တရုတ်နိုင်ငံသည် နိုင်ငံတွင်းရှိ အကြီးမားဆုံးရင်းနှီးမြှုပ်နှံမှုဘဏ် (၂) ခုကို ပေါင်းစည်းပြီး ကမ္ဘာတစ်ဝှမ်းရှိ ရင်းနှီးမြှုပ်နှံမှုဘဏ်များနဲ့ ယှဉ်ပြိုင်ရန် ပြင်ဆင်နေကြောင်း သိရှိရပါတယ်။ တရုတ်နိုင်ငံသည် Citic Securities နဲ့ CSC Financial တို့ နှစ်ခုကို ပေါင်းစည်းရန်ပြင်ဆင်နေခြင်းဖြစ်ပြီး အစိုးရဘက်မှ ရှယ်ယာရှင်များနဲ့ ကနဦးဆွေးနွေးမှုများပြုလုပ်ကာ မည်သို့ဖွဲ့စည်းရမည်ကိုလေ့လာခဲ့ကြကြောင်း အမည်မဖော်လိုသူတစ်ဦးက ပြောပြခဲ့ပါတယ်။
ဒါ့အပြင် စည်းမျဉ်းစည်းကမ်းများ၊ စည်းကမ်းထိန်းသိမ်းရေးဆိုင်ရာကိစ္စရပ်များ၊ ကော်မရှင်နဲ့ ပိုင်ဆိုင်မှုကြီးကြပ်ရေးကိစ္စရပ်များနဲ့ ပတ်သက်သည့်လုပ်ငန်းစဉ်များကိုလည်း ရှင်းလင်းတင်ပြခဲ့ကြောင်း သိရှိရပါတယ်။ ဘေဂျင်းအခြေစိုက် Citic နဲ့ CSC တို့သာ ပေါင်းစည်းဖြစ်ခဲ့မယ်ဆိုပါက ဒေါ်လာ (၆၇) ဘီလျံတန်ကြေးရှိ ရင်းနှီးမြှုပ်နှံမှုဘဏ်တစ်ခုကို တည်ထောင်နိုင်ပြီး စျေးကွက်အတွင်း Goldman Sachs အဖွဲ့ရဲ့ ရင်းနှီးမြှုပ်နှံမှုကို ကျော်ဖြတ်နိုင်မှာ ဖြစ်ပါတယ်။
တရုတ်နိုင်ငံသည် ဘဏ္ဍာရေးဆိုင်ရာလုပ်ငန်းအတွက် အမေရိကန်ဒေါ်လာ (၄၅) ထရီလျံရင်းနှီးမြှုပ်နှံထားပြီး တရုတ်တို့အနေဖြင့် ကမ္ဘာ့ထိပ်သီးကုမ္ပဏီကြီးများနဲ့ ရင်ဆိုင်နိုင်မည့် ကုမ္ပဏီတစ်ခုကို အမြန်ဆုံး လိုအပ်နေပါတယ်။ Guosen Securities မှ လေ့လာသုံးသပ်သူတစ်ဦးဖြစ်သည့် Wang Jian က “ကမ္ဘာ့စျေးကွက်နဲ့ နှိုင်းယှဉ်လိုက်မယ်ဆိုရင် တရုတ်နိုင်ငံတွင်း လုပ်ငန်းတွေက တစ်ကွဲတစ်ပြားစီဖြစ်နေပြီး ဒီအပေါ်မှာပြည်တွင်းတိုးတက်မှုအနေနဲ့လည်း အချိန်တွေ အများကြီး ယူရဦးမှာပါ။ အဲ့ဒီတော့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာချိန်မှာ ဒီလိုမျိုးပေါင်းစည်းပြီး ပိုမိုယှဉ်ပြိုင်နိုင်ဖို့ လိုအပ်ပါတယ်။” ဟု ပြောကြားခဲ့ပါတယ်။
လက်ရှိအချိန်အထိ ပြုလုပ်ပြီးခဲ့သည့်ဆွေးနွေးမှုများသည် သဘောတူညီမှု တစ်စုံတစ်ရာရရှိမည်ဟု အာမခံချက် မပေးနိုင်သော်လည်း တရုတ်အစိုးရက ယခုကိစ္စအပေါ် အခြေခံပြီး အခြားသောစီးပွားရေးလုပ်ငန်းများ ဆက်လက်ပြုလုပ်ရန်ဆန္ဒရှိနေပါတယ်။ လက်ရှိအချိန်၌ Citic ရဲ့ ရှယ်ယာတန်ဖိုးက (၅.၇) ရာခိုင်နှုန်း မြင့်တက်လာခဲ့ပြီး ဟောင်ကောင်ကုန်သွယ်ရေး၌ CSC ရဲ့ ရှယ်ယာတန်ဖိုးက (၁၁) ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ကြောင်းလည်း သိရှိရပါတယ်။
Citic နဲ့ CSC တို့ရဲ့ နှစ်ဖွဲ့ပေါင်းပိုင်ဆိုင်မှုက ဒေါ်လာ (၂၀၁) ဘီလျံအထိရှိပြီး ဝန်ထမ်းပေါင်း (၂၅,၀၀၀) ကျော်ကို ပိုင်ဆိုင်ထားကာ စာချုပ်ချုပ်ဆိုခြင်းအတွက်လည်း အဆင့် (၁) နဲ့ အဆင့် (၂) သတ်မှတ်ထားကြောင်း သိရှိရပါတယ်။ ယခုလို CSC နဲ့ ပူးပေါင်းလိုက်ခြင်းက Citic အတွက် အကျိုးစီးပွား ပိုမိုများပြားလာမည်ဖြစ်ပါတယ်။ Tianfeng Securities မှ ရှန်ဟိုင်းအခြေစိုက်လေ့လာသုံးသပ်သူ Luo Zuanhui က “သူတို့ နှစ်ဖွဲ့က ဒီနယ်ပယ်ရဲ့ ထိပ်ဆုံး (၃) ဖွဲ့ထဲမှာ ပါဝင်ပြီးသားပါ။ ပုံမှန်ဝင်ငွေအတွက်ပါ အာမခံချက် ပေးလိုက်မယ်ဆိုရင် သူတို့ နှစ်ဖွဲ့ပေါင်းပြီး ဒီနယ်ပယ်ကို ကြီးစိုးနိုင်ပါလိမ့်မယ်။” ဟု သုံးသပ်ပြောကြားသွားခဲ့ပါတယ်။
လက်ရှိထွက်ပေါ်နေသော သတင်းများနဲ့ ပတ်သက်၍ မီဒီယာများရဲ့ ဆက်သွယ်မေးမြန်းမှုကို Citic Securities နဲ့ CSC Financial တို့မှ တုံ့ပြန်ဖြေကြားခြင်းမရှိသေးကြောင်းလည်း သိရှိရပါတယ်။
<Unicode Version>
ကမၻာကိုယွဥ္ၿပိဳင္ရန္ ေျခလွမ္းသစ္လွမ္းေတာ့မည့္ တ႐ုတ္။
တ႐ုတ္နိုင္ငံသည္ နိုင္ငံတြင္းရွိ အႀကီးမားဆုံးရင္းႏွီးျမႇုပ္ႏွံမႈဘဏ္ (၂) ခုကို ေပါင္းစည္းၿပီး ကမၻာတစ္ဝွမ္းရွိ ရင္းႏွီးျမႇုပ္ႏွံမႈဘဏ္မ်ားနဲ႔ ယွဥ္ၿပိဳင္ရန္ ျပင္ဆင္ေနေၾကာင္း သိရွိရပါတယ္။ တ႐ုတ္နိုင္ငံသည္ Citic Securities နဲ႔ CSC Financial တို႔ ႏွစ္ခုကို ေပါင္းစည္းရန္ျပင္ဆင္ေနျခင္းျဖစ္ၿပီး အစိုးရဘက္မွ ရွယ္ယာရွင္မ်ားနဲ႔ ကနဦးေဆြးေႏြးမႈမ်ားျပဳလုပ္ကာ မည္သို႔ဖြဲ႕စည္းရမည္ကိုေလ့လာခဲ့ၾကေၾကာင္း အမည္မေဖာ္လိုသူတစ္ဦးက ေျပာျပခဲ့ပါတယ္။
ဒါ့အျပင္ စည္းမ်ဥ္းစည္းကမ္းမ်ား၊ စည္းကမ္းထိန္းသိမ္းေရးဆိုင္ရာကိစၥရပ္မ်ား၊ ေကာ္မရွင္နဲ႔ ပိုင္ဆိုင္မႈႀကီးၾကပ္ေရးကိစၥရပ္မ်ားနဲ႔ ပတ္သက္သည့္လုပ္ငန္းစဥ္မ်ားကိုလည္း ရွင္းလင္းတင္ျပခဲ့ေၾကာင္း သိရွိရပါတယ္။ ေဘဂ်င္းအေျခစိုက္ Citic နဲ႔ CSC တို႔သာ ေပါင္းစည္းျဖစ္ခဲ့မယ္ဆိုပါက ေဒၚလာ (၆၇) ဘီလ်ံတန္ေၾကးရွိ ရင္းႏွီးျမႇုပ္ႏွံမႈဘဏ္တစ္ခုကို တည္ေထာင္နိုင္ၿပီး ေစ်းကြက္အတြင္း Goldman Sachs အဖြဲ႕ရဲ့ ရင္းႏွီးျမႇုပ္ႏွံမႈကို ေက်ာ္ျဖတ္နိုင္မွာ ျဖစ္ပါတယ္။
