Breaking News

High School Musical ဇာတ်ကားထဲက ဇာတ်ကောင်တွေရဲ့ ယခုလက်ရှိ အနုပညာလှုပ်ရှားမှုများ။

Disney Channel ရုပ်ရင်ထုတ်လုပ်ရေးကုမ္ပဏီက ရိုက်ကူးခဲ့တဲ့ High School Musical ဇာတ်ကားထဲက ဇာတ်ကောင်(သရုပ်ဆောင်)တွေဟာ အခုချိန်မာတော့ ချစ်စရာကောင်းတဲ့ ငယ်ရုပ်လေးပျောက်ပြီး တည်ကြည်ခန့်ညားတဲ့ ရုပ်ရည်လေးတွေပိုင်ဆိုင်နေကြပြီ ဖြစ်ပါတယ်။ 

High School Musical ဇာတ်ကားမာ ပါဝင်သရုပ်ဆောင်ထားတဲ့ သရုပ်ဆောင်တွေရဲ့ ယခုလက်ရိ အနုပညာလုပ်ရားမုတွေကို အောက်မာဖော်ပြပေးသွားမာပဲဖြစ်ပါတယ်။ 

 

၁။ High School Musical ဇာတ်ကားမာ Troy Bolton အဖြစ်သရုပ်ဆောင်ခဲ့တဲ့ Zac Efron ဟာ နာမည်ကြီးဇာတ်ကားတွေဖြစ်တဲ့ The Greatest Showman နဲ့ Baywatch ဇာတ်ကားတွေထဲမာ ပါဝင်သရုပ်ဆောင်ထားပါတယ်။

 

၂။ High School Musical ဇာတ်ကားမာ Troy Bolton ရဲ့ချစ်သူ Gabriella Montez အဖြစ်သရုပ်ဆောင်ခဲ့တဲ့ Vanessa Hudgens ဟာ Netflix ဇာတ်ကားကောင်းတစ်ကားဖြစ်တဲ့ Princess Switch ဇာတ်ကားနဲ့ The Knight Before Christmas ဇာတ်ကားတွေထဲမာ ပါဝင်သရုပ်ဆောင်ထားပါသေးတယ်။

 

၃။ High School Musical ဇာတ်ကားမာ Chad Danforth အဖြစ်သရုပ်ဆောင်ခဲ့တဲ့ Corbin Bleu ကတော့ ၂၀၁၉ ခုနစ်ကထွက်ရိခဲ့တဲ့ “Kiss Me Kate” ဇာတ်ကားထဲမာ ပါဝင်သရုပ်ဆောင်ထားပါတယ်။

 

၄။ High School Musical ဇာတ်ကားမာ Sharpay Evans အဖြစ်သရုပ်ဆောင်ခဲ့တဲ့ Ashley Tisdale ဟာ အနုပညာအလုပ်တွေကိုလည်း တွဲဖက်လုပ်ရင်း Illuminate Cosmetics လို့ အမည်ပေးထားတဲ့ အလကုန်ပစ္စည်းထုတ်လုပ်ရေး လုပ်ငန်းကိုဦးဆောင်နေပြီး ၂၀၁၄ ခုနစ်မာတော့ အဆိုတော် Christopher Knot ကို လက်ထက်ခဲ့ပါတယ်။

 

၅။ High School Muscial ဇာတ်ကားထဲမာ Ryan Evans အဖြစ် သရုပ်ဆောင်ခဲ့တဲ့ Lucas Grabeel ကတော့ Family Guy ၊ Pinky Malinky နဲ့ Elena of Avalor စတဲ့ Animated ဇာတ်ကားတွေထဲမာ ဇာတ်ကောင်တွေရဲ့ နေရာမာ အသံထွက်သရုပ်ဆောင်အဖြစ် ပြုလုပ်ခဲ့ဖူးပါတယ်။

 

၆။ High School Musical ဇာတ်ကားထဲမာ Taylor McKessie အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့တဲ့ Monique Coleman ဟာ ၂၀၀၆ ခုနစ်မာကျင်းပခဲ့တဲ့ Dancing with the Stars ဆိုတဲ့ အကပြိုင်ပွဲအစီအစဉ်မာ သူမရဲ့အကစွမ်းရည်ကို ထုတ်ပြနိုင်ခဲ့ပြီး စတုတ္ထနေရာကို ဆွတ်ခူးရရိခဲ့ပါတယ်။ Monique ဟာ အခုချိန်မာတော့ Gimme Mo လို့ အမည်ရတဲ့ လူငယ်တွေရဲ့ပညာရေးဆိုင်ရာ ၊ လူမုရေးဆိုင်ရာနဲ့ လုပ်ငန်းခွင်ဆိုင်ရာ  ပြနာတွေကို ကူညီဖြေရင်းပေးတဲ့ အဖွဲ့အစည်းကို တည်ထောင်ထားတာပဲဖြစ်ပါတယ်။

 

၇။ High School Musical ဇာတ်ကားထဲမာ Kelsi Nielson အဖြစ် သရုပ်ဆောင်ခဲ့တဲ့ Olesya Rulin ကတော့ “The Mentalist” ဆိုတဲ့ ဇာတ်ကားထဲမာ ပါဝင်သရုပ်ဆောင်ထားပြီး “SEAL Team” လို့ အမည်ရတဲ့ အစီအစဉ်တစ်ခုမာလဲ ပါဝင်သရုပ်ဆောင်ထားပါတယ်။

 

၈။ High School Musical ဇာတ်ကားမာ Martha Cox အဖြစ်သရုပ်ဆောင်ခဲ့တဲ့ Kaycee Stroh ဟာ ၂၀၁၁ ခုနစ်မာ ထွက်ရိခဲ့တဲ့ “Shaptown,USA” ဇာတ်ကားထဲမာ ပါဝင်သရုပ်ဆောင်ထားပြီးနောက်ပိုင်းမာတော့ Kaycee ရဲ့ အနုပညာလုပ်ရားမုတွေကို သိပ်မမြင်ရတော့ပါဘူး။ ဒါပေမယ့် ၂၀၁၉ ခုနစ်မာထွက်ရိခဲ့တဲ့ “High School Musical : The Musical” ဇာတ်ကားထဲမာ ပြန်လည်ပါဝင်သရုပ်ဆောင်ထားတာကို တွေ့ရပါတယ်။

 

၉။ High School Musical ဇာတ်ကားမာ Ms. Darbus အဖြစ်သရုပ်ဆောင်ခဲ့တဲ့ Alyson Reed ကတော့ အခုချိန်ထိ အနုပညာလောကထဲမာ ရပ်တည်နေဆဲဖြစ်ပြီး ၂၀၁၉ ခုနစ်မာထွက်ရိခဲ့တဲ့ “Ad Astra” ဇာတ်ကားထဲမာ ပါဝင်သရုပ်ဆောင်ထားတာကို မြင်တွေ့ရမာပဲဲဖြစ်ပါတယ်။ 

<Unicode Version>

 

Source ~ PEOPLE

#SY(Soshwe)

#soshweentertainment

#soshweforyourdailylife

#likeandshare

About admin

Check Also

ကြည့်ရှုသူပရိသတ်တွေရဲ့ မျှော်မှန်းချက်အတိုင်း မဖြစ်ခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားများ။

ရုပ်ရှင်ကြည့်ပရိသတ်တွေဟာဆိုရင် ရုပ်ရှင်တစ်ကားမထွက်လာခင် ထိုဇာတ်ကားရဲ့Trailer ကို ကြည့်ပြီးတဲ့နောက်မှာပဲ ဇာတ်လမ်းတစ်ခုရဲ့ အစ၊ အလယ်၊ အဆုံးနဲ့ ပတ်သက်ပြီး ကိုယ်ပိုင်မျှော်လင့်ချက်လေးတွေ ထားတတ်ကြပါတယ်။ ဒီလိုနဲ့ပဲ ဇာတ်ကားတစ်ကားလုံး လူထုရှေ့ရောက်လာတဲ့အခါမှာ …

Leave a Reply

Your email address will not be published.

instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro