Breaking News

Credit Card အသုံးမပြုသင့်သည့် နေရာ (၅) ခု။

လက်ရှိအချိန်တွင် အမေရိကန်လူမျိုးများရဲ့လက်ထဲ၌ Credit Card ဖြင့် ကိုင်ဆောင်ထားသောငွေပမာဏက ပျမ်းမျှ (၆,၁၉၄) ဒေါ်လာရှိိနေပြီး ကိုရိုနာဗိုင်းရပ်စ်ကူးစက်နေသည့် အနေအထားကြောင့်လည်း အဆိုပါပမာဏက ပိုမိုမြင့်တက်လာဖွယ်ရှိနေပါတယ်။ ဒါပေမယ့် Stash Wealth ရဲ့ တွဲဖက်တည်ထောင်သူ Priya Malani က “ယေဘုယျစည်းကမ်းတစ်ခုကို ပြောပြရမယ်ဆိုရင် ခင်ဗျားပေးဆောင်ရမယ့်ဘေလ်က အပြည့်ပေးရမယ့်အနေအထားဆိုရင် Credit Card ကို အသုံးမပြုပါနဲ့။” ဟု ပြောကြားသွားခဲ့ပါတယ်။ Soshwe မှ Credit Card အသုံးပြုသူ စာဖတ်ပရိသတ်တွေအနေနဲ့လည်း ယခုကဲ့သို့ Credit Card ကိုအသုံးပြုပြီး ငွေမချေသင့်သည့် နေရာ (၅) နေရာကို ဖော်ပြပေးလိုက်ရပါတယ်။

၁။ လစဉ်ငားရမ်းခ (သို့မဟုတ်) အတိုးပေးချေမု။

လစဉ်ငှားရမ်းခြင်းများ၊ အတိုးပေးချေမှုများအတွက် Credit Card ဖြင့်ပေးချေနိုင်သော်လည်း ထိုကဲ့သို့မပေးချေခင်၌ သေချာစွာစစ်ဆေးရန်လိုအပ်ပါတယ်။ Malani က “ဒီကိစ္စက ခင်ဗျားတို့စိတ်ထဲမှာ အရမ်းကိုအဆင်ပြေတယ်လို့ထင်မှာပါ။ ဒါပေမယ့် (၂) ရာခိုင်နှုန်း ဒါမှမဟုတ် (၃) ရာခိုင်နှုန်းလောက် အပိုကောက်ခံသွားတာတွေနဲ့ အခြားသောကိစ္စတွေလည်းရှိပါတယ်။ ဒီကနေ ကျွန်တော်တို့ အမှားတွေအများကြီးကို ရှာဖွေတွေ့ရှိထားပါတယ်။” ဟုဖွင့်ဟပြောကြားသွားခဲ့ပါတယ်။ Credit Card ကို အသုံးပြုရာ၌ အပိုကောက်ခံသည့် ကုန်ကျစရိတ်အားလုံးကို သိရှိထားရန်လိုအပ်ပါတယ်။

Broke Millennial ကိုတည်ထောင်သူ Erin Lowry က “ဒီလိုအပိုပေးဆောင်ရတာတွေက သုံးစွဲသူတွေ ရသင့်ရထိုက်တဲ့ အကျိုးရလဒ်တွေကို ပျောက်ကွယ်သွားစေနိုင်ပါတယ်။” ဟုပြောကြားခဲ့ပါတယ်။ Credit Card များကို လစဉ်ငှားရမ်းခြင်း သို့မဟုတ် အတိုးပေးချေမှုများအတွက် တစ်ကြိမ်သာ အသုံးပြုသင့်ကြောင်းလည်း သိရှိရပါတယ်။

 

 

၂။ Credit Card ဖြင့် တန်ဖိုးကြီးမားသည့်ပစ္စည်းများဝယ်ယူခြင်း။

သုံးစွဲသူများကို Credit Card အသုံးပြုကာ တန်ဖိုးကြီးမားတဲ့ ပစ္စည်းအမြောက်အမြား ဝယ်ယူရန် ဆွဲဆောင်မုများရိနေပေမယ့် သုံးစွဲသူအနေဖြင့် အကြွေးတင်လာနိုင်မည့်ပမာဏကို ပေးချေနိုင်စွမ်းရိမသာ ယခုကဲ့သို့ အသုံးပြုရန် အကြံပေးခဲ့ပါတယ်။ အဘယ်ကြောင့်ဆိုသော် တန်ဖိုးကြီးမားသည့်ဝယ်ယူမုများက သုံးစွဲသူရဲ့ Credit မတ်တမ်းကို မတည်မငြိမ်ဖြစ်စေပြီး သင်ရရိသင့်သည့် အကြွေးပမာဏကန့်သတ်ချက်များကိုလည်း အပြောင်းအလဲဖြစ်စေနိုင်ပါတယ်။ Credit Card ကို အသုံးပြုသည့်မတ်တမ်းက အရေးပါသည့်အရာတစ်ခုဖြစ်ပြီး သင့်အနေနဲ့ Credit Card တစ်ကတ်စာ (သို့မဟုတ်) တစ်ကတ်ထက်ပိုမိုသောငွေပမာဏကို ထုတ်ယူထားပါက အဆိုပါပမာဏကို ပြန်လည်ပေးဆပ်ပြီးသည့်အချိန်အထိ အကြွေးတင်နေလိမ့်မည်ဖြစ်ပါတယ်။

 

၃။ အခွန်ပေးဆောင်ခြင်း။

Credit Card ဖြင့်အခွန်ဆောင်နိုင်သော်လည်း မလုပ်သင့်ကြောင်း ကျွမ်းကျင်သူများက ဆိုပါတယ်။ Credit Card ဖြင့် ငွေပေးချေခြင်းသည် ဘဏ်မှတစ်ဆင့် ငွေလွှဲခြင်းနဲ့မတူညီဘဲ သင်လွှဲလိုက်သည့်ငွေပမာဏရဲ့ ရာခိုင်နှုန်းအပေါ်မူတည်ကာ အပိုထပ်ဆောင်းကျခံရပါတယ်။ ရွေးချယ်လိုက်သည့် ငွေပေးချေမှုပုံစံအပေါ် မူတည်၍ အခကြေးငွေပမာဏက (၁.၈၈) ရာခိုင်နှုန်းမှ (၃.၉၃) ရာခိုင်နှုန်းအထိ ကျသင့်နိုင်ပါတယ်။

 

၄။ ဆေးဖိုးဝါးခပေးချေခြင်း။

ဆေးကုသမှုစရိတ်များကို Credit Card ဖြင့် ပေးချေခြင်းက မြန်ဆန်သည်ဆိုပေမယ့် ထိုနေရာ၌ အဆိုပါ Credit Card ကို အသုံးမပြုသင့်ကြောင်း ဆိုပါတယ်။ Malani က “Credit Card က အရေးပေါ်အခြေအနေအတွက် အသုံးချရတယ်ဆိုတာကို နားလည်ထားရပါမယ်။ အဲ့ဒါကြောင့် ခင်ဗျားတို့အနေနဲ့ ဆေးဖိုးဝါးခ ပေးဆောင်တာတွေ ဒါမှမဟုတ် တခြားရှောင်လွှဲလို့မရတဲ့ ကုန်ကျစရိတ်တွေအတွက် Credit Card ကို အသုံးမပြုသင့်ပါဘူး။ ဆရာဝန် ဒါမှမဟုတ် ဆေးရုံက ခင်ဗျားကို Credit Card အသုံးပြုဖို့ အကြံပေးရင်တောင် မလုပ်သင့်ပါဘူး။” ဟုဖွင့်ဟပြောကြားသွားခဲ့ပါတယ်။

 

၅။ သေးငယ်သည့်ကိစ္စရပ်များ၌အသုံးပြုခြင်း။

Credit Card များဖြင့် ဖျော်ဖြေရေးကိစ္စရပ်များ၊ ခရီးသွားခြင်းနဲ့ အခြားသောစားသောက်ကုန်ကျစရိတ်များကိုလည်း ပေးချေနိုင်ပါတယ်။ Credit Card ဖြင့်  ငွေပေးချေတော့မည်ဆိုပါက သင်ကျသင့်သည့် ငွေပမာဏအားလုံးကို အပြီးသတ်ပေးချေနိုင်ရန်လည်း လိုအပ်ပါတယ်။ Credit Card များဖြင့် ငွေပေးချေမုက ပိုမိုလွယ်ကူလာခဲ့ပြီး ထိုကဲ့သို့ဖြစ်ရခြင်းကလည်း ဘဏ်အကောင့်ကို မစစ်မဆေးချင်း ပိုက်ဆံလျော့သွားသည်ကို မြင်တွေ့ရခြင်းမရိသောကြောင့် ဖြစ်ပါတယ်။ Credit Card ဖြင့် ထိုကဲ့သို့မကြာခဏ ဝယ်ယူခြင်းက ပုံမန်ကျသင့်သည်ထက် ပိုမိုကုန်ကျလာနိုင်ကြောင်းလည်း ကျွမ်းကျင်သူများက ဆိုပါတယ်။ Credit Card ဖြင့် ငွေပေးချေမည့်အစား အပျော်အပါးအတွက် သီးသန့်ဖယ်ထားသည့်ငွေကြေးများဖြင့် အလူအတန်းပြုလုပ်သင့်ကြောင်းလည်း အကြံပေးခဲ့ပါတယ်။ 

<Unicode Version>

 

 

 

Credit Card အသုံးမျပဳသင့္သည့္ ေနရာ (၅) ခု။

လက္ရွိအခ်ိန္တြင္ အေမရိကန္လူမ်ိဳးမ်ားရဲ့လက္ထဲ၌ Credit Card ျဖင့္ ကိုင္ေဆာင္ထားေသာေငြပမာဏက ပ်မ္းမၽွ (၆,၁၉၄) ေဒၚလာရွိိေနၿပီး ကိုရိုနာဗိုင္းရပ္စ္ကူးစက္ေနသည့္ အေနအထားေၾကာင့္လည္း အဆိုပါပမာဏက ပိုမိုျမင့္တက္လာဖြယ္ရွိေနပါတယ္။ ဒါေပမယ့္ Stash Wealth ရဲ့ တြဲဖက္တည္ေထာင္သူ Priya Malani က “ေယဘုယ်စည္းကမ္းတစ္ခုကို ေျပာျပရမယ္ဆိုရင္ ခင္ဗ်ားေပးေဆာင္ရမယ့္ေဘလ္က အျပည့္ေပးရမယ့္အေနအထားဆိုရင္ Credit Card ကို အသုံးမျပဳပါနဲ႔။” ဟု ေျပာၾကားသြားခဲ့ပါတယ္။ Soshwe မွ Credit Card အသုံးျပဳသူ စာဖတ္ပရိသတ္ေတြအေနနဲ႔လည္း ယခုကဲ့သို႔ Credit Card ကိုအသုံးျပဳၿပီး ေငြမေခ်သင့္သည့္ ေနရာ (၅) ေနရာကို ေဖာ္ျပေပးလိုက္ရပါတယ္။

 

၁။ လစဥ္ငွားရမ္းခ (သို႔မဟုတ္) အတိုးေပးေခ်မႈ။

လစဥ္ငွားရမ္းျခင္းမ်ား၊ အတိုးေပးေခ်မႈမ်ားအတြက္ Credit Card ျဖင့္ေပးေခ်နိုင္ေသာ္လည္း ထိုကဲ့သို႔မေပးေခ်ခင္၌ ေသခ်ာစြာစစ္ေဆးရန္လိုအပ္ပါတယ္။ Malani က “ဒီကိစၥက ခင္ဗ်ားတို႔စိတ္ထဲမွာ အရမ္းကိုအဆင္ေျပတယ္လို႔ထင္မွာပါ။ ဒါေပမယ့္ (၂) ရာခိုင္ႏႈန္း ဒါမွမဟုတ္ (၃) ရာခိုင္ႏႈန္းေလာက္ အပိုေကာက္ခံသြားတာေတြနဲ႔ အျခားေသာကိစၥေတြလည္းရွိပါတယ္။ ဒီကေန ကၽြန္ေတာ္တို႔ အမွားေတြအမ်ားႀကီးကို ရွာေဖြေတြ႕ရွိထားပါတယ္။” ဟုဖြင့္ဟေျပာၾကားသြားခဲ့ပါတယ္။ Credit Card ကို အသုံးျပဳရာ၌ အပိုေကာက္ခံသည့္ ကုန္က်စရိတ္အားလုံးကို သိရွိထားရန္လိုအပ္ပါတယ္။