တ႐ုတ္နိုင္ငံသည္ ဘ႑ာေရးဆိုင္ရာလုပ္ငန္းအတြက္ အေမရိကန္ေဒၚလာ (၄၅) ထရီလ်ံရင္းႏွီးျမႇုပ္ႏွံထားၿပီး တ႐ုတ္တို႔အေနျဖင့္ ကမၻာ့ထိပ္သီးကုမၸဏီႀကီးမ်ားနဲ႔ ရင္ဆိုင္နိုင္မည့္ ကုမၸဏီတစ္ခုကို အျမန္ဆုံး လိုအပ္ေနပါတယ္။ Guosen Securities မွ ေလ့လာသုံးသပ္သူတစ္ဦးျဖစ္သည့္ Wang Jian က “ကမၻာ့ေစ်းကြက္နဲ႔ ႏွိုင္းယွဥ္လိုက္မယ္ဆိုရင္ တ႐ုတ္နိုင္ငံတြင္း လုပ္ငန္းေတြက တစ္ကြဲတစ္ျပားစီျဖစ္ေနၿပီး ဒီအေပၚမွာျပည္တြင္းတိုးတက္မႈအေနနဲ႔လည္း အခ်ိန္ေတြ အမ်ားႀကီး ယူရဦးမွာပါ။ အဲ့ဒီေတာ့ နိုင္ငံျခားရင္းႏွီးျမႇုပ္ႏွံမႈေတြ ဝင္လာခ်ိန္မွာ ဒီလိုမ်ိဳးေပါင္းစည္းၿပီး ပိုမိုယွဥ္ၿပိဳင္နိုင္ဖို႔ လိုအပ္ပါတယ္။” ဟု ေျပာၾကားခဲ့ပါတယ္။
လက္ရွိအခ်ိန္အထိ ျပဳလုပ္ၿပီးခဲ့သည့္ေဆြးေႏြးမႈမ်ားသည္ သေဘာတူညီမႈ တစ္စုံတစ္ရာရရွိမည္ဟု အာမခံခ်က္ မေပးနိုင္ေသာ္လည္း တ႐ုတ္အစိုးရက ယခုကိစၥအေပၚ အေျခခံၿပီး အျခားေသာစီးပြားေရးလုပ္ငန္းမ်ား ဆက္လက္ျပဳလုပ္ရန္ဆႏၵရွိေနပါတယ္။ လက္ရွိအခ်ိန္၌ Citic ရဲ့ ရွယ္ယာတန္ဖိုးက (၅.၇) ရာခိုင္ႏႈန္း ျမင့္တက္လာခဲ့ၿပီး ေဟာင္ေကာင္ကုန္သြယ္ေရး၌ CSC ရဲ့ ရွယ္ယာတန္ဖိုးက (၁၁) ရာခိုင္ႏႈန္းအထိ ျမင့္တက္လာခဲ့ေၾကာင္းလည္း သိရွိရပါတယ္။
Citic နဲ႔ CSC တို႔ရဲ့ ႏွစ္ဖြဲ႕ေပါင္းပိုင္ဆိုင္မႈက ေဒၚလာ (၂၀၁) ဘီလ်ံအထိရွိၿပီး ဝန္ထမ္းေပါင္း (၂၅,၀၀၀) ေက်ာ္ကို ပိုင္ဆိုင္ထားကာ စာခ်ဳပ္ခ်ဳပ္ဆိုျခင္းအတြက္လည္း အဆင့္ (၁) နဲ႔ အဆင့္ (၂) သတ္မွတ္ထားေၾကာင္း သိရွိရပါတယ္။ ယခုလို CSC နဲ႔ ပူးေပါင္းလိုက္ျခင္းက Citic အတြက္ အက်ိဳးစီးပြား ပိုမိုမ်ားျပားလာမည္ျဖစ္ပါတယ္။ Tianfeng Securities မွ ရွန္ဟိုင္းအေျခစိုက္ေလ့လာသုံးသပ္သူ Luo Zuanhui က “သူတို႔ ႏွစ္ဖြဲ႕က ဒီနယ္ပယ္ရဲ့ ထိပ္ဆုံး (၃) ဖြဲ႕ထဲမွာ ပါဝင္ၿပီးသားပါ။ ပုံမွန္ဝင္ေငြအတြက္ပါ အာမခံခ်က္ ေပးလိုက္မယ္ဆိုရင္ သူတို႔ ႏွစ္ဖြဲ႕ေပါင္းၿပီး ဒီနယ္ပယ္ကို ႀကီးစိုးနိုင္ပါလိမ့္မယ္။” ဟု သုံးသပ္ေျပာၾကားသြားခဲ့ပါတယ္။
လက္ရွိထြက္ေပၚေနေသာ သတင္းမ်ားနဲ႔ ပတ္သက္၍ မီဒီယာမ်ားရဲ့ ဆက္သြယ္ေမးျမန္းမႈကို Citic Securities နဲ႔ CSC Financial တို႔မွ တုံ႔ျပန္ေျဖၾကားျခင္းမရွိေသးေၾကာင္းလည္း သိရွိရပါတယ္။
<Zawgyi Version>
#HM(Soshwe)
#soshwebankingandfinance
#soshweforyourdailylife
#likeandshare