Demi Lovato နဲ့ Selena Gomez တို့နှစ်ဦးကြားဆက်ဆံရေးဟာ သူတို့ နှစ်ယောက်ရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ အခက်အခဲများကြောင့် ပိုမိုဝေးကွာသွားခဲ့ရပြီဖြစ်ပါတယ်။ သတင်းရင်းမြစ်တစ်ဦးရဲ့အဆိုအရ “Demi နဲ့ Selena တို့အကြား ဘာပြဿနာမှမရှိသလို ရန်လိုမုန်းတီးမှုတွေလည်းမရှိကြပါဘူး။ ဒါပေမယ့် သူတို့တွေက သူငယ်ချင်းလည်း မဟုတ်တော့ပါဘူး။” ဟု ဖွင့်ဟပြောကြားသွားခဲ့ပါတယ်။
အသက် (၂၉) နှစ်အရွယ်ရှိပြီဖြစ်သူ Demi က “ကျွန်မ ဆိုရှယ်မီဒီယာပေါ်မှာ အကြိမ်ပေါင်းများစွာ အရှက်ခွဲခံခဲ့ရပြီး ဘယ်နှစ်ကြိမ်ရှိပြီလဲဆိုတာကိုတောင် မရေတွက်နိုင်တော့ပါဘူး။ ဒါပေမယ့် ဒါတွေအားလုံးက ကျွန်မအပေါ် အကျိုးသက်ရောက်မှုတစ်စုံတစ်ရာမရှိခဲ့ပါဘူး။” ဆိုပြီး ပြောကြားသွားခဲ့ပါတယ်။ ဒါ့အပြင် Demi အနေဖြင့် အွန်လိုင်းပေါ်မှတစ်ဆင့် Selena ကို အရှက်ခွဲသည့် Post များတင်နေသည်ဟု စွပ်စွဲခံရခြင်းအပေါ် တစ်စုံတစ်ရာငြင်းဆန်ခဲ့ခြင်းမရှိပေမယ့် သတင်းရင်းမြစ်တစ်ဦးက “Demi က အဲ့ဒီ Finsta အကောင့်ဟာ သူ့အကောင့်မဟုတ်ဘူးလို့ ပြောပြီးသားပါ။ အဲ့ဒီအကောင့်က အကောင့်တုတစ်ခုဖြစ်ပြီး Selena နဲ့ပတ်သက်ပြီး ဟာသလုပ်နေတဲ့ ဓာတ်ပုံတွေကလည်း ဖြတ်ညှပ်ကပ်ပုံတွေပါ။” ဟု US အပတ်စဉ်မဂ္ဂဇင်းသို့ ပြောကြားသွားခဲ့ပါတယ်။
သူတို့နှစ်ဦးဟာ (၂၀၀၂) အထိ သူငယ်ချင်းဆက်ဆံရေးရှိခဲ့ကြပေမယ့် နောက်ပိုင်း၌မူ နှစ်ဦးလုံးက အောင်မြင်သည့်ဒဏ်ကို မခံစားနိုင်ခဲ့ကြဘဲ Selena က Demi အပေါ် အမြဲတမ်း ကောင်းကောင်းမွန်မွန် ဆက်ဆံရန်ကြိုးစားခဲ့ပေမယ့် Selena ကိုယ်တိုင်ပုဂ္ဂိုလ်ရေးပြဿနာများဖြင့် ရင်ဆိုင်လာရချိန်၌ နှစ်ဦးကြား ပိုမိုဝေးကွာသွားခဲ့ကြောင်း သတင်းများကဆိုပါတယ်။
သူတို့နှစ်ဦးနဲ့နီးစပ်သူတစ်ဦးကလည်း “နှစ်ယောက်လုံးက ဆယ်ကျော်သက်အရွယ်မှာကတည်းက နီးကပ်တဲ့သူငယ်ချင်းတွေမဟုတ်တော့ဘဲ ပုဂ္ဂိုလ်ရေးဆိုင်ရာ နိမ့်မြင့်တက်ကျတွေကို ရင်ဆိုင်ခဲ့ရတဲ့နောက် ပိုမိုဝေးကွာခဲ့ကြပါတယ်။ တစ်ယောက်နဲ့တစ်ယောက်တွေ့မြင်နေရရင် အဆင်ပြေတယ်ဆိုပေမယ့် သူတို့နှစ်ယောက်ကြား ရင်းနှီးတဲ့သူငယ်ချင်းဆက်ဆံရေးမျိုးမရှိတော့တာ နှစ်ပေါင်းများစွာကြာပါပြီ။” ဟု မှတ်ချက်ပေးသွားခဲ့ကြောင်း သိရပါတယ်။
<Unicode Version>
Demi Lovato နဲ့ Selena Gomez တို့အကြား ဆက်ဆံရေးအခြေအနေ။
<Zawgyi Version>
#soshweentertainment
#soshweforyourdailylife
#likeandshare