေစိုက် Dyson ကုမ္ပဏီကလည်း အသက်ရှူစက်တွေကို ပုံစံအသစ်တစ်မျိုးနဲ့ ထုတ်လုပ်နိုင်ဖို့အတွက် ကြိုးပမ်းပေးလျက်ရှိပါတယ်။ တနလာင်္နေ့မှာတော့ Virgin Orbit ကုမ္ပဏီကလည်း အသက်ရှူစက်တွေ ထုတ်လုပ်နိုင်ဖို့အတွက် ကြိုးပမ်းပေးနေတယ်လို့ ထုတ်ဖော်ပြောဆိုလာပါတယ်။
<Unicode Version>
Source ~ CNN
#SY(Soshwe)
#soshwetech
#soshweforyourdailylife
#likeandshare