Broke Millennial ကိုတည္ေထာင္သူ Erin Lowry က “ဒီလိုအပိုေပးေဆာင္ရတာေတြက သုံးစြဲသူေတြ ရသင့္ရထိုက္တဲ့ အက်ိဳးရလဒ္ေတြကို ေပ်ာက္ကြယ္သြားေစနိုင္ပါတယ္။” ဟုေျပာၾကားခဲ့ပါတယ္။ Credit Card မ်ားကို လစဥ္ငွားရမ္းျခင္း သို႔မဟုတ္ အတိုးေပးေခ်မႈမ်ားအတြက္ တစ္ႀကိမ္သာ အသုံးျပဳသင့္ေၾကာင္းလည္း သိရွိရပါတယ္။

 

၂။ Credit Card ျဖင့္ တန္ဖိုးႀကီးမားသည့္ပစၥည္းမ်ားဝယ္ယူျခင္း။

သုံးစြဲသူမ်ားကို Credit Card အသုံးျပဳကာ တန္ဖိုးႀကီးမားတဲ့ ပစၥည္းအေျမာက္အျမား ဝယ္ယူရန္ ဆြဲေဆာင္မႈမ်ားရွိေနေပမယ့္ သုံးစြဲသူအေနျဖင့္ အေႂကြးတင္လာနိုင္မည့္ပမာဏကို ေပးေခ်နိုင္စြမ္းရွိမွသာ ယခုကဲ့သို႔ အသုံးျပဳရန္ အႀကံေပးခဲ့ပါတယ္။ အဘယ္ေၾကာင့္ဆိုေသာ္ တန္ဖိုးႀကီးမားသည့္ဝယ္ယူမႈမ်ားက သုံးစြဲသူရဲ႕ Credit မွတ္တမ္းကို မတည္မၿငိမ္ျဖစ္ေစၿပီး သင္ရရွိသင့္သည့္ အေႂကြးပမာဏကန႔္သတ္ခ်က္မ်ားကိုလည္း အေျပာင္းအလဲျဖစ္ေစနိုင္ပါတယ္။ Credit Card ကို အသုံးျပဳသည့္မွတ္တမ္းက အေရးပါသည့္အရာတစ္ခုျဖစ္ၿပီး သင့္အေနနဲ႔ Credit Card တစ္ကတ္စာ (သို႔မဟုတ္) တစ္ကတ္ထက္ပိုမိုေသာေငြပမာဏကို ထုတ္ယူထားပါက အဆိုပါပမာဏကို ျပန္လည္ေပးဆပ္ၿပီးသည့္အခ်ိန္အထိ အေႂကြးတင္ေနလိမ့္မည္ျဖစ္ပါတယ္။

 

၃။ အခြန္ေပးေဆာင္ျခင္း။

Credit Card ျဖင့္အခြန္ေဆာင္နိုင္ေသာ္လည္း မလုပ္သင့္ေၾကာင္း ကၽြမ္းက်င္သူမ်ားက ဆိုပါတယ္။ Credit Card ျဖင့္ ေငြေပးေခ်ျခင္းသည္ ဘဏ္မွတစ္ဆင့္ ေငြလႊဲျခင္းနဲ႔မတူညီဘဲ သင္လႊဲလိုက္သည့္ေငြပမာဏရဲ့ ရာခိုင္ႏႈန္းအေပၚမူတည္ကာ အပိုထပ္ေဆာင္းက်ခံရပါတယ္။ ေရြးခ်ယ္လိုက္သည့္ ေငြေပးေခ်မႈပုံစံအေပၚ မူတည္၍ အခေၾကးေငြပမာဏက (၁.၈၈) ရာခိုင္ႏႈန္းမွ (၃.၉၃) ရာခိုင္ႏႈန္းအထိ က်သင့္နိုင္ပါတယ္။

 

၄။ ေဆးဖိုးဝါးခေပးေခ်ျခင္း။

ေဆးကုသမႈစရိတ္မ်ားကို Credit Card ျဖင့္ ေပးေခ်ျခင္းက ျမန္ဆန္သည္ဆိုေပမယ့္ ထိုေနရာ၌ အဆိုပါ Credit Card ကို အသုံးမျပဳသင့္ေၾကာင္း ဆိုပါတယ္။ Malani က “Credit Card က အေရးေပၚအေျခအေနအတြက္ အသုံးခ်ရတယ္ဆိုတာကို နားလည္ထားရပါမယ္။ အဲ့ဒါေၾကာင့္ ခင္ဗ်ားတို႔အေနနဲ႔ ေဆးဖိုးဝါးခ ေပးေဆာင္တာေတြ ဒါမွမဟုတ္ တျခားေရွာင္လႊဲလို႔မရတဲ့ ကုန္က်စရိတ္ေတြအတြက္ Credit Card ကို အသုံးမျပဳသင့္ပါဘူး။ ဆရာဝန္ ဒါမွမဟုတ္ ေဆး႐ုံက ခင္ဗ်ားကို Credit Card အသုံးျပဳဖို႔ အႀကံေပးရင္ေတာင္ မလုပ္သင့္ပါဘူး။” ဟုဖြင့္ဟေျပာၾကားသြားခဲ့ပါတယ္။

 

၅။ ေသးငယ္သည့္ကိစၥရပ္မ်ား၌အသုံးျပဳျခင္း။

Credit Card မ်ားျဖင့္ ေဖ်ာ္ေျဖေရးကိစၥရပ္မ်ား၊ ခရီးသြားျခင္းနဲ႔ အျခားေသာစားေသာက္ကုန္က်စရိတ္မ်ားကိုလည္း ေပးေခ်နိုင္ပါတယ္။ Credit Card ျဖင့္ ေငြေပးေခ်ေတာ့မည္ဆိုပါက သင္က်သင့္သည့္ ေငြပမာဏအားလုံးကို အၿပီးသတ္ေပးေခ်နိုင္ရန္လည္း လိုအပ္ပါတယ္။ Credit Card မ်ားျဖင့္ ေငြေပးေခ်မႈက ပိုမိုလြယ္ကူလာခဲ့ၿပီး ထိုကဲ့သို႔ျဖစ္ရျခင္းကလည္း ဘဏ္အေကာင့္ကို မစစ္မေဆးခ်င္း ပိုက္ဆံေလ်ာ့သြားသည္ကို ျမင္ေတြ႕ရျခင္းမရွိေသာေၾကာင့္ ျဖစ္ပါတယ္။ Credit Card ျဖင့္ ထိုကဲ့သို႔မၾကာခဏ ဝယ္ယူျခင္းက ပုံမွန္က်သင့္သည္ထက္ ပိုမိုကုန္က်လာနိုင္ေၾကာင္းလည္း ကၽြမ္းက်င္သူမ်ားက ဆိုပါတယ္။ Credit Card ျဖင့္ ေငြေပးေခ်မည့္အစား အေပ်ာ္အပါးအတြက္ သီးသန႔္ဖယ္ထားသည့္ေငြေၾကးမ်ားျဖင့္ အလႉအတန္းျပဳလုပ္သင့္ေၾကာင္းလည္း အႀကံေပးခဲ့ပါတယ္။

<Unicode Version>

 

#HM(Soshwe)

#soshwebankingandfinance

#soshweforyourdailylife

#likeandshare

About admin

Check Also

ဝန်ထမ်း ၁၁၀၀ ကို အလုပ်ဖြုတ်လိုက်တဲ့ ကုမ္ပဏီကြီးတခု။

နာမည်ကြီး Crypto Exchange ကုမ္ပဏီတစ်ခုဖြစ်တဲ့ Coinbase ဟာ အချိန်ပြည့်ဝန်ထမ်းအင်အားရဲ့ ၅ ပုံ ၁ ပုံနီးပါးဖြစ်တဲ့ ၁၈% ခန့်ကို လူလျှော့ခဲ့တာဖြစ်ပါတယ်။ ဝန်ထမ်းပေါင်း …

Leave a Reply

Your email address will not be published.

instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro