Breaking News

COVID-19 အတွက် Apple ကုမ္ပဏီ CEO ဆီက အလှူငွေတောင်းခံခဲ့တဲ့ Lady Gaga

Lady Gaga ဟာ ကမ္ဘာအနံ့မာဖြစ်ပေါ်နေတဲ့ COVID-19 ကို တိုက်ထုတ်နိုင်ဖို့အတွက် ‘One World: Together at Home” လို့ အမည်ပေးထားတဲ့ ရန်ပုံငွေရာဖွေပွဲ အစီအစဉ်ကို ဦးဆောင်နေပါတယ်။ အဆိုပါ အစီအစဉ်ကနေ ရရိလာမယ့် ရန်ပုံငွေတွေကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းကို လူဒါန်းသွားမည်ဖြစ်ကြောင်း သိရပါတယ်။ 

Jimmy Fallon ရဲ့ “The Tonight Show” ကို ကျန်းမာရေးကို အထူးဂရုပြုတဲ့အနေနဲ့ လူကိုယ်တိုင်တက်ရောက်ခွင့်မရိတာကြောင့် Lady Gaga နဲ့ Jimmy Fallon တို့ဟာ အင်တာနက်ကနေတဆင့် Video Call ခေါ်ပြီး “The Tonight Show” လေးကို ပူးပေါင်းကျင်းပခဲ့ရပါတယ်။

အဆိုပါအစီအစဉ်အတွင်းမာ Lady Gaga က Apple ကုမ္ပဏီရဲ CEO ဖြစ်သူ Cook ကို FaceTime ခေါ်ပြီး သူ့ရဲ့ရန်ပုံငွေရာဖွေပွဲအစီအစဉ်ကို ပြောပြခဲ့ပြီး Cook အနေနဲ့ အလူငွေလူဒါန်းနိုင်ကြောင်း ပြောဆိုခဲ့ပါတယ်။ Cook ကလည်း Lady Gaga ရဲ့ COVID-19 ကိုတိုက်ထုတ်နိုင်ဖို့အတွက် ရန်ပုံငွေရာပွဲအစီအစဉ်မာ အလူငွေလူဒါန်းခွင့်ရတာကြောင့် သဘောကျကြည်နူးကြောင်းဆိုခဲ့ပါတယ်။ အဲ့ဒီနောက်မာတော့ Jimmy Fallon ရဲ့ပြောကြားချက်အရ Apple ကုမ္ပဏီရဲ့ CEO ဖြစ်သူ Tim Cook ဟာ ဒေါ်လာ၁ဝသန်းလူဒါန်းခဲ့တယ်လို့ သိရပါတယ်။

Lady Gaga ဟာ ဂီတပါရမီရိတဲ့ အဆိုတော်တစ်ဦးဖြစ်တဲ့အပြင် စိတ်ထားကောင်းတဲ့ အမျိုးသမီးတစ်ယောက် ဖြစ်ပါတယ်။ Gaga ဟာ ချို့တဲ့နေတဲ့သူတွေကို ကူညီပေးတတ်တဲ့ အမျိုးသမီး ၊ အမန်ဖက်ကနေ ရပ်တည်ဖို့ဝန်မလေးတဲ့ အမျိုးသမီး ၊ အားနည်းသူကို ကာကွယ်ပံ့ပိုးပေးတတ်တဲ့ အမျိုးသမီး ဖြစ်ပါတယ်။

ဧပြီ ၆ ရက်နေ့မာ ကျင်းပခဲ့တဲ့ WHO သတင်းစာရင်းလင်းပွဲမာ Lady Gaga က ကျန်းမာရေးဝန်ထမ်းတွေကို  လေးစားကြောင်းနဲ့ သူတို့တွေဘေးကင်းဖို့အတွက် ဆုတောင်းပေးနေကြောင်း ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ကျန်းမာရေးအတွက်လိုအပ်တဲ့ ဆေးအထောက်အကူပစ္စည်းတွေကို လူဒါန်းပေးနိုင်ဖို့ ကြိုးစားပေးနေကြောင်း  ပြောပြခဲ့ပါတယ်။ 

Lady Gaga ဟာ အင်တာနက်ကနေတဆင့် “One World: Together at Home” လို့ အမည်ရတဲ့ သီချင်းဖျော်ဖြေမုကို ပြုလုပ်သွားမာဖြစ်ပြီး အဆိုပါဖျော်ဖြေမုမာ Billie Eilish ၊ Lizzo ၊ Elton John ၊ Paul McCartney ၊ Stevie Wonder နဲ့ Chris Martin တို့ ပါဝင်ဖျော်ဖြေသွားမည်ဖြစ်ကြောင်း ကြေငြာခဲ့ပါတယ်။ 

<Unicode Version>

 

Source ~ LADBible

#SY(Soshwe)

#soshweentertianment

#soshweforyourdailylife

#likeandshare

About admin

Check Also

Miley Cyrus တွဲခုတ်ခဲ့ဖူးသော ရည်းစားများ။

နာမည်ကျော် အဆိုတော် Miley Cyrus တစ်ယောက် တွဲခုတ်ခဲ့ဖူးသော ရည်းစားများနဲ့ ပတ်သက်၍ အံ့အားသင့်ဖွယ်ရာ မှတ်တမ်းများရှိနေပြီး သြစတြေးလျသရုပ်ဆောင် Liam Hemsworth၊ မော်ဒယ်လ် Stella …

Leave a Reply

Your email address will not be published.

instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro